ကိုဗစ်-၁၉ ကာကွယ်ဆေးမရခင် လူနှစ်သန်း သေဆုံးနိုင်တယ်လို့ ကမ္ဘာကျန်းမာရေးအဖွဲ့ သတိပေး

ကိုဗစ်-၁၉ ကာကွယ်ဆေးမရခင် လူနှစ်သန်း သေဆုံးနိုင်တယ်လို့ ကမ္ဘာကျန်းမာရေးအဖွဲ့ သတိပေး

ဂျီနီဗာ၊ စက်တင်ဘာ၂၆-၂၀၂၀
မျိုးဆက်(VOM)

ကမ္ဘာပေါ်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေးမပေါ်ခင် လူနှစ်သန်းအထိ သေဆုံးနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးပြောဆိုလိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရေးပေါ်အစီအစဉ်အကြီးအကဲ မိုက်ကယ်ရိုင်ယန်က စက်တင်ဘာ ၂၆ ရက်မှာ ပြောလိုက်တာဖြစ်ပြီး လက်ရှိမှာတော့ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ တစ်သန်းနီးပါးထိ ရှိလာပြီလို့ဆိုပါတယ်။

လာမယ့်ကိုးလအတွင်း ကာကွယ်ဆေးတစ်မျိုးရရှိခဲ့မယ်ဆိုရင်တောင် လူနှစ်သန်းလောက် သေဆုံးဖို့ အလားအလာဟာ အထင်အမြင်မဟုတ်ဘဲ ဖြစ်နိုင်ခြေအလွန်ရှိတဲ့ ဝမ်းနည်းစရာကိစ္စလို့ သူကဆိုပါတယ်။

သေဆုံးမှုအရေအတွက်ကို လျှော့ချဖို့အတွက် စမ်းသပ်ခြင်း၊ ခြေရာခံခြင်း၊ လက်တွေ့ကုသခြင်း၊ ခပ်ခွာခွာနေရေး အပါအဝင် ဖြစ်နိုင်သမျှအစီအမံအားလုံးကိုလုပ်ဆောင်ဖို့ လိုအပ်ကြောင်း ဘရိုင်ယန်က အလေးပေးပြောဆိုသည်။

ဒါ့အပြင် ဥရောပနိုင်ငံတွေမှာ ရောဂါကြောင့် ဆေးရုံတက်နေရသူတွေနဲ့ အရေးပေါ်အခန်းတွေမှာ ကုသနေရသူတွေတိုးမြင့်လာတာကြောင့် ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းတွေဟာ ဝန်ထုတ်ဝန်ပိုးတွေထမ်းနေရတာနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကိုဗစ်-၁၉ တုံ့ပြန်ရေးအကြီးအကဲ မာရီယာဗန်က ပြောဆိုပါတယ်။

Ref: NHK
Photo:AP
#voiceofmyanmar #VOM #ဂျီနီဗာ

Zawgyi

ကိုဗစ္-၁၉ ကာကြယ္ေဆးမရခင္ လူနွစ္သန္း ေသဆံုးနိုင္တယ္လို႔ ကမၻာက်န္းမာေရးအဖြဲ႔ သတိေပး

ဂ်ီနီဗာ၊ စက္တင္ဘာ၂၆-၂၀၂၀
မ်ိဳးဆက္(VOM)

ကမၻာေပၚမွာ ကိုဗစ္-၁၉ ကာကြယ္ေဆးမေပၚခင္ လူနွစ္သန္းအထိ ေသဆံုးနိုင္တယ္လို႔ ကမၻာ႔က်န္းမာေရးအဖြဲ႔က သတိေပးေျပာဆိုလိုက္ပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ျပီး ကမၻာ႔က်န္းမာေရးအဖြဲ႔ အေရးေပၚအစီအစဥ္အၾကီးအကဲ မိုက္ကယ္ရိုင္ယန္က စက္တင္ဘာ ၂၆ ရက္မွာ ေျပာလိုက္တာျဖစ္ျပီး လက္ရိွမွာေတာ႔ ကိုဗစ္-၁၉ ေရာဂါေၾကာင္႔ ေသဆံုးသူ တစ္သန္းနီးပါးထိ ရိွလာျပီလို႔ဆိုပါတယ္။

လာမယ္႔ကိုးလအတြင္း ကာကြယ္ေဆးတစ္မ်ိဳးရရိွခဲ႔မယ္ဆိုရင္ေတာင္ လူနွစ္သန္းေလာက္ ေသဆံုးဖို႔ အလားအလာဟာ အထင္အျမင္မဟုတ္ဘဲ ျဖစ္နုိင္ေျခအလြန္ရိွတဲ႔ ၀မ္းနည္းစရာကိစၥလို႔ သူကဆိုပါတယ္။

ေသဆံုးမႈအေရအတြက္ကို ေလွ်ာ႔ခ်ဖို႔အတြက္ စမ္းသပ္ျခင္း၊ ေျခရာခံျခင္း၊ လက္ေတြ႔ကုသျခင္း၊ ခပ္ခြာခြာေနေရး အပါအ၀င္ ျဖစ္နိုင္သမွ်အစီအမံအားလံုးကိုလုပ္ေဆာင္ဖို႔ လိုအပ္ေၾကာင္း ဘရိုင္ယန္က အေလးေပးေျပာဆိုသည္။

ဒါ႔အျပင္ ဥေရာပနိုင္ငံေတြမွာ ေရာဂါေၾကာင္႔ ေဆးရံုတက္ေနရသူေတြနဲ႔ အေရးေပၚအခန္းေတြမွာ ကုသေနရသူေတြတိုးျမင္႔လာတာေၾကာင္႔ ေဆးဘက္ဆိုင္ရာအဖြဲ႔အစည္းေတြဟာ ၀န္ထုတ္၀န္ပိုးေတြထမ္းေနရတာနဲ႔ပတ္သက္ျပီး စိုးရိမ္ပူပန္မိတယ္လို႔ ကမၻာ႔က်န္းမာေရးအဖြဲ႔ရဲ႕ ကိုဗစ္-၁၉ တံု႕ျပန္ေရးအၾကီးအကဲ မာရီယာဗန္က ေျပာဆိုပါတယ္။

Ref: NHK
Photo:AP
#voiceofmyanmar #VOM #ဂ်ီနီဗာ

Related posts

Leave a Comment

VOM News

FREE
VIEW