ပါတီမိတ်ဆက်(တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ-TNDP)

TNDP

ပါတီမိတ်ဆက်(တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ-TNDP)

 

မန္တလေး၊စက်တင်ဘာ၁၇-၂၀၂၀

လဲ့လဲ့ဝင်း(VOM)

 

လာမယ့်၂၀၂၀နိုဝင်ဘာလ၈ရက်နေ့ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့်တိုင်းလိုင်(ရှမ်းနီ)အမျိုး

သားများဖွံ့ဖြိုးတိုးတက်ရေးပါတရဲ့ပြောရေးဆိုခွင့်ရှိသူပါတီဒုတိယဥက္ကဌ ပါတီဗဟိုကော်မတီဝင် ဦးလှသိန်း ကို VOMသတင်းထောက်လဲ့လဲ့ဝင်းကမေးမြန်းထားတာဖြစ်ပါတယ်။

 

VOM – ပါတီအနေနဲ့ဝင်ပြိုင်မယ့်လွှတ်တော်ကိုယ်စားလှယ်ဘယ်လောက်အရေအတွက်ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ။

ဦးလှသိန်း-ဝင်ရောက်ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်စုစုပေါင်း၄၁ယောက်ရှိပါတယ်။

 

VOM – ပါတီရဲ့ကတိကဝတ်ကဘာတွေဖြစ်မလဲ။

ဉီးလှသိန်း-(၁)ငြိမ်းချမ်းရေး။(၂) တန်းတူရေး။(၃) ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး။

 

VOM- အာဏာရပါတီ၊ပြည်ခိုင်ဖြိုးစတဲ့ပါတီကြီးတွေကိုဘယ်လိုအင်အားတွေနဲ့ယှဉ်ပြိုင်သွားမလဲ။

ဦးလှသိန်း-တိုင်းရင်းသားပါတီကအာဏာရပါတီကို အလေးအနက်ယှဉ်ပြိုင်ဖက်လို့ သဘောထားပါတယ်။ ကျနော်တို့ပါတီကအမျိုးသားအားကိုးပါတယ်။

 

VOM- ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာရောဘယ်နှနေရာနိုင်ခဲ့ဖူးပါသလဲ။

ဦးလှသိန်း-၂၀၁၅စပြီးရွေးကောက်ပွဲဝင်ပြိုင်တာ။ကျွန်တော်တို့ဒီမြို့တွေရှိတဲ့စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့်ကချင်ပြည်နယ်ထဲမှာ၁၄မြို့နယ်ထဲဝင်ပြိုင်ခဲ့တယ်။ဟုမ္မလင်းမြို့နယ်မှာ၂နေရာနိုင်တယ်၊ရှမ်းဝန်ကြီးနဲ့တိုင်းဒေသကြီး၁နေရာ ၂နေရာတော့နိုင်ခဲ့ပါတယ်။

 

VOM- ပါတီကိုယ်စားလှယ်လောင်းကိုဘယ်လိုရွေးတာလဲ။

ဦးလှသိန်း-ကျန်တော်တို့မြို့နယ်စိတ်ပါတီတွေကနေဖြစ်လာတဲ့လူတွေ  လူအရည်အချင်းပေါ်မှာမူတည်ပြီးမှဗဟိုမှာရွေးချယ်ရေးအဖွဲ့ကဖွဲ့ပြီးရွေးချယ်ရေအဖွဲ့ရဲ့ဆုံးဖြတ်ချက်နဲ့ရွေးပါတယ်။

 

VOM- ပါတီဝင်အင်အားဘယ်လောက်ရှိပါသလဲ။

ဦးလှသိန်း-ပါတီဝင်ရနေပြောရင်ဆိုတော့သောင်းဂဏန်းရှိပါတယ်။လူမျိုးအနေနဲ့ပါတီဝင်မဟုတ်‌ပေမယ့် အမျိုးသားအသိစိတ်တွေနဲ့ဆိုရင်သိန်းဂဏန်းနောက်ခံရှိတဲ့လူမျိုးပါတီတစ်ခုဖြစ်ပါတယ်။

 

VOM -ပါတီရဲ့ဆောင်ပုဒ်တွေကဘာတွေလဲ။

ဦးလှသိန်း-(၁)ငြိမ်းချမ်းတူယှဉ်နေထိုင်ရေးကျားနီကိုသာမဲထည့်ပေး။

(၂)တန်းတူညီမျှရရှိဖို့ကျားနီကိုသာမဲပေးစို့။

(၃)ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးကျားနီသာမဲထည့်ပေး။

 

 

#voiceofmyanmar #VOM #နိုင်ငံရေးပါတီမိတ်ဆက် #တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ-TNDP

 

zawgyi

 

ပါတီမိတ္ဆက္ (တိုင္းလိုင္(ရွမ္းနီ)အမ်ိဳးသားမ်ားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ-TNDP)

မႏၲေလး၊ စက္တင္ဘာ ၁၇-၂၀၂၀
လဲ့လဲ့ဝင္း(VOM)

လာမယ့္၂၀၂၀ ႏိုဝင္ဘာလ၈ရက္ေန႔ ေ႐ြးေကာက္ပြဲမွာ ဝင္ၿပိဳင္မယ့္တိုင္းလိုင္(ရွမ္းနီ)အမ်ိဳး
သားမ်ားဖြံ႕ၿဖိဳးတိုးတက္ေရးပါတရဲ႕ေျပာေရးဆိုခြင့္ရွိသူပါတီ ဒုတိယဥကၠဌ ပါတီဗဟိုေကာ္မတီဝင္ ဦးလွသိန္း ကို VOMသတင္းေထာက္ လဲ့လဲ့ဝင္းက ေမးျမန္းထားတာျဖစ္ပါတယ္။

VOM – ပါတီအေနနဲ႔ ဝင္ၿပိဳင္မယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ ဘယ္ေလာက္အေရအတြက္ ေ႐ြးေကာက္ပြဲေကာ္မရွင္ကိုတင္ထားလဲ။
ဦးလွသိန္း- ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ကိုယ္စားလွယ္စုစုေပါင္း၄၁ေယာက္ရွိပါတယ္။

VOM – ပါတီရဲ႕ ကတိကဝတ္ကဘာေတြျဖစ္မလဲ။
ဉီးလွသိန္း-(၁)ၿငိမ္းခ်မ္းေရး။ (၂) တန္းတူေရး။ (၃) ကိုယ္ပိုင္ျပဌာန္းခြင့္ရရွိေရး။

VOM- အာဏာရပါတီ၊ ျပည္ခိုင္ၿဖိဳး စတဲ့ပါတီႀကီးေတြကို ဘယ္လိုအင္အားေတြနဲ႔ ယွဥ္ၿပိဳင္သြားမလဲ။
ဦးလွသိန္း- တိုင္းရင္းသားပါတီက အာဏာရပါတီကို အေလးအနက္ယွဥ္ၿပိဳင္ဖက္လို႔ သေဘာထားပါတယ္။ က်ေနာ္တို႔ပါတီကအမ်ိဳးသားအားကိုးပါတယ္။

VOM- ၿပီးခဲ့တဲ့ေ႐ြးေကာက္ပြဲေတြမွာေရာ ဘယ္ႏွေနရာ ႏိုင္ခဲ့ဖူးပါသလဲ။
ဦးလွသိန္း-၂၀၁၅စၿပီးေ႐ြးေကာက္ပြဲဝင္ၿပိဳင္တာ။ကြၽန္ေတာ္တို႔ဒီၿမိဳ႕ေတြရွိတဲ့ စစ္ကိုင္းတိုင္းအထက္ပိုင္းႏွင့္ ကခ်င္ျပည္နယ္ထဲမွာ၁၄ၿမိဳ႕နယ္ထဲဝင္ၿပိဳင္ခဲ့တယ္။ဟုမၼလင္းၿမိဳ႕နယ္မွာ ၂ေနရာႏိုင္တယ္၊ ရွမ္းဝန္ႀကီးနဲ႔တိုင္းေဒသႀကီး၁ေနရာ ၂ေနရာေတာ့ႏိုင္ခဲ့ပါတယ္။

VOM- ပါတီကိုယ္စားလွယ္ေလာင္းကိုဘယ္လိုေ႐ြးတာလဲ။
ဦးလွသိန္း-က်န္ေတာ္တို႔ၿမိဳ႕နယ္စိတ္ ပါတီေတြကေနျဖစ္လာတဲ့လူေတြ လူအရည္အခ်င္းေပၚမွာမူတည္ၿပီးမွ ဗဟိုမွာ ေ႐ြးခ်ယ္ေရးအဖြဲ႕ကဖြဲ႕ၿပီးေ႐ြးခ်ယ္ေရအဖြဲ႕ရဲ႕ ဆုံးျဖတ္ခ်က္နဲ႔ ေ႐ြးပါတယ္။

VOM- ပါတီဝင္အင္အား ဘယ္ေလာက္ရွိပါသလဲ။
ဦးလွသိန္း- ပါတီဝင္ရေနေျပာရင္ဆိုေတာ့ ေသာင္းဂဏန္းရွိပါတယ္။လူမ်ိဳးအေနနဲ႔ပါတီဝင္မဟုတ္‌ေပမယ့္ အမ်ိဳးသားအသိစိတ္ေတြနဲ႔ ဆိုရင္ သိန္းဂဏန္းေနာက္ခံရွိတဲ့ လူမ်ိဳးပါတီတစ္ခုျဖစ္ပါတယ္။

VOM -ပါတီရဲ႕ေဆာင္ပုဒ္ေတြကဘာေတြလဲ။
ဦးလွသိန္း-(၁)ၿငိမ္းခ်မ္းတူယွဥ္ ေနထိုင္ေရး က်ားနီကိုသာမဲ ထည့္ေပး။
(၂) တန္းတူညီမွ် ရရွိဖို႔ က်ားနီကိုသာ မဲေပးစို႔။
(၃)ကိုယ့္ၾကမၼာကိုယ္ဖန္တီးေရးက်ားနီသာ မဲထည့္ေပး။

#voiceofmyanmar #VOM #ႏိုင္ငံေရးပါတီမိတ္ဆက္ #တိုင္းလိုင္(ရွမ္းနီ)အမ်ိဳးသားမ်ားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ-TNDP

Related posts

Leave a Comment

VOM News

FREE
VIEW