ယူကရိန်း စစ်ဘက်လေယာဉ်ပျက်ကျမှု လူ(၂၂)ဦးသေဆုံး

ယူကရိန်း စစ်ဘက်လေယာဉ်ပျက်ကျမှု လူ(၂၂)ဦးသေဆုံး

ကိဗ်ယက်၊ စက်တင်ဘာ-၂၆-၂၀၂၀
မျိုးဆက် (VOM)

ယူကရိန်းနိုင်ငံမှာ မနေ့ စက်တင်ဘာ ၂၅ ရက်က စစ်ဘက်လေယာဉ်တစ်စင်း ပျက်ကျမှုကြောင့် လူ ၂၂ ဦးသေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

Antonov-26 အမျိုးအစားလေယာဉ်ဟာ ယူကရိန်းအရှေ့ပိုင်းရှိ မြို့တစ်မြို့အနီးမှာ ဆင်းသက်ဖို့ ကြိုးစားစဉ် ပျက်ကျသွားတာဖြစ်ပါတယ်။

အဲဒီလေယာဉ်ဟာ ကာကိဗ်လေကြောင်းတက္ကသိုလ်က ဗိုလ်လောင်းတွေကို တင်ဆောင်ပြီး လေ့ကျင့်ရေးခရီးစဉ် ပျံသန်းခဲ့တာဖြစ်ပြီး လေယာဉ်ပေါ်မှာ လူ ၂၇ ဦးလိုက်ပါသွားခဲ့တယ်လို့ ယူကရိန်း အရေးပေါ်ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်ကြောင့် လူနှစ်ဦးဟာ ပြင်းထန်းစွာဒဏ်ရာရရှိခဲ့ဲပြီး ပျောက်ဆုံးနေသူ ၃ ဦးကို ညလုံးပေါက် ရှာဖွေမှုတွေ ပြုလုပ်နေကာ လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြပါတယ်။

လေယာဉ်ဟာ ချူဟုဗ်မြို့ရှိ စစ်ဘက်လေတပ်စခန်းကနေ ၁ ဒဿမ ၂ မိုင်အကွာမှာ ပျက်ကျခဲ့တာဖြစ်ပြီး ပျက်ကျရတဲ့ အကြောင်းရင်းဟာ ယူကရိန်းအရှေ့ပိုင်း ပဋိပက္ခနဲ့ ဆက်နွယ်မှုရှိဘူးလို့ အရေးပေါ်ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Ref: BBC
Photo:AFP
#voiceofmyanmar #VOM #ကိဗ်ယက် #လေယာဉ်ပျက်ကျ #လူသေဆုံး

Zawgyi

ယူကရိန္း စစ္ဘက္ေလယာဥ္ပ်က္က်မႈ လူ(၂၂)ဦးေသဆုံး

ကိဗ္ယက္၊ စက္တင္ဘာ-၂၆-၂၀၂၀
မ်ိဳးဆက္ (VOM)

ယူကရိန္းႏိုင္ငံမွာ မေန႔ စက္တင္ဘာ ၂၅ ရက္က စစ္ဘက္ေလယာဥ္တစ္စင္း ပ်က္က်မႈေၾကာင့္ လူ ၂၂ ဦးေသဆုံးသြားတယ္လို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။

Antonov-26 အမ်ိဳးအစားေလယာဥ္ဟာ ယူကရိန္းအေရွ႕ပိုင္းရွိ ၿမိဳ႕တစ္ၿမိဳ႕အနီးမွာ ဆင္းသက္ဖို႔ ႀကိဳးစားစဥ္ ပ်က္က်သြားတာျဖစ္ပါတယ္။

အဲဒီေလယာဥ္ဟာ ကာကိဗ္ေလေၾကာင္းတကၠသိုလ္က ဗိုလ္ေလာင္းေတြကို တင္ေဆာင္ၿပီး ေလ့က်င့္ေရးခရီးစဥ္ ပ်ံသန္းခဲ့တာျဖစ္ၿပီး ေလယာဥ္ေပၚမွာ လူ ၂၇ ဦးလိုက္ပါသြားခဲ့တယ္လို႔ ယူကရိန္း အေရးေပၚဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

ျဖစ္စဥ္ေၾကာင့္ လူႏွစ္ဦးဟာ ျပင္းထန္းစြာဒဏ္ရာရရွိခဲ့ဲၿပီး ေပ်ာက္ဆုံးေနသူ ၃ ဦးကို ညလုံးေပါက္ ရွာေဖြမႈေတြ ျပဳလုပ္ေနကာ ေလယာဥ္ပ်က္က်ရတဲ့ အေၾကာင္းရင္းကို တာဝန္ရွိသူေတြက စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေနၾကပါတယ္။

ေလယာဥ္ဟာ ခ်ဴဟုဗ္ၿမိဳ႕ရွိ စစ္ဘက္ေလတပ္စခန္းကေန ၁ ဒႆမ ၂ မိုင္အကြာမွာ ပ်က္က်ခဲ့တာျဖစ္ၿပီး ပ်က္က်ရတဲ့ အေၾကာင္းရင္းဟာ ယူကရိန္းအေရွ႕ပိုင္း ပဋိပကၡနဲ႔ ဆက္ႏြယ္မႈရွိဘူးလို႔ အေရးေပၚဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

Ref: BBC
Photo:AFP
#voiceofmyanmar #VOM #ကိဗ္ယက္ #ေလယာဥ္ပ်က္က် #လူေသဆံုး

Related posts

Leave a Comment

VOM News

FREE
VIEW