အောင်နိုင်ရေးဆိုင်းဘုတ် စိုက်ထူတာကိုနှောက်ယှက်တဲ့ ဒေသခံပြည်သူတစ်ဦးကို လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးကတရားစွဲ

အောင်နိုင်ရေးဆိုင်းဘုတ် စိုက်ထူတာကိုနှောက်ယှက်တဲ့ ဒေသခံပြည်သူတစ်ဦးကို လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးကတရားစွဲ

ပြည် ၊ စက်တင်ဘာလ ၁၇-၂၀၂၀
လပြည့် (VOM)

ပြည်မြို့နယ်က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးကျော်ဆန်းဟာ ပါတီ‌အောင်နိုင်ရေးဆိုင်းဘုတ်ကို ပြည်မြို့ ၊ ခေတ္တရာမြို့သစ် ၊ ကားကြီးဝန်းအနီးက လမ်းဆုံမှာရှိတဲ့ မင်းသားကြီးလက်ဖက်ရည်ဆိုင်ရှေ့မှာ စက်တင်ဘာ ၁၆ ရက်နေ့ မနက်ပိုင်းက စိုက်ထူဖို့ပြုလုပ်နေတဲ့အချိန် ဒေသခံအချို့နဲ့အချင်းများခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလိုအောင်နိုင်ရေးဆိုင်းဘုတ်စိုက်ထူရာ‌နေရာဟာ လမ်းအကွေ့၊ ဒေါင့်‌နေရာဖြစ်ပြီး ယာဉ်အန္တရာယ်ဖြစ်မှာစိုးရိမ်တဲ့အပြင် လက်ဖက်ရည်ဆိုင်ကိုပါ ကွယ်နေတာကြောင့် ဆိုင်ပိုင်ရှင်က သူရဲ့မိတ်ဆွေတစ်ဦးကို ခေါ်ယူပြောကြားနေချိန် သူ့ရဲ့မိတ်ဆွေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတို့ စကားအချေအတင်ဖြစ်ခဲ့ကြပါတယ် ။

ဆိုင်ပိုင်ရှင်ရဲ့ မိတ်ဆွေဆိုသူကလည်း အခုနေရာမှာ ဆိုင်းဘုတ်မစိုက်ထူဘဲ အခြားနေရာမှာစိုက်ထူဖို့ပြောကြားတာတွေကို သူရဲ့ Facebook Account မှာ Live လွှင့်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် အောင်နိုင်ရေးဆိုင်းဘုတ်စိုက်ထူရာမှာ ဝင်ရောက်နှောက်ယှက်သလို ပါတီနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းကို ဆဲဆိုပြောဆိုခဲ့တယ်ဆိုပြီး စက်တင်ဘာလ ၁၇ ရက်နေ့မှာ ပုဒ်မ-၄၃၁၊ ၂၉၄ တို့နဲ့ ပြည်မြို့မရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့သိရပါတယ် ။

ရွေးကောက်ပွဲကော်မရှင်ရဲ့ထုတ်ပြန်ထားချက်အရ စက်တင်ဘာလ ၇ ရက်နေ့ကနေ နိုဝင်ဘာလ ၇ ရက်နေ့အထိ မဲဆွယ်ကာလအဖြစ်သတ်မှတ်ပေးထားတာကြောင့် အခုအချိန်မှာပါတီအသီးသီးက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ အပြိုင်အဆိုင်မဲဆွယ်နေကြပါတယ်။

ပါတီအသီးသီးကလည်း အောင်နိုင်ရေးဆိုင်းဘုတ်တွေကိုလည်း လူအများမြင်သာတဲ့နေရာမှာ စိုက်ထူနေကြတဲ့အပြင် အလံ ၊ စတစ်ကာ၊အင်္ကျီစတာတွေဝတ်ဆင်ပြီး ပါတီအောင်နိုင်ရေးအတွက် မဲဆွယ်နေကြတာလည်းဖြစ်ပါတယ်။

#voiceofmyanmar #VOM #ပြည်

Zawgyi

ေအာင္ႏိုင္ေရးဆိုင္းဘုတ္ စိုက္ထူတာကိုေႏွာက္ယွက္တဲ့ ေဒသခံျပည္သူတစ္ဦးကို လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းတစ္ဦးကတရားစြဲ

ျပည္ ၊ စက္တင္ဘာလ ၁၇-၂၀၂၀
လျပည့္ (VOM)

ျပည္ၿမိဳ႕နယ္က ညီၫြတ္ေသာ တိုင္းရင္းသားလူမ်ိဳးမ်ား ဒီမိုကေရစီပါတီရဲ႕ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေနရာမွာ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ဦးေက်ာ္ဆန္းဟာ ပါတီ‌ေအာင္ႏိုင္ေရးဆိုင္းဘုတ္ကို ျပည္ၿမိဳ႕ ၊ ေခတၱရာၿမိဳ႕သစ္ ၊ ကားႀကီးဝန္းအနီးက လမ္းဆုံမွာရွိတဲ့ မင္းသားႀကီးလက္ဖက္ရည္ဆိုင္ေရွ႕မွာ စက္တင္ဘာ ၁၆ ရက္ေန႔ မနက္ပိုင္းက စိုက္ထူဖို႔ျပဳလုပ္ေနတဲ့အခ်ိန္ ေဒသခံအခ်ိဳ႕နဲ႔အခ်င္းမ်ားခဲ့တာျဖစ္ပါတယ္။

အဲ့ဒီလိုေအာင္ႏိုင္ေရးဆိုင္းဘုတ္စိုက္ထူရာ‌ေနရာဟာ လမ္းအေကြ႔၊ ေဒါင့္‌ေနရာျဖစ္ၿပီး ယာဥ္အႏၲရာယ္ျဖစ္မွာစိုးရိမ္တဲ့အျပင္ လက္ဖက္ရည္ဆိုင္ကိုပါ ကြယ္ေနတာေၾကာင့္ ဆိုင္ပိုင္ရွင္က သူရဲ႕မိတ္ေဆြတစ္ဦးကို ေခၚယူေျပာၾကားေနခ်ိန္ သူ႔ရဲ႕မိတ္ေဆြနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းတို႕ စကားအေခ်အတင္ျဖစ္ခဲ့ၾကပါတယ္ ။

ဆိုင္ပိုင္ရွင္ရဲ႔ မိတ္ေဆြဆိုသူကလည္း အခုေနရာမွာ ဆိုင္းဘုတ္မစိုက္ထူဘဲ အျခားေနရာမွာစိုက္ထူဖို႔ေျပာၾကားတာေတြကို သူရဲ႕ Facebook Account မွာ Live လႊင့္ခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ ေအာင္ႏိုင္ေရးဆိုင္းဘုတ္စိုက္ထူရာမွာ ၀င္ေရာက္ေႏွာက္ယွက္သလို ပါတီနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းကို ဆဲဆိုေျပာဆိုခဲ့တယ္ဆိုၿပီး စက္တင္ဘာလ ၁၇ ရက္ေန႔မွာ ပုဒ္မ-၄၃၁၊ ၂၉၄ တို႔နဲ႔ ျပည္ၿမိဳ႕မရဲစခန္းမွာ အမႈဖြင့္ထားတယ္လို႔သိရပါတယ္ ။

ေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႔ထုတ္ျပန္ထားခ်က္အရ စက္တင္ဘာလ ၇ ရက္ေန႔ကေန ႏိုဝင္ဘာလ ၇ ရက္ေန႔အထိ မဲဆြယ္ကာလအျဖစ္သတ္မွတ္ေပးထားတာေၾကာင့္ အခုအခ်ိန္မွာပါတီအသီးသီးက လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြဟာ အၿပိဳင္အဆိုင္မဲဆြယ္ေနၾကပါတယ္။

ပါတီအသီးသီးကလည္း ေအာင္ႏိုင္ေရးဆိုင္းဘုတ္ေတြကိုလည္း လူအမ်ားျမင္သာတဲ့ေနရာမွာ စိုက္ထူေနၾကတဲ့အျပင္ အလံ ၊ စတစ္ကာ၊အက်ႌစတာေတြဝတ္ဆင္ၿပီး ပါတီေအာင္ႏိ္ုင္ေရးအတြက္ မဲဆြယ္ေနၾကတာလည္းျဖစ္ပါတယ္။

#voiceofmyanmar #VOM #ျပည္

Related posts

Leave a Comment

VOM News

FREE
VIEW