စစ်ကိုင်းမြို့မှာ COVID-19 လူနာ ၁ ဦးသာကျန်ရှိ

စစ်ကိုင်းမြို့မှာ COVID-19 လူနာ ၁ ဦးသာကျန်ရှိ အောက်တိုဘာ ၁၀ -၂၀၂၀ မောင်တာရာ (VOM) စစ်ကိုင်းမြို့နယ်မှာ စက်တင်ဘာလ ၂၄ ရက်နေ့ကနေ အောက်တိုဘာလ ၅ ရက်နေ့အထိ COVID -19 အတည်ပြုလူနာ စုစုပေါင်း ၁၀ ဦးထိတွေ့ရှိထားပြီး အဲ့ဒီလူနာတွေထဲက (၉) ဦးဟာ ရောဂါသက်သာပျောက်ကင်းတဲ့အတွက် ဆေးရုံကနေဆင်းသွားပြီဖြစ်တဲ့အတွက် အခုလက်ရှိ စစ်ကိုင်း၊ခုတင် ၂၀၀ ဆံပြည်သူ့ဆေးရုံမှာ COVID -19အတည်ပြုလူနာ တစ်ဦးသာ ကျန်ရှိတော့တာဖြစ်ပါတယ်။ စစ်ကိုင်းမြို့၊ခုတင် ၂၀၀ ဆံ့ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ COVID -19 လူနာ ရဲတပ်သား(၇)ကလည်း ရောဂါသက်သာပျောက်ကင်းတဲ့အတွက် ဒီကနေ့ အောက်တိုဘာ ၁၀ ရက်နေ့မနက်ပိုင်းမှာပဲ ဆေးရုံငကနေ ဆင်းခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ စစ်ကိုင်းမြို့၊ခုတင်၂၀၀ ဆံ့ဆေးရုံအုပ်ကြီး ဒေါက်တာစုစုထွန်းက ပြောပါတယ်။ ” COVID -19 ရောဂါပိုးတွေ့ ရဲတပ်သား…

Read More

ပွင့်ဖြူမြို့နယ်မီးလောင်မှု အသက် ၇၂နှစ်အရွယ်အမျိုးသားတစ်ဦး မီးလောင်သေဆုံး

ပွင့်ဖြူမြို့နယ်မီးလောင်မှု အသက် ၇၂နှစ်အရွယ်အမျိုးသားတစ်ဦး မီးလောင်သေဆုံး အောက်တိုဘာ ၁၀-၂၀၂၀ ဂျန်ကိုးလ် (VOM) မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ စံပြကျေးရွာမှာ ဒီကနေ့မနက်၅နာရီခန့်က နေအိမ်တစ်လုံးမီးလောင်ပြီး အသက် ၇၂နှစ်အရွယ်အမျိုးသားတစ်ဦး မီးလောင်သေဆုံးခဲ့တယ်လို့ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ ထင်းမီးဖိုကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်သေဆုံးသူဟာ အသက်၇၂နှစ်အရွယ် စိတ်ရောဂါဝေဒနာရှင်တဦးဖြစ်တယ်လို့လည်း သိရပါတယ်။ ”မနက်၅နာရီ၂မိနစ်ကလောင်တာပါ၊ နေအိမ်တစ်လုံးထဲပါ၊ အကြောင်းကြားလို့ သိသိခြင်း ဌာနကမီးသတ်ကား၂စီးထွက်ပေမယ့် ကျေးရွာကဝိုင်းဝန်းငြိမ်းသတ်ထားပါတယ်၊ သေတဲ့သူက ဦးလှမောင်အသက်၇၂ဖြစ်တယ်၊ မီးလောင်ဆုံးရှုံးမှုတန်ဘိုး၅၄၀၀၀ခန့်ပါ”လို့ ပွင့်ဖြူမီးသတ်ဦးစီးဌာနမှ တာဝန်ကျအရာရှိတစ်ဦးက ပြောပါတယ် သေဆုံးသူရဲ့ရုပ်အလောင်းကိုပွင့်ဖြူမြို့ သမ္မာဆန္ဒကရုဏာရှင်များနာရေးကူညီမှုအသင်းကားနဲ့ ပွင့်ဖြူဆေးရုံကိုပို့ဆောင်ကူညီပေးခဲ့ပြီး မီးလောင်မှုအသေးစိတ်ကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ဆက်လက်စစ်ဆေးဆောင်ရွက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ Photo – သမ္မာဆန္ဒကရုဏာရှင်များနာကူအသင်း #voiceofmyanmar #VOM #ပွင့်ဖြူ #မီးလောင်မှု #လူသေဆုံး Zawgyi ပွင့်ဖြူမြို့နယ်မီးလောင်မှု အသက် ၇၂နှစ်အရွယ်အမျိုးသားတစ်ဦး မီးလောင်သေဆုံး အောက်တိုဘာ ၁၀-၂၀၂၀ ဂျန်ကိုးလ် (VOM)…

Read More

ပဲခူးတိုင်းမှာ ကုန်တင်ကားသမား ၅၀၀၀ကျော်ကို Test kit နဲ့ ကိုဗစ်ရောဂါစစ်ဆေးခဲ့ရာ (၇၁)ဦးမှာပိုးတွေ့

ပဲခူးတိုင်းမှာ ကုန်တင်ကားသမား ၅၀၀၀ကျော်ကို Test kit နဲ့ ကိုဗစ်ရောဂါစစ်ဆေးခဲ့ရာ (၇၁)ဦးမှာပိုးတွေ့ အောက်တိုဘာ ၁၀ သိင်္ဂီ(VOM) ပဲခူးတိုင်းကို ဖြတ်သန်းသွားလာမယ့် ကုန်တင်ကားသမားတွေကို ကိုဗစ်ရောဂါပိုး ရှိ၊မရှိ Test Kit နဲ့ စစ်ဆေးနေတဲ့ (၈)ရက်အတွင်း ရောဂါပိုးတွေ့သူ (၇၁)ဦးထိ ရှိထားတယ်လို့ ပဲခူးတိုင်းအစိုးရအဖွဲ့ကနေ သိရပါတယ်။ ကုန်တင်ကားမောင်းသူနဲ့ ယာဉ်နောက်လိုက်တွေကို ကိုဗစ်ရောဂါပိုး ရှိ၊မရှိ Test Kit နဲ့ စစ်ဆေးတာကို အောက်တိုဘာ ၂ ရက်နေ့ကတည်းက စတင်စစ်ဆေးနေတာဖြစ်ပြီး အောက်တိုဘာလ ၉ ရက်နေ့အထိ စစ်ဆေးခဲ့တဲ့ ၈ ရက်အတွင်းမှာ ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက် (၅၂၂၇)ဦးကို စစ်ဆေးနိုင်ခဲ့တဲ့အထဲက (၇၁)ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ “Test kit နဲ့ စစ်ဆေးတဲ့အထဲမှာ ကုန်ကားသမားတွေဆီက ပိုးတွေ့တာရှိတယ်။ စစ်ဆေးတဲ့နေရာတွေမှာ ကားတွေပိတ်တာတော့ရှိပါတယ်၊ ကားပိတ်တာကို အုပ်ချုပ်ရေးပိုင်းကလည်း…

Read More

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ပတ်သက်တဲ့ သတင်းမှားဖြန့်တဲ့သူတွေကို အရေးယူတော့မှာမဟုတ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ပတ်သက်တဲ့ သတင်းမှားဖြန့်တဲ့သူတွေကို အရေးယူတော့မှာမဟုတ် နေပြည်တော်၊ အောက်တိုဘာ ၁၀-၂၀၂၀ စွမ်းရဲထွဋ် (VOM) နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ပတ်သက်တဲ့ သတင်းအမှားတွေကို ဆိုရှယ်မီဒီယာမှာတင်တဲ့သူတွေကို စိစစ်ဖော်ထုတ်နိုင်ပေမယ့်လည်း အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့လမ်းညွှန်ချက်အရ အရေးယူတော့မှာမဟုတ်ဘူးလို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီကနေ့မနက်ပိုင်း Zoom Meeting နဲ့ ပြုလုပ်တဲ့ အွန်လိုင်းသတင်းမီဒီယာတွေ့ဆုံပွဲမှာ သတင်းမီဒီယာတွေကို ပြောပါတယ်။  ” ဒီကိစ္စတွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် နိုင်ငံတော်အကြီးအကဲတွေကို အသိပေးပြီး လမ်းညွှန်ချက်ယူတဲ့အခါမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လမ်းညွှန်ချက် ၃ ချက်ပေးတယ် နံပတ်(၁)ကတော့ သတင်းအမှားတွေ လုပ်ကြံသတင်းတွေတင်တဲ့ လူတွေနဲ့ပတ်သက်ပြီး အရေးမယူဖို့၊ နံပတ်(၂)က သတင်းအမှားတွေ တမင်သက်သက် ရည်ရွယ်ချက်ရှိရှိတင်ပြတဲ့လူတွေ အဖွဲ့အစည်းတွေရဲ့ အမည်တွေကို အများသိအောင်ဆောင်ရွက်ပေးဖို့၊ နံပတ် (၃) ကတော့ ဒီ လုပ်ဆောင်ချက် ၂ ခုဆိုရင်တော့ လုံလောက်ပါတယ်လို့ လမ်းညွှန်ပါတယ်။ ဒါကြောင့် ဒီပုဂ္ဂိုလ်တွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လမ်းညွှန်…

Read More

စစ်ဖြစ်နေတဲ့ အာမေနီးယားနဲ့ အဇာဘိုင်ဂျန်နိုင်ငံတို့ ယာယီအပစ်အခတ်ရပ်စဲဖို့ သဘောတူ

စစ်ဖြစ်နေတဲ့ အာမေနီးယားနဲ့ အဇာဘိုင်ဂျန်နိုင်ငံတို့ ယာယီအပစ်အခတ်ရပ်စဲဖို့ သဘောတူ မော်စကို၊ အောက်တိုဘာ ၁၀-၂၀၂၀ မျိုးဆက် (VOM) နာဂေါ်နို-ခါရာဘတ်ခ်ဒေသ အရေး အငြင်းပွားမှုကြောင့် ပဋိပက္ခတွေဖြစ်နေကြတဲ့ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်နိုင်ငံတို့ဟာ ယာယီအပစ်အခတ်ရပ်စဲဖို့ သဘောတူလိုက်ကြပါတယ်။ ရုရှားနိုင်ငံမြို့တော် မော်စကိုမှာ တာဝန်ရှိသူတွေ ၁၀ ရက်ကြာ ဆွေးနွေးမှုပြီးနောက် ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူလိုက်ကြပြီလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလပ်ရော့ဗ်က ကြေညာခဲ့ပါတယ်။ ပဋိပက္ခနဲ့ပတ်သက်ပြီး ထိရောက်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့က ဆက်လက်လုပ်ဆောင်သွားကြလိမ့်မယ်လို့ သူကဆိုပါတယ်။ စက်တင်ဘာ ၂၇ ရက်မှာ စတင်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် အကြမ်းဖက်မှုတွေလည်းဖြစ်ပွားခဲ့ပြီး လူ ၃၀၀ ကျော်သေဆုံးကာ ထောင်ပေါင်းများစွာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။ ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ အောက်တိုဘာ ၁၀ ရက် မနက် ၈ နာရီကစပြီး တိုက်ခိုက်တာတွေကို ရပ်ဆိုင်းသွားမှာဖြစ်ပြီး အကျဉ်းသားလဲလှယ်တာတွေ၊ အလောင်းကောက်တာတွေကို ခွင့်ပြုသွားမှာဖြစ်ပါတယ်။…

Read More

နိုင်ငံရေးပါတီကြီးအချို့ရဲ့တရားမဲ့ပြုကျင့်နေတာတွေနဲ့ တိုက်ပွဲတွေရပ်တန့်ပေးဖို့ UNAအဖွဲ့ဝင်တွေက ကြေညာချက်ထုတ်ပြီးတောင်းဆို

နိုင်ငံရေးပါတီကြီးအချို့ရဲ့တရားမဲ့ပြုကျင့်နေတာတွေနဲ့ တိုက်ပွဲတွေရပ်တန့်ပေးဖို့ UNAအဖွဲ့ဝင်တွေက ကြေညာချက်ထုတ်ပြီးတောင်းဆို ရန်ကုန်၊အောက်တိုဘာ ၁၀-၂၀၂၀ အေးချမ်းသူ(VOM) ၂၀၂၀အထွေထွေရွေးကောက်ပွဲကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်ရခိုင်ပြည်နယ်မြောက်ပိုင်းတို့မှာ တိုက်ပွဲတွေဖြစ်ပွားနေတာနဲ့ နိူင်ငံရေးပါတီကြီးအချို့ရဲ့ တရားမဲ့ပြု ကျင့်နေမှုတွေကို ဒီကနေ့မနက်ပိုင်းက စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)နှင့်မိတ်ဖတ်အဖွဲ့အစည်းတွေက ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို အမြန်ဆုံးရပ်တန့်နိူင်ဖို့ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်သားလက်နက်ကိုင်တွေ ချက်ချင်းတွေ့ဆုံဖို့အပါအဝင် တောင်းဆိုချက်အချက်(၅)ချက်နဲ့ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲအတွက် အခက်အခဲအများကြီးရှိပြီး လွတ်လပ်စွာမဲဆွယ်စည်းရုံးခွင့်မရှိတဲ့အပြင် တိုက်ပွဲတွေဖြစ်နေတဲ့အတွက် စစ်ဘေးရှောင်နေရတဲ့အပြင် ပြည်သူတွေမျာ မဲပေးရေးကို စိတ်ပါဝင်စားမှုမရှိကြောင်း ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးမျိုးကပြောပါတယ်။ “ပါတီကြီးတွေက အင်နဲ့အားနဲ့မဲဆွယ်စည်းရုံးနေကြတယ်။ ဒါတွေက ကိုဗစ်နဲ့မငြိဘူးလား။တစ်ချို့နေရာတွေမှာ ကိုယ်စားလှယ်လောင်းတွေကိုယ်တိုင် အပြင်ကိုထွက်လို့မရဘူး။ အချို့နေရာမှာ ကိုယ့်ပါတီက ကပ်ထားတဲ့ဗီနိုင်းကို အခြားပါတီက ယုတ်မာပြီး ထပ်ကပ်ကြတယ်။ အချို့နေရာတွေမှာ ဗီနိုင်းထောင်ဖို့တောင် ခွင့်ပြုချက်မပေးတာ။ ဒါကို UECက ဖြေရှင်းပေးသင့်တယ်”လို့ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အတွင်းရေးမှူး…

Read More

တရုတ်နိုင်ငံနဲ့ အဓိပ္ပါယ်ရှိရှိ ဆွေးနွေးလိုတယ်လို့ ထိုင်ဝမ်သမ္မတ ကမ်းလှမ်း

တရုတ်နိုင်ငံနဲ့ အဓိပ္ပါယ်ရှိရှိ ဆွေးနွေးလိုတယ်လို့ ထိုင်ဝမ်သမ္မတ ကမ်းလှမ်း တိုင်ပေ၊ အောက်တိုဘာ ၁၀-၂၀၂၀ မျိုးဆက် (VOM) ထိုင်ဝမ်အနေနဲ့ တန်းတူညီမျှရေးအပေါ် အခြေခံပြီး တရုတ်နိုင်ငံနဲ့ အဓိပ္ပါယ်ရှိရှိ တွေ့ဆုံဆွေးနွေးလိုတယ်လို့ သမ္မတဆိုင်အင်းဝမ်က အောက်တိုဘာ ၁၀ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပြီး ကျွန်းကိုပိုင်ဆိုင်တယ်လို့ အခိုင်အမာဆိုထားတဲ့ တရုတ်နိုင်ငံနဲ့ စစ်ရေးတင်းမာမှုတွေမြင့်တက်နေချိန်မှာ ငြိမ်းချမ်းရေးစကားပြောဆိုလိုက်တာဖြစ်ပါတယ်။ ကြားခံဇုန်အဖြစ် ပုံမှန်အားဖြင့်သတ်မှတ်ထားတဲ့ အကဲဆတ်တဲ့ ထိုင်ဝမ်ရေလက်ကြား အလယ်မျဉ်းကို ဖြတ်သန်းခြင်းအပါအဝင် ကျွန်းအနီးမှာ လေကြောင်းလှုပ်ရှားမှုတွေကို လွန်ခဲ့တဲ့ သီတင်းပတ်က တိုးမြှင့်လုပ်ဆောင်ခဲ့တဲ့ တရုတ်နိုင်ငံရဲ့ တိုးမြှင့်ဖိအားပေးမှုတွေကို ထိုင်ဝမ်ရင်ဆိုင်နေရပါတယ်။ ဒီလိုလုပ်ဆောင်တာဟာ အမေရိကန်နဲ့ ထိုင်ဝမ်တို့အကြား ဆက်ဆံရေးတိုးမြှင့်နေမှုအပေါ် တုံ့ပြန်တာလို့ တရုတ်နိုင်ငံက ပြောဆိုထားပြီး ထိုင်ဝမ်ကို အမေရိကန်က ထောက်ပံ့နေတာတွေကို တရုတ်နိုင်ငံက အမျက်ဒေါသထွက်နေပါတယ်။ အဲ့ဒီလိုဆက်ဆံရေးပြုလုပ်နေတာဟာ ထိုင်ဝမ်အနေနဲ့ တရားဝင်လွတ်လပ်ရေးကြေညာဖို့ အတွက် ရှေးပြေးလက္ခဏာတစ်ရပ်အဖြစ် တရုတ်နိုင်ငံက ရှုမြင်ထားပြီး တရုတ်နိုင်ငံအတွက်…

Read More

ဗလမင်းထင်တံတားပေါ်ကနေ အမျိုးသမီး ၁ ဦး ခုန်ချ

ဗလမင်းထင်တံတားပေါ်ကနေ အမျိုးသမီး ၁ ဦး ခုန်ချ မြစ်ကြီးနား ၊ အောက်တိုဘာ ၁၀-၂၀၂၀ ကိုတိုးကြီး (VOM) ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့၊ ဗလမင်းထင် ဧရာဝတီမြစ်ကူးတံတားပေါ်ကနေ အမျိုးသမီး ၁ဦး ခုန်ချပြီး မိမိကိုယ်မိမိ အဆုံးစီရင်သွားတဲ့ ဖြစ်စဉ်တစ်ခု မနေ့ အောက်တိုဘာ ၉ရက်နေ့ မနက်ပိုင်းကဖြစ်ပွားခဲ့တယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကနေ ပြောပါတယ်။ ” သူ့ကိုယ်သူ အဆုံးစီရင်သွားတဲ့သူက မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်မှာနေတဲ့၊ အသက်(၁၈) နှစ် ဖြစ်တယ်၊ ရုပ်အလောင်းက ပြန်တွေ့ပါပြီ ” လို့ မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲဝန်ထမ်းတစ်ဦးကပြောပါတယ်။ သေဆုံးသူရဲ့ မိသားစုဝင်တွေကို ရဲစခန်းက စစ်ဆေးမေးမြန်းတဲ့အခါ လာမယ့် အောက်တိုဘာ ၁၄ ရက်မှာ သေဆုံးသူအမျိုးသမီးဟာ အသက် (၁၈) နှစ်ပြည့်မှာဖြစ်တဲ့အတွက် မွေးနေ့ပွဲပြုလုပ်ပေးဖို့ သူ့အဖေကိုပြောတဲ့အခါ သူ့အဖေကလည်း ကိုဗစ်ကာလ ဖြစ်နေတာနဲ့…

Read More
VOM News

FREE
VIEW