ကိုဗစ်နဲ့ရွေးကောက်ပွဲစိန်ခေါ်မှု

ကိုဗစ်နဲ့ရွေးကောက်ပွဲစိန်ခေါ်မှု

၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲအတွက် စည်းရုံးရေး မနက်ဖြန်ဆို စကြတော့မယ်။ မစခင်ကတည်းက ခေါင်းပြန်ထောင်လာတဲ့ ကိုဗစ်၁၉ကြောင့် ရွေးကောက်ပွဲဖြစ်မှဖြစ်ပါ့မလား၊ ရောဂါကူးစက်နူန်းမြှင့်လာရင် ဘယ်လိုလုပ်ကြမလဲဆိုပြီး စိုးရိမ်မှုတွေ မြှင့်တက်တဲ့ကြားကပဲ ရွေးကောက်ပွဲမဖြစ်မနေလုပ်မယ့်အနေအထား မြင်နေရပါတယ်။

သတ်မှတ်ထားပြီးမို့ မဖြစ်မနေလုပ်မယ်ဆိုရင် မဲဆန္ဒရှင်တွေရဲ့ စိုးရိမ်မှုတွေကို ပြေစေဖို့ ရွေးကောက်ပွဲကော်မရှင်နဲ့ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေက လုပ်ဆောင်ပေးဖို့လိုပါမယ်။

ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသလို လူဦးရေအကန့်သတ်နဲ့ မဲဆွယ်ရမယ်ဆိုတော့ ကိုယ်စားလှယ်လောင်းအများအပြားရဲ့ မဲဆွယ်ပွဲတွေကို ဘယ်လိုစောင့်ကြည့်ကြမလဲ ၊ စောင့်ကြည့်ကြီးကြပ်ဖို့ အင်အားရော အလုံအလောက်ရှိမလား၊ ချိုးဖေါက်လို့ အတိုင်းအတာတွေကို ဘယ်လိုရှင်းကြမလဲ ဆိုတဲ့ အပိုင်းတွေကလည်း စဉ်းစားစရာကိစ္စတွေဖြစ်ပါတယ်။

နောက်တဆင့်ကကြိုတင်မဲကိစ္စပါ။ ကြိုတင်မဲဆိုတာ ကြိုတင်မဲပေးခွင့်ရှိတဲ့ မဲဆန္ဒနယ်ပြင်ပရောက်တဲ့ ဝန်ထမ်းတွေ၊ ကျောင်းသားတွေ၊ သင်တန်းသားတွေ၊ အခြားမဲဆန္ဒရှင်တွေ၊ အချုပ်ကျနေသူတွေ၊ ဆေးရုံအတွင်းလူနာအဖြစ်တက်ရောက်ကုသရသူတွေ၊ အစိုးရခွင့်ပြုချက်နဲ့ ပြင်ပရောက်သူတွေ ၊ ကိုယ်တိုင်မဲလာမပေးနိုင်တဲ့ အနာကြီးရောဂါသည်၊ ရောဂါဝေဒနာပြင်းထန်စွားခံစားရသူ၊ မသန်စွမ်း၊ မီးဖွားနေသူ၊ စသည်ဖြင့် သတ်မှတ်ထားတော့ သက်ဆိုင်ရာရပ်ကျေးကော်မရှင်ဆီမှာ ခိုင်လုံတဲ့အထောက်ထားနဲ့ လျှောက်မှ ကြိုတင်မဲပေးခွင့်ရမှာပါ။ ဒီထဲမှာမပါတဲ့ ခေတ်ပေါ် ကိုဗစ်ကွာရန်တင်းဝင်ရသူတွေ ကြိုစာရင်းမပေးနိုင်ဘဲ နီးကပ်မှ ကွာရန်တင်းစင်တာရောက်သွားရရင် သူတို့ရဲ့ မဲပေးပိုင်ခွင့်အတွက် ဘယ်လိုစဉ်းစားကြမှာလဲ ။

နောက်တခုက မဲထည့်မယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ Social Distancing အရ သုံးပေကွာတန်းစီရမယ်၊ လက်ဆေးရမယ်၊ နှာခေါင်းစည်းတပ်ရမယ် စသဖြင့် သတ်မှတ်ထားတော့ မဲပေးသူများတဲ့ မဲရုံတွေမှာ နေရာအကျယ်အဝန်းလုံလောက်မလား ၊ အချိန်လုံလောက်မလား ဒါတွေဘယ်လို ပြင်ဆင်ထားကြသလဲ ၊ ဒါတင်လားဆိုတော့ မဟုတ်သေးဘူး ၊ မဲပေးခွင့်ရသူတွေမဲပေးရင် ကိုယ်ကြိုက်တဲ့ပါတီကိုယ်စားလှယ်ဘေးမှာ နှိပ်ရမယ့် တံဆိပ်တုံးကရော တယောက်တခု အသစ်ပေးမှာလား၊ တယောက်သုံးပြီးရင် တခါအရက်ပျံနဲ့ဆေးပေးမှာလား၊ မဲပေးပြီးရင် လက်သန်းမင်စွတ်ရမယ့်ဗူးကရော အားလုံးမျှသုံးရမှာလား ၊ စသဖြင့် မဲဆန္ဒရှင်တွေရဲ့ စိုးရိမ်ပူပန်မှုတွေကို ထည့်စဉ်းစားပြင်ဆင်ပြီးပြီလား။

၅ နှစ်မှတကြိမ် မဲပေးခွင့်ရတဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးအတွက် မဲဆန္ဒရှင်တွေရဲ့ မဲတွေ ကိုယ်တိုင်အသိစိတ်နဲ့ လာပေးချင်အောင် ၊ လာပေးကြအောင် စိုးရိမ်မှုမရှိအောင် ပြင်ဆင်ထားပါကြောင်း ရွေးကောက်ပွဲကော်မရှင်က တာဝန်ယူမှသာ ဘေးရန်ကင်းတဲ့ ရွေးကောက်ပွဲကြီး ပြီးမြောက်အောင်မြင်မှာဖြစ်ပါကြောင်း အယ်ဒီတာ အာဘော်ကဏ္ဍကနေ အကြံပြုတင်ပြလိုက်ရတယ်။

အယ်ဒီတာအဖွဲ့ ( Voice Of Myanmar )

Zawgyi

ကိုဗစ္နဲ႔ေ႐ြးေကာက္ပြဲစိန္ေခၚမႈ

၂၀၂၀ ႏိုဝင္ဘာ ၈ ရက္ေန႔မွာက်င္းပမယ့္ေ႐ြးေကာက္ပြဲအတြက္ စည္း႐ုံးေရး မနက္ျဖန္ဆို စၾကေတာ့မယ္။ မစခင္ကတည္းက ေခါင္းျပန္ေထာင္လာတဲ့ ကိုဗစ္၁၉ေၾကာင့္ ေ႐ြးေကာက္ပြဲျဖစ္မွျဖစ္ပါ့မလား၊ ေရာဂါကူးစက္ႏူန္းျမႇင့္လာရင္ ဘယ္လိုလုပ္ၾကမလဲဆိုၿပီး စိုးရိမ္မႈေတြ ျမွင့္တက္တဲ့ၾကားကပဲ ေ႐ြးေကာက္ပြဲမျဖစ္မေနလုပ္မယ့္အေနအထား ျမင္ေနရပါတယ္။

သတ္မွတ္ထားၿပီးမို႔ မျဖစ္မေနလုပ္မယ္ဆိုရင္ မဲဆႏၵရွင္ေတြရဲ႕ စိုးရိမ္မႈေတြကို ေျပေစဖို႔ ေ႐ြးေကာက္ပြဲေကာ္မရွင္နဲ႔ သက္ဆိုင္တဲ့အဖြဲ႕အစည္းေတြက လုပ္ေဆာင္ေပးဖို႔လိုပါမယ္။

ေ႐ြးေကာက္ပြဲ မဲဆြယ္ကာလမွာ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနက သတ္မွတ္ထားသလို လူဦးေရအကန႔္သတ္နဲ႔ မဲဆြယ္ရမယ္ဆိုေတာ့ ကိုယ္စားလွယ္ေလာင္းအမ်ားအျပားရဲ႕ မဲဆြယ္ပြဲေတြကို ဘယ္လိုေစာင့္ၾကည့္ၾကမလဲ ၊ ေစာင့္ၾကည့္ႀကီးၾကပ္ဖို႔ အင္အားေရာ အလုံအေလာက္ရွိမလား၊ ခ်ိဳးေဖါက္လို႔ အတိုင္းအတာေတြကို ဘယ္လိုရွင္းၾကမလဲ ဆိုတဲ့ အပိုင္းေတြကလည္း စဥ္းစားစရာကိစၥေတြျဖစ္ပါတယ္။

ေနာက္တဆင့္ကႀကိဳတင္မဲကိစၥပါ။ ႀကိဳတင္မဲဆိုတာ ႀကိဳတင္မဲေပးခြင့္ရွိတဲ့ မဲဆႏၵနယ္ျပင္ပေရာက္တဲ့ ဝန္ထမ္းေတြ၊ ေက်ာင္းသားေတြ၊ သင္တန္းသားေတြ၊ အျခားမဲဆႏၵရွင္ေတြ၊ အခ်ဳပ္က်ေနသူေတြ၊ ေဆး႐ုံအတြင္းလူနာအျဖစ္တက္ေရာက္ကုသရသူေတြ၊ အစိုးရခြင့္ျပဳခ်က္နဲ႔ ျပင္ပေရာက္သူေတြ ၊ ကိုယ္တိုင္မဲလာမေပးႏိုင္တဲ့ အနာႀကီးေရာဂါသည္၊ ေရာဂါေဝဒနာျပင္းထန္စြားခံစားရသူ၊ မသန္စြမ္း၊ မီးဖြားေနသူ၊ စသည္ျဖင့္ သတ္မွတ္ထားေတာ့ သက္ဆိုင္ရာရပ္ေက်းေကာ္မရွင္ဆီမွာ ခိုင္လုံတဲ့အေထာက္ထားနဲ႔ ေလွ်ာက္မွ ႀကိဳတင္မဲေပးခြင့္ရမွာပါ။ ဒီထဲမွာမပါတဲ့ ေခတ္ေပၚ ကိုဗစ္ကြာရန္တင္းဝင္ရသူေတြ ႀကိဳစာရင္းမေပးႏိုင္ဘဲ နီးကပ္မွ ကြာရန္တင္းစင္တာေရာက္သြားရရင္ သူတို႔ရဲ႕ မဲေပးပိုင္ခြင့္အတြက္ ဘယ္လိုစဥ္းစားၾကမွာလဲ ။

ေနာက္တခုက မဲထည့္မယ့္ ႏိုဝင္ဘာ ၈ ရက္ေန႔မွာ Social Distancing အရ သုံးေပကြာတန္းစီရမယ္၊ လက္ေဆးရမယ္၊ ႏွာေခါင္းစည္းတပ္ရမယ္ စသျဖင့္ သတ္မွတ္ထားေတာ့ မဲေပးသူမ်ားတဲ့ မဲ႐ုံေတြမွာ ေနရာအက်ယ္အဝန္းလုံေလာက္မလား ၊ အခ်ိန္လုံေလာက္မလား ဒါေတြဘယ္လို ျပင္ဆင္ထားၾကသလဲ ၊ ဒါတင္လားဆိုေတာ့ မဟုတ္ေသးဘူး ၊ မဲေပးခြင့္ရသူေတြမဲေပးရင္ ကိုယ္ႀကိဳက္တဲ့ပါတီကိုယ္စားလွယ္ေဘးမွာ နိွပ္ရမယ့္ တံဆိပ္တုံးကေရာ တေယာက္တခု အသစ္ေပးမွာလား၊ တေယာက္သုံးၿပီးရင္ တခါအရက္ပ်ံနဲ႔ေဆးေပးမွာလား၊ မဲေပးၿပီးရင္ လက္သန္းမင္စြတ္ရမယ့္ဗူးကေရာ အားလုံးမွ်သုံးရမွာလား ၊ စသျဖင့္ မဲဆႏၵရွင္ေတြရဲ႕ စိုးရိမ္ပူပန္မႈေတြကို ထည့္စဥ္းစားျပင္ဆင္ၿပီးၿပီလား။

၅ ႏွစ္မွတႀကိမ္ မဲေပးခြင့္ရတဲ့ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲႀကီးအတြက္ မဲဆႏၵရွင္ေတြရဲ႕ မဲေတြ ကိုယ္တိုင္အသိစိတ္နဲ႔ လာေပးခ်င္ေအာင္ ၊ လာေပးၾကေအာင္ စိုးရိမ္မႈမရွိေအာင္ ျပင္ဆင္ထားပါေၾကာင္း ေ႐ြးေကာက္ပြဲေကာ္မရွင္က တာဝန္ယူမွသာ ေဘးရန္ကင္းတဲ့ ေ႐ြးေကာက္ပြဲႀကီး ၿပီးေျမာက္ေအာင္ျမင္မွာျဖစ္ပါေၾကာင္း အယ္ဒီတာ အာေဘာ္က႑ကေန အႀကံျပဳတင္ျပလိုက္ရတယ္။

အယ္ဒီတာအဖြဲ႕ ( Voice Of Myanmar )

Related posts

Leave a Comment

VOM News

FREE
VIEW