နေပြည်တော်အခြေစိုက် သတင်းထောက် ၁ ဦးမှာ ကိုဗစ်ရောဂါပိုးကူးစက်ခံရ နေပြည်တော်၊ စက်တင်ဘာ ၁၂-၂၀၂၀ ကိုလတ် (VOM) ပြည်တွင်းထုတ် ဂျာနယ်တစ်စောင်က နေပြည်တော်သတင်းထောက် ၁ ဦးမှာ ကိုဗစ်ပိုးကူးစက်ခံရတယ်လို့ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးဌာနကနေ သိရပါတယ်။ “တစ်ယောက်တော့ တွေ့ပါတယ် ခင်ဗျ။ ကာယံကံရှင်ရဲ့ ကိုယ်ရေးအချက်အလက်ကိုတော့ ပြောခွင့်မရှိပါဘူး။ မီဒီယာသမားထဲက တစ်ဦး ပိုးတွေ့လို့ ကျွန်တော်တို့ ဆေးရုံတင်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ကုတင် ၁၀၀၀ ကို တင်မှာပါ”လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန(နေပြည်တော်)မှ တိုင်းဦးစီးဌာနမှူး ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့က နေပြည်တော်မှာရှိတဲ့ သမ္မတအိမ်တော်မှာ သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့ပြီး အဲ့ဒီနေ့က လာရောက်ခဲ့တဲ့ အရာရှိတစ်ဦးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာကြောင့် တက်ရောက်သတင်းယူခဲ့တဲ့ သတင်းထောက်တွေကိုလဲ Swab နမူနာယူ စစ်ဆေးတာတွေ ပြုလုပ်ခဲ့ပါတယ်။ “Swab ယူရတာကတော့ နေပြည်တော်မှာ…
Read MoreMonth: September 2020
ပါတီမိတ်ဆက် (လီဆူတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ)
ပါတီမိတ်ဆက် (လီဆူတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ) စက်တင်ဘာ ၁၂-၂၀၂၀ ရန်အောင်ထွန်း(VOM) နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကချင်ပြည်နယ်က လီဆူတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် လီဆူတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးရွှေမင်း (ခ) ဆီဖာလာလူး ကို VOM သတင်းထောက် ကိုရန်အောင်ထွန်းက တွေ့ဆုံမေးမြန်းထားပါတယ်။ VOM – ပါတီရဲ့ မူဝါဒက ဘယ်လိုလဲ သိပါရစေ ဦးရွှေမင်း – လီဆူအမျိုးသားကို အခြေခံပြီးတော့ ပြည်သူတစ်ရပ်လုံးရဲ့ အကျိုးစိးပွားကို ဖွံ့ဖြိုးအောင် ကြိုးပမ်းဆောင်ရွက်မယ်ဆိုတာဖြစ်ပါတယ်။ VOM – ရွေးကောက်ပွဲ ကတိကဝတ်တွေကရော ဘာတွေလဲ ဦးရွှေမင်း – အဓိကကတော့ ဖက်ဒရယ်ဒီမိုကရေစီကို သွားမယ်လို့ အားလုံးသဘောတူပြီးတော့ စတင်လျှောက်လှမ်းနေတဲ့ အချိန်ကာလလို့ ပြောလို့ရနေပြီ၊ အဲ့ဒီအခါမှာ ကျွန်တော်တု့ိရဲ့ အခြေခံမူဖြစ်တဲ့ တန်းတူရေးနဲ့ သွားရမှာဖြစ်တယ်။…
Read Moreကိုဗစ်ကာလ စစ်ရှောင်စခန်းတွေရဲ့ စားဝတ်နေရေးအခက်အခဲ နိုင်ငံတော်အတိုင်ပင်ခံကို စာပို့မယ်
ကိုဗစ်ကာလ စစ်ရှောင်စခန်းတွေရဲ့ စားဝတ်နေရေးအခက်အခဲ နိုင်ငံတော်အတိုင်ပင်ခံကို စာပို့မယ် စစ်တွေ၊ စက်တင်ဘာ ၁၁- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်အတွင်းမှာ ကိုဗစ်ရောဂါကူးစက်မှုမြှင့်တက်လာတာနဲ့အတူ တစ်ဖက်မှာလည်း ပြည်နယ်တွင်း စစ်ရေးပဋိပက္ခတွေကြောင့် စစ်ရှောင်တွေရဲ့ စားဝတ်ရေးဟာလည်း ကိုဗစ်ကာလအတွင်းမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်လာရတာကြောင့် အဲ့ဒီအခက်အခဲတွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သက်ဆိုင်ရာဌာနတွေဆီကို စာပို့သွားမှာဖြစ်တယ်လို့ သိရပါတယ်။ စစ်ရှောင်စခန်းပေါင်း ၂၂ ခုက သံဃာတွေနဲ့ စခန်းတာဝန်ခံတွေဟာ မနေ့ စက်တင်ဘာ ၁၁ရက်နေ့ နေ့လယ်ပိုင်းက ဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ စစ်ဘေးရှောင်တွေရဲ့ အခြေခံစားဝတ်နေရေး အခက်အခဲတွေအပြင် အပါအဝင် (၅) ချက်ကို အဓိကထည့်သွင်း ဆွေးနွေးခဲ့ကြပြီး အဲ့ဒီအခက်အခဲတွေကို ပြည်နယ်အစိုးရ ဝန်ကြီးချုပ်ဦးညီပုဆီကို တင်ပြသွားမှာဖြစ်တဲ့အပြင် ပြည်နယ်လွှတ်တော်ဥက္ကဌ၊ လူမှုရေးဝန်ကြီးဌာနဝန်ကြီး၊ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည့်နဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနတို့ကို ပေးပို့သွားမှာဖြစ်တယ်လို့ ဆုံးဖြတ်ချက်ချခဲ့ကြတာဖြစ်ပါတယ်။ တောင်ဆိုးချက်ထဲမှာ စစ်ဘေးရှောင်တွေရဲ့ စားဝတ်နေရေး၊…
Read Moreပါတီမိတ်ဆက်-တအာင်း(ပလောင်)အမျိုးသားပါတီ
ပါတီမိတ်ဆက်-တအာင်း(ပလောင်)အမျိုးသားပါတီ မန္တလေး၊ စက်တင်ဘာ ၁၀-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့် ၂၀၂၀ နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် တအာင်း(ပလောင်) အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးမိုင်းအုဏ်းခိုင်ကို VOMသတင်းထောက် မလဲ့လဲ့ဝင်းက မေးမြန်းထားတာဖြစ်ပါတယ်။ VOM – ပါတီအနေနဲ့ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက်ရွေးချယ်ထားလဲ ဦးမိုင်းအုဏ်းခိုင် – ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်စုစုပေါင်း ၃၆ ယောက်ရှိပါတယ်။ အမျိုးသားမှာ ၆ဦး ၊ ပြည်သူ့လွှတ်တော်မှာ ၁၀ဦး၊ ပြည်နယ်အတွက် ၂၀ဦး ရွေးထားပါတယ်။ VOM – ပါတီရဲ့ ကတိကဝတ်က ဘာတွေဖြစ်မလဲ ဦးမိုင်းအုဏ်းခိုင် – လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ညီမျှခြင်း၊ ကိုယ်ချင်းစာနာခြင်း၊ အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာနှင့် ဒီမိုကရေစီအခွင့်အရေးကို အခြေခံသည့် အမျိုးသားရေးဝါဒကို ယုံကြည်လက်ခံခြင်း ဆိုတာနဲ့ ငြိမ်းချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးကို အဓိကရှေးရှုလုပ်ပါ့မယ်။ VOM- အာဏာရပါတီ၊ ပြည်ခိုင်ဖြိုး၊…
Read Moreကွာရန်တင်းဝင်တဲ့ အလုပ်သမားတွေကို ဆေးခွင့်အဖြစ်သတ်မှတ်ပြီး လူမှုဖူလုံရေး အာမခံကြေး ထောက်ပံ့မယ်
ကွာရန်တင်းဝင်တဲ့ အလုပ်သမားတွေကို ဆေးခွင့်အဖြစ်သတ်မှတ်ပြီး လူမှုဖူလုံရေး အာမခံကြေး ထောက်ပံ့မယ် ရန်ကုန်၊ စက်တင်ဘာ ၁၁-၂၀၂၀ သိင်္ဂီ (VOM) ကိုဗစ်ကာလမှာ အသွားအလာကန့်သတ်ခံရပြီး ကွာရန်တင်းဝင်နေရတဲ့အလုပ်သမားတွေကို လူမှုဖူလုံရေး အာမခံကြေးထောက်ပံ့မှာဖြစ်တဲ့အတွက် အလုပ်သမားတွေအနေနဲ့ ပြန်ည်တောင်းခံနိုင်တယ်လို့ လူမှုဖူလုံရေးအဖွဲ့ကနေ သိရပါတယ်။ လူမှုဖူလုံရေးကြေးထည့်ဝင်ထားတဲ့ အာမခံအလုပ်သမားတွေကို အာမခံငွေကြေးပြန်လည်စီစစ်ထုတ်ပေးမှာဖြစ်တဲ့အတွက် အာမခံထည့်ဝင်ကြေးကို မှတ်ပုံတင်ကာလ (၆)လနဲ့ ထည့်ဝင်ကြေးကာလ (၄)လရှိဖို့ လိုအပ်သလို ညွှန်ကြားချက်အရ ကွာရန်တင်းဝင်ရကြောင်း ထောက်ခံစာပြသဖို့လည်း လိုအပ်တယ်လို့ သိရပါတယ်။ သက်မှတ်ချက်တွေနဲ့ပြည့်စုံတဲ့ အလုပ်သမားတွေကိုတော့ လစာရဲ့ ပျမ်းမျှ ၆၀ ရာခိုင်နူန်းကို ကျန်းမာရေးအထောက်အပံ့အဖြစ် ပေးအပ်မှာဖြစ်ပါတယ်။ ” အလုပ်သမားတွေ နောက်ဆုံးထည့်ဝင်ကြေးပေးသွင်းထားတဲ့ လုပ်ခလစာအပေါ်မူတည်ပြီးတော့ ၆၀ ရာခိုင်နှုန်းကို ထုတ်ပေးနေတာဖြစ်ပါတယ်။ သူတို့ ကွာရန်တင်းဝင်နေချိန်ကို ဆေးခွင့်အဖြစ်သတ်မှတ်ပြီး ခုလိုဆောင်ရွက်ပေးတာဖြစ်ပါတယ်။ “လို့ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းနုကပြောပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါစတင်ဖြစ်ပွားချိန်ကတည်းက…
Read Moreပါတီမိတ်ဆက် (ဝံသာနုဒီမိုကရက်တစ်ပါတီ)
ပါတီမိတ်ဆက် (ဝံသာနုဒီမိုကရက်တစ်ပါတီ) မန္တလေး၊ စက်တင်ဘာ ၁၁-၂၀၂၀ ရှိုင်းအောင်(VOM) လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဝံသာနုဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးရဲမင်း ကို VOM သတင်းထောက် ကိုရှိုင်းအောင်က ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။ VOM – ပါတီအနေနဲ့ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ ဦးရဲမင်း- အောင်မြေသာဇံမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၂ ယောက်၊ မဲဆန္ဒနယ်အမှတ်( ၂ ) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ၁ ယောက် ၊ချမ်းအေးသာဇံမှာ မဲဆန္ဒနယ်အမှတ် (၁) ၊ အမှတ် ( ၂ ) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ၂ ယောက်၊ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ၅ ယောက် ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ VOM – ပါတီရဲ့…
Read Moreရန်ကုန်တိုင်းရှိ က.ည.န ရုံးဝန်ဆောင်မှုတွေ ဒီကနေ့ စတင်ရပ်နား
ရန်ကုန်တိုင်းရှိ က.ည.န ရုံးဝန်ဆောင်မှုတွေ ဒီကနေ့ စတင်ရပ်နား ရန်ကုန်၊ စက်တင်ဘာ ၁၁-၂၀၂၀ သိင်္ဂီ (VOM) လူတွေနဲ့ ထိတွေ့လုပ်ကိုင်မှုကို ရှောင်ဖို့အတွက် ရန်ကုန်တိုင်းထဲက ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးအားလုံးရဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ဒီကနေ့ စက်တင်ဘာလ ၁၁ ရက်နေ့ကစပြီး ရပ်ဆိုင်းလိုက်ပြီဖြစ်တယ်လို့ ရန်ကုန်တိုင်း က.ည.န တိုင်းဥိးစီးမှူး ဦးသိန်းထွဋ်ကပြောပါတယ်။ အခုလို ရပ်ဆိုင်းထားတဲ့ကာလမှာ မှတ်ပုံတင်ယာဉ်တွေအတွက် ရက်လွန်ဒဏ်ကြေး ၊ သက်တမ်းတိုးမော်တော်ယာဉ်၊ ယာဉ်မောင်းလိုင်စင် သက်တမ်းလွန်ဒဏ်ကြေးအပါအဝင် လုပ်ငန်းဆိုင်ရာတွေကို ဖြေလျှော့ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ “ရန်ကုန်တိုင်းမှာရှိတဲ့ ကညနရုံးတွေ ဒီနေ့စပိတ်တယ် ၊ ရန်ကုန်က အများဆုံးပဲ။ အရင်ကအွန်လိုင်းလုပ်တယ်ဆိုတာ ဖြေဖို့တို့ သက်တမ်းတိုးဖို့တို့ကို လူမများအောင်လို့ သူ့ရက်နဲ့သူ့နာရီနဲ့သူလုပ်ပေးတာပါ၊ အွန်လိုင်းကနေတော့ သက်တမ်းတိုးလို့မရသေးပါဘူး။ ရုံးထဲကို အပြင်လူဘယ်သူမှလာလို့မရဘူး။ဖြေလျှော့မှုအဖြစ် ပြည်သူတွေမနစ်နာဖို့ ရက်လွန်ဒဏ်ကြေးတွေ သက်တမ်းလွန်တဲ့ကိစ္စတွေအတွက် ဒဏ်ကြေးတွေကိုလည်း တည်ဆဲလုပ်ထုံးလုပ်နည်းတွေနဲ့အညီ သုံးသပ်စိစစ်ပြီးဖြေလျှော့ပေးမှာဖြစ်ပါတယ်။မြန်မာနိုင်ငံယာဉ်ထိန်းတပ်ဖွဲ့၊ အမြန်လမ်းရဲတပ်ဖွဲ့ကိုလည်း သက်တမ်းကုန်ဆုံးနေတဲ့ ယာဉ်တွေနဲ့ပတ်သက်လို့…
Read Moreတင်းမာနေတဲ့ နှစ်နိုင်ငံနယ်စပ်ကတပ်ဖွဲ့ဝင်တွေ အမြန်ဆုတ်ခွာဖို့ အိန္ဒိယ-တရုတ် သဘောတူ
တင်းမာနေတဲ့ နှစ်နိုင်ငံနယ်စပ်ကတပ်ဖွဲ့ဝင်တွေ အမြန်ဆုတ်ခွာဖို့ အိန္ဒိယ-တရုတ် သဘောတူ မော်စကို၊ စက်တင်ဘာ-၁၁-၂၀၂၀ မျိုးဆက် (VOM) တရုတ်နဲ့အိန္ဒိယနိုင်ငံတို့ဟာ ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ အဆင့်မြင့် သံတမန်အဆင့် အစည်းအဝေးပြုလုပ်ပြီးနောက် ဟိမဝန္တာနယ်စပ်မှာဖြစ်ပွားနေတဲ့ တင်းမာမှုတွေကိုလျှော့ချရေး၊ နှစ်ဘက်အကြား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ထူထောင်ဖို့ သဘောတူလိုက်ကြပါတယ်။ တရုတ်နိုင်ငံခြားရေးဝမ်ယီနဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိန်ရှန်ကာတို့ဟာ မော်စကိုမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး လက်ရှိနယ်စပ်အခြေအနေဟာ နှစ်ဘက်စလုံးအတွက် အကျိုးမဖြစ်ထွန်းကြောင်း၊ နှစ်ဘက်စလုံးက တပ်ဖွဲ့ဝင်တွေကို လျှင်မြန်စွာရုပ်သိမ်းရေးနဲ့ တင်းမာမှုတွေလျှော့ချရေးအပါအဝင် အချက်ငါးချက်ပါဝင်တဲ့ သဘောတူညီမှုကို ရရှိခဲ့တယ်လို့ နှစ်နိုင်ငံပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဟိမဝန္တာအနောက်ပိုင်း နယ်စပ်ဒေသမှာ အခုသီတင်းပတ်အစောပိုင်းက တရုတ်နဲ့ အိန္ဒိယ တပ်ဖွဲ့ဝင်တွေအကြား ပဋိပက္ခဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပြီးနောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ အစည်းအဝေးပြင်ပမှာ နှစ်နိုင်ငံတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးပြီး အခုလိုသဘောတူညီချက်ရရှိခဲ့တာဖြစ်ပါတယ်။ အကဲဆတ်တဲ့ နယ်စပ်ဒေသမှာ သေနတ်တွေအသုံးမပြုဖို့ အရင်အချိန်တွေကတည်းကထားရှိလာတဲ့ သဘောတူညီချက်တစ်ရပ်ကို ပဋိပက္ခဖြစ်စဉ်အတွင်း ချိုးဖောက်ကာ လေထဲကို သေနတ်ပစ်ဖောက်ခဲ့တယ်လို့…
Read MoreCOVID – 19 ရောဂါပြန့်ပွားနေမူကို ထိန်းချုပ်နိုင်ဖို့ အဝေးပြေးယာဉ်နဲ့ရထားခရီးစဉ်များ ယာယီရပ်ဆိုင်း
COVID – 19 ရောဂါပြန့်ပွားနေမူကို ထိန်းချုပ်နိုင်ဖို့ အဝေးပြေးယာဉ်နဲ့ရထားခရီးစဉ်များ ယာယီရပ်ဆိုင်း ရန်ကုန် ၊ စက်တင်ဘာ ၁၁-၂၀၂၀ ယဉ်ပပထွန်း( VOM) Covid-19 ရောဂါပြန့်ပွားနေမူကြောင့် ရန်ကုန်တိုင်းအတွင်းကပြည်သူတွေ ပြင်ပကိုခရီးသွားလာခြင်းမပြုဖို့ ထုတ်ပြန်ထားတဲ့အတွက် အဝေးပြေးခရီးသည်တင်ကားတွေ ယာယီရပ်ဆိုင်းထားပါတယ်လို ့JJ-expressယာဉ်လိုင်း မှ တာဝန်ရှိသူ ဦးမြင့်ဦးက VOM ကိုပြောပါတယ်။ ရန်ကုန်တိုင်းအတွင်း Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်အပါအဝင် မြို့နယ် ၄၄ မြို့နယ်(ကိုကိုးကျွန်းမပါ)မှာ ကျန်းမာရေးဆိုင်ရာကိစ္စနဲ့ အရေးကြီးလုပ်ဆောင်ရပ်တွေကလွဲြ့ပီး ရန်ကုန်တိုင်းပြင်ပကို ဒီကနေ့ ကနေစတင်ကာ အောက်တိုဘာ ၁ ရက်နေ့အထိ ခရီးသွားရောက်ခြင်းမပြုဖို့ တားမြစ်သတိပေးထားတယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားတာဖြစ်ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ Covid _19 ရောဂါဟာ ပြည်တွင်းကူးစက်မှု မြှင့်တက်လာတဲ့အတွက် ကာကွယ်ထိန်းချုပ်တဲ့အနေနဲ့ မန္တလေးတိုင်းကို အဝင်/အထွက်ရှိနေတဲ့ ခရီးသည်တင်ယာဉ်လိုင်းအားလုံးကိုလည်း ယာယီရပ်ဆိုင်းထားလိုက်ဖို့ စက်တင်ဘာ ၁၀…
Read Moreရခိုင်ပြည်နယ်မှာ ဒေသခံတိုင်းရင်းသားပါတီတွေထက် ပြည်ခိုင်ဖြိုးနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လက်ရည်တူယှဉ်မယ်
ရခိုင်ပြည်နယ်မှာ ဒေသခံတိုင်းရင်းသားပါတီတွေထက် ပြည်ခိုင်ဖြိုးနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လက်ရည်တူယှဉ်မယ် Voice Of Myanmar ရခိုင်ပြည်နယ်က မဲဆန္ဒနယ် ၁၇ ခုစလုံးမှာ အန်အယ်လ်ဒီနဲ့ ပြည်ခိုင်ဖြိုးက လက်ကုန်ယှဉ်ပြိုင်ကြမှာမို့ ရှိတဲ့ ၃၄ နေရာလုံး လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းတင်သွင်းထားပါတယ်။ ဒေသခံ ရခိုင်အမျိုးသားပါတီကတော့ ၃၃နေရာပဲစာရင်းတင်သွင်းထားပြီး တနိုင်ငံလုံး ကိုယ်စားလှယ်အများဆုံးလျှောက်ထားတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီကတော့ ရခိုင်ပြည်နယ်မှာ ၅၁ နေရာပဲ လျာထားထားတာကိုတွေ့ရပါတယ်။ ကျန်တဲ့ ပါတီတွေကတော့ ရခိုင့်ဦးဆောင်ပါတီ ၄၂နေရာ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ၂၆နေရာ ပြိုင်မှာဖြစ်ပြီး တခြားပါတီတွေကတော့ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ၊မြိုအမျိုးသားဒီမိုကရေစီပါတီ ၊ ခမီအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ၊ ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အရှိုချင်းအမျိုးသားပါတီ၊ ချင်းတိုင်းရင်းသားများပါတီနဲ့ တသီးပုဂ္ဂလ ၄၁ ဦး စုစုပေါင်း ကိုယ်စားလှယ် ၃၈၀ဦး ပြိုင်ကြမှာဖြစ်ပါတယ်။ လက်ရှိအနေအထားမှာ ရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒနယ် အကုန်လုံး…
Read More