စစ်ကိုင်းတိုင်းမှာ ၂ရက်အတွင်း တရားမဝင်သစ်တန်ချိန် ၁၇၀ ကျော်ဖမ်းမိ

စစ်ကိုင်းတိုင်းမှာ ၂ရက်အတွင်း တရားမဝင်သစ်တန်ချိန် ၁၇၀ ကျော်ဖမ်းမိ မုံရွာ၊ စက်တင်ဘာ ၂၇-၂၀၂၀ ခင်မေစန်း(VOM) စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်လေးခုကနေ စက်တင်ဘာ၂၃နေ့မှ ၂၄နေ့ နှစ်ရက်တာကာလအတွင်း တရားမဝင်ခိုးထုတ်တဲ့သစ်တန်ချိန်ပေါင်း ၁၇၀ ကျော်ကို ဖမ်းင်္ဆီးရမိခဲ့တယ်လို့ သစ်တောဦးစီးဌာနကနေ သိရပါတယ်။ ကလေးဝမြို့နယ် မဟာမြိုင်ကြိုးဝိုင်းနဲ့ ပလ္လင်ကြိုးဝိုင်း၊ မင်းကင်းမြို့နယ် ချင်းတွင်းမြစ်အနီးမှာ စစ်ကိုင်းတိုင်းသစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးတစ်ဦးက ဦးဆောင်ကာ တရားမဝင်သစ်ခိုးမှုတွေ ပပျောက်စေဖို့အတွက် ရှာဖွေဖမ်းဆီးမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလိုဖမ်းဆီးရာမှာ တရားမဝင် သစ်စက်တစ်ခုနဲ့ ဆက်စပ်သုံးပစ္စည်းများ၊ ကျွန်းသစ် လုံး၊ ပျဉ်းကတိုး၊ သစ်ယာ၊ ကညင်၊ အင် သစ်ခွဲသားခြမ်းသားများ စုစုပေါင်းတန်ချိန် တစ်ရာ့တစ်ဆယ်ကျော်ကို တရားခံ ၅ ဦးနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ နေပြည်တော်သစ်တောဦးစီးဌာနကနေ သိရပါတယ်။ ဖောင်းပြင်မြို့နယ် အရှေ့မြင်သာအနီးမှာ စက်တင်ဘာ ၂၄ရက်နေ့က ပြည်သူလူထုစောင့် ကြည့်သတင်းပို့ CRMSအရ မြို့နယ်သစ်တော ဦးစီးအရာရှိ ၊…

Read More

ကိုဗစ်ရောဂါ ဓာတ်ခွဲစစ်ဆေးမှုတွေမှာ လူစုလူဝေးဖြစ်နေတဲ့အပြင် အဂတိလိုက်စားမှုတွေရှိနေ

ကိုဗစ်ရောဂါ ဓာတ်ခွဲစစ်ဆေးမှုတွေမှာ လူစုလူဝေးဖြစ်နေတဲ့အပြင် အဂတိလိုက်စားမှုတွေရှိနေ ရန်ကုန်၊ စက်တင်ဘာ ၂၆-၂၀၂၀ သိင်္ဂီ (VOM) ရန်ကုန်မြို့၊ ဒဂုံမြိုနယ်က ရန်ကုန်အမျိုးသားဓာတ်ခွဲခန်းရှေ့မှာ NHL ကိုဗစ်၁၉ ရောဂါပိုး စစ်ဆေးဖို့ လာရောက်သူတွေများတာကြောင့် လူစုလူဝေးဖြစ်ပေါ်နေတဲ့အပြင် ပတ်စ်ပို့ရုံးတွေမှာလို အဂတိလိုက်စားမှုတွေရှိနေတယ်လို့ ဒဂုံမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကပြောပါတယ်။ ဒီကနေ့မနက်ပိုင်းကလည်း ရန်ကုန် NHL အရှေ့မှာ ဆေးစစ်ဖို့ စောင့်ဆိုင်းသူ အယောက် ၁၀၀ နီးပါးရှိခဲ့ပြီး လူစုလူဝေးဖြစ်ပေါ်ခဲ့ပါတယ်။ “မနက်ကသွားကြည့်တော့ ၁၀၀ နီးပါးလောက်ရှိမယ်။ လူက တဖြည်းဖြည်းများလာတယ်ပေါ့။ ညအိပ်စောင့်တာတွေထိရှိတယ်၊ နေ့တိုင်းဖြစ်နေတယ်လို့ သိရတယ်။ ဒီကာလကတော့မဖြစ်သင့်ဘူး။ နောက်ပြီး ကြားနေရတာက အဂတိတွေပါလာတယ်၊ ပွဲစားသဘောမျိုး မြန်မြန်ရအောင်လုပ်ပေးတာတွေပေါ့ ၊ဒါတွေတော့ လူကြီးတွေသိသင့်တယ်။ ခုက ပတ်စ်ပို့ရုံးလိုဖြစ်နေတယ်”လို့ ဦးကျော်ဇေယျကပြောပါတယ်။ ခုလို ကိုဗစ်ကပ်ရောဂါဖြစ်နေတဲ့ကာလမှာ လူစုလူဝေးမဖြစ်သင့်တဲ့အတွက် ဒီကိစ္စတွေနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကို ဆက်သွယ်အသိပေးပြောဆိုပေမယ့်လည်း အခုချိန်ထိ အရေးမယူသေးတဲ့အပြင်…

Read More

ယူကရိန်း စစ်ဘက်လေယာဉ်ပျက်ကျမှု လူ(၂၂)ဦးသေဆုံး

ယူကရိန်း စစ်ဘက်လေယာဉ်ပျက်ကျမှု လူ(၂၂)ဦးသေဆုံး ကိဗ်ယက်၊ စက်တင်ဘာ-၂၆-၂၀၂၀ မျိုးဆက် (VOM) ယူကရိန်းနိုင်ငံမှာ မနေ့ စက်တင်ဘာ ၂၅ ရက်က စစ်ဘက်လေယာဉ်တစ်စင်း ပျက်ကျမှုကြောင့် လူ ၂၂ ဦးသေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ Antonov-26 အမျိုးအစားလေယာဉ်ဟာ ယူကရိန်းအရှေ့ပိုင်းရှိ မြို့တစ်မြို့အနီးမှာ ဆင်းသက်ဖို့ ကြိုးစားစဉ် ပျက်ကျသွားတာဖြစ်ပါတယ်။ အဲဒီလေယာဉ်ဟာ ကာကိဗ်လေကြောင်းတက္ကသိုလ်က ဗိုလ်လောင်းတွေကို တင်ဆောင်ပြီး လေ့ကျင့်ရေးခရီးစဉ် ပျံသန်းခဲ့တာဖြစ်ပြီး လေယာဉ်ပေါ်မှာ လူ ၂၇ ဦးလိုက်ပါသွားခဲ့တယ်လို့ ယူကရိန်း အရေးပေါ်ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဖြစ်စဉ်ကြောင့် လူနှစ်ဦးဟာ ပြင်းထန်းစွာဒဏ်ရာရရှိခဲ့ဲပြီး ပျောက်ဆုံးနေသူ ၃ ဦးကို ညလုံးပေါက် ရှာဖွေမှုတွေ ပြုလုပ်နေကာ လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြပါတယ်။ လေယာဉ်ဟာ ချူဟုဗ်မြို့ရှိ စစ်ဘက်လေတပ်စခန်းကနေ ၁ ဒဿမ ၂ မိုင်အကွာမှာ…

Read More

ကိုဗစ်-၁၉ ကြောင့် တပ်မတော်က အငြိမ်းစားပါရဂူကြီးအပါအဝင် စစ်မှုထမ်းနေတဲ့ တပ်မတော်သား ၅ ဦး သေဆုံးထား

ကိုဗစ်-၁၉ ကြောင့် တပ်မတော်က အငြိမ်းစားပါရဂူကြီးအပါအဝင် စစ်မှုထမ်းနေတဲ့ တပ်မတော်သား ၅ ဦး သေဆုံးထား နေပြည်တော်၊ စက်တင်ဘာ ၂၆-၂၀၂၀ စွမ်းရဲထွဋ် (VOM) မြန်မာနိုင်ငံကို တစ်ကြော့ပြန်ဖြစ်ပွားလာတဲ့ ကိုဗစ်-၁၉ ဒုတိယလှိုင်းကြောင့် တပ်မတော်က အငြိမ်းစားပါရဂူကြီးအပါအဝင် စစ်မှုထမ်းဆောင်နေဆဲ တပ်မတော်သား ၅ ဦး ရောဂါကူးစက်သေဆုံးထားတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ ဒီကနေ့ စက်တင်ဘာလ ၂၆ ရက်နေ့ နေ့လယ်ပိုင်းက Video Conferencing စနစ်နဲ့ ပြုလုပ်ခဲတဲ့  တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ “တပ်မတော်မှာကတော့ ကိုဗစ်နဲ့ပတ်သက်ပြီး သေဆုံးသူ ဒီနေ့ထိ(၅) ဦးရှိတယ်။ (၅) ဦးရှိတယ်ဆိုတာ ပထမတစ်ဦးကတော့ ပါရဂူဆရာမကြီးဖြစ်တယ်။ သူကတော့ အသက် (၆၅) နှစ်ရှိတယ်။ နား၊နှာခေါင်း၊လည်ချောင်းပါရဂူ အငြိမ်းစား(၁) ဦးရှိပါတယ်။ ကျန်တဲ့လေး ဦးကတော့ စစ်မှုထမ်းဆဲတွေပါပါတယ်။ စစ်မှုထမ်းဆဲ…

Read More

ရခိုင်အရေး စတစ်ကာကမ်ပိန်းကိစ္စ ဗကသအဖွဲ့နဲ့မဆိုင်တဲ့ ပြည်တက္ကသိုလ်ကျောင်းသားတစ်ဦး ဖမ်းဆီးခံရ

ရခိုင်အရေး စတစ်ကာကမ်ပိန်းကိစ္စ ဗကသအဖွဲ့နဲ့မဆိုင်တဲ့ ပြည်တက္ကသိုလ်ကျောင်းသားတစ်ဦး ဖမ်းဆီးခံရ နေပြည်‌တော်၊ စက်တင်ဘာ ၂၆-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်း၊ ပြည်မြို့နယ်ထဲမှာ စက်တင်ဘာ ၁၅ ရက်နေ့က ရခိုင်ပြည်နယ်အရေး စတစ်ကာ ကမ်ပိန်းပြုလုပ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဗကသအဖွဲ့ဝင်မဟုတ်တဲ့ ပြည်တက္ကသိုလ်ကျောင်းသားတစ်ဦးကို မနေ့ စက်တင်ဘာ ၂၅ရက်ညပိုင်းမှာ ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ချုပ်ကနေ သိရပါတယ်။ ” မနေ့ညက ပြည်ဆေးရုံနားက အဆောင်မှာ ဝင်ဖမ်းသွားတာပါ။ အခင်းဖြစ်နေ့ မနက်ကလည်း ကျောင်းသားတစ်ဦးအဖမ်းခံရပြီး နေ့လည်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်တယ်။ အခု ဖမ်းဆီးခံရတဲ့ ကျောင်းသားကော နှစ်ဦးစလုံး ပြင်ပ‌ကကျောင်းသားတွေပါ”လို့ ဝိ‌ဇ္ဇာနဲ့သိပွံ တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့မှ ကိုသက်တင်အောင်က ပြောပြပါတယ်။ ပြည်မြို့ ခုတင် ၅၀၀ ဆေးရုံနားက အဆောင်မှာ ပြည်တက္ကသိုလ်မှာ ဥပဒေစတုတ္ထနှစ်တက်နေတဲ့ ကိုရဲရန်နိုင်ဆိုသူကို ရဲတပ်ဖွဲ့က ရုတ်တရက်ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့က…

Read More

ပါတီမိတ်ဆက်(လူ့ဘောင်သစ်ပါတီ-N.S.P. )

ပါတီမိတ်ဆက်(လူ့ဘောင်သစ်ပါတီ-N.S.P. ) မန္တလေး၊စက်တင်ဘာ၂၆-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့်၂၀၂၀ နိုဝင်ဘာလ၈ရက်နေ့ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့်ပါတီတွေထဲကနေ နိုင်ငံရေးပါတီမိတ်ဆက်အစီအစဉ်အဖြစ်လူ့ဘောင်သစ်ပါတီနဲ့ မိတ်ဆက်ပေးပါရစေ။ လူ့ဘောင်သစ်ပါတီအကြောင်းသိနိုင်ဖို့ လူ့ဘောင်သစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးဇေယျ ကို VOMသတင်းထောက်လဲ့လဲ့ဝင်းကမေးမြန်းထားတာဖြစ်ပါတယ်။ VOM- ပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်ဘယ်လောက်အရေအတွက်ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ။ ဦးဇေယျ -ဝင်ရောက်ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်စုစုပေါင်း၆ယောက်ရှိပါတယ်။ VOM – ပါတီရဲ့ကတိကဝတ်ကဘာတွေဖြစ်မလဲ။ ဦးဇေယျ – ပြည်သူလူထုအကျိုးစီးပွားအတွက် ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး။ တမျိုးသားလုံးကို ကိုယ်စားပြုတဲ့ အမျိုးသားရေးဒီမိုကရေစီတပ်ပေါင်းစုပေါ်ထွန်းရေး။ ဒီမိုကရေစီကိုအခြေခံထားတဲ့ ခိုင်မာတောင့်တင်းတဲ့ ဖွဲစည်းပုံအခြေခံဥပဒေကိုပေါ်ပေါက်ရေး။ ပြည်တွင်းငြိမ်းချမ်းရေး ၂၀၀၈ဖွဲစည်းပုံအခြေခံဥပဒေပြင်ဆင်ပြောင်းလဲရေး အမျိုးသားပြန်လည်သင့်မြတ်ရေးတို့မှာ ဆက်စပ်နေတဲ့တွက် တဆက်တစပ်တည်း ဆောင်ရွက်ရမယ့်ကိစ္စဖြစ်တဲ့အတွက် မလွဲမသွေဆောင်ရွက်သွားမယ်ကိစ္စဖြစ်တယ်လို့ ကျနော်တို့အနေနဲ့ယုံကြည်တယ်။ ဒီမိုကရေစီစနစ်အရ အတိုက်ခံပုံစံကိုလွှတ်တော်အတွင်း လွှတ်တော်ပြင်ပမှာ တရားဝင်ပေါ်ပေါက်ရေးကိုကျနော်တို့ ဦးတည်ဆောင်ရွက်သွားမှာဖြစ်တယ်။ အဲဒါတွေကို ချုံ့လိုက်ရင်တော့ဒီမိုကရေစီရေး၊လူ့အခွင့်ရေး၊ ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး နဲ့ ကျနော်တို့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်သွားမှာဖြစ်ပါတယ်။ VOM- အာဏာရပါတီနဲ့ပြည်ခိုင်ဖြိုးစတဲ့ပါတီကြီးတွေကိုဘယ်လိုအင်အားတွေနဲ့ယှဉ်ပြိုင်သွားမလဲ။ ဦးဇေယျ – ကျနော်တို့လက်ရှိအနေထားမှာ ဘဏ္ဍာရေး အခက်ခဲနဲ့ COVID-19အဆုပ်ရောင်ရောဂါကပ်ကြီးရှိနေတဲ့အတွက် ဒီလိုအခြေအနေမျိုးတွေရှိလာလျှင်…

Read More

ကိုဗစ်-၁၉ ကာကွယ်ဆေးမရခင် လူနှစ်သန်း သေဆုံးနိုင်တယ်လို့ ကမ္ဘာကျန်းမာရေးအဖွဲ့ သတိပေး

ကိုဗစ်-၁၉ ကာကွယ်ဆေးမရခင် လူနှစ်သန်း သေဆုံးနိုင်တယ်လို့ ကမ္ဘာကျန်းမာရေးအဖွဲ့ သတိပေး ဂျီနီဗာ၊ စက်တင်ဘာ၂၆-၂၀၂၀ မျိုးဆက်(VOM) ကမ္ဘာပေါ်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေးမပေါ်ခင် လူနှစ်သန်းအထိ သေဆုံးနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးပြောဆိုလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရေးပေါ်အစီအစဉ်အကြီးအကဲ မိုက်ကယ်ရိုင်ယန်က စက်တင်ဘာ ၂၆ ရက်မှာ ပြောလိုက်တာဖြစ်ပြီး လက်ရှိမှာတော့ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ တစ်သန်းနီးပါးထိ ရှိလာပြီလို့ဆိုပါတယ်။ လာမယ့်ကိုးလအတွင်း ကာကွယ်ဆေးတစ်မျိုးရရှိခဲ့မယ်ဆိုရင်တောင် လူနှစ်သန်းလောက် သေဆုံးဖို့ အလားအလာဟာ အထင်အမြင်မဟုတ်ဘဲ ဖြစ်နိုင်ခြေအလွန်ရှိတဲ့ ဝမ်းနည်းစရာကိစ္စလို့ သူကဆိုပါတယ်။ သေဆုံးမှုအရေအတွက်ကို လျှော့ချဖို့အတွက် စမ်းသပ်ခြင်း၊ ခြေရာခံခြင်း၊ လက်တွေ့ကုသခြင်း၊ ခပ်ခွာခွာနေရေး အပါအဝင် ဖြစ်နိုင်သမျှအစီအမံအားလုံးကိုလုပ်ဆောင်ဖို့ လိုအပ်ကြောင်း ဘရိုင်ယန်က အလေးပေးပြောဆိုသည်။ ဒါ့အပြင် ဥရောပနိုင်ငံတွေမှာ ရောဂါကြောင့် ဆေးရုံတက်နေရသူတွေနဲ့ အရေးပေါ်အခန်းတွေမှာ ကုသနေရသူတွေတိုးမြင့်လာတာကြောင့် ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းတွေဟာ ဝန်ထုတ်ဝန်ပိုးတွေထမ်းနေရတာနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့…

Read More

တောင်ငူမြို့က ကွာရန်တင်းစင်တာတစ်ခုမှာ ဆူပူသောင်းကျန်းရန်ရှာသူ အမျိုးသား ၈ ဦးကို ဘေးစီမံအက်နဲ့ အရေးယူမယ်

တောင်ငူမြို့က ကွာရန်တင်းစင်တာတစ်ခုမှာ ဆူပူသောင်းကျန်းရန်ရှာသူ အမျိုးသား ၈ ဦးကို ဘေးစီမံအက်နဲ့ အရေးယူမယ် နေပြည်တော်၊ စက်တင်ဘာ၂၆-၂၀၂၀ ကောင်းလက်ျာ(‌VOM) ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ TTC ကောလိပ်ဟောင်း ကွာရန်တင်းစင်တာမှာ မနေ့ စက်တင်ဘာ၂၅ ရက်နေ့ညပိုင်းက စခန်းတာဝန်ရှိသူတွေကို ဆူပူသောင်းကျန်းရန်ရှာတာတွေပြုလုပ်ခဲ့တဲ့ အမျိုးသား ၈ ဦးကို သဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုအက်ဥပဒေနဲ့ အမှုဖွင့် ်မယ်လို့ ကွာရန်တင်းစင်တာ တာဝန်ခံ အမှတ် ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မင်းက ပြောပါတယ်။ ” ညကြီးမိုးချုပ်ကို ပစ္စည်းလာပို့တယ်။ စခန်းတာဝန်ရှိသူက နောက်ဒါမျိုးမရဘူးပြောတာကို ဆူပူသောင်းကြမ်းတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်ချိန် စခန်းမ‌ှာတာဝန်ယူနေတဲ့ ကလေးတစ်ယောက် ဦးခေါင်းပေါက်သွားတယ်။ အခု ဘေးစီမံဥပဒေနဲ့ အမှုဖွင့်ဖို့လုပ်နေတယ်” လို့ဦးအောင်ကျော်မင်းကပြောပါတယ်။ အဲ့ဒီကွာရန်တင်းစင်တာက အမျိုးသားနှစ်ဦးဆီကို တောင်ငူမြို့၊ ကျေးတောကျေးရွာနေ ဆွေမျိုးသားချင်းအချို့က အခင်းဖြစ်ညမှာ ပစ္စည်းလာပို့ရာကနေ တာဝန်ရှိသူတွေနဲ့ စကားများပြီး ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကာ နှစ်ဖက်အချင်းများရာမှာ…

Read More
VOM News

FREE
VIEW