ချင်းတိုင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းတွေနဲ့အဖွဲ့ မင်းတပ်မှာ ကွာရန်တင်းဝင်တာ ရက်ပြည့်ပေမယ့် ထွက်ခွင့်မရလို့ မဲဆွယ်ခွင့်ဆုံးရှုံးနေ အောက်တိုဘာ- ၈- ၂၀၂၀ ရှိုင်းအောင်(VOM) ချင်းပြည်နယ်၊ မင်းတပ်မြို့ကနေ ကိုယ်စားပြုပြီး ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေနဲ့ ပါတီစည်းရုံးရေးမှူး၊ ပါတီဝင်တွေဟာ မင်းတပ်မြို့က Quarantine Center မှာ Q ဝင်ရက်ပြည့်ပေမယ့်လို့ ကျော်နေပေမယ့် ပြန်မရတာကြောင့် မင်းတပ်မြို့မှာမဲဆွယ်စည်းရုံးဖို့ အခက်တွေ့နေကြပါတယ်။ Q ဝင်နေရတဲ့၊ CNLD ရဲ့ မင်းတပ်မဲဆန္ဒနယ် အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမနားကီးက VOM ပြောပြတာက “ အခက်အခဲတွေကတော့ ကျန်တဲ့ပါတီက ကိုယ်စားလှယ်လောင်းတွေက မဲဆွယ်စည်းရုံးရေးတွေလုပ်နေကြပြီလေ ကျနော်တို့ CNLD အနေနဲ့ မင်းတပ်မြို့မှာ မဲဆွယ်စည်းရုံးခွင့်မရှိဘူးဖြစ်သွားတယ်ပေါ့၊ ဒါကျတော်တို့အတွက် ပထမဦးဆုံးကြုံရတဲ့အခက်အခဲပါ၊ ဒီကနေပြန်ထွက်ပြီးတော့ မဲပြန်ဆွယ်မယ်ဆိုရင်လည်း Negative ပြပြ ဘယ်လိုပြပြပေါ့၊ ပြည်သူတွေက…
Read MoreDay: October 8, 2020
နေပြည်တော်မှာ PPPပါတီက လူစုလူဝေးနဲ့လှည့်လည်အင်းအားပြ
နေပြည်တော်မှာ PPPပါတီက လူစုလူဝေးနဲ့လှည့်လည်အင်းအားပြ နေပြည်တော်၊ အောက်တိုဘာ ၈-၂၀၂၀ ကိုလတ် (VOM) နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရဲ့ ရပ်ကွက် ကျေးရွာအချို့မှာ PPP ပါတီဟာ ဒီကနေ့ အောက်တိုဘာ ၈ ရက် မနက်ပိုင်းက လူအင်အား ၂၀၀ ခန့်၊ ကားအစီးရေ ၆၀ ခန့်နဲ့ အင်အားပြလှည့်လည်ခဲ့ကြပါတယ်။ နယ်ခံဖြစ်ပေမယ့် ကိုဗစ်ကာလကြောင့် ရွေးကောက်ပွဲမှာ ၅၀ ရာခိုင်နှုန်းလောက်ပဲ အောင်မြင်မှုရရှိနိုင်မယ်လို့ ဥတ္တရမြို့နယ် PPP ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ဖြိုးအောင်က ပြောပါတယ်။ “ကျနော့်နယ်မြေမှာ အောင်နိုင်မှုအနေနဲ့ ၅၀ – ၅၀ မှန်းထားပါတယ်ခင်ဗျ၊ ဘာလို့လဲဆိုတော့ ကိုဗစ်ကာလဖြစ်နေတော့လေ၊ အောင်နိုင်ရေး တကယ်လှုပ်လှုပ်ရှားရှားနဲ့ သွားရတာလည်းမရှိဘူး ၊ ကျန်းမာရေးက ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်နဲ့အညီ လုပ်ဆောင်ရတော့ အခက်အခဲတွေအများကြီးရှိပါတယ်။ ကျနော်က နယ်ခံလည်းဖြစ်တဲ့အတွက် ကျနော့် ရပ်ကွက်က ပြည်သူလူထု၊…
Read Moreရွေးကောက်ပွဲမဲဆွယ်စည်းရုံးခွင့်ရပြီးတဲ့ တလအတွင်း ပါတီတချို့ နှောင့်ယှက်ခံရမှုနဲ့ ဆိုင်းဘုတ်ဖျက်ဆီးခံရမှုများ
ရွေးကောက်ပွဲမဲဆွယ်စည်းရုံးခွင့်ရပြီးတဲ့ တလအတွင်း ပါတီတချို့ နှောင့်ယှက်ခံရမှုနဲ့ ဆိုင်းဘုတ်ဖျက်ဆီးခံရမှုများ အောက်တိုဘာ ၈-၂၀၂၀ ဆွေလင်းထွန်း + နေလင်း (VOM) စက်တင်ဘာ ၈ရက်ကနေ ဒီနေ့ အောက်တိုဘာ ၈ ရက်နေ့အတွင်း နိုင်ငံရေးပါတီတချို့မှာ ဆိုင်းဘုတ်တွေဖျက်ခံရသလို မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုမှာ တလအတွင်း နှောင့်ယှက်ခံရတဲ့ဖြစ်စဉ်တွေ VOM က သိရှိထားတာတော့ ၆၀ကျော် ရှိခဲ့ပေမယ့် နိုင်ငံရေးပါတီတချို့ကတော့ ဒီထက်များတယ်လို့ ဆိုကြပါတယ်။ ဗီအိုအမ်က စုဆောင်းထားတဲ့အချက်အလက်တွေအရ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ(UNDP) ၁ကြိမ်၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP) ၁ကြိမ်၊ တအာင်း(ပလောင်)အမျိုးသားပါတီ(TNP) ၄ကြိမ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) ၈ကြိမ်၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP) ၂ကြိမ်၊ပြည်သူ့ပါတီ(PP) ၄ကြိမ်၊ ရခိုင်အမျိုးသားပါတီ(ANP) ၁ကြိမ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP) ၁ကြိမ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ၁ကြိမ်၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ၄၁ကြိမ် ဆိုင်းဘုတ်ဖြုတ်ချ၊ ဖျက်စီးခံရတာကို သတင်းမီဒီယာနဲ့ ဆိုရှယ်မီဒီယာမှာတွေ့ရှိသလောက် စုဆောင်းထားတာဖြစ်ပါတယ်။ …
Read Moreအသက် ၈နှစ်အရွယ် သမီးအရင်းကို ဖခင်ဖြစ်သူက အဓမ္မပြုကျင့်
အသက် ၈နှစ်အရွယ် သမီးအရင်းကို ဖခင်ဖြစ်သူက အဓမ္မပြုကျင့် နေပြည်တော်၊အောက်တိုဘာ ၈-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ သိမ်ကန်ကျေးရွာမှာ အသက် ၈ နှစ်ကျော်အရွယ် သမီးအရင်းကို ဖခင်ဖြစ်သူက အဓမ္မပြုကျင့်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ ဝေါမြို့မရဲစခန်းကပြောပါတယ်။ အဲ့ဒီအမှုကို အခင်းဖြစ်ပြီး ၆ ရက်အကြာ မနေ့အောက်တိုဘာ ၇ ရက်နေ့က လာရောက် အမှုဖွင့်လှစ်တိုင်ကြားခဲ့တယ်လို့ဝေါမြို့မရဲစခန်းမှ စခန်းမှူး ဒု-ရဲမှူး ရဲစိုးက ပြောပါတယ်။ ” အခင်းဖြစ်တာက အောက်တိုဘာလ ၁ရက် ညနေ ၆ နာရီကျော်လောက်ကြီးဖြစ်တာ။ မိခင်က အချဉ်ဖက်သွားဝယ်နေတုန်း အိမ်မှာသမီးနဲ့ လသားအရွယ်ကလေးတစ်ယောက်နဲ့ ကျန်ခဲ့တဲ့ခင်ပွန်းက ပြုကျင့်ခဲ့တာပါ။ သမီးအရင်းပါ”လို့ ဒု-ရဲမှူး ရဲစိုးက ပြောပါတယ်။ အသက် ၃၂နှစ်အရွယ် ဇော်ထိုက် ဆိုသူဟာ အောက်တိုဘာ ၁ ရက်နေ့ ညနေပိုင်းက နေအိမ်မှာ သမီးအရင်းဖြစ်သူ အသက် ၈…
Read Moreအမှုတူ ပုဒ်မတူ ပြစ်ဒဏ်မတူသည့် တရားရုံးဆုံးဖြတ်ချက်ကို ပြည်သူများမကျေနပ်
အမှုတူ ပုဒ်မတူ ပြစ်ဒဏ်မတူသည့် တရားရုံးဆုံးဖြတ်ချက်ကို ပြည်သူများမကျေနပ် ဖားကန့်၊ အောက်တိုဘာ ၈-၂၀၂၀ ဇော်မိုးထက်(VOM) ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တရားရုံးမှာ မနေ့ အောက်တိုဘာ ၇ ရက်နေ့ညနေပိုင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေချိုးဖောက်သူတဦးကို ငွေဒဏ်နဲ့အပြစ်ပေးပြီး အမှုကိုစီရင်ခဲ့တယ်လို့ အမှုမှာပါဝင်သူတွေဆီကနေ သိရပါတယ်။ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေကို ချိုးဖောက်သူဟာ ဖားကန့်မြို့၊ အေးမြသာယာရပ်ကွက်က ဦးအားတီးဖြစ်ပြီး တရားလိုပြုလုပ်တိုင်တန်းသူက ဖားကန့်မြို့ မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်ကြီး ဖြစ်တယ်လို့ သိရပါတယ်။ ဦးအားတီကို ရာဇသတ်ကြီးပုဒ်မ-၂၉၄/၃၅၃ နဲ့ စက်တင်ဘာ (၂၀)ရက်နေ့က ဖားကန့်ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ တရားရုံးကို အမှုစွဲတင်ရာမှာ အရင်စွဲထားတဲ့ပုဒ်မတွေဟာ သဘာဝဘေးအန္တရာယ်ဆိုင် စီမံခန့်ခွဲမှုဥပဒေထဲမှာ အကျုံးဝင်နေတာကြောင့် မူလစွဲဆိုထားတဲ့ပုဒ်မတွေကိုဖြုတ်ပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ-၂၆ နဲ့ ၃၀(က) တို့နဲ့ ပြောင်းလဲစွဲဆိုခဲ့ရတယ်လို့ ဖားကန့်မြို့နယ်တရားရုံးကပြောပါတယ်။ “အမှုကို အောက်တိုဘာ ၇ရက်နေ့က ဖားကန့်မြို့နယ်တရားရုံးက…
Read Moreတရုတ်နိုင်ငံရွှေလီနဲ့ကျယ်ဂေါင်မှာ အန်အယ်လ်ဒီအောင်နိုင်ရေးလှည့်လည်သူ ၃၀၀နီးပါး ဖမ်းဆီးခံရ
Read Moreနှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ရုံးထုတ်မှာ လူစုလူဝေးမဖြစ်ဖို့ အင်တာနက်ကနေ တရားခွင်စစ်ဆေးပြီး ရုံးချိန်းပြန်လည်သတ်မှတ်
နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ရုံးထုတ်မှာ လူစုလူဝေးမဖြစ်ဖို့ အင်တာနက်ကနေ တရားခွင်စစ်ဆေးပြီး ရုံးချိန်းပြန်လည်သတ်မှတ် မန္တလေး၊ အောက်တိုဘာ – ၈ – ၂၀၂၀ ရှိုင်းအောင်(VOM) နှင်းဆီပါတီ(UDP)ရဲ့ ဥက္ကဋ္ဌဦးကျော်မြင့်ကို ဒီကနေ့ဒုတိယအကြိမ်ရုံးချိန်း ချိန်းဆိုထားပေမယ့် ရုံးထုတ်စစ်ဆေးတဲ့အခါမှာ အင်အားအများအပြားနဲ့ လာရတဲ့အတွက် လူစုလူဝေးဖြစ်ပေါ်မှာ စိုးရိမ်တာကြောင့် ချမ်းအေးသာစံမြို့နယ်တရားရုံက ZOOM Metting ဆောလ်ဝဲအသုံးပြုပြီး ရုံးချိန်းကို အောက်တိုဘာ လ ၂၀ ရက်နေ့ကို ပြန်လည်သတ်မှတ်ခဲ့တာလို့ ချမ်းအေးသာစံမြို့နယ်တရားသူကြီး ဦးကျော်မျိုးဝင်းက ပြောပါတယ်။ ” ရဲက ဆင့်စာတင်ပြထားတယ် လွန်ခဲ့တဲ့ ၁၉၉၉ မှာဖွင့်ထားတဲ့ တရားလိုနဲ့ တချို့သက်သေတွေကို မရသေးလို့ဆိုပြီး ရက်ချိန်းပေးဖို့ဆိုပြီး တင်ပြထားတယ်၊ တကယ်လို့ရုံးထုတ်မယ်ဆို လုံခြုံရေးတွေအများကြီးနဲ့ လာရမှာမို့ Video နဲ့ထုတ်လိုက်တယ် သက်သေတစ်ယောက်ရရ နှစ်ယောက်ရရ နောက်ရုံးချိန်းကျ ထုတ်မှာပါ”လို့ နှင်းဆီ(UDP) ပါတီရဲ့ ဥက္ကဋ္ဌဦးကျော်မြင့်ကို တရားခွင်မှည အင်တာနက်ကနေတစ်ဆင့်…
Read Moreသထုံမြို့က အထူးရဲသင်တန်းသားတစ်ဦးမှာ COVID-19ရောဂါပိုးတွေ့
သထုံမြို့က အထူးရဲသင်တန်းသားတစ်ဦးမှာ COVID-19ရောဂါပိုးတွေ့ နေပြည်တော် ၊အောက်တိုဘာ ၈-၂၀၂၀ ကောင်းလက်ျာ(VOM) မွန်ပြည်နယ်၊ သထုံခရိုင်ရဲတပ်ဖွဲ့ရုံးမှာ ဒီကနေ့မနက်ပိုင်းက အထူးရဲသင်တန်းသား တစ်ဦး ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ သထုံမြို့မရဲစခန်းမှ စခန်းမှူး ဒု-ရဲမှူး မောင်မောင်တင်က ပြောပါတယ်။ ” မနေ့ အောက်တိုဘာ ၇ရက်နေ့က သင်တန်းသား ၅၀ကို ကိုဗစ်ပိုးစစ်ဆေးတယ်။ အဲ့ဒီမှာ ၄၉ ယောက်က ပိုးမတွေ့ဘဲ အထူးရဲတပ်ဖွဲ့ဝင်တစ်ဦးပိုးတွေ့တာကြောင့် သူ့ကို သီးခြားခွဲပြီးဆေးကုတယ်။ ကျန်တဲ့တပ်ဖွဲ့ဝင်တွေကိုတော့ သင်တန်းဆက်ဖွင့်နေရပါတယ်”လို့ ဒု-ရဲမှူး မောင်မောင်တင်က ပြောပါတယ်။ သထုံမြို့နယ် မဲရုံတွေမှာ တာဝန်ထမ်းဆောင်ရမယ့် အထူးရဲတပ်ဖွဲ့ဝင် ၅၀ဦးကို အောက်တိုဘာ ၁ ရက်နေ့ကစတင်ပြီး သထုံခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ ရဲဇာနည်ခန်းမဆောင်မှာ အထူးရဲတပ်ဖွဲ့ဝင်တွေ လိုက်နာဆောင်ရွက်ရမယ့်လုပ်ငန်းတွေနဲ့ လုံခြုံရေးသင်တန်းကို သင်ကြားပေးနေချိန် အခုလိုရောဂါပိုးတွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။ အထူးရဲသင်တန်းတက်ရောက်နေကြတဲ့ အမျိုးသားတွေဟာ အထူးရဲသင်တန်း မစတင်မီ တစ်ပတ်အလိုကတည်းက ပြင်ပသွားလာခွင့် မပေးထားတဲ့အတွက်…
Read Moreအသံထက်ရှစ်ဆမြန်တဲ့ ခရုဇ်ဒုံးပျံကို ရုရှားနိုင်ငံက စမ်းသပ်အောင်မြင်
အသံထက်ရှစ်ဆမြန်တဲ့ ခရုဇ်ဒုံးပျံကို ရုရှားနိုင်ငံက စမ်းသပ်အောင်မြင် မော်စကို၊ အောက်တိုဘာ ၈-၂၀၂၀ မျိုးဆက် (VOM) ရုရှားနိုင်ငံဟာ အသံထက်ရှစ်ဆမြန်တဲ့ ဟိုက်ပါဆိုးနစ်ခရုဇ်ဒုံးပျံကို အောင်မြင်စွာ စမ်းသပ်ပစ်ခဲ့နိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ကြေညာလိုက်ပါတယ်။ အဲဒီဒုံးပျံကို နိုင်ငံအနောက်မြောက်ပိုင်းရှိ စစ်သင်္ဘောတစ်စင်းပေါ်မှ ဘာရန့်ပင်လယ်ရှိ ပစ်မှတ်ကိုပစ်ခတ်ခဲ့တဲ့ အချက်အလက်တွေကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၇ ရက်မှာ ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ဒုံးပျံဟာ အမြင့် ၂၈ ကီလိုမီတာကနေ အသံထက်ရှစ်ဆမြန်နှုန်းနဲ့ ၄၅၀ ကီလိုမီတာအကွာရှိ ပစ်မှတ်ကို လေးမိနစ်နဲ့ စက္ကန့်သုံးဆယ်အတွင်း အောင်မြင်စွာပစ်ခတ်နိုင်ခဲ့တယ်လို့ ရုရှားစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျီရာဆီမော့ဗ်က ပြောပါတယ်။ စမ်းသပ်မှုအောင်မြင်တာနဲ့ပတ်သက်ပြီး သမ္မတပူတင်က ချီးကျူးခဲ့ကာ ဒါဟာရုရှားစစ်ဘက်အတွက်သာမက တစ်နိုင်ငံလုံးအတွက် အရေးပါတယ်လို့ဆိုပါတယ်။ အမေရိကန်နဲ့တရုတ်နိုင်ငံတို့ကလည်း ဟိုက်ပါဆွန်းနစ်လက်နက်တွေကို တီထွင်ထုတ်လုပ်နေပြီး အဲ့ဒီလက်နက်တွေဟာ လက်ရှိလေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို ထိုးဖောက်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ အမေရိကန်ဟာ ကမ္ဘာ့အနှံ့မှာ ဒုံးပျံကာကွယ်ရေးကွန်ယက်တစ်ခုကို တည်ဆောက်နေပြီး ရုရှားကလည်း…
Read Moreပလက်ဝကိုပို့မယ့် ရိက္ခာဆန်အိတ် ၈၀၀ ကျော် တိုက်ပွဲထိတွေ့မှုတွေကြောင့် ပို့ဆောင်ဖို့ခက်ခဲနေ
ပလက်ဝကိုပို့မယ့် ရိက္ခာဆန်အိတ် ၈၀၀ ကျော် တိုက်ပွဲထိတွေ့မှုတွေကြောင့် ပို့ဆောင်ဖို့ခက်ခဲနေ ပလက်ဝ ၊ အောက်တိုဘာ ၈-၂၀၂၀ ကိုတိုးကြီး(VOM) ချင်းပြည်နယ်တောင်းပိုင်းနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းအကြားက နေရာဒေသ တော်တော်များမှာ အောက်တိုဘာလဆန်းပိုင်းကနေ တပ်မတော်နဲ့ အေအေတို့အကြား မကြာခဏ တိုက်ပွဲထိတွေ့မှု ဖြစ်နေတာကြောင့် ပလက်ဝဒေသမှာ စားသောက်ကုန်စည်တွေ ပြတ်လပ်နေတယ်လို့ သိရပါတယ်။ အဲ့ဒီ စားသောက်ကုန်စည် ပြတ်လပ်နေတာကို ချင်းပြည်နယ်အစိုးရက အချိန်မီဖြည့်စွက်ပေးဖို့အတွက် ဆန်ရိက္ခာ အိတ် ၈၅၀ ကို ပလက်ဝနဲ့ အနီးစပ်ဆုံးနေရာတခုဖြစ်တဲ့ ဆမီးမြို့ကို ပို့ဆောင်ထားပြီးဖြစ်ပါတယ်။ ဆမီးမြို့နဲ့ ပလက်ဝမြို့တွေမှာ ဒီရက်ပိုင်းအတွင်း မိုးရွာသွန်းမှုဆက်တိုက်ဖြစ်နေသလို တိုက်ပွဲတွေဖြစ်တောတွေလည်း ရှိနေတဲ့အတွက် ဆမီးမြို့က ဆန်အိတ် ၈၅၀ ဟာ အခုချိန်ထိ ပလက်ဝမြို့ကို ပို့ဆောင်ပေးနိုင်တာ မရှိသေးဘူးလို့ ဒေသခံပြည်သူတွေက ပြောပါတယ်။ ” ဒီမှာက ဆန်မရှိတော့ဘူး ၊ ဝယ်လို့လည်းမရဘူး၊…
Read More