တရုတ်နိုင်ငံနဲ့ အဓိပ္ပါယ်ရှိရှိ ဆွေးနွေးလိုတယ်လို့ ထိုင်ဝမ်သမ္မတ ကမ်းလှမ်း

တရုတ်နိုင်ငံနဲ့ အဓိပ္ပါယ်ရှိရှိ ဆွေးနွေးလိုတယ်လို့ ထိုင်ဝမ်သမ္မတ ကမ်းလှမ်း

တိုင်ပေ၊ အောက်တိုဘာ ၁၀-၂၀၂၀
မျိုးဆက် (VOM)

ထိုင်ဝမ်အနေနဲ့ တန်းတူညီမျှရေးအပေါ် အခြေခံပြီး တရုတ်နိုင်ငံနဲ့ အဓိပ္ပါယ်ရှိရှိ တွေ့ဆုံဆွေးနွေးလိုတယ်လို့ သမ္မတဆိုင်အင်းဝမ်က အောက်တိုဘာ ၁၀ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပြီး ကျွန်းကိုပိုင်ဆိုင်တယ်လို့ အခိုင်အမာဆိုထားတဲ့ တရုတ်နိုင်ငံနဲ့ စစ်ရေးတင်းမာမှုတွေမြင့်တက်နေချိန်မှာ ငြိမ်းချမ်းရေးစကားပြောဆိုလိုက်တာဖြစ်ပါတယ်။

ကြားခံဇုန်အဖြစ် ပုံမှန်အားဖြင့်သတ်မှတ်ထားတဲ့ အကဲဆတ်တဲ့ ထိုင်ဝမ်ရေလက်ကြား အလယ်မျဉ်းကို ဖြတ်သန်းခြင်းအပါအဝင် ကျွန်းအနီးမှာ လေကြောင်းလှုပ်ရှားမှုတွေကို လွန်ခဲ့တဲ့ သီတင်းပတ်က တိုးမြှင့်လုပ်ဆောင်ခဲ့တဲ့ တရုတ်နိုင်ငံရဲ့ တိုးမြှင့်ဖိအားပေးမှုတွေကို ထိုင်ဝမ်ရင်ဆိုင်နေရပါတယ်။

ဒီလိုလုပ်ဆောင်တာဟာ အမေရိကန်နဲ့ ထိုင်ဝမ်တို့အကြား ဆက်ဆံရေးတိုးမြှင့်နေမှုအပေါ် တုံ့ပြန်တာလို့ တရုတ်နိုင်ငံက ပြောဆိုထားပြီး ထိုင်ဝမ်ကို အမေရိကန်က ထောက်ပံ့နေတာတွေကို တရုတ်နိုင်ငံက အမျက်ဒေါသထွက်နေပါတယ်။

အဲ့ဒီလိုဆက်ဆံရေးပြုလုပ်နေတာဟာ ထိုင်ဝမ်အနေနဲ့ တရားဝင်လွတ်လပ်ရေးကြေညာဖို့ အတွက် ရှေးပြေးလက္ခဏာတစ်ရပ်အဖြစ် တရုတ်နိုင်ငံက ရှုမြင်ထားပြီး တရုတ်နိုင်ငံအတွက် အရေးကြီးတဲ့ သတိပေးချက်တစ်ရပ်ဖြစ်ပါတယ်။

ထိုင်ဝမ်ရေလက်ကြားအခြေအနေဟာ အလွန်တင်းမာနေတယ်လို့ ထိုင်ဝမ်အမျိုးသားနေ့အထိမ်းမှတ် အခမ်းအနားမှာ သမ္မတဆိုင်အင်းဝမ်ကဆိုပါတယ်။

အငြင်းပွားဖွယ်တောင်တရုတ်ပင်လယ်အရေး၊ တရုတ်-အိန္ဒိယနယ်စပ်ပြသနာ၊ ဟောင်ကောင်မှာ တရုတ်နိုင်ငံရဲ့ ဖြိုခွင်းမှုတွေက ဒေသအတွင်း ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးဟာ စိန်ခေါ်မှုကြီးကြီးနဲ့ရင်ဆိုင်နေရတာကို ဖော်ပြခြင်းဖြစ်တယ်လို့ သူကပြောပါတယ်။

ထိုင်ဝမ်မှာ ဆိုင်အင်းဝမ်သမ္မတဖြစ်လာပြီးနောက် ၂၀၁၆ ခုနှစ်မှစပြီး တရားဝင်ဆွေးနွေးပွဲ ယန္တရားကို ရပ်တန့်ခဲ့တဲ့ တရုတ်နိုင်ဘက်က ထိုင်ဝမ်ရဲ့ ဆွေးနွေးဖို့ ကမ်းလှမ်းမှုနဲ့ ပတ်သက်ပြီး တုံ့ပြန်ပြောဆိုတာမျိုးမရှိသေးပါဘူး။

Ref : Reuters
Photo: Reuters
#voiceofmyanmar #VOM #တိုင်ပေ

Zawgyi

တရုတ္နိုင္ငံနဲ႔ အဓိပၸါယ္ရိွရိွ ေဆြးေႏြးလိုတယ္လို႔ ထိုင္၀မ္သမၼတ ကမ္းလွမ္း

တိုင္ေပ၊ ေအာက္တိုဘာ ၁၀-၂၀၂၀
မ်ိဳးဆက္ (VOM)

ထိုင္၀မ္အေနနဲ႔ တန္းတူညီမွ်ေရးအေပၚ အေျခခံျပီး တရုတ္နုိင္ငံနဲ႔ အဓိပၸါယ္ရိွရိွ ေတြ႔ဆံုေဆြးေႏြးလိုတယ္လို႔ သမၼတဆိုင္အင္း၀မ္က ေအာက္တိုဘာ ၁၀ ရက္မွာ ထုတ္ေဖာ္ေျပာဆိုလိုက္ျပီး ကြ်န္းကိုပိုင္ဆိုင္တယ္လို႔ အခိုင္အမာဆိုထားတဲ႔ တရုတ္နုိင္ငံနဲ႔ စစ္ေရးတင္းမာမႈေတြျမင္႔တက္ေနခ်ိန္မွာ ျငိမ္းခ်မ္းေရးစကားေျပာဆိုလိုက္တာျဖစ္ပါတယ္။

ၾကားခံဇုန္အျဖစ္ ပံုမွန္အားျဖင္႔သတ္မွတ္ထားတဲ႔ အကဲဆတ္တဲ႔ ထိုင္၀မ္ေရလက္ၾကား အလယ္မ်ဥ္းကို ျဖတ္သန္းျခင္းအပါအ၀င္ ကြ်န္းအနီးမွာ ေလေၾကာင္းလႈပ္ရွားမႈေတြကို လြန္ခဲ႔တဲ႔ သီတင္းပတ္က တိုးျမွင္႔လုပ္ေဆာင္ခဲ႔တဲ႔ တရုတ္နိုင္ငံရဲ႕ တိုးျမွင္႔ဖိအားေပးမႈေတြကို ထိုင္၀မ္ရင္ဆိုင္ေနရပါတယ္။

ဒီလုိလုပ္ေဆာင္တာဟာ အေမရိကန္နဲ႔ ထိုင္၀မ္တို႔အၾကား ဆက္ဆံေရးတိုးျမွင္႔ေနမႈအေပၚ တုံ႕ျပန္တာလို႔ တရုတ္နိုင္ငံက ေျပာဆိုထားျပီး ထိုင္၀မ္ကို အေမရိကန္က ေထာက္ပံ႕ေနတာေတြကို တရုတ္နုိင္ငံက အမ်က္ေဒါသထြက္ေနပါတယ္။

အဲ့ဒီလိုဆက္ဆံေရးျပဳလုပ္ေနတာဟာ ထိုင္၀မ္အေနနဲ႔ တရား၀င္လြတ္လပ္ေရးေၾကညာဖို႔ အတြက္ ေရွးေျပးလကၡဏာတစ္ရပ္အျဖစ္ တရုတ္နုိင္ငံက ရႈျမင္ထားျပီး တရုတ္နုိင္ငံအတြက္ အေရးၾကီးတဲ႔ သတိေပးခ်က္တစ္ရပ္ျဖစ္ပါတယ္။

ထိုင္၀မ္ေရလက္ၾကားအေျခအေနဟာ အလြန္တင္းမာေနတယ္လို႔ ထိုင္၀မ္အမ်ိဳးသားေန႔အထိမ္းမွတ္ အခမ္းအနားမွာ သမၼတဆိုင္္အင္း၀မ္ကဆိုပါတယ္။

အျငင္းပြားဖြယ္ေတာင္တရုတ္ပင္လယ္အေရး၊ တရုတ္-အိႏိၵယနယ္စပ္ျပသနာ၊ ေဟာင္ေကာင္မွာ တရုတ္နိုင္ငံရဲ႕ ျဖိဳခြင္းမႈေတြက ေဒသအတြင္း ဒီမိုကေရစီနဲ႔ ျငိမ္းခ်မ္းေရးဟာ စိန္ေခၚမႈၾကီးၾကီးနဲ႔ရင္ဆိုင္ေနရတာကို ေဖာ္ျပျခင္းျဖစ္တယ္လို႔ သူကေျပာပါတယ္။

ထိုင္၀မ္မွာ ဆိုင္အင္း၀မ္သမၼတျဖစ္လာျပီးေနာက္ ၂၀၁၆ ခုနွစ္မွစျပီး တရား၀င္ေဆြးေႏြးပြဲ ယႏၱရားကို ရပ္တန္႔ခဲ႔တဲ႔ တရုတ္နိုင္ဘက္က ထိုင္၀မ္ရဲ႕ ေဆြးေႏြးဖို႔ ကမ္းလွမ္းမႈနဲ႔ ပတ္သက္ၿပီး တံု႕ျပန္ေျပာဆိုတာမ်ိဳးမရိွေသးပါဘူး။

Ref : Reuters
Photo: Reuters
#voiceofmyanmar #VOM #တိုင္ေပ

Related posts

Leave a Comment

VOM News

FREE
VIEW