စစ်ဖြစ်နေတဲ့ အာမေနီးယားနဲ့ အဇာဘိုင်ဂျန်နိုင်ငံတို့ ယာယီအပစ်အခတ်ရပ်စဲဖို့ သဘောတူ

စစ်ဖြစ်နေတဲ့ အာမေနီးယားနဲ့ အဇာဘိုင်ဂျန်နိုင်ငံတို့ ယာယီအပစ်အခတ်ရပ်စဲဖို့ သဘောတူ

မော်စကို၊ အောက်တိုဘာ ၁၀-၂၀၂၀
မျိုးဆက် (VOM)

နာဂေါ်နို-ခါရာဘတ်ခ်ဒေသ အရေး အငြင်းပွားမှုကြောင့် ပဋိပက္ခတွေဖြစ်နေကြတဲ့ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်နိုင်ငံတို့ဟာ ယာယီအပစ်အခတ်ရပ်စဲဖို့ သဘောတူလိုက်ကြပါတယ်။

ရုရှားနိုင်ငံမြို့တော် မော်စကိုမှာ တာဝန်ရှိသူတွေ ၁၀ ရက်ကြာ ဆွေးနွေးမှုပြီးနောက် ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူလိုက်ကြပြီလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလပ်ရော့ဗ်က ကြေညာခဲ့ပါတယ်။

ပဋိပက္ခနဲ့ပတ်သက်ပြီး ထိရောက်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့က ဆက်လက်လုပ်ဆောင်သွားကြလိမ့်မယ်လို့ သူကဆိုပါတယ်။

စက်တင်ဘာ ၂၇ ရက်မှာ စတင်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် အကြမ်းဖက်မှုတွေလည်းဖြစ်ပွားခဲ့ပြီး လူ ၃၀၀ ကျော်သေဆုံးကာ ထောင်ပေါင်းများစွာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။

ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ အောက်တိုဘာ ၁၀ ရက် မနက် ၈ နာရီကစပြီး တိုက်ခိုက်တာတွေကို ရပ်ဆိုင်းသွားမှာဖြစ်ပြီး အကျဉ်းသားလဲလှယ်တာတွေ၊ အလောင်းကောက်တာတွေကို ခွင့်ပြုသွားမှာဖြစ်ပါတယ်။

နာဂေါ်နို-ခါရာဘတ်ခ်ဒေသဟာ အဇာဘိုင်ဂျန်ရဲ့ တရားဝင် နယ်မြေအစိတ်အပိုင်းတစ်ခုဖြစ်ပြီး လက်ရှိမှာတော့ အာမေးနီးယားမျိုးနွယ်စုတွေက အုပ်ချုပ်ထားပါတယ်။

Ref : BBC
Photo:Reuters
#voiceofmyanmar #VOM #မော်စကို

Zawgyi

စစ္ျဖစ္ေနတဲ႔ အာေမနီးယားနဲ႔ အဇာဘိုင္ဂ်န္နိုင္ငံတို႔ ယာယီအပစ္အခတ္ရပ္စဲဖို႔ သေဘာတူ

ေမာ္စကို၊ ေအာက္တိုဘာ ၁၀-၂၀၂၀
မ်ိဳးဆက္ (VOM)

နာေဂၚနို-ခါရာဘတ္ခ္ေဒသ အေရး အျငင္းပြားမႈေၾကာင္႔ ပဋိပကၡေတြျဖစ္ေနၾကတဲ႔ အာေမးနီးယားနဲ႔ အဇာဘိုင္ဂ်န္နိုင္ငံတို႔ဟာ ယာယီအပစ္အခတ္ရပ္စဲဖို႔ သေဘာတူလိုက္ၾကပါတယ္။

ရုရွားနိုင္ငံျမိဳ႕ေတာ္ ေမာ္စကိုမွာ တာ၀န္ရိွသူေတြ ၁၀ ရက္ၾကာ ေဆြးေႏြးမႈျပီးေနာက္ ယာယီအပစ္အခတ္ရပ္စဲေရး သေဘာတူလိုက္ၾကျပီလို႔ ရုရွားနုိင္ငံျခားေရး၀န္ၾကီး ဆာဂီလပ္ေရာ႔ဗ္က ေၾကညာခဲ႔ပါတယ္။

ပဋိပကၡနဲ႔ပတ္သက္ျပီး ထိေရာက္တဲ႔ ေတြ႔ဆံုေဆြးေႏြးမႈေတြကို အာေမးနီးယားနဲ႔ အဇာဘိုင္ဂ်န္တို႔က ဆက္လက္လုပ္ေဆာင္သြားၾကလိမ္႔မယ္လို႔ သူကဆိုပါတယ္။

စက္တင္ဘာ ၂၇ ရက္မွာ စတင္ျဖစ္ပြားခဲ႔တဲ႔ ပဋိပကၡေၾကာင္႔ အၾကမ္းဖက္မႈေတြလည္းျဖစ္ပြားခဲ႔ျပီး လူ ၃၀၀ ေက်ာ္ေသဆံုးကာ ေထာင္ေပါင္းမ်ားစြာ ေနရပ္စြန္႔ခြာထြက္ေျပးခဲ႔ရပါတယ္။

ယာယီအပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္အရ ေအာက္တိုဘာ ၁၀ ရက္ မနက္ ၈ နာရီကစျပီး တိုက္ခိုက္တာေတြကို ရပ္ဆိုင္းသြားမွာျဖစ္ျပီး အက်ဥ္းသားလဲလွယ္တာေတြ၊ အေလာင္းေကာက္တာေတြကို ခြင္႔ျပဳသြားမွာျဖစ္ပါတယ္။

နာေဂၚနို-ခါရာဘတ္ခ္ေဒသဟာ အဇာဘိုင္ဂ်န္ရဲ႕ တရား၀င္ နယ္ေျမအစိတ္အပိုင္းတစ္ခုျဖစ္ျပီး လက္ရိွမွာေတာ႔ အာေမးနီးယားမ်ိဳးႏြယ္စုေတြက အုပ္ခ်ဳပ္ထားပါတယ္။

Ref : BBC
Photo:Reuters
#voiceofmyanmar #VOM #ေမာ္စကို

Related posts

Leave a Comment

VOM News

FREE
VIEW