စစ်ကိုင်းမြို့မှာ COVID-19 လူနာ ၁ ဦးသာကျန်ရှိ

စစ်ကိုင်းမြို့မှာ COVID-19 လူနာ ၁ ဦးသာကျန်ရှိ

အောက်တိုဘာ ၁၀ -၂၀၂၀
မောင်တာရာ (VOM)

စစ်ကိုင်းမြို့နယ်မှာ စက်တင်ဘာလ ၂၄ ရက်နေ့ကနေ အောက်တိုဘာလ ၅ ရက်နေ့အထိ COVID -19 အတည်ပြုလူနာ စုစုပေါင်း ၁၀ ဦးထိတွေ့ရှိထားပြီး အဲ့ဒီလူနာတွေထဲက (၉) ဦးဟာ ရောဂါသက်သာပျောက်ကင်းတဲ့အတွက် ဆေးရုံကနေဆင်းသွားပြီဖြစ်တဲ့အတွက် အခုလက်ရှိ စစ်ကိုင်း၊ခုတင် ၂၀၀ ဆံပြည်သူ့ဆေးရုံမှာ COVID -19အတည်ပြုလူနာ တစ်ဦးသာ ကျန်ရှိတော့တာဖြစ်ပါတယ်။

စစ်ကိုင်းမြို့၊ခုတင် ၂၀၀ ဆံ့ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ COVID -19 လူနာ ရဲတပ်သား(၇)ကလည်း ရောဂါသက်သာပျောက်ကင်းတဲ့အတွက် ဒီကနေ့ အောက်တိုဘာ ၁၀ ရက်နေ့မနက်ပိုင်းမှာပဲ ဆေးရုံငကနေ ဆင်းခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ စစ်ကိုင်းမြို့၊ခုတင်၂၀၀ ဆံ့ဆေးရုံအုပ်ကြီး ဒေါက်တာစုစုထွန်းက ပြောပါတယ်။

” COVID -19 ရောဂါပိုးတွေ့ ရဲတပ်သား ၇ ယောက်က ရောဂါပျောက်ကင်းပြီး ကျန်းမာရေးကောင်းမွန်လို့ ဒီနေ့ မနက်ပိုင်းမှာပဲ ဆေးရုံကနေပေးဆင်းလိုက်ပါပြီ၊ လက်ရှိ ဆေးရုံမှာက COVID -19 ရောဂါပိုးတွေ့လူနာဆိုလို့ ကောလင်းမြို့က ကုန်တင်ယာဉ်ကားသမားတစ်ဦးပဲ ကျန်ပါတော့တယ်။”လို့ ဒေါက်တာစုစုထွန်းက ပြောပါတယ်။

ရောဂါသက်သာပျောက်ကင်းပြီး ဆေးရုံဆင်းခွင့်ရတဲ့ COVID -19 လူနာ ရဲတပ်သား(၇)ဟာ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အသီးသီးက ရဲတပ်ရင်းတွေကနေ စစ်ကိုင်းမြို့စစ်ကိုင်း-မုံရွာလမ်းဘေး အမှတ် (၁၆) ရဲတပ်ရင်းမှာ တာဝန်ထမ်းဆောင်ဖို့အတွက် စက်တင်ဘာလ ၂၂ ရက်နေ့က ရောက်ရှိလာခဲ့သူတွေဖြစ်ပြီး အဲ့ဒီရဲတပ်ရင်းမှာပဲ Facility Quarantine ဝင်နေခဲ့တဲ့သူတွေဖြစ်ပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း #ကိုဗစ်လူနာ

Zawgyi

စစ္ကုိင္းၿမဳိ႕မွာ COVID-19 လူနာ ၁ ဦးသာက်န္ရွိ

ေအာက္တုိဘာ ၁၀ -၂၀၂၀
ေမာင္တာရာ (VOM)

စစ္ကုိင္းၿမဳိ႕နယ္မွာ စက္တင္ဘာလ ၂၄ ရက္ေန႕ကေန ေအာက္တုိဘာလ ၅ ရက္ေန႕အထိ COVID -19 အတည္ၿပဳလူနာ စုစုေပါင္း ၁၀ ဦးထိေတြ႕ရွိထားၿပီး အဲ့ဒီလူနာေတြထဲက (၉) ဦးဟာ ေရာဂါသက္သာေပ်ာက္ကင္းတဲ့အတြက္ ေဆးရုံကေနဆင္းသြားၿပီၿဖစ္တဲ့အတြက္ အခုလက္ရွိ စစ္ကိုင္း၊ခုတင္ ၂၀၀ ဆံၿပည္သူ႔ေဆး႐ုံမွာ COVID -19အတည္ျပဳလူနာ တစ္ဦးသာ က်န္ရွိေတာ့တာျဖစ္ပါတယ္။

စစ္ကိုင္းၿမိဳ့၊ခုတင္ ၂၀၀ ဆံ့ၿပည္သူ႔ေဆး႐ုံမွာ ေဆးကုသမွုခံယူေနတဲ့ COVID -19 လူနာ ရဲတပ္သား(၇)ကလည္း ေရာဂါသက္သာေပ်ာက္ကင္းတဲ့အတြက္ ဒီကေန႔ ေအာက္တုိဘာ ၁၀ ရက္ေန႕မနက္ပုိင္းမွာပဲ ေဆးရုံငကေန ဆင္းခြင့္ၿပဳလုိက္ၿပီၿဖစ္တယ္လုိ့ စစ္ကိုင္းၿမဳိ႕၊ခုတင္၂၀၀ ဆံ့ေဆး႐ုံအုပ္ႀကီး ေဒါက္တာစုစုထြန္းက ေျပာပါတယ္။

” COVID -19 ေရာဂါပုိးေတြ့ ရဲတပ္သား ၇ ေယာက္က ေရာဂါေပ်ာက္ကင္းၿပီး က်န္းမာေရးေကာင္းမြန္လုိ့ ဒီေန႔ မနက္ပုိင္းမွာပဲ ေဆးရုံကေနေပးဆင္းလုိက္ပါျပီ၊ လက္ရွိ ေဆးရုံမွာက COVID -19 ေရာဂါပုိးေတြ႔လူနာဆုိလုိ့ ေကာလင္းၿမိဳ႔က ကုန္တင္ယာဥ္ကားသမားတစ္ဦးပဲ က်န္ပါေတာ့တယ္။”လုိ့ ေဒါက္တာစုစုထြန္းက ေျပာပါတယ္။

ေရာဂါသက္သာေပ်ာက္ကင္းၿပီး ေဆးရုံဆင္းခြင့္ရတဲ့ COVID -19 လူနာ ရဲတပ္သား(၇)ဟာ ရန္ကုန္တုိင္းအတြင္းရွိ ၿမိဳ႔နယ္အသီးသီးက ရဲတပ္ရင္းေတြကေန စစ္ကိုင္းၿမိဳ့စစ္ကိုင္း-မုံရြာလမ္းေဘး အမွတ္ (၁၆) ရဲတပ္ရင္းမွာ တာဝန္ထမ္းေဆာင္ဖို႔အတြက္ စက္တင္ဘာလ ၂၂ ရက္ေန႔က ေရာက္ရွိလာခဲ့သူေတြၿဖစ္ျပီး အဲ့ဒီရဲတပ္ရင္းမွာပဲ Facility Quarantine ဝင္ေနခဲ့တဲ့သူေတြျဖစ္ပါတယ္။

#voiceofmyanmar #VOM #စစ္ကိုင္း #ကိုဗစ္လူနာ

Related posts

Leave a Comment

VOM News

FREE
VIEW