တရုတ်ဘက်က နယ်စပ်ဂိတ်တွေ ပိတ်လိုက်တာကြောင့် နှစ်နိုင်ငံကုန်သွယ်ရေး ရပ်ဆိုင်းသွားတဲ့အပြင် ကုန်တင်ကားတွေပိတ်မိနေ

တရုတ်ဘက်က နယ်စပ်ဂိတ်တွေ ပိတ်လိုက်တာကြောင့် နှစ်နိုင်ငံကုန်သွယ်ရေး ရပ်ဆိုင်းသွားတဲ့အပြင် ကုန်တင်ကားတွေပိတ်မိနေ

ရန်ကုန်၊ စက်တင်ဘာ ၁၇-၂၀၂၀
သိင်္ဂီ (VOM)

တရုတ်နိုင်ငံ၊ ရွှေလီမြို့ကို Lock down ချလိုက်ပြီး နယ်စပ်ဖြတ်ကျော်ဂိတ်တွေကိုပါ ကန့်သတ်ပိတ်ဆို့လိုက်တဲ့အတွက် တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးဟာ ရပ်ဆိုင်းနေတယ်လို့ မူဆယ် ဆန်ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောပါတယ်။

အခုလိုတွေဖြစ်သွားတဲ့အတွက် မြန်မာနိုင်ငံကနေ တင်ပို့တဲ့ ဆန်၊ ပြောင်း၊ ကြက်သွန်၊ ငရုတ်၊ ပဲ စတဲ့ ကုန်မျိုးစုံအပါအဝင် ရေထွက်ပစ္စည်းတွေကို တင်ပိုလို့မရတဲ့အပြင် တရုတ်နိုင်ငံဘက်ကနေ တင်သွင်းတဲ့ လျှပ်စစ်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်းတွေလည်း တင်သွင်းလို့ မရတော့ဘူးလို့ သိရပါတယ်။

“စက်တင်ဘာ ၁၄ ရက် ည ၁၀ နာရီမှာစပြီး ၇ ရက်တိတိ ရွှေလီမြို့ကို Lock down ချလိုက်တယ်။ ၁၅ ရက် မနက် ၆ နာရီကစပြီးတော့ ရွှေလီမြို့အဝင် အကောက်အခွန်ဂိတ်ကိုပိတ်လိုက်တယ်။ အဲ့ဂိတ်ကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်တယ်။ မူဆယ်ကနေ ကြယ်ဂေါင်သွားတဲ့ တရုတ်- မြန်မာနယ်စပ်ထိရတယ်။ ကြယ်ဂေါင်ကနေ ရွှေလီဝင်တဲ့အခါမှာ တံတားဖြတ်ကျော် အကောက်အခွန်ဂိတ်ကို ပိတ်လိုက်တာဖြစ်တယ်”လို့ ဦးမင်းသိန်းက ပြောပါတယ်။

မူဆယ်ကနေ တရုတ်ဘက်ကို ဝင်/ထွက် ဂိတ်တွေဖြစ်တဲ့ ဆင်ဖြူဂိတ်ကိုလည်း မြန်မာနိုင်ငံမှာ COVID ကူးစက်မှုမြှင့်မားလာတဲ့အတွက် ခရီးသည်ယာဉ် အိမ်စီးကား၊ ဆိုင်ကယ် ဝင်/ထွက်ခွင့် ပိတ်ထားကြောင်း ၊ မူဆယ်ကနေ တရုတ်ကိုဝင်တဲ့ အလယ်ပေါက် နန်းတော်ဂိတ်ကိုလည်း နှစ်နိုင်ငံ ပြစ်ဒဏ်ကြခံပြီးသူတွေကိုသာ အလွှဲအပြောင်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကုန်တင်ယာဉ်တွေ ဝင်/ထွက်‌နေတဲ့ မန့်ဝန်းဂိတ်ကို‌လည်း စက်တင်ဘာ ၁၅ ရက် မနက်ပိုင်းကတည်းက ပိတ်ထားလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ မူဆယ်နယ်စပ်ဂိတ်မှာ တရုတ်နိုင်ငံဘက်ကိုတင်သွင်းမယ့် ကုန်တင်ယာဉ် အစီး ‌၄၀၀ ကျော် ပိတ်မိနေတယ်လို့ သိရပါတယ်။

အခုလို နယ်စပ်ဂိတ်တွေပိတ်ထားပြီး ကုန်သွယ်မှုတွေ ပေးမလုပ်တော့တဲ့အတွက် တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုအခြေအနေဟာ လက်ရှိအချိန် ၁၀၀ ရာခိုင်နူန်းနီးပါးအထိ ရပ်တန့်သွားပြီဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မူဆယ် #နယ်စပ်ဂိတ်

Zawgyi

တ႐ုတ္ဘက္က နယ္စပ္ဂိတ္ေတြ ပိတ္လိုက္တာေၾကာင့္ ႏွစ္ႏိုင္ငံကုန္သြယ္ေရး ရပ္ဆိုင္းသြားတဲ့အျပင္ ကုန္တင္ကားေတြပိတ္မိေန

ရန္ကုန္၊ စက္တင္ဘာ ၁၇-၂၀၂၀
သိဂႌ (VOM)

တ႐ုတ္နိုင္ငံ၊ ေရႊလီၿမိဳ႕ကို Lock down ခ်လိုက္ၿပီး နယ္စပ္ျဖတ္ေက်ာ္ဂိတ္ေတြကိုပါ ကန႔္သတ္ပိတ္ဆို့လိုက္တဲ့အတြက္ တ႐ုတ္-ျမန္မာ ႏွစ္နိုင္ငံကုန္သြယ္ေရးဟာ ရပ္ဆိုင္းေနတယ္လို႔ မူဆယ္ ဆန္ကုန္စည္ဒိုင္ဥကၠ႒ ဦးမင္းသိန္းက ေျပာပါတယ္။

အခုလိုေတြျဖစ္သြားတဲ့အတြက္ ျမန္မာနိုင္ငံက​ေန တင္ပို့တဲ့ ဆန္၊ ေျပာင္း၊ ၾကက္သြန္၊ င႐ုတ္၊ ပဲ စတဲ့ ကုန္မ်ိဳးစုံအပါအဝင္ ေရထြက္ပစၥည္း​ေတြကို တင္ပိုလို့မရတဲ့အျပင္ တ႐ုတ္ႏိုင္ငံဘက္ကေန တင္သြင္းတဲ့ လၽွပ္စစ္ပစၥည္း၊ ေဆာက္လုပ္ေရးပစၥည္းေတြလည္း တင္သြင္းလို့ မရေတာ့ဘူးလို႔ သိရပါတယ္။

“စက္တင္ဘာ ၁၄ ရက္ ည ၁၀ နာရီမွာစၿပီး ၇ ရက္တိတိ ေရႊလီၿမိဳ့ကို Lock down ခ်လိုက္တယ္။ ၁၅ ရက္ မနက္ ၆ နာရီကစၿပီးေတာ့ ေရႊလီၿမိဳ့အ၀င္ အေကာက္အခြန္ဂိတ္ကိုပိတ္လိုက္တယ္။ အဲ့ဂိတ္ကို ရက္အကန႔္အသတ္မရွိ ပိတ္လိုက္တယ္။ မူဆယ္ကေန ၾကယ္ေဂါင္သြားတဲ့ တ႐ုတ္- ျမန္မာနယ္စပ္ထိရတယ္။ ၾကယ္ေဂါင္ကေန ေရႊလီ၀င္တဲ့အခါမွာ တံတားျဖတ္ေက်ာ္ အေကာက္အခြန္ဂိတ္ကို ပိတ္လိုက္တာျဖစ္တယ္”လို႔ ဦးမင္းသိန္းက ေျပာပါတယ္။

မူဆယ္ကေန တ႐ုတ္ဘက္ကို ၀င္/ထြက္ ဂိတ္ေတြျဖစ္တဲ့ ဆင္ျဖဴဂိတ္ကိုလည္း ျမန္မာနိုင္ငံမွာ COVID ကူးစက္မွုျမွင့္မားလာတဲ့အတြက္ ခရီးသည္ယာဥ္ အိမ္စီးကား၊ ဆိုင္ကယ္ ၀င္/ထြက္ခြင့္ ပိတ္ထားေၾကာင္း ၊ မူဆယ္ကေန တ႐ုတ္ကို၀င္တဲ့ အလယ္ေပါက္ နန္းေတာ္ဂိတ္ကိုလည္း ႏွစ္နိုင္ငံ ျပစ္ဒဏ္ၾကခံၿပီးသူေတြကိုသာ အလႊဲအေျပာင္း ေဆာင္ရြက္ေနတယ္လို႔ သိရပါတယ္။

ဒါ့အျပင္ ကုန္တင္ယာဥ္ေတြ ၀င္/ထြက္‌ေနတဲ့ မန႔္၀န္းဂိတ္ကို‌လည္း စက္တင္ဘာ ၁၅ ရက္ မနက္ပိုင္းကတည္းက ပိတ္ထားလိုက္ၿပီျဖစ္တယ္လို႔ သိရပါတယ္။

လက္ရွိ မူဆယ္နယ္စပ္ဂိတ္မွာ တ႐ုတ္နိုင္ငံဘက္ကိုတင္သြင္းမယ့္ ကုန္တင္ယာဥ္ အစီး ‌၄၀၀ ေက်ာ္ ပိတ္မိေနတယ္လို႔ သိရပါတယ္။

အခုလို နယ္စပ္ဂိတ္ေတြပိတ္ထားၿပီး ကုန္သြယ္မႈေတြ ေပးမလုပ္ေတာ့တဲ့အတြက္ တ႐ုတ္-ျမန္မာ ႏွစ္နိုင္ငံ ကုန္သြယ္မွုအေျခအေနဟာ လက္ရွိအခ်ိန္ ၁၀၀ ရာခိုင္ႏူန္းနီးပါးအထိ ရပ္တန႔္သြားၿပီျဖစ္တယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #မူဆယ္ #နယ္စပ္ဂိတ္

Related posts

Leave a Comment

VOM News

FREE
VIEW