ပါတီမိတ်ဆက် (ကမန်အမျိုးသားတိုးတက်ရေးပါတီ)

ပါတီမိတ်ဆက် (ကမန်အမျိုးသားတိုးတက်ရေးပါတီ)

မန္တလေး၊ စက်တင်ဘာ ၁၈-၂၀၂၀
ညီသစ်(VOM)

လာမယ့် ၂၀၂၀ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကမန်အမျိုးသားတိုးတက်ရေးပါတီရဲ့ဒု-ဥက္ကဋ္ဌ ဦးလှတိုးကို VOMသတင်းထောက် ညီသစ်က မေးမြန်းထားတာဖြစ်ပါတယ်။

VOM- ပါတီအနေနဲ့လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ဝင်ပြိုင်ဖို့ရှိလဲ
ဦးလှတိုး – ၅ဦး ဝင်ပြိုင်ဖို့ ကော်မရှင်ကိုတင်ထားပါတယ်။

VOM- ပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဘယ်လို အရည်အချင်းမျိုး တွေနဲ့ရွေးချယ်ပါသလဲ
ဦးလှတိုး – ကိုယ်စားလှယ်တစ်ဦးအနေနဲ့ အနည်းဆုံးပညာ အရည်အချင်းအနေနဲ့ ဆယ်တန်းရှိရမယ်၊ အကျင့်စာရိတ္တ ကောင်းရမယ်၊ နိုင်ငံရေးနဲ့ပတ်သက်ပြီးတတ်နိုင်သလောက်လေ့လာမှု့ရှိရမယ်၊ လူနည်းစုအခွင့်အရေးတွေကို ဘယ်လို တောင်းဆိုမလည်းဆိုတာကိုစဉ်းစားထားတဲ့ ပုဂ္ဂိုလ်တွေဖြစ်ရမယ် အဲ့ဒီအချက်ကလေးတွေနဲ့ရွေးတာပါ။

VOM – ပါတီရဲ့ကတိကဝတ်တွေက ဘာတွေဖြစ်မလဲ။
ဦးလှတိုး – ပါတီရဲ့ကတိကဝတ်ကတော့ တကယ်လို့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ရင်အဓိက လူနည်းစုအခွင့်အရေးကို မြှင့်တင်ဆောင်ရွက်သွားဖို၊့ နောက်တစ်ခုကတော့ ကိုယ်ယှဉ်ပြိုင်ခဲ့တဲ့နယ်မြေဒေသက ပြည်သူလူထုရဲ့ ဖွံဖြိုးတိုးတက်ရေးကို လုပ်ဆောင်သွားဖို့ ဆိုတဲ့ကတိကဝတ်တွေပါ။

VOM- လက်ရှိအာဏာရပါတီ နဲ့ ပြည်ခိုင်ဖြိုး စတဲ့အင်အားကြီးပါတီတွေကို ဘယ်လိုအင်းအားတွေ နဲ့ ယှဉ်ပြိုင်သွားမလဲ
ဦးလှတိုး – လူနည်းစုပါတီဆိုတော့ အင်အားရယ်လို့တော့ သိပ်မရှိဘူးပေါ့ဗျာ၊ ဒါပေမယ့် လူနည်းစုတွေက မပါလို့မဖြစ်ဖူးဆိုတဲ့ အနေအထားရှိတယ်၊ ကျွန်တော်တို့က တိုင်းရင်းသားပါတီဖြစ်တဲ့အတွက် တိုင်းရင်းသားလူနည်းစုတွေရဲ့ အခွင့်အရေးတွေကို နဲနဲ လျစ်လျူရှုခံထားရတာတွေရှိတယ်၊ အဲ့ဒီတော့ အဲ့ဒီကိစ္စတွေကို ပြည်သူတွေကိုချပြပြီးတော့ အင်အားကြီးပါတီအနေနဲ့ အစိုးရဖွဲ့နိုင်လောက်တဲ့အထိ မဟုတ်ဖူးပေါ့၊ ဒါပေမယ့်
အစိုးရဖွဲ့နိုင်တဲ့ပါတီကို အထောက်အကူပေးဖို့အတွက် တိုင်းရင်းသား လူနည်းစုပါတီတွေက အရေးကြီးတယ်၊ ပြီးမှ လူနည်းစုတွေရဲ့ အခက်အခဲ အကြပ်အတည်းတွေကိုဖြေရှင်းပေးနိုင်မယ်၊ လွှတ်တော်မှတင်ပြမှပဲ၊ မဟုတ်ရင် အစိုးရက တစ်ခါတစ်ခါ လျစ်လျူရှုထားတာတွေ ရှိတဲ့အတွက် ဒီလူနည်းစုတွေက အခက်အခဲတွေ ဖြစ်ရတယ်၊ အဲ့ဒီကိစ္စကြောင့် ယှဉ်ပြိုင်တဲ့နေရာမှာ ကိုယ်ကတော့ အတတ်နိုင်ဆုံးကြိုးစားပြီးတော့ ပါတီကြီးတွေနဲ့ ယှဉ်ပြိုင်ရမှာပေါ့၊ ဒါပေမယ့်လည်း ကိုယ့်ရဲ့နယ်မြေမှာရှိတဲ့သူတွေကို သေသေချာချာရှင်းပြရတာပေါ့၊ ကျနော်တို့က လွှတ်တော်ကိုယ်စားလှယ် ပြိုင်တယ်ဆိုတာ အိမ်ဖြည့်ပြိုင်တာမဟုတ်ဖူး၊ မြို့နယ်တစ်ခုမှာ လွှတ်တော်ကိုယ်စားလှယ် ၄ နေရာလောက်ရှိတယ် ။ အဲ့ဒါကြောင့် ကျွန်တော်တို့က မြို့နယ်တစ်ခုမှာ တစ်နေရာလောက်ပဲ ပေးပါဆိုပြီး မေတ္တာရပ်ခံပြီးကြိုးစားရတာပေါ့။

VOM- ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာရော ဘယ်နှနေရာ နိုင်ခဲ့ဖူးပါသလဲ
ဦးလှတိုး – မနိုင်ခဲ့ဖူးပါဘူး၊ ၂၀၁၀ ရော၂၀၁၅ ရောပေါ့၊ အခု ဒီ ၂၀၂၀ မှာတော့ လူငါးဦးမှာ တစ်ဦးတော့ နိုင်မယ်လို့ ယူဆထားပါတယ် ခင်ဗျ။

VOM – ပါတီရဲ့ဆောင်ပုဒ်က ဘာတွေဖြစ်မလဲ
ဦးလှတိုး – ပါတီရဲ့ဆောင်ပုဒ်ကတော့ လူနည်းစုအခွင့်အရေးကို မြင့်တင်ဖို့ လေးနဲ့မြှားကို မဲပေးစို့

#voiceofmyanmar #VOM #ပါတီမိတ်ဆက်

Zawgyi

ပါတီမိတ္ဆက္ (ကမန္အမ်ိဳးသားတိုးတက္ေရးပါတီ)

မႏၲေလး၊ စက္တင္ဘာ ၁၈-၂၀၂၀
ညီသစ္(VOM)

လာမယ့္ ၂၀၂၀ပါတီစံု ဒီမိုကေရစီအေထြေထြေရြးေကာက္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ကမန္အမ်ိဳးသားတိုးတက္ေရးပါတီရဲ႕ဒု-ဥကၠ႒ ဦးလွတိုးကို VOMသတင္းေထာက္ ညီသစ္က ေမးျမန္းထားတာျဖစ္ပါတယ္။

VOM- ပါတီအေနနဲ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဘယ္ေလာက္အေရအတြက္ ဝင္ၿပိဳင္ဖို႔ရွိလဲ
ဦးလွတိုး – ၅ဦး ဝင္ၿပိဳင္ဖို႔ ေကာ္မရွင္ကိုတင္ထားပါတယ္။

VOM- ပါတီအေနနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြကို ဘယ္လို အရည္အခ်င္းမ်ိဳး ေတြနဲ႔ေ႐ြးခ်ယ္ပါသလဲ
ဦးလွတိုး – ကိုယ္စားလွယ္တစ္ဦးအေနနဲ႔ အနည္းဆုံးပညာ အရည္အခ်င္းအေနနဲ႔ ဆယ္တန္းရွိရမယ္၊ အက်င့္စာရိတၱ ေကာင္းရမယ္၊ ႏိုင္ငံေရးနဲ႔ပတ္သက္ၿပီးတတ္ႏိုင္သေလာက္ေလ့လာမႈ႕ရွိရမယ္၊ လူနည္းစုအခြင့္အေရးေတြကို ဘယ္လို ေတာင္းဆိုမလည္းဆိုတာကိုစဥ္းစားထားတဲ့ ပုဂၢိဳလ္ေတြျဖစ္ရမယ္ အဲ့ဒီအခ်က္ကေလးေတြနဲ႔ေ႐ြးတာပါ။

VOM – ပါတီရဲ႕ကတိကဝတ္ေတြက ဘာေတြျဖစ္မလဲ။
ဦးလွတိုး – ပါတီရဲ႕ကတိကဝတ္ကေတာ့ တကယ္လို႔ လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္ခဲ့ရင္အဓိက လူနည္းစုအခြင့္အေရးကို ျမွင့္တင္ေဆာင္႐ြက္သြားဖို၊႔ ေနာက္တစ္ခုကေတာ့ ကိုယ္ယွဥ္ၿပိဳင္ခဲ့တဲ့နယ္ေျမေဒသက ျပည္သူလူထုရဲ႕ ဖြံၿဖိဳးတိုးတက္ေရးကို လုပ္ေဆာင္သြားဖို႔ ဆိုတဲ့ကတိကဝတ္ေတြပါ။

VOM- လက္ရွိအာဏာရပါတီ နဲ႔ ျပည္ခိုင္ၿဖိဳး စတဲ့အင္အားႀကီးပါတီေတြကို ဘယ္လိုအင္းအားေတြ နဲ႔ ယွဥ္ၿပိဳင္သြားမလဲ
ဦးလွတိုး – လူနည္းစုပါတီဆိုေတာ့ အင္အားရယ္လို႔ေတာ့ သိပ္မရွိဘူးေပါ့ဗ်ာ၊ ဒါေပမယ့္ လူနည္းစုေတြက မပါလို႔မျဖစ္ဖူးဆိုတဲ့ အေနအထားရွိတယ္၊ ကၽြန္ေတာ္တို႔က တိုင္းရင္းသားပါတီျဖစ္တဲ့အတြက္ တိုင္းရင္းသားလူနည္းစုေတြရဲ႕ အခြင့္အေရးေတြကို နဲနဲ လ်စ္လ်ဴရွဳခံထားရတာေတြရွိတယ္၊ အဲ့ဒီေတာ့ အဲ့ဒီကိစၥေတြကို ျပည္သူေတြကိုခ်ျပၿပီးေတာ့ အင္အားႀကီးပါတီအေနနဲ႔ အစိုးရဖြဲ႕ႏိုင္ေလာက္တဲ့အထိ မဟုတ္ဖူးေပါ့၊ ဒါေပမယ့္
အစိုးရဖြဲ႕ႏိုင္တဲ့ပါတီကို အေထာက္အကူေပးဖို႔အတြက္ တိုင္းရင္းသား လူနည္းစုပါတီေတြက အေရးႀကီးတယ္၊ ၿပီးမွ လူနည္းစုေတြရဲ႕ အခက္အခဲ အၾကပ္အတည္းေတြကိုေျဖရွင္းေပးႏိုင္မယ္၊ လႊတ္ေတာ္မွတင္ျပမွပဲ၊ မဟုတ္ရင္ အစိုးရက တစ္ခါတစ္ခါ လ်စ္လ်ဴရႈထားတာေတြ ရွိတဲ့အတြက္ ဒီလူနည္းစုေတြက အခက္အခဲေတြ ျဖစ္ရတယ္၊ အဲ့ဒီကိစၥေၾကာင့္ ယွဥ္ၿပိဳင္တဲ့ေနရာမွာ ကိုယ္ကေတာ့ အတတ္ႏိုင္ဆုံးႀကိဳးစားၿပီးေတာ့ ပါတီႀကီးေတြနဲ႔ ယွဥ္ၿပိဳင္ရမွာေပါ့၊ ဒါေပမယ့္လည္း ကိုယ့္ရဲ႕နယ္ေျမမွာရွိတဲ့သူေတြကို ေသေသခ်ာခ်ာရွင္းျပရတာေပါ့၊ က်ေနာ္တို႔က လႊတ္ေတာ္ကိုယ္စားလွယ္ ၿပိဳင္တယ္ဆိုတာ အိမ္ျဖည့္ၿပိဳင္တာမဟုတ္ဖူး၊ ၿမိဳ႕နယ္တစ္ခုမွာ လႊတ္ေတာ္ကိုယ္စားလွယ္ ၄ ေနရာေလာက္ရွိတယ္ ။ အဲ့ဒါေၾကာင့္ ကၽြန္ေတာ္တို႔က ၿမိဳ႕နယ္တစ္ခုမွာ တစ္ေနရာေလာက္ပဲ ေပးပါဆိုၿပီး ေမတၱာရပ္ခံၿပီးႀကိဳးစားရတာေပါ့။

VOM- ၿပီးခဲ့တဲ့ေ႐ြးေကာက္ပြဲေတြမွာေရာ ဘယ္ႏွေနရာ ႏိုင္ခဲ့ဖူးပါသလဲ
ဦးလွတိုး – မႏိုင္ခဲ့ဖူးပါဘူး၊ ၂၀၁၀ ေရာ၂၀၁၅ ေရာေပါ့၊ အခု ဒီ ၂၀၂၀ မွာေတာ့ လူငါးဦးမွာ တစ္ဦးေတာ့ ႏိုင္မယ္လို႔ ယူဆထားပါတယ္ ခင္ဗ်။

VOM – ပါတီရဲ႕ေဆာင္ပုဒ္က ဘာေတြျဖစ္မလဲ
ဦးလွတိုး – ပါတီရဲ႕ေဆာင္ပုဒ္ကေတာ့ လူနည္းစုအခြင့္အေရးကို ျမင့္တင္ဖို႔ ေလးနဲ႔ျမႇားကို မဲေပးစို႔

#voiceofmyanmar #VOM #ပါတီမိတ္ဆက္

Related posts

Leave a Comment

VOM News

FREE
VIEW