ရသေ့တောင်မှာလက်နက်ကြီးကျပြီး ဒေသခံတစ်ဦးသေဆုံး

ရသေ့တောင်မှာလက်နက်ကြီးကျပြီး ဒေသခံတစ်ဦးသေဆုံး

ရသေ့တောင်၊ စက်တင်ဘာ ၁၇- ၂၀၂၀
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်မှာ ဒီကနေ့ မနက်ပိုင်း ၉ နာရီလောက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုဖြစ်ပွားပြီး ကူတောင်တိုက်နယ်အနီး ရွှေလောင်းတင်ကျေးရွာအတွင်းကို လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲပြီး ဒေသခံပြည်သူတစ်ဦး ပွဲချင်းပြီးသေဆုံးကာ တစ်ဦးမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ ဒီကနေ့ စက်တင်ဘာလ ၁၇ ရက်နေ့က စစ်တွေမြို့နယ်ဖက်ကနေ ရသေ့တောင်မြို့နယ်ဖက်ကနေ ပစ်ခတ်သံတွေထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း ရသေ့တောင်မြို့ပေါ်ကနေ လက်နက်ကြီးပစ်ခတ်မှုတွေ တောက်လျှောက်ပြုလုပ်ခဲ့ပြီး ရွှေလောင်းတင်ကျေးရွာတွင်းကို လက်နက်ကြီး ၂လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အခုလို ဒေသခံတွေထိခိုက် ဒဏ်ရာရကြတာဖြစ်တယ်လို့ သိရပါတယ်။

ရွှေလောင်းတင်ကျေးရွာတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသွားသူမှာ ဦးမောင်မောင်ချေ အသက်(၄၆) နှစ်နဲ့ ဒဏ်ရာရရှိသူမှာ ဦးမောင်မောင်ချေရဲ့ အစ်ကိုဖြစ်ပြီး ဦးလှထွန်းမောင် အသက် (၆၀) ဖြစ်ပြီး ဒဏ်ရာပြင်းထန်ပေမယ့် ဆေးရုံပို့ဖို့ ခက်ခဲနေတယ်လို့ ရသေ့တောင်မြို့နယ်က စစ်ဘေးရှောင်တွေနဲ့ ဒဏ်ရာရပြည်သူတွေကို ကူညီပေးနေတဲ့ ကိုဘက္ကာရဲ့ပြောပြချက်အရ သိရပါတယ်။

ဒါ့အပြင် အသက် ၈၇ နှစ်အရွယ် အဘွားအိုတစ်ဦးလည်း လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာတွေရရှိသွားတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်ဒုက္ခသည်တွေကို ကူညီပေးနေသူ ကိုဘက္ကာပြောတာက ” မနက်ပိုင်း ၉ နာရီကျော်လောက်မှာ စစ်တွေဖက်ကပစ်ပြီး တက်လာတယ်လို့ပြောတယ်။ ပစ်သံကြားတာနဲ့ ရသေ့တောင်တပ်ရင်းက ပစ်တယ်။ အဲ့ဒီမှာ ရွာထဲကို လက်နက်ကြီး နှစ်လုံးကျပြီးတော့ ညီအစ်ကို နှစ်ယောက်ဒဏ်ရာရကြတယ်။ အဲဒီမှာ ညီဖြစ်သူက သေသွားတယ်လို့ပြောတယ်။” လို့ ပြောပါတယ်။

လက်နက်ကြီးတစ်လုံးဟာ ဦးမောင်မောင်ချေရဲ့ နေအိမ်ခြံဝင်းထဲကို ကျရောက်ပေါက်ကွဲပြီး အစ်ကိုဖြစ်သူ ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

နောက်ထပ် လက်နက်ကြီးတစ်လုံးဟာ နေအိမ်ခေါင်မိုးကိုဖောက်ပြီး ဦးမောင်မောင်ချေ ထမင်းစားနေချိန်မှာပဲကျရောက်ခဲ့တဲ့အတွက် ပွဲချင်းပြီး သေဆုံးသွားတာဖြစ်တယ်လို့ ရွှေလောင်းတင်ကျေးရွာက ကျောင်းဆရာဦးအောင်နိုင်က ပြောပါတယ်။

” တိုက်ပွဲဖြစ်တာလည်းမရှိပါဘူး။ အဲဒီက သက်သက်ပစ်သွားတာပါ။ သေဆုံးသူနဲ့ ဒဏ်ရာရတဲ့လူက ညီအကိုတွေပါ။ အကိုကတော့ ဒဏ်ရာရသွားတယ်။ ညီကတော့ ထမင်းစားနေစဉ်မှာပဲသေသွားပါတယ်။ အဲဒီအချိန်က လက်နက်ကြီး ပစ်ခတ်သံလည်း များများစားစား မရှိသေးဘူး။ လက်နက်ကြီးက ထမင်းဝိုင်းကို တစ်လုံးတည်းလာကျပြီး သေသွားတာ။” လို့ ကျောင်းဆရာ ဦးအောင်နိုင်ကပြောပါတယ်။

ရွှေလောင်းတင်ကျေးရွာဟာ ရသေ့တောင်မြို့ တောင်ဖက်က မူစဲကျွန်းမှာတည်ရှိတာဖြစ်ပြီး အိမ်ခြေ (၂၈၀) နီးပါးရှိတယ်လို့ သိရပါတယ်။

အခုရက်ပိုင်း ရခိုင်ပြည်နယ်အတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ရသေ့တောင်၊ ကျောက်တော်၊ မြေပုံမြို့နယ်တွေက ဒေသခံပြည်သူတွေအပါအဝင် ကျွဲ၊ နွားသတ္တဝါတွေပါ သေဆုံးမှုတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ရွှေလောင်းတင်ကျေးရွာတွင်းမှာ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲတာကြောင့် ကျေးရွာတွင်း နေအိမ်တစ်လုံး လုံးဝပြိုပျက်သွားကြောင်းနဲ့ နေအိမ်တချို့မှာလည်း လက်နက်ကြီး ကျည်စတွေထိမှန်သွားတယ်လို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေတို့ရဲ့ စစ်ရေးပဋိပက္ခတွေကြောင့် အရပ်သားထိခိုက်သေဆုံးဒဏ်ရာရမှုမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ် နှစ်လယ်ပိုင်းအထိ ဒဏ်ရာရသူ(၆၀၈)ဦးနဲ့ သေဆုံးသူ (၂၇၀)ဦးထိရှိနေတယ်လို့ ရခိုင်မျိုးနွယ်စု အစည်းအရုံး (REC)ရဲ့ ထုတ်ပြန်ထားတဲ့စာရင်းအရ သိရပါတယ်။

#voiceofmyanmar #VOM #စစ်တွေ

Zawgyi

ရေသ့ေတာင္မွာလက္နက္ႀကီးက်ၿပီး ေဒသခံတစ္ဦးေသဆုံး

ရေသ့ေတာင္၊ စက္တင္ဘာ ၁၇- ၂၀၂၀
ထက္ေအာင္စိုင္း (VOM)

ရခိုင္ျပည္နယ္ေျမာက္ပိုင္း၊ စစ္ေတြခ႐ိုင္၊ ရေသ့ေတာင္ၿမိဳ႕နယ္မွာ ဒီကေန႔ မနက္ပိုင္း ၉ နာရီေလာက္က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္မႈျဖစ္ပြားၿပီး ကူေတာင္တိုက္နယ္အနီး ေ႐ႊေလာင္းတင္ေက်း႐ြာအတြင္းကို လက္နက္ႀကီးေတြ က်ေရာက္ေပါက္ကြဲၿပီး ေဒသခံျပည္သူတစ္ဦး ပြဲခ်င္းၿပီးေသဆုံးကာ တစ္ဦးမွာ ျပင္းျပင္းထန္ထန္ ဒဏ္ရာရရွိသြားတယ္လို႔ သိရပါတယ္။

ျဖစ္စဥ္မွာ ဒီကေန႔ စက္တင္ဘာလ ၁၇ ရက္ေန႔က စစ္ေတြၿမိဳ႕နယ္ဖက္ကေန ရေသ့ေတာင္ၿမိဳ႕နယ္ဖက္ကေန ပစ္ခတ္သံေတြထြက္ေပၚခဲ့ၿပီးေနာက္ပိုင္း ရေသ့ေတာင္ၿမိဳ႕ေပၚကေန လက္နက္ႀကီးပစ္ခတ္မႈေတြ ေတာက္ေလွ်ာက္ျပဳလုပ္ခဲ့ၿပီး ေ႐ႊေလာင္းတင္ေက်း႐ြာတြင္းကို လက္နက္ႀကီး ၂လံုး က်ေရာက္ေပါက္ကြဲခဲ့တာေၾကာင့္ အခုလို ေဒသခံေတြထိခိုက္ ဒဏ္ရာရၾကတာျဖစ္တယ္လို႔ သိရပါတယ္။

ေ႐ႊေလာင္းတင္ေက်း႐ြာတြင္းသို႔ လက္နက္ႀကီး က်ေရာက္ေပါက္ကြဲမႈေၾကာင့္ ေသဆုံးသြားသူမွာ ဦးေမာင္ေမာင္ေခ် အသက္(၄၆) ႏွစ္နဲ႔ ဒဏ္ရာရရွိသူမွာ ဦးေမာင္ေမာင္ေခ်ရဲ႕ အစ္ကိုျဖစ္ၿပီး ဦးလွထြန္းေမာင္ အသက္ (၆၀) ျဖစ္ၿပီး ဒဏ္ရာျပင္းထန္ေပမယ့္ ေဆး႐ုံပို႔ဖို႔ ခက္ခဲေနတယ္လို႔ ရေသ့ေတာင္ၿမိဳ႕နယ္က စစ္ေဘးေရွာင္ေတြနဲ႔ ဒဏ္ရာရျပည္သူေတြကို ကူညီေပးေနတဲ့ ကိုဘကၠာရဲ႔ေျပာျပခ်က္အရ သိရပါတယ္။

ဒါ့အျပင္ အသက္ ၈၇ ႏွစ္အ႐ြယ္ အဘြားအိုတစ္ဦးလည္း လက္နက္ႀကီးက်ည္စ ထိမွန္ဒဏ္ရာေတြရရွိသြားတယ္လို႔ သိရပါတယ္။

စစ္ေဘးေရွာင္ဒုကၡသည္ေတြကို ကူညီေပးေနသူ ကိုဘကၠာေျပာတာက ” မနက္ပိုင္း ၉ နာရီေက်ာ္ေလာက္မွာ စစ္ေတြဖက္ကပစ္ၿပီး တက္လာတယ္လို႔ေျပာတယ္။ ပစ္သံၾကားတာနဲ႔ ရေသ့ေတာင္တပ္ရင္းက ပစ္တယ္။ အဲ့ဒီမွာ ႐ြာထဲကို လက္နက္ႀကီး ႏွစ္လုံးက်ၿပီးေတာ့ ညီအစ္ကို ႏွစ္ေယာက္ဒဏ္ရာရၾကတယ္။ အဲဒီမွာ ညီျဖစ္သူက ေသသြားတယ္လို႔ေျပာတယ္။” လို႔ ေျပာပါတယ္။

လက္နက္ႀကီးတစ္လံုးဟာ ဦးေမာင္ေမာင္ေခ်ရဲ႕ ေနအိမ္ၿခံဝင္းထဲကို က်ေရာက္ေပါက္ကြဲၿပီး အစ္ကိုျဖစ္သူ ထိခိုက္ဒဏ္ရာရရွိခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္ လက္နက္ႀကီးတစ္လုံးဟာ ေနအိမ္ေခါင္မိုးကိုေဖာက္ၿပီး ဦးေမာင္ေမာင္ေခ် ထမင္းစားေနခ်ိန္မွာပဲက်ေရာက္ခဲ့တဲ့အတြက္ ပြဲခ်င္းၿပီး ေသဆုံးသြားတာျဖစ္တယ္လို႔ ေ႐ႊေလာင္းတင္ေက်း႐ြာက ေက်ာင္းဆရာဦးေအာင္ႏိုင္က ေျပာပါတယ္။

” တိုက္ပြဲျဖစ္တာလည္းမရွိပါဘူး။ အဲဒီက သက္သက္ပစ္သြားတာပါ။ ေသဆုံးသူနဲ႔ ဒဏ္ရာရတဲ့လူက ညီအကိုေတြပါ။ အကိုကေတာ့ ဒဏ္ရာရသြားတယ္။ ညီကေတာ့ ထမင္းစားေနစဥ္မွာပဲေသသြားပါတယ္။ အဲဒီအခ်ိန္က လက္နက္ႀကီး ပစ္ခတ္သံလည္း မ်ားမ်ားစားစား မရွိေသးဘူး။ လက္နက္ႀကီးက ထမင္းဝိုင္းကို တစ္လုံးတည္းလာက်ၿပီး ေသသြားတာ။” လို႔ ေက်ာင္းဆရာ ဦးေအာင္ႏိုင္ကေျပာပါတယ္။

ေ႐ႊေလာင္းတင္ေက်း႐ြာဟာ ရေသ့ေတာင္ၿမိဳ႕ ေတာင္ဖက္က မူစဲကြၽန္းမွာတည္ရွိတာျဖစ္ၿပီး အိမ္ေျခ (၂၈၀) နီးပါးရွိတယ္လို႔ သိရပါတယ္။

အခုရက္ပိုင္း ရခိုင္ျပည္နယ္အတြင္း လက္နက္ႀကီး က်ေရာက္ေပါက္ကြဲမႈေၾကာင့္ ရေသ့ေတာင္၊ ေက်ာက္ေတာ္၊ ေျမပုံၿမိဳ႕နယ္ေတြက ေဒသခံျပည္သူေတြအပါအဝင္ ကြၽဲ၊ ႏြားသတၱဝါေတြပါ ေသဆုံးမႈေတြျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

ေ႐ႊေလာင္းတင္ေက်း႐ြာတြင္းမွာ လက္နက္ႀကီးေတြ က်ေရာက္ေပါက္ကြဲတာေၾကာင့္ ေက်း႐ြာတြင္း ေနအိမ္တစ္လုံး လုံးဝၿပိဳပ်က္သြားေၾကာင္းနဲ႔ ေနအိမ္တခ်ိဳ႕မွာလည္း လက္နက္ႀကီး က်ည္စေတြထိမွန္သြားတယ္လို႔လည္း သိရပါတယ္။

ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္နဲ႔ ေအေအတို႔ရဲ႕ စစ္ေရးပဋိပကၡေတြေၾကာင့္ အရပ္သားထိခိုက္ေသဆုံးဒဏ္ရာရမႈမွာ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ကေန ၂၀၂၀ ျပည့္ႏွစ္ ႏွစ္လယ္ပိုင္းအထိ ဒဏ္ရာရသူ(၆၀၈)ဦးနဲ႔ ေသဆုံးသူ (၂၇၀)ဦးထိရွိေနတယ္လို႔ ရခိုင္မ်ိဳးႏြယ္စု အစည္းအ႐ုံး (REC)ရဲ႕ ထုတ္ျပန္ထားတဲ့စာရင္းအရ သိရပါတယ္။

#voiceofmyanmar #VOM #စစ္ေတြ

Related posts

Leave a Comment

VOM News

FREE
VIEW