စစ်ကိုင်းမှာ ကုန်တင်ယာဉ်မောင်းသူ ၁၇၀နီးပါး ကိုဗစ်ရောဂါပိုးစစ်ဆေးပြီးနောက် ယာဉ်မောင်း၁ဦးမှာ ကိုဗစ်ပိုးတွေ့

စစ်ကိုင်းမှာ ကုန်တင်ယာဉ်မောင်းသူ ၁၇၀နီးပါး ကိုဗစ်ရောဂါပိုးစစ်ဆေးပြီးနောက် ယာဉ်မောင်း၁ဦးမှာ ကိုဗစ်ပိုးတွေ့

စစ်ကိုင်း အောက်တိုဘာ ၅ -၂၀၂၀
မောင်တာရာ (VOM)

စစ်ကိုင်းမြို့၊ ပါရမီရပ်ရှိ နှစ် (၇၀၀)ဘောလုံးကွင်းထဲမှာ ဒီကနေ့မနက်ပိုင်းက ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် ၁၆၅ ဦးကို COVID -19ရောဂါပိုး စစ်ဆေးပြီးနောက် ယာဉ်မောင်းတစ်ဦးမှာ COVID -19 ရောဂါပိုး တွေ့ရှိခဲ့ပါတယ်။

COVID -19 ရောဂါပိုးတွေ့သူဟာ မန္တလေး-ကောလင်း ပြေးဆွဲနေတဲ့ ကောလင်းမြို့နေ အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး သူ့ရဲ့ယာဉ်နောက်လိုက်မှာတော့ COVID -19 ရောဂါပိုးတွေ့ရှိရခြင်း မရှိခဲ့ဘူးလို့ စစ်ကိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းက ပြောပါတယ်။

”ကုန်တင် ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို သက်ဆိုင်ရာ ရပ်ကွက်ထောက်ခံချက်ယူပြီး နှစ် ၇၀၀ ကွင်းမှာ ကျန်းမာရေးဦးစီးဌာနက Test Kit စမ်းသပ်ကိရိယာ နဲ့ စစ်ဆေးပေးပါတယ်။ ဒီနေ့ စုစုပေါင်း ၁၆၅ ဦး စစ်တဲ့အခါမှာ တစ်ဦးမှာ ပိုးတွေ့ပါတယ်။ အဲ့ဒီတစ်ဦးက စစ်ကိုင်းက မဟုတ်ပါဘူး၊ ကောလင်း -မန္တလေး ကားမောင်းနေတဲ့ ကုန်ကားမောင်းတဲ့ ယာဉ်မောင်းတစ်ဦးပါ၊ သူ့ယာဉ်နောက်လိုက်က မတွေ့ပါဘူး”လို့ ဦးကျော်ခိုင်ထွန်းကပြောပါတယ်။

ကိုဗစ်ပိုးတွေ့တဲ့ ကုန်တင်ယာဉ်မောင်းဟာ မန္တလေးမြို့ကို ကုန်ပစ္စည်းပို့ဖို့ ကိုဗစ်ရောဂါပိုးကင်းစင်ကြောင်း ထောက်ခံစာလိုအပ်တဲ့အတွက် စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ထောက်ခံချက်နဲ့ နှစ် ၇၀၀ ကွင်းအတွင်း လာရောက်အစစ်ဆေးခံရာမှာ ရောဂါးပိုးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

” သူ့ရဲ့ ကောလင်းက အုံနာနဲ့ ရွှေမင်းဝံရပ်က ကားအုံနာတစ်ယောက်နဲ့က ခင်နေတော့ သူကို့ရပ်ကွက်ထောက်ခံစာလေးလုပ်ပေးဖို့ ရွှေမင်းဝံက ကားအုံနာဆီကို ဖုန်းနဲ့ပြောတဲ့အတွက် ရွှေမင်းဝံရပ်ကွက်အုံနာက ထောက်ခံစာယူပေးတာပေါ့ ။ အဲ့ဒီထောက်ခံစာနဲ့ သူက နှစ် ၇၀၀ ကွင်းမှာ အစစ်ခံတာဖြစ်ပါတယ်၊ စစ်လိုက်တဲ့အခါမှာ ပိုးတွေ့တဲ့အတွက် အခု စစ်ကိုင်းဆေးရုံကို ပို့ထားပါတယ်”လို့ ဦးကျော်ခိုင်ထွန်းက ပြောပါတယ်။

ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို COVID -19 ရောဂါပိုးရှိ၊မရှိ စစ်ဆေးတာတွေ ခေတ္တရပ်နားထားပြီး အောက်တိုဘာ ၆ ရက်နေ့မှာ ဆက်လက်စစ်ဆေးပေးသွားမှာဖြစ်တဲ့အပြင် အခု COVID 19 ရောဂါပိုးတွေ့ခဲ့တဲ့လူနာကိုလည်း စစ်ဆေးမှုတွေထပ်လုပ်သွားမယ်လို့ စစ်ကိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာသော်တာထက်က ပြောပါတယ်။

အောက်တိုဘာလ ၄ ရက်နေ့ကစတင်ပြီး စစ်ကိုင်းတိုင်းအတွင်း ဝင်ထွက်သွားလာမယ့် ကုန်တင်ယာဉ်တွေရဲ့ ယာဉ်မောင်း၊ယာဉ်နောက်လိုက်တွေကို COVID-19ရောဂါကင်းစင်ကြောင်း ထောက်ခံစာပါရှိမှသာ ဝင်ထွက်သွားလာခွင့်ပြုတော့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း #ကိုဗစ် #ယာဉ်မောင်းပိုးတွေ့

Zawgyi

စစ္ကုိင္းမွာ ကုန္တင္ယာဥ္ေမာင္းသူ ၁၇၀နီးပါး ကိုဗစ္ေရာဂါပိုးစစ္ေဆးျပီးေနာက္ ယာဥ္ေမာင္း၁ဦးမွာ ကုိဗစ္ပုိးေတြ႕

စစ္ကုိင္း ေအာက္တုိဘာ ၅ -၂၀၂၀
ေမာင္တာရာ (VOM)

စစ္ကုိင္းၿမဳိ႕၊ ပါရမီရပ္ရွိ ႏွစ္ (၇၀၀)ေဘာလုံးကြင္းထဲမွာ ဒီကေန႔မနက္ပုိင္းက ကုန္တင္ယာဥ္ေမာင္းနဲ႔ ယာဥ္ေနာက္လုိက္ ၁၆၅ ဦးကုိ COVID -19ေရာဂါပိုး စစ္ေဆးျပီးေနာက္ ယာဥ္ေမာင္းတစ္ဦးမွာ COVID -19 ေရာဂါပုိး ေတြ႕ရွိခဲ့ပါတယ္။

COVID -19 ေရာဂါပုိးေတြ႔သူဟာ မႏၲေလး-ေကာလင္း ေျပးဆြဲေနတဲ့ ေကာလင္းၿမဳိ႕ေန အသက္ ၃၇ ႏွစ္အရြယ္ အမ်ုိးသားတစ္ဦးၿဖစ္ၿပီး သူ႔ရဲ႔ယာဥ္ေနာက္လုိက္မွာေတာ့ COVID -19 ေရာဂါပုိးေတြ႕ရွိရၿခင္း မရွိခဲ့ဘူးလုိ႔ စစ္ကုိင္းၿမဳိ႕နယ္ အေထြေထြအုပ္ခ်ုပ္ေရးမွဴး ဦးေက်ာ္ခုိင္ထြန္းက ေျပာပါတယ္။

”ကုန္တင္ ယာဥ္ေမာင္းနဲ့ ယာဥ္ေနာက္လုိက္ေတြကုိ သက္ဆုိင္ရာ ရပ္ကြက္ေထာက္ခံခ်က္ယူၿပီး ႏွစ္ ၇၀၀ ကြင္းမွာ က်န္းမာေရးဦးစီးဌာနက Test Kit စမ္းသပ္ကိရိယာ နဲ့ စစ္ေဆးေပးပါတယ္။ ဒီေန႔ စုစုေပါင္း ၁၆၅ ဦး စစ္တဲ့အခါမွာ တစ္ဦးမွာ ပုိးေတြ့ပါတယ္။ အဲ့ဒီတစ္ဦးက စစ္ကုိင္းက မဟုတ္ပါဘူး၊ ေကာလင္း -မႏၲေလး ကားေမာင္းေနတဲ့ ကုန္ကားေမာင္းတဲ့ ယာဥ္ေမာင္းတစ္ဦးပါ၊ သူ႕ယာဥ္ေနာက္လုိက္က မေတြ႕ပါဘူး”လုိ့ ဦးေက်ာ္ခိုင္ထြန္းကေျပာပါတယ္။

ကိုဗစ္ပုိးေတြ႕တဲ့ ကုန္တင္ယာဥ္ေမာင္းဟာ မႏၲေလးၿမဳိ႕ကုိ ကုန္ပစၥည္းပို႔ဖို႔ ကုိဗစ္ေရာဂါပုိးကင္းစင္ေၾကာင္း ေထာက္ခံစာလုိအပ္တဲ့အတြက္ စစ္ကိုင္းၿမိဳ့၊ ေရႊမင္းဝံရပ္ကြက္အုပ္ခ်ဳပ္ေရးမွူး႐ုံး ေထာက္ခံခ်က္နဲ့ ႏွစ္ ၇၀၀ ကြင္းအတြင္း လာေရာက္အစစ္ေဆးခံရာမွာ ေရာဂါးပုိးေတြ႔ရွိခဲ့တာ ၿဖစ္ပါတယ္။

” သူ႔ရဲ့ ေကာလင္းက အုံနာနဲ့ ေရႊမင္းဝံရပ္က ကားအုံနာတစ္ေယာက္နဲ့က ခင္ေနေတာ့ သူကုိ့ရပ္ကြက္ေထာက္ခံစာေလးလုပ္ေပးဖုိ့ ေရႊမင္းဝံက ကားအုံနာဆီကုိ ဖုန္းနဲ့ေျပာတဲ့အတြက္ ေရႊမင္းဝံရပ္ကြက္အုံနာက ေထာက္ခံစာယူေပးတာေပါ့ ။ အဲ့ဒီေထာက္ခံစာနဲ့ သူက ႏွစ္ ၇၀၀ ကြင္းမွာ အစစ္ခံတာၿဖစ္ပါတယ္၊ စစ္လုိက္တဲ့အခါမွာ ပုိးေတြ့တဲ့အတြက္ အခု စစ္ကုိင္းေဆးရုံကုိ ပုိ့ထားပါတယ္”လုိ့ ဦးေက်ာ္ခုိင္ထြန္းက ေျပာပါတယ္။

ကုန္တင္ယာဥ္ေမာင္းနဲ႔ ယာဥ္ေနာက္လုိက္ေတြကို COVID -19 ေရာဂါပုိးရွိ၊မရွိ စစ္ေဆးတာေတြ ေခတၲရပ္နားထားျပီး ေအာက္တုိဘာ ၆ ရက္ေန့မွာ ဆက္လက္စစ္ေဆးေပးသြားမွာၿဖစ္တဲ့အျပင္ အခု COVID 19 ေရာဂါပိုးေတြ႔ခဲ့တဲ့လူနာကုိလည္း စစ္ေဆးမႈေတြထပ္လုပ္သြားမယ္လို႔ စစ္ကုိင္းခရုိင္ ၿပည္သူ႕က်န္းမာေရးဦးစီးဌာန ဦးစီးမွဴး ေဒါက္တာေသာ္တာထက္က ေျပာပါတယ္။

ေအာက္တုိဘာလ ၄ ရက္ေန႔ကစတင္ၿပီး စစ္ကိုင္းတိုင္းအတြင္း ဝင္ထြက္သြားလာမယ့္ ကုန္တင္ယာဥ္ေတြရဲ႕ ယာဥ္ေမာင္း၊ယာဥ္ေနာက္လုိက္ေတြကုိ COVID-19ေရာဂါကင္းစင္ေႀကာင္း ေထာက္ခံစာပါရွိမွသာ ဝင္ထြက္သြားလာခြင့္ၿပဳေတာ့တာၿဖစ္ပါတယ္။

#voiceofmyanmar #VOM #စစ္ကိုင္း #ကိုဗစ္ #ယာဥ္ေမာင္းပိုးေတြ႕

Related posts

Leave a Comment

VOM News

FREE
VIEW