စစ်တောင်းမြစ်‌ကမ်းအနီးက ကျေးရွာတစ်ရွာမှာ ဒီရေလှိုင်းဒဏ်ကြောင့် လူ ၃ ဦးနဲ့နေအိမ်တစ်လုံးပျောက်ဆုံး

စစ်တောင်းမြစ်‌ကမ်းအနီးက ကျေးရွာတစ်ရွာမှာ ဒီရေလှိုင်းဒဏ်ကြောင့် လူ ၃ ဦးနဲ့နေအိမ်တစ်လုံးပျောက်ဆုံး

နေပြည်တော်၊စက်တင်ဘာ၂၀
ကောင်းလက်ျာ(VOM)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ စစ်တောင်းမြစ်ကမ်းအနီး၊ စစ်တောင်းကျေးရွာအုပ်စု၊ အေးသီတာပိုင်းမှာ ဒီကနေ့မနက် အစောပိုင်းက ဒီရေလှိုင်းပုတ်ခံမှုကြောင့် မိသားစု ၃ ဦး ပျောက်ဆုံးနေတယ်လို့ သိမ်ဇရပ်‌မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတေဇာကြည်က ပြောပါတယ်။

“မနက်ခြောက်နာရီလောက် ဒီရေတက်ချိန် နေအိမ်နဲ့မျှောပါသွားတာ။ ခင်ပွန်းနဲ့ကလေး နှစ်ယောက် လွတ်မြောက်ခဲ့ပေမယ့် ဇနီးနဲ့သားနှစ်ယောက် ရေထဲမျှောပါ ပျောက်ဆုံးသွားတာပါ။ ခုချိန်ထိ ရှာဖွေနေတုန်းပါ” လို့ သိမ်ဇရပ်နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကရှင်းပြပါတယ်။

စစ်တောင်းမြစ်ကမ်းဘေးရှိ ဦးလင်းလင်းပိုင်ရဲ့ မြေစိုက်တဲတစ်လုံးဟာ ဒီရေတက်ချိန် လှိုင်းပုတ်ရာကနေ ရေထဲမျှော်ပါသွားတာဖြစ်ပြီး အခင်းဖြစ်ချိန် ကလေးနှစ်ဦးနဲ့ဦးလင်းလင်းပိုင်တို့ထွက်ပြေးလွတ်မြောက်သွားပေမယ့် ဇနီးဖြစ်သူနဲ့အသက်၂ နှစ်သား ကလေးတစ်ဦး၊ နှစ်လသားအရွယ်‌နို့စို့အရွယ်‌တစ်ဦး စုစုပေါင်း သုံးဦးပျောက်ဆုံးနေတာဖြစ်တယ်လို့ သိမ်ဇရပ်မြို့အုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။

ရေထဲမျှောပါပျောက်ဆုံးနေသူတွေဟာ ဒေါ်ကြည်ခင်(၃၀ နှစ်)၊ ‌မောင်မိုးဟိန်း(၂ နှစ်)နဲ့မောင်လင်းအောင်(၂ လ)တို့ကို မီးသတ်တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များနဲ့ပရဟိတအဖွဲ့တွေက လိုက်လံရှာဖွေနေဆဲဖြစ်တယ်လို့ မြို့ခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

Photo – ရာမညတိုင်မ်း
#voieofmyanmar #VOM #ကျိုက်ထို

Zawgyi

စစ္ေတာင္းျမစ္‌ကမ္းအနီးက ေက်း႐ြာတစ္႐ြာမွာ ဒီေရလႈိင္းဒဏ္ေၾကာင့္ လူ ၃ ဦးနဲ႔ေနအိမ္တစ္လုံးေပ်ာက္ဆုံး

ေနျပည္ေတာ္၊စက္တင္ဘာ၂၀
ေကာင္းလက္်ာ(VOM)

မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕၊ စစ္ေတာင္းျမစ္ကမ္းအနီး၊ စစ္ေတာင္းေက်း႐ြာအုပ္စု၊ ေအးသီတာပိုင္းမွာ ဒီကေန႔မနက္ အေစာပိုင္းက ဒီေရလႈိင္းပုတ္ခံမႈေၾကာင့္ မိသားစု ၃ ဦး ေပ်ာက္ဆုံးေနတယ္လို႔ သိမ္ဇရပ္‌ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးေတဇာၾကည္က ေျပာပါတယ္။

“မနက္ေျခာက္နာရီေလာက္ ဒီေရတက္ခ်ိန္ ေနအိမ္နဲ႔ေမွ်ာပါသြားတာ။ ခင္ပြန္းနဲ႔ကေလး ႏွစ္ေယာက္ လြတ္ေျမာက္ခဲ့ေပမယ့္ ဇနီးနဲ႔သားႏွစ္ေယာက္ ေရထဲေမွ်ာပါ ေပ်ာက္ဆုံးသြားတာပါ။ ခုခ်ိန္ထိ ရွာေဖြေနတုန္းပါ” လို႔ သိမ္ဇရပ္နယ္ေျမရဲစခန္းမွ တာဝန္ရွိသူတစ္ဦးကရွင္းျပပါတယ္။

စစ္ေတာင္းျမစ္ကမ္းေဘးရွိ ဦးလင္းလင္းပိုင္ရဲ႕ ေျမစိုက္တဲတစ္လုံးဟာ ဒီေရတက္ခ်ိန္ လႈိင္းပုတ္ရာကေန ေရထဲေမွ်ာ္ပါသြားတာျဖစ္ၿပီး အခင္းျဖစ္ခ်ိန္ ကေလးႏွစ္ဦးနဲ႔ဦးလင္းလင္းပိုင္တို႔ထြက္ေျပးလြတ္ေျမာက္သြားေပမယ့္ ဇနီးျဖစ္သူနဲ႔အသက္၂ ႏွစ္သား ကေလးတစ္ဦး၊ ႏွစ္လသားအ႐ြယ္‌ႏို႔စို႔အ႐ြယ္‌တစ္ဦး စုစုေပါင္း သုံးဦးေပ်ာက္ဆုံးေနတာျဖစ္တယ္လို႔ သိမ္ဇရပ္ၿမိဳ႕အုပ္ခ်ဳပ္ေရးမႉး႐ုံးကေန သိရပါတယ္။

ေရထဲေမွ်ာပါေပ်ာက္ဆုံးေနသူေတြဟာ ေဒၚၾကည္ခင္(၃၀ ႏွစ္)၊ ‌ေမာင္မိုးဟိန္း(၂ ႏွစ္)နဲ႔ေမာင္လင္းေအာင္(၂ လ)တို႔ကို မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားနဲ႔ပရဟိတအဖြဲ႕ေတြက လိုက္လံရွာေဖြေနဆဲျဖစ္တယ္လို႔ ၿမိဳ႕ခံေတြရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

Photo – ရာမညတိုင္မ္း
#voieofmyanmar #VOM #က်ိဳက္ထို

Related posts

Leave a Comment

VOM News

FREE
VIEW