ကိုဗစ်ရောဂါ ဓာတ်ခွဲစစ်ဆေးမှုတွေမှာ လူစုလူဝေးဖြစ်နေတဲ့အပြင် အဂတိလိုက်စားမှုတွေရှိနေ

ကိုဗစ်ရောဂါ ဓာတ်ခွဲစစ်ဆေးမှုတွေမှာ လူစုလူဝေးဖြစ်နေတဲ့အပြင် အဂတိလိုက်စားမှုတွေရှိနေ

ရန်ကုန်၊ စက်တင်ဘာ ၂၆-၂၀၂၀
သိင်္ဂီ (VOM)

ရန်ကုန်မြို့၊ ဒဂုံမြိုနယ်က ရန်ကုန်အမျိုးသားဓာတ်ခွဲခန်းရှေ့မှာ NHL ကိုဗစ်၁၉ ရောဂါပိုး စစ်ဆေးဖို့ လာရောက်သူတွေများတာကြောင့် လူစုလူဝေးဖြစ်ပေါ်နေတဲ့အပြင် ပတ်စ်ပို့ရုံးတွေမှာလို အဂတိလိုက်စားမှုတွေရှိနေတယ်လို့ ဒဂုံမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကပြောပါတယ်။

ဒီကနေ့မနက်ပိုင်းကလည်း ရန်ကုန် NHL အရှေ့မှာ ဆေးစစ်ဖို့ စောင့်ဆိုင်းသူ အယောက် ၁၀၀ နီးပါးရှိခဲ့ပြီး လူစုလူဝေးဖြစ်ပေါ်ခဲ့ပါတယ်။

“မနက်ကသွားကြည့်တော့ ၁၀၀ နီးပါးလောက်ရှိမယ်။ လူက တဖြည်းဖြည်းများလာတယ်ပေါ့။ ညအိပ်စောင့်တာတွေထိရှိတယ်၊ နေ့တိုင်းဖြစ်နေတယ်လို့ သိရတယ်။ ဒီကာလကတော့မဖြစ်သင့်ဘူး။ နောက်ပြီး ကြားနေရတာက အဂတိတွေပါလာတယ်၊ ပွဲစားသဘောမျိုး မြန်မြန်ရအောင်လုပ်ပေးတာတွေပေါ့ ၊ဒါတွေတော့ လူကြီးတွေသိသင့်တယ်။ ခုက ပတ်စ်ပို့ရုံးလိုဖြစ်နေတယ်”လို့ ဦးကျော်ဇေယျကပြောပါတယ်။

ခုလို ကိုဗစ်ကပ်ရောဂါဖြစ်နေတဲ့ကာလမှာ လူစုလူဝေးမဖြစ်သင့်တဲ့အတွက် ဒီကိစ္စတွေနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကို ဆက်သွယ်အသိပေးပြောဆိုပေမယ့်လည်း အခုချိန်ထိ အရေးမယူသေးတဲ့အပြင် စနစ်တကျလုပ်ပေးတာမျိုးမရှိဘူးလို့ ဓာတ်ခွဲခန်းတည်ရှိတဲ့ ဘုရားကြီးရပ်ကွက်အုပ်ချုပ်ရေးမှူးကပြောပါတယ်။

“ဒီဒဏ်ကိုခံစားနေရတာ ၅ လပိုင်းထဲကဖြစ်တယ်၊ ခုက တော်တော်လေး ဆိုးဆိုးဝါးဝါးဖြစ်လာတော့ ရပ်ကွက်ကပြည်သူက ကိုယ့်ကိုပြောတဲ့အခါကျ မလုပ်ပေးလို့မရဘူး၊ ၁၉၉ ပေါက် ဘာပေါက်ဆိုရင် အကျယ်တွေချဲ့ကုန်မှာစိုးလို့ ကျမတို့က ဒါကိုပြောပြတယ်၊ အချင်းချင်းနားလည်မှုရှိအောင်ပြောပြတာကို သူတို့ဘက်က စနစ်တကျကိုမလုပ်လို့ ကိုယ့်မြို့နယ်ကိုယ်စားလှယ်ကို တင်ပြရတာဖြစ်တယ်”လို့ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်ခင်သွယ်သွယ်ထွဋ်ကပြောပါတယ်။

ကိုဗစ်ရောဂါပိုးရှိမရှိ လာရောက်စစ်ဆေးသူတွေထဲမှာ တရုတ်နိုင်ငံသားတွေများတဲ့အပြင် ပြည်ပကို ပြန်ထွက်ဖို့အတွက် အဓိက လာစစ်ကြတာဖြစ်ပြီး လာရောက်သူတွေထဲမှာ PPE ဝတ်စုံတွေ ဝတ်ထားသူတွေလည်းရှိပါတယ်။ ဒါပေမယ့် PPE တွေကိုတော့ စည်းကမ်းမဲ့ စွန့်ပစ်ထားခဲ့ကြတယ်လို့ သိရပါတယ်။

ရန်ကုန်အမျိုးသားဓာတ်ခွဲခန်းမှာ ကိုဗစ်၁၉ ရောဂါပိုး ရှိမရှိ လူတစ်ဦးကို စစ်ဆေးခ ၂ သိန်းကျပ်နဲ့ စစ်ဆေးပေးနေတာဖြစ်တယ်လို့လည်း သိရပါတယ်။

Photo -ဦးကျော်ဇေယျ
#voiceofmyanmar #VOM #ရန်ကုန် #ကိုဗစ် #ဓာတ်ခွဲစစ်ဆေးမှု #အဂတိတွေရှိနေ

Zawgyi

ကိုဗစ္ေရာဂါ ဓာတ္ခြဲစစ္ေဆးမႈေတြမွာ လူစုလူေဝးျဖစ္ေနတဲ့အျပင္ အဂတိလိုက္စားမႈေတြရွိေန

ရန္ကုန္၊ စက္တင္ဘာ ၂၆-၂၀၂၀
သိဂႌ (VOM)

ရန္ကုန္ၿမိဳ႕၊ ဒဂုံၿမိဳနယ္က ရန္ကုန္အမ်ိဳးသားဓာတ္ခြဲခန္းေရွ႕မွာ NHL ကိုဗစ္၁၉ ေရာဂါပိုး စစ္ေဆးဖို႔ လာေရာက္သူေတြမ်ားတာေၾကာင့္ လူစုလူေဝးျဖစ္ေပၚေနတဲ့အျပင္ ပတ္စ္ပို႔႐ုံးေတြမွာလို အဂတိလိုက္စားမႈေတြရွိေနတယ္လို႔ ဒဂုံၿမိဳ႕နယ္ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေဇယ်ကေျပာပါတယ္။

ဒီကေန႔မနက္ပိုင္းကလည္း ရန္ကုန္ NHL အေရွ႕မွာ ေဆးစစ္ဖို႔ ေစာင့္ဆိုင္းသူ အေယာက္ ၁၀၀ နီးပါးရွိခဲ့ၿပီး လူစုလူေဝးျဖစ္ေပၚခဲ့ပါတယ္။

“မနက္ကသြားၾကည့္ေတာ့ ၁၀၀ နီးပါးေလာက္ရွိမယ္။ လူက တျဖည္းျဖည္းမ်ားလာတယ္ေပါ့။ ညအိပ္ေစာင့္တာေတြထိရွိတယ္၊ ေန႔တိုင္းျဖစ္ေနတယ္လို႔ သိရတယ္။ ဒီကာလကေတာ့မျဖစ္သင့္ဘူး။ ေနာက္ၿပီး ၾကားေနရတာက အဂတိေတြပါလာတယ္၊ ပြဲစားသေဘာမ်ိဳး ျမန္ျမန္ရေအာင္လုပ္ေပးတာေတြေပါ့ ၊ဒါေတြေတာ့ လူႀကီးေတြသိသင့္တယ္။ ခုက ပတ္စ္ပို႔႐ုံးလိုျဖစ္ေနတယ္”လို႔ ဦးေက်ာ္ေဇယ်ကေျပာပါတယ္။

ခုလို ကိုဗစ္ကပ္ေရာဂါျဖစ္ေနတဲ့ကာလမွာ လူစုလူေဝးမျဖစ္သင့္တဲ့အတြက္ ဒီကိစၥေတြနဲ႔ပတ္သက္ၿပီး တာဝန္ရွိသူေတြကို ဆက္သြယ္အသိေပးေျပာဆိုေပမယ့္လည္း အခုခ်ိန္ထိ အေရးမယူေသးတဲ့အျပင္ စနစ္တက်လုပ္ေပးတာမ်ိဳးမရွိဘူးလို႔ ဓာတ္ခြဲခန္းတည္ရွိတဲ့ ဘုရားႀကီးရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးကေျပာပါတယ္။

“ဒီဒဏ္ကိုခံစားေနရတာ ၅ လပိုင္းထဲကျဖစ္တယ္၊ ခုက ေတာ္ေတာ္ေလး ဆိုးဆိုးဝါးဝါးျဖစ္လာေတာ့ ရပ္ကြက္ကျပည္သူက ကိုယ့္ကိုေျပာတဲ့အခါက် မလုပ္ေပးလို႔မရဘူး၊ ၁၉၉ ေပါက္ ဘာေပါက္ဆိုရင္ အက်ယ္ေတြခ်ဲ႕ကုန္မွာစိုးလို႔ က်မတို႔က ဒါကိုေျပာျပတယ္၊ အခ်င္းခ်င္းနားလည္မႈရွိေအာင္ေျပာျပတာကို သူတို႔ဘက္က စနစ္တက်ကိုမလုပ္လို႔ ကိုယ့္ၿမိဳ႕နယ္ကိုယ္စားလွယ္ကို တင္ျပရတာျဖစ္တယ္”လို႔ ဒဂုံၿမိဳ႕နယ္၊ ဘုရားႀကီးရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ေဒၚခင္သြယ္သြယ္ထြဋ္ကေျပာပါတယ္။

ကိုဗစ္ေရာဂါပိုးရွိမရွိ လာေရာက္စစ္ေဆးသူေတြထဲမွာ တ႐ုတ္ႏိုင္ငံသားေတြမ်ားတဲ့အျပင္ ျပည္ပကို ျပန္ထြက္ဖို႔အတြက္ အဓိက လာစစ္ၾကတာျဖစ္ၿပီး လာေရာက္သူေတြထဲမွာ PPE ဝတ္စုံေတြ ဝတ္ထားသူေတြလည္းရွိပါတယ္။ ဒါေပမယ့္ PPE ေတြကိုေတာ့ စည္းကမ္းမဲ့ စြန႔္ပစ္ထားခဲ့ၾကတယ္လို႔ သိရပါတယ္။

ရန္ကုန္အမ်ိဳးသားဓာတ္ခြဲခန္းမွာ ကိုဗစ္၁၉ ေရာဂါပိုး ရွိမရွိ လူတစ္ဦးကို စစ္ေဆးခ ၂ သိန္းက်ပ္နဲ႔ စစ္ေဆးေပးေနတာျဖစ္တယ္လို႔လည္း သိရပါတယ္။

Photo -ဦးေက်ာ္ေဇယ်
#voiceofmyanmar #VOM #ရန္ကုန္ #ကိုဗစ္ #ဓာတ္ခြဲစစ္ေဆးမႈ #အဂတိေတြရွိေန

Related posts

Leave a Comment

VOM News

FREE
VIEW