NLD မဲဆွယ်စည်းရုံးရေး ယာဉ်တန်းတိမ်မှောက် ယာဉ်ပေါ်ပါ လူ ၃၂ ယောက် ပြင်းထန်ဒဏ်ရာရ

NLD မဲဆွယ်စည်းရုံးရေး ယာဉ်တန်းတိမ်မှောက် ယာဉ်ပေါ်ပါ လူ ၃၂ ယောက် ပြင်းထန်ဒဏ်ရာရ

သပိတ်ကျင်း ၊ အောက်တိုဘာ ၅-၂၀၂၀
ကိုတိုးကြီး (VOM)

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ သပိတ်ကျင်း-တကောင်းမြို့သွားတဲ့ကားလမ်း မိုင်တိုင်အမှတ် ၄၀/၂ နေရာမှာ ဒီကနေ့ နေ့လယ်ပိုင်းက ကြာညှပ်ကျေးရွာကနေ တကောင်းမြို့ကို မဲဆွယ်စည်းရုံးရေးထွက်လာခဲ့တဲ့ ထော်လာဂျီယာဉ်တစ်စီး တိမ်းမှောက်ခဲ့လို့ ယာဉ်ပေါ်ပါတဲ့ လူ ၃၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ခရမ်းစပ်ကုန်းကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ကနေ သိရပါတယ်။

” ဒဏ်ရာရှိသူ ကျား ၁၈ ယောက် ၊ မ ၁၄ ယောက် ၊ ပေါင်း ၃၂ ယောက်ဖြစ်တယ်။ ပြင်းထန်ဒဏ်ရာရရှိသူ ၆ ယောက်ကို အခုချက်ချင်း မဟာကရုဏာ လူမှုကူညီရေးအသင်းက ကား ၃ စီးနဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးကို သွားရောက်ပို့ဆောင်နေပါပြီ” လို့ ဒဏ်ရာရရှိသူတွေနေထိုင်တဲ့ ခရမ်းစပ်ကုန်းကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်ကျေးရွာမှာနေတဲ့ ကိုဇော်လတ် မောင်းနှင်လာတဲ့ ပုဇဉ်းခေါင်းအပြာရောင် ထော်လာဂျီယာဉ်ဟာ တဖက်ယာဉ်ကြောက မျက်နှာချင်းဆိုင် မောင်းလာတဲ့ ဆိုင်ကယ်ကိုတိမ်းရှောင်ရင်း လမ်းဘယ်ဘက်ဘေးကို ထိုးကျတိမ်းမှောက်သွားခဲ့တာဖြစ်ပါတယ်။

ပါတီမဲဆွယ်စည်းရုံးရေးခရီးစဉ်မှာလိုက်ပါလာပြီး ယာဉ်တိမ်းမှောက်မှုဖြစ်ခဲ့သူတွေဟာ သပိတ်ကျင်းမြို့နယ်၊ ခရမ်းစပ်ကုန်းကျေးရွာက NLD ပါတီကို ဝန်းရံထောက်ခံတဲ့ ရွာသူ၊ရွာသားတွေဖြစ်တယ်လို့ သိရပါတယ်။

Photo – မဟာကရုဏာ လူမှုကူညီရေးအဖွဲ့
#voiceofmyanmar #VOM #သပိတ်ကျင်း #NLDထောက်ခံယာဉ် #တိမ်းမှောက်

Zawgyi

NLD မဲဆြယ္စည္း႐ုံးေရး ယာဥ္တန္းတိမ္ေမွာက္ ယာဥ္ေပၚပါ လူ ၃၂ ေယာက္ ျပင္းထန္ဒဏ္ရာရ

သပိတ္က်င္း ၊ ေအာက္တိုဘာ ၅-၂၀၂၀
ကိုတိုးႀကီး (VOM)

မႏၲေလးတိုင္း၊ သပိတ္က်င္းၿမိဳ႕နယ္၊ သပိတ္က်င္း-တေကာင္းၿမိဳ႕သြားတဲ့ကားလမ္း မိုင္တိုင္အမွတ္ ၄၀/၂ ေနရာမွာ ဒီကေန႔ ေန႔လယ္ပိုင္းက ၾကာညႇပ္ေက်း႐ြာကေန တေကာင္းၿမိဳ႕ကို မဲဆြယ္စည္း႐ုံးေရးထြက္လာခဲ့တဲ့ ေထာ္လာဂ်ီယာဥ္တစ္စီး တိမ္းေမွာက္ခဲ့လို႔ ယာဥ္ေပၚပါတဲ့ လူ ၃၂ ေယာက္ ဒဏ္ရာရရွိခဲ့တယ္လို႔ ခရမ္းစပ္ကုန္းေက်း႐ြာ အုပ္ခ်ဳပ္ေရးအဖြဲ႔ကေန သိရပါတယ္။

” ဒဏ္ရာရွိသူ က်ား ၁၈ ေယာက္ ၊ မ ၁၄ ေယာက္ ၊ ေပါင္း ၃၂ ေယာက္ျဖစ္တယ္။ ျပင္းထန္ဒဏ္ရာရရွိသူ ၆ ေယာက္ကို အခုခ်က္ခ်င္း မဟာက႐ုဏာ လူမႈကူညီေရးအသင္းက ကား ၃ စီးနဲ႔ မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးကို သြားေရာက္ပို႔ေဆာင္ေနပါၿပီ” လို႔ ဒဏ္ရာရရွိသူေတြေနထိုင္တဲ့ ခရမ္းစပ္ကုန္းေက်း႐ြာ အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္တစ္ဦးက ေျပာပါတယ္။

သပိတ္က်င္းၿမိဳ႕နယ္၊ ၾကာညႇပ္ေက်း႐ြာမွာေနတဲ့ ကိုေဇာ္လတ္ ေမာင္းႏွင္လာတဲ့ ပုဇဥ္းေခါင္းအျပာေရာင္ ေထာ္လာဂ်ီယာဥ္ဟာ တဖက္ယာဥ္ေၾကာက မ်က္ႏွာခ်င္းဆိုင္ ေမာင္းလာတဲ့ ဆိုင္ကယ္ကိုတိမ္းေရွာင္ရင္း လမ္းဘယ္ဘက္ေဘးကို ထိုးက်တိမ္းေမွာက္သြားခဲ့တာျဖစ္ပါတယ္။

ပါတီမဲဆြယ္စည္း႐ုံးေရးခရီးစဥ္မွာလိုက္ပါလာၿပီး ယာဥ္တိမ္းေမွာက္မႈျဖစ္ခဲ့သူေတြဟာ သပိတ္က်င္းၿမိဳ႕နယ္၊ ခရမ္းစပ္ကုန္းေက်း႐ြာက NLD ပါတီကိို ဝန္းရံေထာက္ခံတဲ့ ႐ြာသူ၊႐ြာသားေတြျဖစ္တယ္လို႔ သိရပါတယ္။

Photo – မဟာက႐ုဏာ လူမႈကူညီေရးအဖြဲ႕
#voiceofmyanmar #VOM #သပိတ္က်င္း #NLDေထာက္ခံယာဥ္ #တိမ္းေမွာက္

Related posts

Leave a Comment

VOM News

FREE
VIEW