မီဒီယာကောင်စီ(MPC)ဥက္ကဋ္ဌ ဦးအုန်းကြိုင်မှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံထားရ

မီဒီယာကောင်စီ(MPC)ဥက္ကဋ္ဌ ဦးအုန်းကြိုင်မှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံထားရ

ရန်ကုန်၊ အောက်တိုဘာ ၃-၂၀၂၀
သိင်္ဂီ(VOM)

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ(MPC)ဥက္ကဋ္ဌ ဦးအုန်းကြိုင်မှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံထားရတယ်လို့ MPC အတွင်းရေးမှူး ဦးကျော်စွာမင်းက အတည်ပြုပြောကြားပါတယ်။

လက်ရှိမှာတော့ MPC ဥက္ကဋ္ဌဟာ တပ်မတော် အသည်းဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေပြီး ကျန်းမာရေးကောင်းမွန်တယ်လို့ သိရပါတယ်။

“ကိုဗစ်ကူးစက်ခံရတာဟုတ်တယ်၊ တပ်မတော်အသည်းဆေးရုံကြီးမှာ ကုသမှုခံယူနေတယ်။ ဒီမနက်ဆက်သွယ်မှုအရ ကျန်းမာရေးကောင်းတယ်။ လောလောဆယ် ဒီလောက်ပဲပြောလို့ရတယ်။ အသေးစိတ်နေမကောင်းလို့ဆေးရုံတက်နေတာသိတယ်။ ဒီမနက် ကွန်ဖမ်းလုပ်ကြည့်တော့ ကူးစက်ခံရတာသိတယ်”လို့ ဦးကျော်စွာမင်းက ပြောပါတယ် ။

လက်ရှိမှာ ရွှေပြည်သာမြို့နယ်က MPCဥက္ကဋ္ဌရဲ့နေအိမ်ကို အသွားအလာကန့်သတ်ထားတယ်လို့လည်း သိရပြီး MPCဥက္ကဋ္ဌ ဦးအုန်းကြိုင်ရဲ့ သမီးဖြစ်သူမှာလည်း ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံထားရတယ်လို့ သိရပါတယ်။

MPC နဲ့ UEC ပြည်ထောင်စုရွေးကောက်ပွဲကော်မရှိတို့ပြုလုပ်မယ့် ဆွေးနွေးပွဲကိုလည်း လာမယ့် စနေနေ့ကို ပြန်လည်ချိန်းဆိုထားတယ်လို့ သိရပါတယ်။

Photo-MPC
#voiceofmyanmar #VOM #ရန်ကုန် #ကိုဗစ် #MPCဥက္ကဋ္ဌဦးအုန်းကြိုင် #ကိုဗစ်ကူးစက်ခံထားရ

Zawgyi

မီဒီယာေကာင္စီ(MPC)ဥကၠ႒ ဦးအုန္းႀကိဳင္မွာ ကိုဗစ္-၁၉ ကပ္ေရာဂါ ကူးစက္ခံထားရ

ရန္ကုန္၊ ေအာက္တိုဘာ ၃-၂၀၂၀
သိဂႌ(VOM)

ျမန္မာနိုင္ငံသတင္းမီဒီယာေကာင္စီ(MPC)ဥကၠ႒ ဦးအုန္းႀကိဳင္မွာ ကိုဗစ္-၁၉ ကပ္ေရာဂါ ကူးစက္ခံထားရတယ္လို႔ MPC အတြင္းေရးမွဴး ဦးေက်ာ္စြာမင္းက အတည္ျပဳေျပာၾကားပါတယ္။

လက္႐ွိမွာေတာ့ MPC ဥကၠ႒ဟာ တပ္မေတာ္ အသည္းေဆး႐ုံႀကီးမွာ ေဆးကုသမႈခံယူေနၿပီး က်န္းမာေရးေကာင္းမြန္တယ္လို႔ သိရပါတယ္။

“ကိုဗစ္ကူးစက္ခံရတာဟုတ္တယ္၊ တပ္မေတာ္အသည္းေဆး႐ုံႀကီးမွာ ကုသမႈခံယူေနတယ္။ ဒီမနက္ဆက္သြယ္မႈအရ က်န္းမာေရးေကာင္းတယ္။​ ေလာေလာဆယ္ ဒီေလာက္ပဲေျပာလို႔ရတယ္။ အေသးစိတ္ေနမေကာင္းလို ႔ေဆး႐ုံတက္ေနတာသိတယ္။ ဒီမနက္ ကြန္ဖမ္းလုပ္ၾကည့္ေတာ့ ကူးစက္ခံရတာသိတယ္”လို႔ ဦးေက်ာ္စြာမင္းက ေျပာပါတယ္ ။

လက္႐ွိမွာ ေရႊျပည္သာၿမိဳ႕နယ္က MPCဥကၠ႒ရဲ႔ေနအိမ္ကို အသြားအလာကန္႔သတ္ထားတယ္လို႔လည္း သိရၿပီး MPCဥကၠ႒ ဦးအုန္းႀကိဳင္ရဲ႔ သမီးျဖစ္သူမွာလည္း ကိုဗစ္-၁၉ေရာဂါပိုးကူးစက္ခံထားရတယ္လို႔ သိရပါတယ္။

MPC နဲ႔ UEC ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မ႐ွိတို႔ျပဳလုပ္မယ့္ ေဆြးေႏြးပြဲကိုလည္း လာမယ့္ စေနေန႔ကို ျပန္လည္ခ်ိန္းဆိုထားတယ္လို႔ သိရပါတယ္။

Photo-MPC
#voiceofmyanmar #VOM #ရန္ကုန္ #ကိုဗစ္ #MPCဥကၠ႒ဦးအုန္းႀကိဳင္ #ကိုဗစ္ကူးစက္ခံထားရ

Related posts

Leave a Comment

VOM News

FREE
VIEW