အသံထက်ရှစ်ဆမြန်တဲ့ ခရုဇ်ဒုံးပျံကို ရုရှားနိုင်ငံက စမ်းသပ်အောင်မြင်

အသံထက်ရှစ်ဆမြန်တဲ့ ခရုဇ်ဒုံးပျံကို ရုရှားနိုင်ငံက စမ်းသပ်အောင်မြင်

မော်စကို၊ အောက်တိုဘာ ၈-၂၀၂၀
မျိုးဆက် (VOM)

ရုရှားနိုင်ငံဟာ အသံထက်ရှစ်ဆမြန်တဲ့ ဟိုက်ပါဆိုးနစ်ခရုဇ်ဒုံးပျံကို အောင်မြင်စွာ စမ်းသပ်ပစ်ခဲ့နိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ကြေညာလိုက်ပါတယ်။

အဲဒီဒုံးပျံကို နိုင်ငံအနောက်မြောက်ပိုင်းရှိ စစ်သင်္ဘောတစ်စင်းပေါ်မှ ဘာရန့်ပင်လယ်ရှိ ပစ်မှတ်ကိုပစ်ခတ်ခဲ့တဲ့ အချက်အလက်တွေကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၇ ရက်မှာ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဒုံးပျံဟာ အမြင့် ၂၈ ကီလိုမီတာကနေ အသံထက်ရှစ်ဆမြန်နှုန်းနဲ့ ၄၅၀ ကီလိုမီတာအကွာရှိ ပစ်မှတ်ကို လေးမိနစ်နဲ့ စက္ကန့်သုံးဆယ်အတွင်း အောင်မြင်စွာပစ်ခတ်နိုင်ခဲ့တယ်လို့ ရုရှားစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျီရာဆီမော့ဗ်က ပြောပါတယ်။

စမ်းသပ်မှုအောင်မြင်တာနဲ့ပတ်သက်ပြီး သမ္မတပူတင်က ချီးကျူးခဲ့ကာ ဒါဟာရုရှားစစ်ဘက်အတွက်သာမက တစ်နိုင်ငံလုံးအတွက် အရေးပါတယ်လို့ဆိုပါတယ်။

အမေရိကန်နဲ့တရုတ်နိုင်ငံတို့ကလည်း ဟိုက်ပါဆွန်းနစ်လက်နက်တွေကို တီထွင်ထုတ်လုပ်နေပြီး အဲ့ဒီလက်နက်တွေဟာ လက်ရှိလေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို ထိုးဖောက်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။

အမေရိကန်ဟာ ကမ္ဘာ့အနှံ့မှာ ဒုံးပျံကာကွယ်ရေးကွန်ယက်တစ်ခုကို တည်ဆောက်နေပြီး ရုရှားကလည်း ဟိုက်ပါဆွန်းနစ်ဒုံးပျံစမ်းသပ်မှုနဲ့အတူ အမေရိကန်ကို ထိန်းချုပ်ဖို့ ရည်ရွယ်နေပါတယ်။

Ref: NHK
Photo:AP
#voiceofmyanmar #VOM #မော်စကို

Zawgyi

အသံထက္ရွစ္ဆျမန္တဲ႔ ခရုဇ္ဒံုးပ်ံကို ရုရွားႏိုင္ငံက စမ္းသပ္ေအာင္ျမင္

ေမာ္စကို၊ ေအာက္တိုဘာ ၈-၂၀၂၀
မ်ိဳးဆက္ (VOM)

ရုရွားနိုင္ငံဟာ အသံထက္ရွစ္ဆျမန္တဲ႔ ဟိုက္ပါဆိုးနစ္ခရုဇ္ဒံုးပ်ံကို ေအာင္ျမင္စြာ စမ္းသပ္ပစ္ခဲ႔နုိင္ခဲ႔တယ္လို႔ ရုရွားကာကြယ္ေရး၀န္ၾကီးဌာနက ထုတ္ေဖာ္ေၾကညာလိုက္ပါတယ္။

အဲဒီဒံုးပ်ံကို နိုင္ငံအေနာက္ေျမာက္ပိုင္းရိွ စစ္သေဘၤာတစ္စင္းေပၚမွ ဘာရန္႔ပင္လယ္ရိွ ပစ္မွတ္ကိုပစ္ခတ္ခဲ႔တဲ႔ အခ်က္အလက္ေတြကို ရုရွားကာကြယ္ေရး၀န္ၾကီးဌာနက ေအာက္တိုဘာ ၇ ရက္မွာ ထုတ္ျပန္ထားတာျဖစ္ပါတယ္။

ဒံုးပ်ံဟာ အျမင္႔ ၂၈ ကီလိုမီတာကေန အသံထက္ရွစ္ဆျမန္နႈန္းနဲ႔ ၄၅၀ ကီလိုမီတာအကြာရိွ ပစ္မွတ္ကို ေလးမိနစ္နဲ႔ စကၠန္႔သံုးဆယ္အတြင္း ေအာင္ျမင္စြာပစ္ခတ္နိုင္ခဲ႔တယ္လို႔ ရုရွားစစ္ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္ၾကီး ဂ်ီရာဆီေမာ႔ဗ္က ေျပာပါတယ္။

စမ္းသပ္မႈေအာင္ျမင္တာနဲ႔ပတ္သက္ျပီး သမၼတပူတင္က ခ်ီးက်ဴးခဲ႔ကာ ဒါဟာရုရွားစစ္ဘက္အတြက္သာမက တစ္နိုင္ငံလံုးအတြက္ အေရးပါတယ္လို႔ဆိုပါတယ္။

အေမရိကန္နဲ႔တရုတ္နိုင္ငံတို႔ကလည္း ဟိုက္ပါဆြန္းနစ္လက္နက္ေတြကို တီထြင္ထုတ္လုပ္ေနျပီး အဲ့ဒီလက္နက္ေတြဟာ လက္ရိွေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြကို ထိုးေဖာက္နိုင္စြမ္းရိွတယ္လို႔ ဆိုပါတယ္။

အေမရိကန္ဟာ ကမၻာ႔အနွံ႕မွာ ဒံုးပ်ံကာကြယ္ေရးကြန္ယက္တစ္ခုကို တည္ေဆာက္ေနျပီး ရုရွားကလည္း ဟိုက္ပါဆြန္းနစ္ဒံုးပ်ံစမ္းသပ္မႈနဲ႔အတူ အေမရိကန္ကို ထိန္းခ်ဳပ္ဖို႔ ရည္ရြယ္ေနပါတယ္။

Ref: NHK
Photo:AP
#voiceofmyanmar #VOM #ေမာ္စကို

Related posts

Leave a Comment

VOM News

FREE
VIEW