နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ရုံးထုတ်မှာ လူစုလူဝေးမဖြစ်ဖို့ အင်တာနက်ကနေ တရားခွင်စစ်ဆေးပြီး ရုံးချိန်းပြန်လည်သတ်မှတ်

နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ရုံးထုတ်မှာ လူစုလူဝေးမဖြစ်ဖို့ အင်တာနက်ကနေ တရားခွင်စစ်ဆေးပြီး ရုံးချိန်းပြန်လည်သတ်မှတ်

မန္တလေး၊ အောက်တိုဘာ – ၈ – ၂၀၂၀
ရှိုင်းအောင်(VOM)

နှင်းဆီပါတီ(UDP)ရဲ့ ဥက္ကဋ္ဌဦးကျော်မြင့်ကို ဒီကနေ့ဒုတိယအကြိမ်ရုံးချိန်း ချိန်းဆိုထားပေမယ့် ရုံးထုတ်စစ်ဆေးတဲ့အခါမှာ အင်အားအများအပြားနဲ့ လာရတဲ့အတွက် လူစုလူဝေးဖြစ်ပေါ်မှာ စိုးရိမ်တာကြောင့် ချမ်းအေးသာစံမြို့နယ်တရားရုံက ZOOM Metting ဆောလ်ဝဲအသုံးပြုပြီး ရုံးချိန်းကို အောက်တိုဘာ လ ၂၀ ရက်နေ့ကို ပြန်လည်သတ်မှတ်ခဲ့တာလို့ ချမ်းအေးသာစံမြို့နယ်တရားသူကြီး ဦးကျော်မျိုးဝင်းက ပြောပါတယ်။

” ရဲက ဆင့်စာတင်ပြထားတယ် လွန်ခဲ့တဲ့ ၁၉၉၉ မှာဖွင့်ထားတဲ့ တရားလိုနဲ့ တချို့သက်သေတွေကို မရသေးလို့ဆိုပြီး ရက်ချိန်းပေးဖို့ဆိုပြီး တင်ပြထားတယ်၊ တကယ်လို့ရုံးထုတ်မယ်ဆို လုံခြုံရေးတွေအများကြီးနဲ့ လာရမှာမို့ Video နဲ့ထုတ်လိုက်တယ် သက်သေတစ်ယောက်ရရ နှစ်ယောက်ရရ နောက်ရုံးချိန်းကျ ထုတ်မှာပါ”လို့ နှင်းဆီ(UDP) ပါတီရဲ့ ဥက္ကဋ္ဌဦးကျော်မြင့်ကို တရားခွင်မှည အင်တာနက်ကနေတစ်ဆင့် မြို့နယ်တရားသူကြီး ဦးကျော်မျိုးဝင်းက ပြောကြားခဲ့တာဖြစ်ပါတယ်။

ရန်ကုန်မြို့၊ ပန်းလှိုင်အိမ်ယာမှာ စက်တင်ဘာ ၂၉ ရက်ညပိုင်းက ဖမ်းဆီးခဲ့တဲ့ UDP နှင်းဆီပါတီရဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ချမ်းအေးသာစံမြို့နယ်တရားရုံးမှာ ဒုတိယအကြိမ်မြောက် ရုံးထုတ်စစ်ဆေးတာ ဖြစ်ပါတယ်။

ဦးကျော်မြင့်ဟာ ၁၉၉၉ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့က အိုးဘိုထောင်မှာ အကျဥ်းကျနေတုန်း အကျဉ်း ထောင်​ပြင်ပမှာ ဆေးကုသခွင့်ရတဲ့အချိန်မှာ ထွက်ပြေးတဲ့အတွက်ပုဒ်မ၂၂၄ နဲ့ နေပြည်တော်ရဲတပ်ဖွဲ့က ဦးဆောင်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

#voiceofnyanmar #VOM #UDP #နှင်းဆီပါတီ #ဦးကျော်မြင့်

Zawgy

ႏွင္းဆီပါတီဥကၠ႒ ဦးေက်ာ္ျမင့္႐ုံးထုတ္မွာ လူစုလူေဝးမျဖစ္ဖို႔ အင္တာနက္ကေန တရားခြင္စစ္ေဆးၿပီး ႐ုံးခ်ိန္းျပန္လည္သတ္မွတ္

မႏၲေလး၊ ေအာက္တိုဘာ – ၈ – ၂၀၂၀
ရႈိင္းေအာင္(VOM)

ႏွင္းဆီပါတီ(UDP)ရဲ႕ ဥကၠ႒ဦးေက်ာ္ျမင့္ကို ဒီကေန႔ဒုတိယအႀကိမ္႐ုံးခ်ိန္း ခ်ိန္းဆိုထားေပမယ့္ ႐ုံးထုတ္စစ္ေဆးတဲ့အခါမွာ အင္အားအမ်ားအျပားနဲ႔ လာရတဲ့အတြက္ လူစုလူေဝးျဖစ္ေပၚမွာ စိုးရိမ္တာေၾကာင့္ ခ်မ္းေအးသာစံၿမိဳ႕နယ္တရား႐ုံက ZOOM Metting ေဆာလ္ဝဲအသုံးျပဳၿပီး ႐ုံးခ်ိန္းကို ေအာက္တိုဘာ လ ၂၀ ရက္ေန႔ကို ျပန္လည္သတ္မွတ္ခဲ့တာလို႔ ခ်မ္းေအးသာစံၿမိဳ႕နယ္တရားသူႀကီး ဦးေက်ာ္မ်ိဳးဝင္းက ေျပာပါတယ္။

” ရဲက ဆင့္စာတင္ျပထားတယ္ လြန္ခဲ့တဲ့ ၁၉၉၉ မွာဖြင့္ထားတဲ့ တရားလိုနဲ႔ တခ်ိဳ႕သက္ေသေတြကို မရေသးလို႔ဆိုၿပီး ရက္ခ်ိန္းေပးဖို႔ဆိုၿပီး တင္ျပထားတယ္၊ တကယ္လို႔႐ုံးထုတ္မယ္ဆို လုံၿခဳံေရးေတြအမ်ားႀကီးနဲ႔ လာရမွာမို႔ Video နဲ႔ထုတ္လိုက္တယ္ သက္ေသတစ္ေယာက္ရရ ႏွစ္ေယာက္ရရ ေနာက္႐ုံးခ်ိန္းက် ထုတ္မွာပါ”လို႔ ႏွင္းဆီ(UDP) ပါတီရဲ႕ ဥကၠ႒ဦးေက်ာ္ျမင့္ကို တရားခြင္မွည အင္တာနက္ကေနတစ္ဆင့္ ၿမိဳ႕နယ္တရားသူႀကီး ဦးေက်ာ္မ်ိဳးဝင္းက ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ရန္ကုန္ၿမိဳ႕၊ ပန္းလႈိင္အိမ္ယာမွာ စက္တင္ဘာ ၂၉ ရက္ညပိုင္းက ဖမ္းဆီးခဲ့တဲ့ UDP ႏွင္းဆီပါတီရဲ႕ဥကၠ႒ ဦးေက်ာ္ျမင့္ကို ခ်မ္းေအးသာစံၿမိဳ႕နယ္တရား႐ုံးမွာ ဒုတိယအႀကိမ္ေျမာက္ ႐ုံးထုတ္စစ္ေဆးတာ ျဖစ္ပါတယ္။

ဦးေက်ာ္ျမင့္ဟာ ၁၉၉၉ ခုႏွစ္၊ ဇန္နဝါရီလ ၁၉ ရက္ေန႔က အိုးဘိုေထာင္မွာ အက်ဥ္းက်ေနတုန္း အက်ဥ္း ေထာင္​ျပင္ပမွာ ေဆးကုသခြင့္ရတဲ့အခ်ိန္မွာ ထြက္ေျပးတဲ့အတြက္ပုဒ္မ၂၂၄ နဲ႔ ေနျပည္ေတာ္ရဲတပ္ဖြဲ႕က ဦးေဆာင္ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။

#voiceofnyanmar #VOM #UDP #ႏွင္းဆီပါတီ #ဦးေက်ာ္ျမင့္

 

Related posts

Leave a Comment

VOM News

FREE
VIEW