အသက် ၈နှစ်အရွယ် သမီးအရင်းကို ဖခင်ဖြစ်သူက အဓမ္မပြုကျင့်

အသက် ၈နှစ်အရွယ် သမီးအရင်းကို ဖခင်ဖြစ်သူက အဓမ္မပြုကျင့်

နေပြည်‌တော်၊အောက်တိုဘာ ၈-၂၀၂၀
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ သိမ်ကန်ကျေးရွာမှာ အသက် ၈ နှစ်ကျော်အရွယ် သမီးအရင်းကို ဖခင်ဖြစ်သူက အဓမ္မပြုကျင့်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ ဝေါမြို့မရဲစခန်းကပြောပါတယ်။

အဲ့ဒီအမှုကို အခင်းဖြစ်ပြီး ၆ ရက်အကြာ မနေ့အောက်တိုဘာ ၇ ရက်နေ့က လာရောက် အမှုဖွင့်လှစ်တိုင်ကြားခဲ့တယ်လို့ဝေါမြို့မရဲစခန်းမှ စခန်းမှူး ဒု-ရဲမှူး ရဲစိုးက ပြောပါတယ်။

” အခင်းဖြစ်‌တာက အောက်တိုဘာလ ၁ရက် ညနေ ၆ နာရီကျော်လောက်ကြီးဖြစ်တာ။ မိခင်က အချဉ်ဖက်သွားဝယ်နေတုန်း အိမ်မှာသမီးနဲ့ လသားအရွယ်ကလေးတစ်ယောက်နဲ့ ကျန်ခဲ့တဲ့ခင်ပွန်းက ပြုကျင့်ခဲ့တာပါ။ သမီးအရင်းပါ”လို့ ဒု-ရဲမှူး ရဲစိုးက ပြောပါတယ်။

အသက် ၃၂နှစ်အရွယ် ဇော်ထိုက် ဆိုသူဟာ အောက်တိုဘာ ၁ ရက်နေ့ ညနေပိုင်းက နေအိမ်မှာ သမီးအရင်းဖြစ်သူ အသက် ၈ နှစ်နဲ့ ၄ လအရွယ်မိန်းကလေးကို အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့တာဖြစ်ပြီး အခင်းဖြစ်ချိန် လသားအရွယ်ကလေးနဲ့ အဓမ္မပြုကျင့်ခံရသူ သမီးတို့သာ ဇော်ထိုက်နဲ့ကျန်ခဲ့တာဖြစ်တဲ့အတွက် အမှုဖွင့်ဖို့ကိစ္စမှာ မိသားစုဝင်တွေ ညှိနှိုင်းတိုင်ပင်နေကြရတာကြောင့် ကြန့်ကြာခဲ့ရတာဖြစ်တယ်လို့ ဝေါမြို့မရဲစခန်းကနေ သိရပါ
တယ်။

သမီးအရင်းကို အဓမ္မ ပြုကျင့်ခဲ့တယ်လို့ဆိုတဲ့ ဇော်ထိုက်ကို ဝေါမြို့မရဲစခန်းက (ပ)၂၄၁/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၇၆ နဲ့ အမှုဖွင့်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

Photo-ရဲတပ်ဖွဲ့
#voiceofmyanmar #VOM #ဝေါမြို့ #သမီးအရင်း #ဖခင်ဖြစ်သူကအဓမ္မပြုကျင့်

Zawgyi

အသက္ ၈ႏွစ္အရြယ္ သမီးအရင္းကို ဖခင္ျဖစ္သူက အဓမၼျပဳက်င့္

ေနျပည္‌ေတာ္၊ေအာက္တိုဘာ ၈-၂၀၂၀
ေကာင္းလက္်ာ(VOM)

ပဲခူးတိုင္း၊ ေဝါၿမိဳ႕နယ္၊ သိမ္ကန္ေက်း႐ြာမွာ အသက္ ၈ ႏွစ္ေက်ာ္အ႐ြယ္ သမီးအရင္းကို ဖခင္ျဖစ္သူက အဓမၼျပဳက်င့္ခဲ့တဲ့ျဖစ္စဥ္ျဖစ္ပြားခဲ့တယ္လို႔ ေဝါၿမိဳ႔မရဲစခန္းကေျပာပါတယ္။

အဲ့ဒီအမႈကို အခင္းျဖစ္ၿပီး ၆ ရက္အၾကာ မေန႔ေအာက္တိုဘာ ၇ ရက္ေန႔က လာေရာက္ အမႈဖြင့္လွစ္တိုင္ၾကားခဲ့တယ္လို ႔ေဝါၿမိဳ႕မရဲစခန္းမွ စခန္းမႉး ဒု-ရဲမႉး ရဲစိုးက ေျပာပါတယ္။

” အခင္းျဖစ္‌တာက ေအာက္တိုဘာလ ၁ရက္ ညေန ၆ နာရီေက်ာ္ေလာက္ႀကီးျဖစ္တာ။ မိခင္က အခ်ဥ္ဖက္သြားဝယ္ေနတုန္း အိမ္မွာသမီးနဲ႔ လသားအ႐ြယ္ကေလးတစ္ေယာက္နဲ႔ က်န္ခဲ့တဲ့ခင္ပြန္းက ျပဳက်င့္ခဲ့တာပါ။ သမီးအရင္းပါ”လို႔ ဒု-ရဲမႉး ရဲစိုးက ေျပာပါတယ္။

အသက္ ၃၂ႏွစ္အရြယ္ ေဇာ္ထိုက္ ဆိုသူဟာ ေအာက္တိုဘာ ၁ ရက္ေန႔ ညေနပိုင္းက ေနအိမ္မွာ သမီးအရင္းျဖစ္သူ အသက္ ၈ ႏွစ္နဲ႔ ၄ လအ႐ြယ္မိန္းကေလးကို အလိုမတူဘဲ အဓမၼျပဳက်င့္ခဲ့တာျဖစ္ၿပီး အခင္းျဖစ္ခ်ိန္ လသားအ႐ြယ္ကေလးနဲ႔ အဓမၼျပဳက်င့္ခံရသူ သမီးတို႔သာ ေဇာ္ထိုက္နဲ႔က်န္ခဲ့တာျဖစ္တဲ့အတြက္ အမႈဖြင့္ဖို႔ကိစၥမွာ မိသားစုဝင္ေတြ ညႇိႏႈိင္းတိုင္ပင္ေနၾကရတာေၾကာင့္ ၾကန႔္ၾကာခဲ့ရတာျဖစ္တယ္လို႔ ေဝါၿမိဳ႕မရဲစခန္းကေန သိရပါ
တယ္။

သမီးအရင္းကို အဓမၼ ျပဳက်င့္ခဲ့တယ္လို႔ဆုိတဲ့ ေဇာ္ထိုက္ကို ေဝါၿမိဳ႕မရဲစခန္းက (ပ)၂၄၁/၂၀၂၀၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ-၃၇၆ နဲ႔ အမႈဖြင့္ဖမ္းဆီးထားတယ္လို႔ သိရပါတယ္။

Photo-ရဲတပ္ဖြဲ႕
#voiceofmyanmar #VOM #ေဝါၿမိဳ႔ #သမီးအရင္း #ဖခင္ျဖစ္သူကအဓမၼျပဳက်င့္

Related posts

Leave a Comment

VOM News

FREE
VIEW