ကိုဗစ်-၁၉ ကြောင့် တပ်မတော်က အငြိမ်းစားပါရဂူကြီးအပါအဝင် စစ်မှုထမ်းနေတဲ့ တပ်မတော်သား ၅ ဦး သေဆုံးထား

ကိုဗစ်-၁၉ ကြောင့် တပ်မတော်က အငြိမ်းစားပါရဂူကြီးအပါအဝင် စစ်မှုထမ်းနေတဲ့ တပ်မတော်သား ၅ ဦး သေဆုံးထား
နေပြည်တော်၊ စက်တင်ဘာ ၂၆-၂၀၂၀
စွမ်းရဲထွဋ် (VOM)
မြန်မာနိုင်ငံကို တစ်ကြော့ပြန်ဖြစ်ပွားလာတဲ့ ကိုဗစ်-၁၉ ဒုတိယလှိုင်းကြောင့် တပ်မတော်က အငြိမ်းစားပါရဂူကြီးအပါအဝင် စစ်မှုထမ်းဆောင်နေဆဲ တပ်မတော်သား ၅ ဦး ရောဂါကူးစက်သေဆုံးထားတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ဒီကနေ့ စက်တင်ဘာလ ၂၆ ရက်နေ့ နေ့လယ်ပိုင်းက Video Conferencing စနစ်နဲ့ ပြုလုပ်ခဲတဲ့  တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
“တပ်မတော်မှာကတော့ ကိုဗစ်နဲ့ပတ်သက်ပြီး သေဆုံးသူ ဒီနေ့ထိ(၅) ဦးရှိတယ်။ (၅) ဦးရှိတယ်ဆိုတာ ပထမတစ်ဦးကတော့ ပါရဂူဆရာမကြီးဖြစ်တယ်။ သူကတော့ အသက် (၆၅) နှစ်ရှိတယ်။ နား၊နှာခေါင်း၊လည်ချောင်းပါရဂူ အငြိမ်းစား(၁) ဦးရှိပါတယ်။ ကျန်တဲ့လေး ဦးကတော့ စစ်မှုထမ်းဆဲတွေပါပါတယ်။ စစ်မှုထမ်းဆဲ လူနာများဖြစ်ပါတယ်”လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။
စစ်မှုထမ်းနေဆဲ့ တပ်မတော်သားလေးဦးကလည်း ကင်ဆာရောဂါနဲ့ နှလုံးရောဂါအခံရှိသူတွေဖြစ်ပြီး အရင်ကတည်းက မကြာခဏဆေးရုံတက်ရောက်ကာ ဆေးကုသမှုခံယူနေကြရသူတွေဖြစ်တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။
အခုလက်ရှိ တပ်မတော်မှာ ကိုဗစ်-၁၉ ရောဂါကုသမှုခံယူနေရသူ (၂၁၃) ဦးရှိပြီး တပ်မတော်သားတွေ၊ တပ်မတော်သားမိသားစုဝင်တွေ၊ စစ်မှုထမ်းဟောင်းတွေနဲ့ စစ်မှုထမ်းဟောင်းမိသားစုဝင်တွေလည်းပါဝင်တယ်လို့ သိရပါတယ်။
အဲ့ဒီ တပ်မတော်ဆေးရုံ၊ ဆေးတပ်ရင်းတွေမှာ ဆေးကုသမှုခံယူနေတဲ့ ကိုဗစ်လူနာ (၂၀၀) ကျော်ထဲကနေ ရောဂါပျောက်ကင်းလို့ ဆေးရုံဆင်းခွင့်ရရှိသူ (၂၇) ဦးရှိပြီလို့လည်း သိရပါတယ်။
#voiceofmyanmar #VOM #နေပြည်တော် #ကိုဗစ် #တပ်မတော်သား #ရောဂါကူးစက်သေဆုံး
Zawgyi
ကိုဗစ္-၁၉ ေၾကာင့္ တပ္မေတာ္က အၿငိမ္းစားပါရဂူႀကီးအပါအဝင္ စစ္မႈထမ္းေနတဲ့ တပ္မေတာ္သား ၅ ဦး ေသဆံုးထား
ေနျပည္ေတာ္၊ စက္တင္ဘာ ၂၆-၂၀၂၀
စြမ္းရဲထြဋ္ (VOM)
ျမန္မာနုိင္ငံကို တစ္ေၾကာ့ၿပန္ၿဖစ္ပြားလာတဲ့ ကုိဗစ္-၁၉ ဒုတိယလွိဳင္းေၾကာင့္ တပ္မေတာ္က အၿငိမ္းစားပါရဂူၾကီးအပါအဝင္ စစ္မႈထမ္းေဆာင္ေနဆဲ တပ္မေတာ္သား ၅ ဦး ေရာဂါကူးစက္ေသဆံုးထားတယ္လုိ႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕မွ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေၿပာပါတယ္။
ဒီကေန႔ စက္တင္ဘာလ ၂၆ ရက္ေန႔ ေန႔လယ္ပိုင္းက Video Conferencing စနစ္နဲ႔ ျပဳလုပ္ခဲတဲ့  တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ရဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့တာၿဖစ္ပါတယ္။
“တပ္မေတာ္မွာကေတာ့ ကိုဗစ္နဲ႔ပတ္သက္ၿပီး ေသဆုံးသူ ဒီေန႔ထိ(၅) ဦးရွိတယ္။ (၅) ဦးရွိတယ္ဆိုတာ ပထမတစ္ဦးကေတာ့ ပါရဂူဆရာမႀကီးျဖစ္တယ္။ သူကေတာ့ အသက္ (၆၅) ႏွစ္ရွိတယ္။ နား၊ႏွာေခါင္း၊လည္ေခ်ာင္းပါရဂူ အၿငိမ္းစား(၁) ဦးရွိပါတယ္။ က်န္တဲ့ေလး ဦးကေတာ့ စစ္မႈထမ္းဆဲေတြပါပါတယ္။ စစ္မႈထမ္းဆဲ လူနာမ်ားျဖစ္ပါတယ္”လုိ႔ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းကေျပာပါတယ္။
စစ္မႈထမ္းေနဆဲ့ တပ္မေတာ္သားေလးဦးကလည္း ကင္ဆာေရာဂါနဲ႔ ႏွလုံးေရာဂါအခံရွိသူေတြၿဖစ္ၿပီး အရင္ကတည္းက မၾကာခဏေဆးရံုတက္ေရာက္ကာ ေဆးကုသမႈခံယူေနၾကရသူေတြၿဖစ္တယ္လို႔ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းကေျပာပါတယ္။
အခုလက္ရွိ တပ္မေတာ္မွာ ကိုဗစ္-၁၉ ေရာဂါကုသမႈခံယူေနရသူ (၂၁၃) ဦးရွိၿပီး တပ္မေတာ္သားေတြ၊ တပ္မေတာ္သားမိသားစု၀င္ေတြ၊ စစ္မႈထမ္းေဟာင္းေတြနဲ႔ စစ္မႈထမ္းေဟာင္းမိသားစု၀င္ေတြလည္းပါ၀င္တယ္လို႔ သိရပါတယ္။
အဲ့ဒီ တပ္မေတာ္ေဆး႐ုံ၊ ေဆးတပ္ရင္းေတြမွာ ေဆးကုသမႈခံယူေနတဲ့ ကုိဗစ္လူနာ (၂၀၀) ေက်ာ္ထဲကေန ေရာဂါေပ်ာက္ကင္းလို႔ ေဆး႐ုံဆင္းခြင့္ရရွိသူ (၂၇) ဦးရွိၿပီလို႔လည္း သိရပါတယ္။
#voiceofmyanmar #VOM #ေနျပည္ေတာ္ #ကိုဗစ္ #တပ္မေတာ္သား #ေရာဂါကူးစက္ေသဆံုး

Related posts

Leave a Comment

VOM News

FREE
VIEW