ကိုဗစ်လူနာတွေ ထပ်တိုးသေဆုံးမှုနဲ့ပတ်သက်လို့ ဒေါက်တာခင်ခင်ကြီးနဲ့ဆက်သွယ်မေးမြန်းချက်

ကိုဗစ်လူနာတွေ ထပ်တိုးသေဆုံးမှုနဲ့ပတ်သက်လို့ ဒေါက်တာခင်ခင်ကြီးနဲ့ဆက်သွယ်မေးမြန်းချက်

ရန်ကုန်၊ စက်တင်ဘာ ၁၇-၂၀၂၀
သိင်္ဂီ(VOM)

ကိုဗစ်အတည်ပြုလူနာ ၁၁ ထပ်မံသေဆုံးမှုရှိခဲ့တယ်လို့ ဒီကနေ့ စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲမှာကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

အခုဆိုရင် ကိုဗစ်အတည်ပြုလူနာသေဆုံးမှုဟာ ၅၇ ဦးအထိ ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့်ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ၊ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီး ကို VOM သတင်းထောက် မသိင်္ဂီက ဆက်သွယ်မေးမြန်းထားပါတယ်။

VOM ။ ကိုဗစ် သေဆုံးသူ ၁၁ ဦးရှိခဲ့တယ်လို့ ခုညနေပိုင်းကထုတ်ပြန်တာ သိရတယ်။ သေဆုံးသူတွေဟာ ရောဂါအခံရှိကြသလား.သိပါရစေ။
DKKG။ ဟုတ်ပါတယ်။ ခုက ၅၇ယောက်ဖြစ်သွားပါတယ်။ မနက်ကထိ ထုတ်ပြန်တာ ၄၆ ယောက် ၊ ခုညနေ ထပ်ထုတ်ပြန်တာ ၁၁ ယောက်ဆိုတော့ ၅၇ ယောက်ဖြစ်ပါတယ်။
အဲ့ဒီမှာလည်း ရေးထားပါတယ်။ စတားပြထားတဲ့သူတွေက ဓာတ်ခွဲအဖြေသိရတာကို စောင့်နေလို့ ခုမှထုတ်ပြန်တယ်လို့ပါပါတယ်။လေးယောက်ပါပါတယ် ။သေသွားတယ် ကိုဗစ်လက္ခဏာပြတယ်ဓာတ်ခွဲနမူနာယူတယ်၊ စစ်တယ် positive တွေ့တယ် ဒါကြောင့်မို့ ကိုဗစ်ကြောင့်သေတယ်လို့ ထုတ်တယ်။သေဆုံးတဲ့ ၁၁ ယောက်အသေးစိတ်ကတော့လုပ်နေတုန်းပါ။မရနိုင်သေးပါဘူး။

VOM ။ သေဆုံးလူနာတွေရဲ့ အသေးစိတ်အချက်အလက်ကို ဆက်ထုတ်ပြန်သွားမှာလားရှင့်။
DKKG။ သေဆုံးလူနာတွေနဲ့ပတ်သက်လို့ လူနာရဲ့အသက်ရယ် ၊ တက်ခဲ့တဲ့ဆေးရုံရယ်၊ လူနာသေဆုံးတဲ့ ရက်ရယ် ဒါရယ်ပဲထုတ်ပြန်တော့မယ်၊ လူနာမှာရောဂါအခံရှိမရှိ ကို ထုတ်ပြန်တော့မှာမဟုတ်ပါဘူး။

VOM ။ ကွာရန်တင်းစင်တာတွေမှာရော ဘာတွေလိုအပ်နေလဲ ၊ ကွာရန်းတင်းစင်တာတွေ ၊ ဆေးကုသမှုစင်တာတွေမှာ အဆင်မပြေဘူးပြောသူရှိသလို အဆင်ပြေတယ်လို့ ပြောဆိုမှုတွေ ထွက်ပေါ်နေတဲ့ ဝေဖန်မှုတွေအပေါ် သုံးသပ်ချက်လေး သိပါရစေ။
DKKG ။ငါတို့ကို အစိုးရကတတ်နိုင်သလောက်ဆောင်ရွက်ပေးထားတာပဲလို့သိရှိပြီး ကျေးဇူးမတင်ရင်တောင် ကျေးဇူးကန်းတဲ့အဖြစ်မျိုးတွေ့တော့မလုပ်သင့်ပါဘူး။ဘာဖြစ်လို့လဲ ဆိုတော့ ဒါဟာအစိုးရအနေနဲ့ ကိုယ့်နိုင်ငံသားတစ်ယောက်စီကို ရောဂါဖြစ်ပွားကူးစက်မှုမရှိစေဖို့ ၊ ရောဂါဖြစ်ပွားကူးစက်မှုရှိလာရင်လည်း သေဆုံးမှုမဖြစ်စေဖို့ ရှိတဲ့အင်အားနဲ့ လုပ်ဆောင်ပေးနေတဲ့အပေါ်မှာ ဘယ်လိုလေးဆိုရင်ပိုကောင်းမယ်၊ အပြုသဘောနဲ့ တင်ပြလို့ရပါတယ် ဆွေးနွေးလို့ရပါတယ်၊ လိုအပ်ချက်တွေကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးမှာဖြစ်ပါတယ်။ သို့သော် အဆိုးမြင်တဲ့စိတ်နဲ့ နိုင်ငံတော်ရဲ့ကျန်းမာရေးစောင့်ရှောက်မှုအပေါ်ပဲဖြစ်ဖြစ် အစိုးရရဲ့လုပ်ဆောင်ချက်အပေါ်မှာ အဆိုးမြင်တဲ့စိတ် အပြစ်မြင်တဲ့စိတ်နဲ့ပြောနေမယ်ဆိုရင် ခုချိန်မှာအဆင်မပြေပါဘူး၊ ခုချိန်ဟာဆိုရင် ကမ္ဘာပေါ်မှာ ကပ်ရောဂါဖြစ်ပွားသူဟာ သန်း ၃၀ ကျော်ပါပြီ၊ သေဆုံးသူဟာလည်း ၁ သန်းကပ်တော့မယ်။ ဒါဟာစာရွက်ပေါ်က ကိန်းဂဏန်းတွေမဟုတ်ပါဘူး တကယ်ဖြစ်နေတာပါ၊ သေဆုံးတဲ့သူဟာ စာရွက်ပေါ်မှာသာ ၁၁ ယောက်လို့ တိုးလိုက်ပေမယ့် သေဆုံးသွားတဲ့မိသားစုဘက်ကတော့ တကယ့်ကို ၁၀၀ ရာခိုင်နုန်း ဆုံးရှုံးမှုပါ။ ကျမတို့လည်း စာနာပါတယ်။ အဲ့ဒီတော့အပြုသဘောနဲ့ အကုန်လုံးညီညီညွတ်ညွတ်နဲ့ ပူးပေါင်းဆောင်ရွက်ပြီး ဖြည့်ဆည်းလိုက်မယ်ဆိုရင် အဆင်ပြေသွားမှာဖြစ်ပါတယ်။ ခုမြန်မာနိုင်ငံကို ရောဂါကူးစက်မှုတွေနည်းနိုင်သမျှနည်းအောင် သေဆုံးမှုတွေမရှိအောင်လုပ်ဆောင်တဲ့အခါ တယောက်နဲ့ယောက် ဝိုင်းဝန်းကူညီဖို့လိုပါတယ်။ တစ်ယောက်ကတောင် တစ်ယောက်ကမြောက် လုပ်လို့မရပါဘူး၊ စည်းလုံးညီညွတ်ခြင်းကသာ ကျော်လွှားနိုင်မှာဖြစ်ပါတယ်။

VOM ။ အခက်အခဲတွေကို အပြုသဘော ဆွေးနွေးမယ်ဆိုရင်ရော ဘယ်လိုအကျိုးထိရောက်မှုတွေရှိလာနိုင်မလဲ။
DKKG ။ကွာရန်တင်းတွေကို သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့က တိုက်ရိုက်ကိုင်တွယ်ပါတယ်၊ ကျမတို့ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ကွာရန်တင်းစင်တာမှာပဲဖြစ်ဖြစ် ဆေးရုံမှာပဲဖြစ်ဖြစ် ဆေးကုသမှု ဆေးဝါးပစ္စည်းတွေ ထောက်ပံ့ပေးမှုကိုပဲ တာဝန်ယူပါတယ်။ သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရတွေအနေနဲ့ အခက်အခဲတွေရှိပါတယ်။
တနေ့တနေ့ ကွာရန်တင်းဝင်တဲ့သူတွေလည်း ကွာရန်တင်း ရက်သတ်မှတ်ချက်ကများလာတယ်။ သို့သော် ကွာရန်တင်း ရက်သတ်မှတ်ချက်က စက်တင်ဘာ ၉ ရက်ကစပြီး ၃ ပတ်ကနေ ၂ ပတ်ကိုရွှေ့ထားတာဖြစ်တဲ့အတွက် ကွာရန်တင်းစင်တာတွေမှာ တချိူ့အဆင်ပြေတယ် တချို့အဆင်မပြေဘူး ရှိနိုင်ပါတယ်။ အကုန်လုံးကတော့ စင်းလုံးချောပြီး ကွာရန်တင်းစင်တာမှာ အရမ်းကိုကောင်းမွန်တဲ့စောင့်ရှောက်မှုကောင်းမွန်တဲ့အနေအထား ဖြစ်ဖို့ဆိုတာတော့ အလွန်ခဲယဉ်းပါတယ်။ ၁၀၀ ရာခိုင်နှုန်း မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တချို့ရောဂါကို အပြင်းအထန်ခံစားနေရတဲ့ တိုင်းပြည်ကြီးတွေမှာတောင် ကွာရန်တင်းလုပ်တဲ့အခါ လိုအပ်ချက်တွေ လစ်ဟာချက်တွေရှိနေအုံးမှာပဲ။ ကျမတို့အနေနဲ့ တနေ့တနေ့ ဆေးရုံတက်တဲ့လူနာနဲ့ ဆေးရုံတက်တဲ့လူနာကိုတောင်မှ အကောင်းဆုံး manage လုပ်နေရတယ်၊ ဘာလို့ဆို သူတို့ကအမြဲအန္တရာယ်ရှိတယ်၊ အချိန်မရွေး ထဖောက်နိုင်တယ်၊ အထူးသဖြင့် risk ရှိတာကျတော့ အုပ်စုနှစ်ခုမှာရှိတယ်.။ အသက်ကြီးတဲ့သူတွေရယ် နောက်ခံရောဂါရှိတဲ့သူတွေရယ် နောက်ခံရောဂါရှိတယ်ဆိုတာက ကင်ဆာလိုမျိုး၊ ကျောက်ကပ်မကောင်းတဲ့သူ၊နှလုံးမကောင်းတဲ့သူ၊အဆုပ်ကောင်းကောင်းအလုပ်မလုပ်တဲ့သူ။ ဝတဲ့သူ ၊ အရေပြားသွေးလေးဘက်နာ ၊ကိုယ်ခံအားကျနေတဲ့သူတွေ၊ နာတာရှည်ရောဂါဖြစ်နေတဲ့သူတွေမှာ ပိုပြီးတော့အန္တရာယ်များပါတယ်။ အသက်ကလည်းကြီးတယ် နောက်ခံရောဂါလည်းရှိတယ်ဆို အန္တရာယ်ကဖြစ်နိုင်ပါတယ်။
ဖောင်ကြီး ဝေဘာဂီ တောင်ဥက္ကလာမှာကျ ဒီအသက်ကြီးတဲ့နောက်ခံရောဂါရှိတဲ့ စိုးရိမ်ရတဲ့သူတွေကို စောင့်ကြည့်ပြီး သေချာကုသသလို ရောဂါလက္ခဏာလည်းမရှိဘူး ၊ နောက်ခံရောဂါလည်းမရှိဘူး၊ အသက်လည်းငယ်တဲ့သူကိုတော့ ရိုးမရိပ်သာမှာ ထားတာဖြစ်ပါတယ်။ ကွာရန်တင်းစင်တာတွေမှာ လိုအပ်ချက်တွေရှိတယ်ဆိုရင် သက်ဆိုင်ရာ ကွာရန်တင်းစင်တာကို စီမံအုပ်ချုပ်နေတဲ့အဖွဲ့တွေရှိပါတယ်။ သူတို့ကို လိုအပ်ချက်တွေကို အပြုသဘောနဲ့ ဆွေးနွေးလို့ရပါတယ်၊ ဘာလို့လဲဆိုတော့ လူများတဲ့အခါကျတော့ လိုအပ်ချက်တွေ လစ်ဟာချက်တွေရှိနိုင်ပါတယ်။

VOM ။ကွာရန်တင်းစင်တာတွေနဲ့ ကိုဗစ်ကုသရေးစင်တာတွေမှာ ဘော်လန်တီယာအဖြစ် ပါဝင်လုပ်ဆောင်နေသူတွေကိုရော ဘာများ ပြောချင်ပါသလဲ။
DKKG ။ ကွာရန်တင်း စင်တာတွေ၊ ကိုဗစ်ဆေးကုသစင်တာတွေမှာ ဘော်လန်တီယာ အဖြစ်လုပ်အားပေးနေတဲ့အဖွဲ့တွေကို သိပ်ကျေးဇူးတင်ပါတယ် ။ဘာလို့လဲဆို သူတို့တွေဟာ တကယ်လိုအပ်တဲ့နေရာမှာ တကယ်ကို နိုင်ငံတော်အစိုးရ၊ အမျိုးသားကြီးကြပ်ကွပ်ကဲမှုကိုဗစ်ဗဟိုကော်မတီရဲ့ လမ်းညွှန်ချက် သက်ဆိုင်ရာ တိုင်းဒေသကြီးပြည်နယ်အစိုးရရဲ့ ဦးဆောင်မှုအောက်မှာ တကယ်ကို စကားနဲ့မဟုတ်ဘဲ အလုပ်နဲ့သက်သေပြနေကြတာပဲဖြစ်ပါတယ်။ အထူးကျေးဇူးတင်ပါတယ်။

VOM ။ လက်ရှိ တနိုင်ငံလုံးမှာ ကျန်းမာရေးဝန်ထမ်းအရေအတွက် ဘယ်လောက်ထိ ကိုဗစ်ကူးစက်မှု ခံထားရလဲ။
DKKG ။ကျန်းမာရေးဝန်ထမ်း ပိုးတွေ့လူနာဘယ်လောက်ရှိလဲဆိုတာ တိတိကျကျမသိပါဘူး။ ကျမသိသလောက် ရခိုင်ပြည်ဘက်မှာတော့ ကျန်းမာရေးဝန်ထမ်း အထောက်အကူပြုဝန်ထမ်းတွေကူးစက်တာတော့ ၄၀ ကျော် ၅၀ လောက်ရှိတယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းနဲ့ တခြားပြည်နယ်နဲ့တိုင်းတွေမှာ ကူးစက်မှုဘယ်လောက်ရှိသလဲဆိုတာကတော့ ကာသရေးဦးစီးဌာနမှာပဲ သက်ဆိုင်မှာဖြစ်ပါတယ်။

VOM ။ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုအခြေအနေ အပေါ်သုံးသပ်ချက်လေး ပြောပြပေးပါအုံး။
DKKG ။ရောဂါကူးစက်မှုနူန်း ဘယ်လောက်ထိ မြန်မြန်ဆန်ဆန်ကျမလဲဆိုတာကတော့ လူထုက ဘယ်လောက်ထိအင်အားအပြည့်နဲ့ ပါဝင်ဆောင်ရွက်လာမလဲဆိုတဲ့အပေါ်မူတည်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ကိုဗစ် #သေဆုံးမှု

Zawgyi

ကိုဗစ္လူနာေတြ ထပ္တိုးေသဆံုးမႈနဲ႔ပတ္သက္လို႔ ေဒါက္တာခင္ခင္ႀကီးနဲ႔ဆက္သြယ္ေမးျမန္းခ်က္

ရန္ကုန္၊ စက္တင္ဘာ ၁၇-၂၀၂၀
သိဂႌ(VOM)

ကိုဗစ္အတည္ျပဳလူနာ ၁၁ ထပ္မံေသဆုံးမႈ႐ွိခဲ့တယ္လို႔ ဒီကေန႔ စက္တင္ဘာလ ၁၇ ရက္ေန႔ မြန္းလြဲ ၃ နာရီခြဲမွာက်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနက ထုတ္ျပန္လိုက္ပါတယ္။

အခုဆိုရင္ ကိုဗစ္အတည္ျပဳလူနာ​ေသဆုံးမႈဟာ ၅၇ ဦးအထိ ႐ွိလာၿပီျဖစ္တယ္လို႔ သိရပါတယ္။

ဒါေၾကာင့္ဒီအ​ေျခအ​ေန​ေတြနဲ႔ ပတ္သက္ၿပီး က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ၊ဗဟိုကူးစက္ေရာဂါတိုက္ဖ်က္ေရးဌာနမွ ၫႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီး ကို VOM သတင္းေထာက္ မသိဂႌက ဆက္သြယ္ေမးျမန္းထားပါတယ္။

VOM ။ ကိုဗစ္ ေသဆုံးသူ ၁၁ ဦး႐ွိခဲ့တယ္လို႔ ခုညေနပိုင္းကထုတ္ျပန္တာ သိရတယ္။ ေသဆုံးသူ​ေတြဟာ ေရာဂါအခံ႐ွိၾကသလား.သိပါရေစ။
DKKG။ ဟုတ္ပါတယ္။ ခုက ၅၇ေယာက္ျဖစ္သြားပါတယ္။ မနက္ကထိ ထုတ္ျပန္တာ ၄၆ ေယာက္ ၊ ခုညေန ထပ္ထုတ္ျပန္တာ ၁၁ ေယာက္ဆုိေတာ့ ၅၇ ေယာက္ျဖစ္ပါတယ္။
အဲ့ဒီမွာလည္း ေရးထားပါတယ္။ စတားျပထားတဲ့သူ​ေတြက ဓာတ္ခြဲအ​ေျဖသိရတာကို ေစာင့္ေနလို႔ ခုမွထုတ္ျပန္တယ္လို႔ပါပါတယ္။ေလးေယာက္ပါပါတယ္ ။ေသသြားတယ္ ကိုဗစ္လကၡဏာျပတယ္ဓာတ္ခြဲနမူနာယူတယ္၊ စစ္တယ္ positive ေတြ႔တယ္ ဒါေၾကာင့္မို႔ ကိုဗစ္ေၾကာင့္ေသတယ္လို႔ ထုတ္တယ္။​ေသဆုံးတဲ့ ၁၁ ေယာက္အေသးစိတ္ကေတာ့လုပ္ေနတုန္းပါ။မရႏိုင္​ေသးပါဘူး။

VOM ။ ေသဆုံးလူနာေတြရဲ႕ အေသးစိတ္အခ်က္အလက္ကုိ ဆက္ထုတ္ျပန္သြားမွာလား႐ွင့္။
DKKG။ ​ေသဆုံးလူနာ​ေတြနဲ႔ပတ္သက္လို႔ လူနာရဲ႕အသက္ရယ္ ၊ တက္ခဲ့တဲ့ေဆး႐ုံရယ္၊ လူနာေသဆုံးတဲ့ ရက္ရယ္ ဒါရယ္ပဲထုတ္ျပန္​ေတာ့မယ္၊ လူနာမွာေရာဂါအခံ႐ွိမ႐ွိ ကို ထုတ္ျပန္ေတာ့မွာမဟုတ္ပါဘူး။

VOM ။ ကြာရန္တင္းစင္တာေတြမွာေရာ ဘာေတြလိုအပ္ေနလဲ ၊ ကြာရန္းတင္းစင္တာေတြ ၊ ေဆးကုသမႈစင္တာေတြမွာ အဆင္မေျပဘူးေျပာသူ႐ွိသလို အဆင္ေျပတယ္လို႔ ေျပာဆိုမႈေတြ ထြက္ေပၚေနတဲ့ ​ေဝဖန္မွုေတြအေပၚ သုံးသပ္ခ်က္ေလး သိပါရေစ။
DKKG ။ငါတို႔ကို အစိုးရကတတ္ႏိုင္သ​ေလာက္​ေဆာင္ရြက္​ေပးထားတာပဲလို႔သိ႐ွိၿပီး ေက်းဇူးမတင္ရင္ေတာင္ ေက်းဇူးကန္းတဲ့အျဖစ္မ်ိဳး​ေတြ႕​ေတာ့မလုပ္သင့္ပါဘူး။ဘာျဖစ္လို႔လဲ ဆိုေတာ့ ဒါဟာအစိုးရအေနနဲ႔ ကိုယ့္ႏိုင္ငံသားတစ္ေယာက္စီကို ေရာဂါျဖစ္ပြားကူးစက္မႈမ႐ွိေစဖို႔ ၊ ေရာဂါျဖစ္ပြားကူးစက္မႈ႐ွိလာရင္လည္း ေသဆုံးမႈမျဖစ္ေစဖို႔ ႐ွိတဲ့အင္အားနဲ႔ လုပ္ေဆာင္ေပးေနတဲ့အေပၚမွာ ဘယ္လိုေလးဆိုရင္ပိုေကာင္းမယ္၊ အျပဳသေဘာနဲ႔ တင္ျပလို႔ရပါတယ္ ေဆြးေႏြးလို႔ရပါတယ္၊ လိုအပ္ခ်က္ေတြကို တတ္ႏိုင္သေလာက္ ျဖည့္ဆည္းေပးမွာျဖစ္ပါတယ္။ သို႔​ေသာ္ အဆိုးျမင္တဲ့စိတ္န​ဲ့ ႏိုင္ငံေတာ္ရဲ႕က်န္းမာေရးေစာင့္ေ႐ွာက္မႈအေပၚပဲျဖစ္ျဖစ္ အစိုးရရဲ႕လုပ္ေဆာင္ခ်က္အေပၚမွာ အဆိုးျမင္တဲ့စိတ္ အျပစ္ျမင္တဲ့စိတ္နဲ႔ေျပာေနမယ္ဆိုရင္ ခုခ်ိန္မွာအဆင္မ​ေျပပါဘူး၊ ခုခ်ိန္ဟာဆိုရင္ ကမၻာေပၚမွာ ကပ္ေရာဂါျဖစ္ပြားသူဟာ သန္း ၃၀ ေက်ာ္ပါၿပီ၊ ေသဆုံးသူဟာလည္း ၁ သန္းကပ္ေတာ့မယ္။ ဒါဟာစာရြက္​ေပၚက ကိန္းဂဏန္းေတြမဟုတ္ပါဘူး တကယ္ျဖစ္ေနတာပါ၊ ​ေသဆုံးတဲ့သူဟာ စာရြက္​ေပၚမွာသာ ၁၁ ေယာက္လို႔ တိုးလိုက္ေပမယ့္​ ေသဆုံးသ​ြားတဲ့မိသားစုဘက္က​ေတာ့ တကယ့္ကို ၁၀၀ ရာခိုင္ႏုန္း ဆုံး႐ႈံးမႈပါ။ က်မတို႔လည္း စာနာပါတယ္။ အဲ့ဒီေတာ့အျပဳသေဘာနဲ႔ အကုန္လုံးညီညီၫြတ္ၫြတ္နဲ႔ ပူးေပါင္းေဆာင္ရြက္ၿပီး ျဖည့္ဆည္းလိုက္မယ္ဆိုရင္ အဆင္ေျပသြားမွာျဖစ္ပါတယ္။ ခုျမန္မာႏိုင္ငံကို ေရာဂါကူးစက္မႈေတြနည္းႏိုင္သမ်ွနည္းေအာင္ ေသဆုံးမႈေတြမ႐ွိ​ေအာင္လုပ္​ေဆာင္တဲ့အခါ တေယာက္နဲ႔​ေယာက္ ဝိုင္းဝန္းကူညီဖို႔လိုပါတယ္။ တစ္ေယာက္ကေတာင္ တစ္ေယာက္ကေျမာက္ လုပ္လို႔မရပါဘူး၊ စည္းလုံးညီၫြတ္ျခင္းကသာ ေက်ာ္လႊားႏိုင္မွာျဖစ္ပါတယ္။

VOM ။ အခက္အခဲေတြကို အျပဳသေဘာ ေဆြးေႏြးမယ္ဆိုရင္ေရာ ဘယ္လိုအက်ိဳးထိေရာက္မႈေတြ႐ွိလာႏိုင္မလဲ။
DKKG ။ကြာရန္တင္းေတြကို သက္ဆိုင္ရာတိုင္းေဒသႀကီးအစိုးရအဖြဲ႔က တိုက္႐ုိက္ကိုင္တြယ္ပါတယ္၊ က်မတို႔က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာန ကြာရန္တင္းစင္တာမွာပဲျဖစ္ျဖစ္ ေဆး႐ုံမွာပဲျဖစ္ျဖစ္ ေဆးကုသမႈ ေဆးဝါးပစၥည္းေတြ ေထာက္ပံ့ေပးမႈကိုပဲ တာဝန္ယူပါတယ္။ သက္ဆိုင္ရာတိုင္းေဒသႀကီးအစိုးရေတြအ​ေနနဲ႔ အခက္အခဲေတြ႐ွိပါတယ္။
တေန႔တေန႔ ကြာရန္တင္းဝင္တဲ့သူေတြလည္း ကြာရန္တင္း ရက္သတ္မွတ္ခ်က္ကမ်ားလာတယ္။ သို႔ေသာ္ ကြာရန္တင္း ရက္သတ္မွတ္ခ်က္က စက္တင္ဘာ ၉ ရက္ကစၿပီး ၃ ပတ္ကေန ၂ ပတ္ကိုေရႊ႔ထားတာျဖစ္တဲ့အတြက္ ကြာရန္တင္းစင္တာေတြမွာ တခ်ိဴ႕အဆင္ေျပတယ္ တခ်ိဳ႕အဆင္မေျပဘူး ႐ွိႏိုင္ပါတယ္။ အကုန္လုံးက​ေတာ့ စင္းလုံး​ေခ်ာၿပီး ကြာရန္တင္းစင္တာမွာ အရမ္းကိုေကာင္းမြန္တဲ့​ေစာင့္​ေ႐ွာက္မႈေကာင္းမြန္တဲ့အေနအထား ျဖစ္ဖို႔ဆိုတာေတာ့ အလြန္ခဲယဥ္းပါတယ္။ ၁၀၀ ရာခိုင္နႈန္း မျဖစ္ႏိုင္ပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ တခ်ိဳ႕ေရာဂါကို အျပင္းအထန္ခံစားေနရတဲ့ တိုင္းျပည္ႀကီးေတြမွာေတာင္ ကြာရန္တင္းလုပ္တဲ့အခါ လိုအပ္ခ်က္ေတြ လစ္ဟာခ်က္ေတြ႐ွိေနအုံးမွာပဲ။ က်မတို႔အ​ေနနဲ႔ တေန႔တေန႔ ေဆး႐ုံတက္တဲ့လူနာနဲ႔ ​ေဆး႐ုံတက္တဲ့လူနာကို​ေတာင္မွ အေကာင္းဆုံး manage လုပ္ေနရတယ္၊ ဘာလို႔ဆို သူတို႔ကအျမဲအႏၱရာယ္႐ွိတယ္၊ အခ်ိန္မေရြး ထေဖာက္ႏိုင္တယ္၊ အထူးသျဖင့္ risk ႐ွိတာက်ေတာ့ အုပ္စုႏွစ္ခုမွာ႐ွိတယ္.။ အသက္ႀကီးတဲ့သူေတြရယ္ ေနာက္ခံေရာဂါ႐ွိတဲ့သူေတြရယ္ ေနာက္ခံေရာဂါ႐ွိတယ္ဆိုတာက ကင္ဆာလိုမ်ိဳး၊ ေက်ာက္ကပ္မေကာင္းတဲ့သူ၊ႏွလုံးမေကာင္းတဲ့သူ၊အဆုပ္​ေကာင္း​ေကာင္းအလုပ္မလုပ္တဲ့သူ။ ဝတဲ့သူ ၊ အေရျပားေသြးေလးဘက္နာ ၊ကိုယ္ခံအားက်ေနတဲ့သူေတြ၊ နာတာ႐ွည္​ေရာဂါျဖစ္​ေနတဲ့သူ​ေတြမွာ ပိုၿပီး​ေတာ့အႏၱရာယ္မ်ားပါတယ္။ အသက္ကလည္းႀကီးတယ္ ေနာက္ခံေရာဂါလည္း႐ွိတယ္ဆို အႏၱရာယ္ကျဖစ္ႏိုင္ပါတယ္။
ေဖာင္ႀကီး ေဝဘာဂီ ေတာင္ဥကၠလာမွာက် ဒီအသက္ႀကီးတဲ့​ေနာက္ခံ​ေရာဂါ႐ွိတဲ့ စိုးရိမ္ရတဲ့သူ​ေတြကို ေစာင့္ၾကည့္ၿပီး ေသခ်ာကုသသလို ေရာဂါလကၡဏာလည္းမ႐ွိဘူး ၊ ေနာက္ခံေရာဂါလည္းမ႐ွိဘူး၊ အသက္လည္းငယ္တဲ့သူကိုေတာ့ ႐ိုးမရိပ္သာမွာ ထားတာျဖစ္ပါတယ္​။ ကြာရန္တင္းစင္တာ​ေတြမွာ လိုအပ္ခ်က္​ေတြ႐ွိတယ္ဆိုရင္ သက္ဆိုင္ရာ ကြာရန္တင္းစင္တာကို စီမံအုပ္ခ်ဳပ္​ေနတဲ့အဖြဲ႔​ေတြ႐ွိပါတယ္။ သူတို႔ကို လိုအပ္ခ်က္​ေတြကို အျပဳသေဘာနဲ႔ ေဆြးေႏြးလို႔ရပါတယ္၊ ဘာလို႔လဲဆိုေတာ့ လူမ်ားတဲ့အခါက်ေတာ့ လိုအပ္ခ်က္ေတြ လစ္ဟာခ်က္ေတြ႐ွိႏိုင္ပါတယ္။

VOM ။ကြာရန္တင္းစင္တာေတြနဲ႔ ကိုဗစ္ကုသေရးစင္တာေတြမွာ ေဘာ္လန္တီယာအျဖစ္ ပါဝင္လုပ္ေဆာင္ေနသူေတြကိုေရာ ဘာမ်ား ေျပာခ်င္ပါသလဲ။
DKKG ။ ကြာရန္တင္း စင္တာေတြ၊ ကိုဗစ္ေဆးကုသစင္တာေတြမွာ ေဘာ္လန္တီယာ အျဖစ္လုပ္အားေပးေနတဲ့အဖြဲ႔ေတြကို သိပ္ေက်းဇူးတင္ပါတယ္ ။ဘာလို႔လဲဆို သူတို႔ေတြဟာ တကယ္လိုအပ္တဲ့ေနရာမွာ တကယ္ကို ႏိုင္ငံေတာ္အစိုးရ၊ အမ်ိဳးသားႀကီးၾကပ္ကြပ္ကဲမႈကိုဗစ္ဗဟိုေကာ္မတီရဲ႕ လမ္းၫႊန္ခ်က္ သက္ဆိုင္ရာ တိုင္းေဒသႀကီးျပည္နယ္အစိုးရရဲ႕ ဦးေဆာင္မႈေအာက္မွာ တကယ္ကို စကားနဲ႔မဟုတ္ဘဲ အလုပ္နဲ႔သက္ေသျပေနျကတာပဲျဖစ္ပါတယ္။ အထူးေက်းဇူးတင္ပါတယ္။

VOM ။ လက္႐ွိ တႏိုင္ငံလုံးမွာ က်န္းမာေရးဝန္ထမ္းအေရအတြက္ ဘယ္ေလာက္ထိ ကိုဗစ္ကူးစက္မႈ ခံထားရလဲ။
DKKG ။က်န္းမာေရးဝန္ထမ္း ပိုးေတြ႔လူနာဘယ္ေလာက္႐ွိလဲဆိုတာ တိတိက်က်မသိပါဘူး။ က်မသိသေလာက္ ရခိုင္ျပည္ဘက္မွာ​ေတာ့ က်န္းမာေရးဝန္ထမ္း အေထာက္အကူျပဳဝန္ထမ္းေတြကူးစက္တာေတာ့ ၄၀ ေက်ာ္ ၅၀ ေလာက္႐ွိတယ္လို႔ သိရပါတယ္။ ရန္ကုန္တိုင္းနဲ႔ တျခားျပည္နယ္နဲ႔တိုင္းေတြမွာ ကူးစက္မႈဘယ္ေလာက္႐ွိသလဲဆိုတာကေတာ့ ကာသေရးဦးစီးဌာနမွာပဲ သက္ဆိုင္မွာျဖစ္ပါတယ္။

VOM ။ ျမန္မာႏိုင္ငံမွာ ကိုဗစ္ေရာဂါကူးစက္မႈအေျခအေန အေပၚသုံးသပ္ခ်က္ေလး ေျပာျပေပးပါအုံး။
DKKG ။ေရာဂါကူးစက္မႈႏူန္း ဘယ္ေလာက္ထိ ျမန္ျမန္ဆန္ဆန္က်မလဲဆိုတာက​ေတာ့ လူထုက ဘယ္​ေလာက္ထိအင္အားအျပည့္နဲ႔ ပါဝင္ေဆာင္ရြက္လာမလဲဆိုတဲ့အေပၚမူတည္ပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္ #ကိုဗစ္ #ေသဆံုးမႈ

Related posts

Leave a Comment

VOM News

FREE
VIEW