ပါတီမိတ်ဆက်(မြိုတိုင်းရင်းသားပါတီ-M.N.P.)

MNP

ပါတီမိတ်ဆက်(မြိုတိုင်းရင်းသားပါတီ-M.N.P.)

 

 

မန္တလေး၊စက်တင်ဘာ၁၉-၂၀၂၀

လဲ့လဲ့ဝင်း(VOM)

 

လာမယ့်၂၀၂၀နိုဝင်ဘာလ၈ရက်နေ့ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် မြိုတိုင်းရင်းသားပါတီအတွင်းရေးမှူးဦးမင်းအောင်ကိုVOMသတင်းထောက်လဲ့လဲ့ဝင်းကမေးမြန်းထားတာဖြစ်ပါတယ်။

 

VOM – ပါတီအနေနဲ့ဝင်ပြိုင်မယ့်လွှတ်တော်ကိုယ်စားလှယ်ဘယ်လောက်အရေအတွက်ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ။

ဦးမင်းအောင်-ကျနော်တို့ပါတီကရခိုင်ပြည်နယ်မှာစည်းလုံးတဲ့ပါတီဆိုပြီး မူဝါဒမှာထုတ်ပြန်ထားတဲ့အတွက်ကျနော်တို့ပါတီကတော့၃ယောက်တည်းပဲ ပြိုင်တဲ့ကိုယ်စားလှယ်ကိုတင်ထားပါတယ်။

 

VOM – ပါတီရဲ့ကတိကဝတ်ကဘာတွေဖြစ်မလဲ။

ဦးမင်းအောင်-မောင်တောမှာတော့ကျွန်တော်နိုင်ချေရှိတဲ့အတွက်နိုင်အောင်ကျိုးစားသွားမယ်ဖြစ်တဲ့အတွက်လုပ်ဆောင်သွားပါမယ်။

 

VOM- အာဏာရပါတီ၊ပြည်ခိုင်ဖြိုးစတဲ့ပါတီကြီးတွေကိုဘယ်လိုအင်အားတွေနဲ့ယှဉ်ပြိုင်သွားမလဲ။

ဦးမင်းအောင်-ဒီပါတီအရနဲ့ဆိုတော့ကျနော်တို့ဒီမောင်တောမြောက်ပိုင်းမှာကျနော်တို့ရဲ့လူမျိုးတွေကအများစုဖြစ်တယ်။ဒါကြောင့် ကျနော်တို့ကကိုယ့်လူမျိုးကိုကိုယ်ကအကုန်လုံးပိုင်နိုင်မယ်ဆိုတဲ့သဘောထားနဲ့  ကျနော်တို့ကရနိုင်ချေရှိတဲ့အတွက်ကျနော်တို့ကအဲ့လိုသဘောထားနဲ့ကျနော်တို့ပြိုင်တော့မှာဖြစ်တယ်။

 

 

VOM-၂၀၁၅မှာဘယ်နှနေရာနိုင်ခဲ့လဲ။

ဦးမင်းအောင်-အဲ့ဒီတုန်းကကျနော်တို့လူနည်းစုတွေကထိတွေ့မှုနည်းတယ်၊အတွေ့ကြုံနည်းတယ်ဆိုတော့အတွေ့ကြုံမရှိတဲ့အတွက်အဲ့ဒီတုန်းကကျနော်တို့ဆုံးရှုံးခဲ့ရတယ်။တောင်ပေါ်ဒေသကဆိုတဲ့အတွက်မဲပေးပုံစနစ် နားမလည်တာတစ်ပိုင်း၊ အဲ့ဒီမှာဝေးလံခေါင်ခိုက်တဲ့နေရာမှာမဲရုံအလှမ်းဝေးတဲ့နေရာမှာဆိုတဲ့အခါမှာမလာနိုင်တဲ့လူကတစ်ပိုင်း၊ ကြိုတင်မဲနဲ့အဆင်မပြေလို့ တမျိုး၊

ပြီးတော့အင်အားကြီးပါတီကျနော်တို့ကိုအကြောင်းအမျိုးမျိုးနဲ့နိပ်ကွပ်လုပ်ဆောင်သွားတာကြောင့် ကျနော်တို့နစ်နာသွားတယ်။

 

VOM- ပါတီကိုယ်စားလှယ်လောင်းကိုဘယ်လိုရွေးတာလဲ။

ဦးမင်းအောင်-အမျိုးသားကိုယ်စားပြုဆိုတော့ကိုယ့်မြို့နယ်(ရခိုင်ပြည်နယ်)၄မြို့နယ်မှာကျနော်တို့ကဗမာအစည်းအဝေးလုပ်ပြုကဗဟိုရုံးကိုဘယ်သူကသင့်တော်၊ဘယ်သူကမသင့်တော်၊ဘယ်သူကအရည်ချင်းရှိမရှိ။ ကိုယ့်လူမျိုးအတွက် အမှန်တယ်ကယ် စေတနာရှိတဲ့လူကိုကျနော်တို့ကအဓိကဦးစားပေးတာ။သည်လိုဘဲရွေးချယ်သွားပါတယ်။

 

VOM- ပါတီဝင်အင်အားဘယ်လောက်ရှိပါသလဲ။

ဦးမင်းအောင်-ရခိုင်ပြည်နယ်မှာကျနော်တို့က၂သောင်းကျော်ရှိပါတယ်။

 

VOM -ပါတီရဲ့ဆောင်ပုဒ်တွေကဘာတွေလဲ။

ဦးမင်းအောင်-ရခိုင်ပြည်နယ်မှာလူနည်းဆုံးအနေနဲ့တစ်ဖက်တစ်လမ်းကနေ ကိုယ့်ညီအကိုအချင်းချင်းရန်ဖြစ်တဲ့ ရခိုင်မျိုးလူစုနဲ့ပူးပေါင်းပြီးတော့ကိုယ့်အားနည်းချက်၊အားသာချက်တို့ကိုကျနော်တို့ကပူးပေါင်းဆောင်ရွက်သွားမယ်။

#voiceofmyanmar #VOM #ပါတီမိတ်ဆက် #မြိုတိုင်းရင်းသားပါတီ

zawgyi

ပါတီမိတ္ဆက္ (ၿမိဳတိုင္းရင္းသားပါတီ-M.N.P.)

မႏၲေလး၊ စက္တင္ဘာ ၁၉-၂၀၂၀
လဲ့လဲ့ဝင္း(VOM)

လာမယ့္၂၀၂၀ႏိုဝင္ဘာလ၈ရက္ေန႔ေ႐ြးေကာက္ပြဲမွာဝင္ၿပိဳင္မယ့္ ၿမိဳတိုင္းရင္းသားပါတီ အတြင္းေရးမႉး ဦးမင္းေအာင္ကို VOMသတင္းေထာက္ လဲ့လဲ့ဝင္းက ေမးျမန္းထားတာျဖစ္ပါတယ္။

VOM – ပါတီအေနနဲ႔ ဝင္ၿပိဳင္မယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ ဘယ္ေလာက္အေရအတြက္ ေ႐ြးေကာက္ပြဲေကာ္မရွင္ကိုတင္ထားလဲ။
ဦးမင္းေအာင္-က်ေနာ္တို႔ပါတီက ရခိုင္ျပည္နယ္မွာ စည္းလုံးတဲ့ပါတီဆိုၿပီး မူဝါဒမွာ ထုတ္ျပန္ထားတဲ့ အတြက္ က်ေနာ္တို႔ ပါတီကေတာ့ ၃ေယာက္တည္းပဲ ၿပိဳင္တဲ့ကိုယ္စားလွယ္ကို တင္ထားပါတယ္။

VOM – ပါတီရဲ႕ ကတိကဝတ္ကဘာေတြျဖစ္မလဲ။
ဦးမင္းေအာင္-ေမာင္ေတာမွာေတာ့ ကြၽန္ေတာ္ႏိုင္ေခ်ရွိတဲ့အတြက္ ႏိုင္ေအာင္က်ိဳးစားသြားမယ္ ျဖစ္တဲ့အတြက္ လုပ္ေဆာင္သြားပါမယ္။

VOM- အာဏာရပါတီ၊ ျပည္ခိုင္ၿဖိဳး စတဲ့ပါတီႀကီးေတြကို ဘယ္လိုအင္အားေတြနဲ႔ ယွဥ္ၿပိဳင္သြားမလဲ။
ဦးမင္းေအာင္-ဒီပါတီအရနဲ႔ ဆိုေတာ့ က်ေနာ္တို႔ ဒီေမာင္ေတာေျမာက္ပိုင္းမွာ က်ေနာ္တို႔ရဲ႕ လူမ်ိဳးေတြက အမ်ားစုျဖစ္တယ္။ဒါေၾကာင့္ က်ေနာ္တို႔က ကိုယ့္လူမ်ိဳးကို ကိုယ္ကအကုန္လုံးပိုင္ႏိုင္မယ္ဆိုတဲ့ သေဘာထားနဲ႔ က်ေနာ္တို႔က ရႏိုင္ေခ်ရွိတဲ့အတြက္ က်ေနာ္တို႔က အဲ့လိုသေဘာထားနဲ႔ က်ေနာ္တို႔ၿပိဳင္ေတာ့မွာ ျဖစ္တယ္။

VOM-၂၀၁၅မွာ ဘယ္ႏွေနရာ ႏိုင္ခဲ့လဲ။
ဦးမင္းေအာင္- အဲ့ဒီတုန္းက က်ေနာ္တို႔လူနည္းစုေတြက ထိေတြ႕မႈနည္းတယ္၊အေတြ႕ႀကဳံနည္းတယ္ ဆိုေတာ့ အေတြ႕ႀကဳံမရွိတဲ့အတြက္ အဲ့ဒီတုန္းက က်ေနာ္တို႔ဆုံးရႈံးခဲ့ရတယ္။ ေတာင္ေပၚေဒသကဆိုတဲ့ အတြက္မဲေပးပုံစနစ္ နားမလည္တာတစ္ပိုင္း၊ အဲ့ဒီမွာေဝးလံေခါင္ခိုက္တဲ့ေနရာမွာ မဲ႐ုံအလွမ္းေဝးတဲ့ ေနရာမွာဆိုတဲ့အခါမွာ မလာႏိုင္တဲ့လူကတစ္ပိုင္း၊ ႀကိဳတင္မဲနဲ႔ အဆင္မေျပလို႔ တမ်ိဳး၊
ၿပီးေတာ့ အင္အားႀကီးပါတီ က်ေနာ္တို႔ကို အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔နိပ္ကြပ္လုပ္ေဆာင္သြားတာေၾကာင့္ က်ေနာ္တို႔နစ္နာသြားတယ္။

VOM- ပါတီကိုယ္စားလွယ္ေလာင္းကိုဘယ္လိုေ႐ြးတာလဲ။
ဦးမင္းေအာင္-အမ်ိဳးသားကိုယ္စားျပဳဆိုေတာ့ ကိုယ့္ၿမိဳ႕နယ္ (ရခိုင္ျပည္နယ္)၄ၿမိဳ႕နယ္မွာ က်ေနာ္တို႔က ဗမာအစည္းအေဝးလုပ္ျပဳက ဗဟို႐ုံးကိုဘယ္သူကသင့္ေတာ္၊ ဘယ္သူက မသင့္ေတာ္ ၊ဘယ္သူကအရည္ခ်င္းရွိမရွိ။ ကိုယ့္လူမ်ိဳးအတြက္ အမွန္တယ္ကယ္ ေစတနာရွိတဲ့ လူကို က်ေနာ္တို႔က အဓိကဦးစားေပးတာ။ သည္လိုဘဲေ႐ြးခ်ယ္သြားပါတယ္။

VOM- ပါတီဝင္အင္အား ဘယ္ေလာက္ရွိပါသလဲ။
ဦးမင္းေအာင္-ရခိုင္ျပည္နယ္မွာ က်ေနာ္တို႔က ၂ေသာင္းေက်ာ္ရွိပါတယ္။

VOM -ပါတီရဲ႕ေဆာင္ပုဒ္ေတြကဘာေတြလဲ။
ဦးမင္းေအာင္-ရခိုင္ျပည္နယ္မွာ လူနည္းဆုံးအေနနဲ႔ တစ္ဖက္တစ္လမ္းကေန ကိုယ့္ ညီအကိုအခ်င္းခ်င္းရန္ျဖစ္တဲ့ ရခိုင္မ်ိဳးလူစုနဲ႔ပူးေပါင္းၿပီးေတာ့ ကိုယ့္အားနည္းခ်က္၊အားသာခ်က္တို႔ကို က်ေနာ္တို႔ကပူးေပါင္းေဆာင္႐ြက္သြားမယ္။
#voiceofmyanmar #VOM #ပါတီမိတ္ဆက္ #ၿမိဳတိုင္းရင္းသားပါတီ

Related posts

Leave a Comment

VOM News

FREE
VIEW