အနံ့ပျောက်သူနဲ့ ရောဂါလက္ခဏာမပြသူကို ကွာရန်တင်း သီးခြားထားမယ် ရန်ကုန်၊ စက်တင်ဘာ ၁၆-၂၀၂၀ သိင်္ဂီ(VOM) ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်မှာ အနံ့မရရှိတဲ့ ကိုဗစ်ရောဂါသံသယရှိသူတွေကို သီးခြားခွဲထားဖို့အတွက် နေရာတွေ ပြင်ဆင်နေတယ်လို့ လှိုင်သာယာမြို့နယ် ဖွံ့ဖြိုးရေး instituteကနေ သိရပါတယ်။ လက်ရှိမှာ အနံ့မရရှိတဲ့ လူနာဆက်သွယ်မှုတွေရှိလာတဲ့အတွက် အနံ့ပျောက်တဲ့ လူနာအများစုဟာ ဆေးစစ်ချက်ရယူတဲ့အခါ ကိုဗစ်ရောဂါပိုးတွေ့ရှိရတာကြောင့် ရောဂါလက္ခဏာဘာမှမပြတဲ့ ကိုဗစ်သံသယလူနာတွေနဲ့ ရောနှောပြီး ကွာရန်တင်းမထားတော့ဘဲ သီးသန့်ထားပြီး စောင့်ကြည့်မှာဖြစ်တယ်လို့ သိရပါတယ်။ “အနံ့မရတဲ့သူတွေ များလာတယ်။ အနံ့မရဘူး ပြောတဲ့သူတွေ၊ ကိုယ်ကိုယ်တိုင် အသိတရားရှိရှိနဲ့လာရောက်အကြောင်းကြားတဲ့သူတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ တိုက်ရိုက်ဆက်သွယ်ပြီး ဆေးရုံကြီးတွေကို တိုက်ရိုက်ပို့ဆောင်ပေးတယ်။ ဆေးရုံကြီးကို ပို့လို့မရသေးတဲ့အခြေအနေကြရင် လက်ရှိ ကွာရန်တင်းစင်တာမှာ သီးခြားနေရာဖန်တီးပေးပြီး တော့ အဲဒီမှာထား ခဏစောင့်ကြည့်ပေးတယ်။ အဲဒီလူတွေထားဖို့ သီးခြားနေရာတွေလိုလာပြီ။ အဲဒီလူတွေကို သီးခြားထားမယ့် နေရာတွေ စပြီး စီစဉ်နေပါပြီ”လို့ လှိုင်သာယာမြို့နယ် ဖွံ့ဖြိုးရေး…
Read MoreMonth: September 2020
နေပြည်တော်မှာ ကိုဗစ်ပိုးတွေ့တဲ့သူတွေကိုထားဖို့ ကုတင် ၃၀၀ ပြည်သူ့ဆေးရုံကြီးမှာ အဆောင်တစ်ခု တိုးချဲ့ပြင်ဆင်ထား
နေပြည်တော်မှာ ကိုဗစ်ပိုးတွေ့တဲ့သူတွေကိုထားဖို့ ကုတင် ၃၀၀ ပြည်သူ့ဆေးရုံကြီးမှာ အဆောင်တစ်ခု တိုးချဲ့ပြင်ဆင်ထား နေပြည်တော်၊ စက်တင်ဘာ ၁၆-၂၀၂၀ စွမ်းရဲထွဋ် (VOM) ကိုဗစ်-၁၉ရောဂါပိုးရှိသူတွေကို ထားဖို့အတွက် နေပြည်တော်၊ ပြည်သူ့ဆေးရုံကြီး ကုတင် ၃၀၀ မှာ အဆောင်တစ်ခု တိုးချဲ့ပြင်ဆင်ထားပြီဖြစ်တယ်လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက VOM ကို ဒီကနေ့ ပြောပါတယ်။ “နေပြည်တော် ပြည်သူ့ဆေးရုံကြီး ကုတင် ၃၀၀၊ လူနာ အခုထက်များလာရင် ကျနော်တို့က မမျှော်ကောင်းပေမယ့် ပြင်တော့ ပြင်ထားရတယ်လေ”လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးကပြောပါတယ်။ အခုလက်ရှိ ကုတင်-၁၀၀၀ ဆေးရုံမှာ ကိုဗစ်ပိုးတွေ့လူနာ ၄၆ ယောက်ကို အဆောင်သီးသန့်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ထားပြီး ပုံမှန်လူနာတွေလည်းရှိနေတဲ့အတွက် လူနာကြပ်တည်းမှုဖြစ်ပေါ်လာတယ်လို့ သိရပါတယ်။ ဒါကြောင့် နောက်ထပ်တွေ့ရှိလာတဲ့ ပိုးတွေ့လူနာတွေကို ကုတင် ၃၀၀ မှာ ထားရှိသွားမှာဖြစ်ပြီး အဲ့ဒီမှာ…
Read Moreမြန်မာနိုင်ငံထဲကို အထောက်အထားမဲ့ခိုးဝင်လာတဲ့ တရုတ်လူမျိုး(၈)ဦးကို ဖမ်းဆီးအရေးယူ
မြန်မာနိုင်ငံထဲကို အထောက်အထားမဲ့ခိုးဝင်လာတဲ့ တရုတ်လူမျိုး(၈)ဦးကို ဖမ်းဆီးအရေးယူ လောက်ကိုင် ၊ စက်တင်ဘာ ၁၆-၂၀၂၀ ကိုတိုးကြီး (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့ရဲ့ ဟိုတယ်တစ်ခုမှာ အကြွေးတောင်းဖို့အတွက် အထောက်အထားမဲ့ ခိုးဝင်ရောက်ရှိနေတဲ့ တရုတ်နိုင်ငံသား အမျိုးသား(၈)ဦးကို လောက်ကိုင်မြို့မရဲစခန်းက မနေ့ စက်တင်ဘာ ၁၅ ရက်နေ့မှာ အမှုဖွင့်အရေးယူခဲ့တယ်လို့ သိရပါတယ် ။ “ သူတို့ အကြွေးရစရာရှိတဲ့သူကို ဟိုတယ်ထဲမှာ ဖမ်းဆီးချုပ်နှောင်ပြီး ညှင်းပန်း နှိပ်စက် ရိုက်နှက်နေတယ်လို့ သတင်းကြားရလို့ လောက်ကိုင်မြို့မရဲစခန်းက ရဲတပ်ကြပ်ဇော်ဦးလွင် ၊ ကိုးကန့်ရဲတပ်ဖွဲ့က ရဲအရာခံ လီဖူချုံး(ခ) လီဖူဆို နဲ့ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့တာဖြစ်တယ်၊ အထောက်အထားမဲ့ ခိုးဝင်လာတဲ့ တရုတ် (ကျား) ၈ ယောက်ဖြစ်တယ် ၊ လူဝင်မှုကြီးကြပ်ရေး အက်/ဥပဒေ-၁၃(၁)အရ အရေးယူထားတာဖြစ်တယ် ” လို့ လောက်ကိုင်မြို့မရဲစခန်းက…
Read More၀န်ကြီးချုပ်သစ်အဖြစ် ယိုရှီဟီဒီဆူဂါကို ဂျပန်ပါလီမန်အတည်ပြု ခန့်အပ်
၀န်ကြီးချုပ်သစ်အဖြစ် ယိုရှီဟီဒီဆူဂါကို ဂျပန်ပါလီမန်အတည်ပြု ခန့်အပ် တိုကျို၊ စက်တင်ဘာ-၁၆-၂၀၂၀ မျိုးဆက် (VOM) ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအဘေး ရာထူးကနေနှုတ်ထွက်ပြီးနောက် ဝန်ကြီးချုပ်သစ်အဖြစ် ယိုရှီဟီဒီဆူဂါကို ဂျပန်ပါလီမန်က ရွေးချယ်အတည်ပြုလိုက်ပါတယ်။ ဆူဂါဟာ အာဏာရပါတီရဲ့ခေါင်းဆောင်အဖြစ် ယခုသီတင်းပတ်အစောပိုင်မှာ ရွေးချယ်ခံရပြီးနောက် စက်တင်ဘာ ၁၆ ရက်မှာ ပါလီမန်က မဲခွဲဆုံးဖြတ်ပြီး သူ့ကိုဝန်ကြီးချုပ်သစ်အဖြစ် အတည်ပြုလိုက်တာဖြစ်ပါတယ်။ ရှင်ဇိုအဘေးရဲ့အနီးကပ်မဟာမိတ်ဖြစ်သူ ဝန်ကြီးချုပ်သစ်ဟာ ယခင်ကမူဝါဒတွေအတိုင်း ဆက်လက်ကျင့်သုံးမယ်လို့ မျှော်လင့်ရပါတယ်။ ဝန်ကြီးချုပ်ရှင်ဇိုအဘေးကတော့ ကျန်းမာရေးအခြေအနေကြောင့် လွန်ခဲ့တဲ့လမှာ နှုတ်ထွက်မယ်လို့ ကြေညာခဲ့ပါတယ်။ စက်တင်ဘာ ၁၆ ရက်အစောပိုင်းမှ မစ္စတာအာဘေးဟာ သူ့ရဲ့ အစိုးရအဖွဲ့နောက်ဆုံးအစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့ပြီး ရှစ်နှစ်ကြာဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်အတွင်း ဆောင်မှုနိုင်မှုတွေအတွက် ဂုဏ်ယူမိကြောင်း သတင်းထောက်တွေကို သူကပြောပါတယ်။ မစ္စတာဆူဂါဟာ ဂျပန်အောက်လွှတ်တော်မှာ ၄၆၂ မဲအနက် ၃၁၄ မဲရရှိခဲ့ပြီး ဝန်ကြီးချုပ်အဖြစ်အတည်ပြုဖို့ မဲခွဲရာမှာ လွယ်လင့်တကူ အနိုင်ရရှိခဲ့ပါတယ်။ သူဟာ အစိုးရအဖွဲ့အတွင်းရေးမှူးအဖြစ်…
Read Moreမိုးကုတ်မှာ မိုးရွာသွန်းမှုများပြီး လူနေအိမ်ပေါ် မြေပိလို့ လူ ၃ဦး သေဆုံး
မိုးကုတ်မှာ မိုးရွာသွန်းမှုများပြီး လူနေအိမ်ပေါ် မြေပိလို့ လူ ၃ဦး သေဆုံး မိုးကုတ် ၊ စက်တင်ဘာ ၁၆-၂၀၂၀ ကိုတိုးကြီး (VOM) မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့မှာ ဒီကနေ့မနက်ပိုင်းက မိုးရွာသွန်းမှုများပြားပြီး ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်ခဲ့တဲ့အပြင် တောင်ပြိုမှုတွေဖြစ်ခဲ့တာကြောင့် လူနေအိမ်တချို့ မြေပိပြီး လူ ၃ ဦးသေဆုံးမှုရှိခဲ့တယ်လို့ မိုးကုတ် လူမှုကယ်ဆယ်ရေးအဖွဲ့ကပြောပါတယ်။ “ ကိုးလံဘက်မှာ တောင်ပြိုတယ် ၊ လူနေအိမ်တလုံး မြေပိလို့ အဲ့အိမ်ထဲရှိနေတဲ့ မိသားစု သုံးယောက် သေဆုံးသွားတယ် ၊ အဲ့ဒီ Dead Bodies (သေဆုံးသူ ရုပ်အလောင်းများ) တွေကို ကယ်ဆယ်နိုင်ဖို့ ကျွန်တော်တို့ လုပ်ဆောင်နေပါတယ် ” လို့ မိုးကုတ် လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ခံ ကိုဟိန်းထက်မောင် က ပြောပါတယ်။ တောင်ပြိုပြီး နေအိမ်မြေပိလို့ သေဆုံးသွားတဲ့ မိသားစုသုံးယောက်ကတော့…
Read Moreရန်ကုန်ပြန်အမျိုးသားတစ်ဦး ကွာရန်တင်းမဝင်ဘဲ ဆိုင်ကယ်တစ်စီးကိုခိုးယူထွက်ပြေး
ရန်ကုန်ပြန်အမျိုးသားတစ်ဦး ကွာရန်တင်းမဝင်ဘဲ ဆိုင်ကယ်တစ်စီးကိုခိုးယူထွက်ပြေး နေပြည်တော်၊ စက်တင်ဘာ ၁၆-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့ ကွာရန်တင်းစင်တာတစ်ခုမှာ စောင့်ကြည့်မှုခံယူနေတဲ့ အမျိုးသားတစ်ဦးဟာ ဆိုင်ကယ်တစ်စင်းကို ခိုးယူထွက်ပြေးသွားတဲ့ဖြစ်စဉ် စက်တင်ဘာ ၁၄ရက်နေ့ညပိုင်းကဖြစ်ပွားခဲ့တယ်လို့ ကေတုမတီမြို့သစ်နယ်မြေရဲစခန်းကနေ သိရ ပါတယ်။ ထွက်ပြေးသွားတဲ့ အမျိုးသားကို မနေ့ စက်တင်ဘာ ၁၅ ရက်နေ့ ညနေပိုင်းက တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်၊ ဂျပန်လမ်း၊ စစ်ဆေးရေးဂိတ်မှာပြန်လည်ဖမ်းမိခဲ့တယ်လို့လည်းသိရပါတယ်။ ” သူက ညဆိုင်ကယ်တစ်စင်းနဲ့မသင်္ကာလို့ စစ်ေဆးရာက ဆိုင်ကယ်ခိုးယူလာခဲ့တဲ့အပြင် ၊ Q်မဝင်ဘဲ တိမ်းရှောင်လာတာပေါ်ပေါက်ခဲ့တာပါ။ လက်တလော သူ့ကို ကျွဲပွဲစောင့်ကြည့်စခန်းကို ပြန်ပို့ဖို့လုပ်နေတယ်။ အမှုဖွင့်ဖို့ဘာဖို့ လက်တလောမလုပ်သေးဘူး” လို့ ကေတုမတီမြို့သစ်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် သန်းဝင်းလှိုင်က ပြောပါတယ်။ အဲ့ဒီ အမျိုးသားဟာ အသက် ၄၇နှစ်အရွယ် ကိုသန်းလွင်ဆိုသူဖြစ်ပြီး စက်တင်ဘာ ၁၄ ရက်နေ့က အုတ်တွင်းမြို့နယ်၊…
Read More၂၀၂၀ ရွေးကောက်ပွဲ အထူးရဲလျှောက်ထားသူတချို့ ကိုဗစ်-၁၉ ရောဂါကြောင့် သင်တန်းတက်ရောကဖို့ကြောက်ရွံ့နေ
၂၀၂၀ ရွေးကောက်ပွဲ အထူးရဲလျှောက်ထားသူတချို့ ကိုဗစ်-၁၉ ရောဂါကြောင့် သင်တန်းတက်ရောကဖို့ကြောက်ရွံ့နေ မုံရွာ ၊ စက်တင်ဘာ ၁၆ – ၂၀၂၀ ကိုတိုးကြီး (VOM) ကိုဗစ် – ၁၉ ရောဂါ ပိုးတွေ့လူနာတွေ တနေ့တခြား များပြားလာတဲ့အတွက် ၂၀၂၀ ရွေးကောက်ပွဲ မဲရုံလုံခြုံရေးတာဝန်ကို အနီးကပ်တာဝန်ယူဖို့ အထူးရဲ Special Police လျှောက်ထားသူ အများစုဟာလည်း ရောဂါပိုး ကူးဆက်ပြန့်ပွားလာနိုင်တာကြောင့် အထူးရဲသင်တန်းတက်ရောက်ရမှာကို ကြောက်ရွံ့နေတယ်လို့ သိရပါတယ်။ “ အထူးရဲလုပ်ကိုင်ရမှာကို နှစ်သက်တယ် ၊ ၂၀၁၅ မှာလည်း လုပ်ခဲ့ပြီးပြီ ၊ ဝါသနာအရမို့ ဘာမှ အခက်အခဲမရှိပေမယ့် ဒီနှစ် (၂၀၂၀)မှာက ကိုဗစ် ၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာတွေက တနေ့ထက် တနေ့ များလာတော့ လူစုလူဝေနဲ့ တက်ရောက်ရမယ့် အထူးရဲသင်တန်း တက်ရမှာကို ကြောက်တော့…
Read Moreတနင်္သာရီတိုင်းကနေ ဘယ်ပါတီက ကိုယ်စားလှယ်လောင်း ဘယ်လောက်ပြိုင်မလဲ
တနင်္သာရီတိုင်းကနေ ဘယ်ပါတီက ကိုယ်စားလှယ်လောင်း ဘယ်လောက်ပြိုင်မလဲ Voice Of Myanmar တနင်္သာရီတိုင်းမှာရှိတဲ့ မဲဆန္ဒနယ် ၁၀ ခုလုံးမှာ အင်အားအပြည့်ပြိုင်မယ့် ပါတီတွေကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီတို့ဖြစ်ပါတယ်။ လွှတ်တော် ၃ ခုစလုံးအတွက် နေရာရှိသမျှ ၄၃နေရာစလုံး ယှဉ်ပြိုင်ကြမှာပါ။ ဒီပါတီကြီးတွေအပြင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့ပါတီ၊ ကရင်ပြည်သူ့ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီ၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ စတဲ့ ပါတီ ၁၄ခုနဲ့ တသီပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၅ ဦးအပါအဝင် ကိုယ်စားလှယ်လောင်း ၂၆၉ ဦးယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ တနင်္သာရီတိုင်းမှာ လူဦးရေ ၁၄ သိန်းကျော်ရှိပြီး မဲပေးခွင့်ရှိသူပေါင်း ၁၁ သိန်းကျော်ရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်စာရင်းတွေအရသိရပါတယ်။ #voiceofmyanmar #VOM #ပြည်နယ်တိုင်းလွှတ်တော်ကိုယ်စားလှယ်လောင်းများ #zawgyi တနင်္သာရီတိုင်းကနေ ဘယ်ပါတီက ကိုယ်စားလှယ်လောင်း ဘယ်လောက်ပြိုင်မလဲ Voice…
Read Moreရခိုင်မှာဖြစ်ပေါ်နေတဲ့ မတရားမှုတွေနဲ့ ပတ်သက်ပြီး အနက်ရောင်အလံထောင်ပြီး ကမ်ပိန်းပြုလုပ်
ရခိုင်မှာဖြစ်ပေါ်နေတဲ့ မတရားမှုတွေနဲ့ ပတ်သက်ပြီး အနက်ရောင်အလံထောင်ပြီး ကမ်ပိန်းပြုလုပ် စစ်တွေ၊ စက်တင်ဘာ ၁၆- ၂၀၂၀ ထက်အောင်စိုင်း(VOM) ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်ကျောင်းသားသမဂ္ဂက မနေ့ စက်တင်ဘာ ၁၅ ရက်နေ့ကစပြီး တက္ကသိုလ်ကျောင်းတွေနဲ့ သမဂ္ဂရုံးခန်းတွေမှာ အလံနက်ချိတ်ဆွဲကာ အနက်ရောင်ကမ်ပိန်းပြုလုပ်ကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့က ကျောက်တော်မြို့နယ်က ကျေးရွာ (၂) ရွာမီးရှို့ခံရမှု၊ စက်တင်ဘာလ ၈ ရက်နေ့က မြေပုံမြို့နယ် ညောင်ကန်ရွာမှာ လက်နက်ကြီးကျပြီး အစိုးရဝန်ထမ်းကျောင်းဆရာမနဲ့ သမီးကလေးငယ်တစ်ဦးအပါအဝင် ၄ ဦးသေးဆုံးပြီး တက္ကသိုလ်ကျောင်းသူတစ်ဦးအပါအဝင် (၈) ဦးဒဏ်ရာရရှိတဲ့ ဖြစ်စဉ်တွေကို ရှုတ်ချတဲ့အနေနဲ့ အခုလို ကမ်ပိန်းပြုလုပ်ရတာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် စက်တင်ဘာလ ၉ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရရုံးရှေ့မှာ အစိုးရအဖွဲ့ကို အယုံကြည်မရှိကြောင်း ဆန္ဒပြကြတဲ့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂက ကျောင်းသား (၃)…
Read Moreပါတီမိတ်ဆက် (ခေတ်သစ်ပြည်သူ့ပါတီ)
ပါတီမိတ်ဆက် (ခေတ်သစ်ပြည်သူ့ပါတီ) မန္တလေး၊ စက်တင်ဘာ ၁၆-၂၀၂၀ လဲ့လဲ့ဝင်း(VOM) ခေတ်သစ်ပြည်သူ့ပါတီက ၁၉၈၈ခုနစ်အရေးအခင်းမှ ပေါ်လာတဲ့ပါတီမဟုတ်ပါ။ လွတ်လပ်ရေးဝင် နိုင်ငံခေါင်းဆောင်ကြီးတွေ၊ နိုင်ငံရေးမျိုးဆက်တွေကနေ ပေါ်ပေါက်လာတဲ့ပါတီဖြစ်ပါတယ်။ လာမယ့်၂၀၂၀နိုဝင်ဘာလ၈ရက်နေ့ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် ခေတ်သစ်ပြည်သူ့ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်ဆောင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော် ကို VOMသတင်းထောက် လဲ့လဲ့ဝင်းက မေးမြန်းထားတာဖြစ်ပါတယ်။ VOM – ပါတီအနေနဲ့ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ။ ဦးထွန်းအောင်ကျော်- ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်စုစုပေါင်း၄ယောက်ရှိပါတယ်။ ပြည်သူလွှတ်တော်၁ယောက်၊ တိုင်းဒေသကြီးလွှတ်တော်၃ယောက်။ VOM – ပါတီရဲ့ ကတိကဝတ်ကဘာတွေဖြစ်မလဲ။ ဦးထွန်းအောင်ကျော်- ခေတ်သစ်ပြည်သူ့ပါတီရဲ့ ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးက သုံးလွန်းတင်ဒီမိုကရေစီထူထောင်ရေး (၁)တည်ငြိမ်အေးချမ်းရေး (၂) ဒီမိုကရေစီရေး (၃)လူတွေရဲ့စီးပွားရေး ကုန်ထုတ်စွမ်းအားခေတ်မီဖွံ့ဖြိုးတိုးတက်ရေးသည်သုံးခုအားလုံးလိုအပ်သလိုပြင်ဆင် ကြိုးပမ်းသွားမယ်။ နိုင်ငံရေးမူဝါဒကိုပြောရမယ်ဆိုရင် ပါတီကပြည်သူတွေရဲ့ နိုင်ငံရေးလွတ်လပ်မှု ကို အာမခံချက်ပေးနိုင်တဲ့ပါတီစုံ ဒီမိုကရေစီနိုင်ငံရေးစနစ်ကိုသုံးမယ် ။ပါတီစုဒီမိုကရေစီနိုင်ငံရေး စနစ်ရှင်သန်ဖို့အတွက် လူမှုသိပ္ပံတရား(၄)ပါးကတော့ (၁)ပြည်သူတွေမပါရင်ဘာမှမလုပ်နိုင်။(၂) လူထုရွေးကောက်ပွဲတွေမလုပ်ရင်ဘာမှမလုပ်နိုင်။(၃)…
Read More