တောင်ငူမြို့က ကွာရန်တင်းစင်တာတစ်ခုမှာ ဆူပူသောင်းကျန်းရန်ရှာသူ အမျိုးသား ၈ ဦးကို ဘေးစီမံအက်နဲ့ အရေးယူမယ်
တောင်ငူမြို့က ကွာရန်တင်းစင်တာတစ်ခုမှာ ဆူပူသောင်းကျန်းရန်ရှာသူ အမျိုးသား ၈ ဦးကို ဘေးစီမံအက်နဲ့ အရေးယူမယ်
နေပြည်တော်၊ စက်တင်ဘာ၂၆-၂၀၂၀
ကောင်းလက်ျာ(‌VOM)
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ TTC ကောလိပ်ဟောင်း ကွာရန်တင်းစင်တာမှာ မနေ့ စက်တင်ဘာ၂၅ ရက်နေ့ညပိုင်းက စခန်းတာဝန်ရှိသူတွေကို ဆူပူသောင်းကျန်းရန်ရှာတာတွေပြုလုပ်ခဲ့တဲ့ အမျိုးသား ၈ ဦးကို သဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုအက်ဥပဒေနဲ့ အမှုဖွင့်
်မယ်လို့ ကွာရန်တင်းစင်တာ တာဝန်ခံ အမှတ် ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မင်းက ပြောပါတယ်။
” ညကြီးမိုးချုပ်ကို ပစ္စည်းလာပို့တယ်။ စခန်းတာဝန်ရှိသူက နောက်ဒါမျိုးမရဘူးပြောတာကို ဆူပူသောင်းကြမ်းတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်ချိန် စခန်းမ‌ှာတာဝန်ယူနေတဲ့ ကလေးတစ်ယောက် ဦးခေါင်းပေါက်သွားတယ်။ အခု ဘေးစီမံဥပဒေနဲ့ အမှုဖွင့်ဖို့လုပ်နေတယ်” လို့ဦးအောင်ကျော်မင်းကပြောပါတယ်။
အဲ့ဒီကွာရန်တင်းစင်တာက အမျိုးသားနှစ်ဦးဆီကို တောင်ငူမြို့၊ ကျေးတောကျေးရွာနေ ဆွေမျိုးသားချင်းအချို့က အခင်းဖြစ်ညမှာ ပစ္စည်းလာပို့ရာကနေ တာဝန်ရှိသူတွေနဲ့ စကားများပြီး ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကာ နှစ်ဖက်အချင်းများရာမှာ စင်တာမှာလုပ်အားပေး နေတဲ့ အမျိုးသားတစ်ဦး ဦးခေါင်းပေါက်ပြဲဒဏ်ရာရခဲ့တာဖြစ်တယ်လို့ ကွာရန်တင်းစင်တာတာဝန်ရှိသူတွေရဲ့ပြောပြချက်အရ သိရပါတယ်။
” ကွာရန်တင်းစင်တာဘေး သံလမ်းဘက်အခြမ်းမှာ ညအချိန်ရောက်ရင် အရက်ပုလင်းတွေ ပို့နေတာမျိုးရှိတယ်။ ရန်ရှာတဲ့ ကလေးအချို့ အရက်သောက်စားထားပုံရတယ်။ လုံခြုံ
ရေးအချို့လည်း ရှိတတ်ပေမယ့် လစ်တာနဲ့ပို့နေပုံရတယ်” လို့ ကွာရန်တင်းစင်တာအနီး ဈေးဆိုင်ဖွင့်ထားသူတစ်ဦးကပြောပါတယ်။
အဲ့ဒီ စောင့်ကြည့်စခန်းမ‌ှာ ရန်ကုန်နဲ့အခြားမြို့ရွာတွေက ပြန်လာသူတွေကို စောင့်ကြည့်ထားတာဖြစ်ပြီး စက်တင်ဘာ၂၆ ရက်နေ့အထိ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း၂၀၀ နီးပါးရှိနေတယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #တောင်ငူ #ကိုဗစ် #ကွာရန်တင်းစင်တာ
Zawgyi
ကောင်းလက်ျာ(‌VOM)
Related posts
Leave a Comment
VOM News
FREE
VIEW