နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ပတ်သက်တဲ့ သတင်းမှားဖြန့်တဲ့သူတွေကို အရေးယူတော့မှာမဟုတ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ပတ်သက်တဲ့ သတင်းမှားဖြန့်တဲ့သူတွေကို အရေးယူတော့မှာမဟုတ်
နေပြည်တော်၊ အောက်တိုဘာ ၁၀-၂၀၂၀
စွမ်းရဲထွဋ် (VOM)
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ပတ်သက်တဲ့ သတင်းအမှားတွေကို ဆိုရှယ်မီဒီယာမှာတင်တဲ့သူတွေကို စိစစ်ဖော်ထုတ်နိုင်ပေမယ့်လည်း အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့လမ်းညွှန်ချက်အရ အရေးယူတော့မှာမဟုတ်ဘူးလို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီကနေ့မနက်ပိုင်း Zoom Meeting နဲ့ ပြုလုပ်တဲ့ အွန်လိုင်းသတင်းမီဒီယာတွေ့ဆုံပွဲမှာ သတင်းမီဒီယာတွေကို ပြောပါတယ်။
 ” ဒီကိစ္စတွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် နိုင်ငံတော်အကြီးအကဲတွေကို အသိပေးပြီး လမ်းညွှန်ချက်ယူတဲ့အခါမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လမ်းညွှန်ချက် ၃ ချက်ပေးတယ် နံပတ်(၁)ကတော့ သတင်းအမှားတွေ လုပ်ကြံသတင်းတွေတင်တဲ့ လူတွေနဲ့ပတ်သက်ပြီး အရေးမယူဖို့၊ နံပတ်(၂)က သတင်းအမှားတွေ တမင်သက်သက် ရည်ရွယ်ချက်ရှိရှိတင်ပြတဲ့လူတွေ အဖွဲ့အစည်းတွေရဲ့ အမည်တွေကို အများသိအောင်ဆောင်ရွက်ပေးဖို့၊ နံပတ် (၃) ကတော့ ဒီ လုပ်ဆောင်ချက် ၂ ခုဆိုရင်တော့ လုံလောက်ပါတယ်လို့ လမ်းညွှန်ပါတယ်။ ဒါကြောင့် ဒီပုဂ္ဂိုလ်တွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လမ်းညွှန် ချက်အရ စိစစ်ဖော်ထုတ်ရရှိသော်လည်း အရေးယူမှာမဟုတ်ပါဘူး”လို့ ဦးဇော်ဌေးကပြောပါတယ်။
စိစစ်ဖော်ထုတ်ချက်တွေအရ ဆိုရှယ်မီဒီယာတွေမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ပက်သက်ပြီ သတင်းမှားတွေ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကိုဗစ်နိုင်တင်းဖြစ်ပွားနေတယ်ဆိုတဲ့ကိစ္စတွေနဲ့ လူစားထိုးထားတယ်ဆိုတဲ့ ကျန်းမာရေးအရ မှားယွင်းတဲ့ဝေဖန်မှုတွေပါဝင်နေတာဖြစ်ပါတယ်။
ဒီကိစ္စတွေဟာ ရွေးကောက်ပွဲနီးလာတော့ ပိုပြီးတော့ မြင့်မားများပြားလာတာတွေ့ရလို့ စိစစ်ဖော်ထုတ် ခဲ့ကြတာဖြစ်ပြီး သတင်းအမှားတွေကို ရေးသားတင်ပြတဲ့ အကောင့်တွေထဲမှာ အငြိမ်းစားဗိုလ်မှူးကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအလံ ပရိုဖိုင်များပါဝင်တဲ့အပြင် ဖေ့စ်ဘုတ်ပေ့ချ်တွေလည်းပါဝင်နေတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။
“ဒီအကောင့်တွေကို ကြည့်လိုက်ရင် သူတို့ရဲ့ နိုင်ငံရေးထောက်ခံမှုပေါ့။ နိုင်ငံရေးထောက်ခံမှုအရ ဘယ်လို၊ ဘယ်လိုရှိတယ်ဆိုတာကို ကျနော်တို့ တွေ့နိုင်တယ်။ ဒီ အုပ်စုကတော့ ၂ စုပေါ့နော်။ ဒီဟာတွေနဲ့ပတ်သက်ပြီး စိစစ်ဖော်ထုတ်ရာမှာ ဥပဒေကြောင်းအရ ငြိစွန်းပါတယ်။ အရေးယူလို့ရပါတယ်။ မန္တလေးက နောက်တစ်ယောက်ကတော့ သခင်ဘဇော်ပေါ့။ သူ့ရဲ့ ပရိုဖိုင်ကလည်း မြင်ရတဲ့အတိုင်းပဲ၊ ဒီ (ပြည်ခိုင်ဖြိုးပါတီ) တံဆိပ်တွေပေါ့။ သူ့ ဖေ့စ်ဘုတ်ကို လိုက်ကြည့်တော့ ကာယကံရှင်ရဲ့ လုပ်ဆောင်ချက်တွေတွေ့ပါတယ်။ နိုင်ငံတော်အကြီးအကဲတွေနဲ့ပတ်သက်ပြီး သတင်းဖော်ပြမှု မှားယွင်းတဲ့အပြင် တမင်သက်သက်တွေ ဖော်ပြထားတာလည်းတွေ့ပါတယ်”လို့ ဦးဇော်ဌေးကပြောပါတယ်။
သတင်းအမှားဖြန့်ချီတဲ့ ဖေ့စ်ဘုတ်အကောင့်၊ ပေ့ချ်တွေနဲ့ပတ်သက်ပြီး နောက်ကြောင်းတွေကို လိုက်လံစိစစ်ထားတဲ့အပြင် ဖုန်းနံပတ်များ၊ နေရပ်လိပ်စာများ၊ ဂျီမေးလ်အကောင့်များ၊ ဓါတ်ပုံအမှန်တွေကိုပါ ဖော်ထုတ်ရရှိထားတယ်လို့ပြောပါတယ်။
အခုကာလမှာ သတင်းမှာတွေ ဖြန့်နေတဲ့ နိုင်ငံရေးပါတီအချို့က ခေါင်းဆောင်တွေ၊ ကိုဗစ် နဲ့ ပတ်သက်လို့ သတင်းမှားတွေဖြန့်တာတွေကို တွေ့ရပြီး ကိုဗစ်ကာလကို ရင်ဆိုင်နေတဲ့အချိန်မှာ အများပြည်သူအကြား ထိတ်လန့်တကြား၊ ထင်ယောင်ထင်မှားဖြစ်အောင်နဲ့  လက်ရှိဆောင်ရွက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ကြိုးပမ်းဆောင်ရွက်ချက်တွေအပေါ်မှာ ဆိုးကျိုးသက်ရောက်မှုတွေ ဖြစ်သွားစေနိုင်တဲ့အတွက် ထပ်မံမလုပ်ဖို့အတွက် ဦးဇော်ဌေးက ပြောပါတယ်။
“ဘေးထိုင်တယ်။ ဘုပြောတယ်။ မဟုတ်မှန်တဲ့ သတင်းတွေနဲ့ လုပ်ကြံပြီး ပြောကြားတယ်။ ဒီဟာတွေက တစ်နိုင်ငံလုံးနဲ့ ယှဉ်ရင်ပေါ့။ မလုပ်သင့်တဲ့ကိစ္စလို့ မြင်ပါတယ်။ စိစစ်တဲ့အခါမှာ အကောင့်ကိုဖြုတ်ပစ်တာတွေရှိတယ်။ ကျနော်တို့ဆီမှာ ခိုင်မာတဲ့အထောက်အထားတွေရှိပါတယ်။ ဒါတွေနဲ့ပတ်သက်လို့ လက်ရှိအချိန်မှာ ဥပဒေအရအရေးယူလို့ ရနိုင်တဲ့အနေအထားတွေဖြစ်ပါတယ်”လို့ ဦးဇော်ဌေးက သတိပေးပြောကြားခဲ့ပါတယ်။
သတင်းမှားတွေကို တင်တဲ့နေရာမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ကိုယ်ရေးကိုယ် တာ သတင်းမှားတွေအတွက်ကိုသာ အရေးမယူဘဲထားရှိမှာဖြစ်ပေမယ့် ကိုဗစ်နိုင်တင်းနဲ့ ပက်သက်တဲ့ သတင်းမှားတွေဖြန့်ဝေတာကိုတော့ အရေးယူမှာဖြစ်တယ်လို့ ပြောပါတယ်။
ကိုဗစ်နိုင်တင်းနဲ့ပတ်သက်ပြီး သတင်းမှားတွေရေးတဲ့အထဲမှာ နိုင်ငံရေးပါတီခေါင်းဆောင်အချို့လည်းပါဝင်နေတာနဲ့ပတ်သက်ပြီး “ကျနော်တို့ ပြောချင်တာက မှတ်တမ်းတွေရှိတယ်။ ပါတီခေါင်းဆောင်တွေလုပ်ပြီး ဒီလိုလုပ်ရပ်တွေတော့ မလုပ်နဲ့ပေါ့။ သတင်းမှားတွေ တင်တယ်။ ဝိုင်းပြောတော့ အကောင့်ငုပ်သွားတယ်။ ဒါတွေက ပြောရရင် ရှက်စရာကောင်းတယ်။ ကျနော်တို့ စိစစ်နေတုန်းမှာ အကောင့်ဖြုတ်ပြီး ထွက်ပြေးသွားတယ်။ ဖေ့စ်ဘုတ်ပေါ်က ထွက်ပြေးတာပေါ့။ ပြင်ပမှာဆိုရင်တော့ တိမ်းရှောင်တာပေါ့”လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းမီဒီယာတွေကို ရှင်းပြခဲ့တာဖြစ်ပါတယ်။
#voiceofmyanmar #VOM #နေပြည်တော်
Zawgyi
နုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္နဲ႔ပတ္သက္တဲ့ သတင္းမွားျဖန္႔တဲ့သူေတြကို အေရးယူေတာ့မွာမဟုတ္
ေနၿပည္ေတာ္၊ ေအာက္တိုဘာ ၁၀-၂၀၂၀
စြမ္းရဲထြဋ္ (VOM)
နုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္နဲ႔ပတ္သက္တဲ့ သတင္းအမွားေတြကုိ ဆုိရွယ္မီဒီယာမွာတင္တဲ့သူေတြကို စိစစ္ေဖာ္ထုတ္နုိင္ေပမယ့္လည္း အတုိင္ပင္ခံပုဂၢိဳလ္ရဲ့လမ္းညႊန္ခ်က္အရ အေရးယူေတာ့မွာမဟုတ္ဘူးလို႔ နုိင္ငံေတာ္သမၼတရံုး ေၿပာေရးဆုိခြင့္ရွိသူ ဦးေဇာ္ေဌးက ဒီကေန႔မနက္ပိုင္း Zoom Meeting နဲ႔ ၿပဳလုပ္တဲ့ အြန္လိုင္းသတင္းမီဒီယာေတြ႔ဆံုပြဲမွာ သတင္းမီဒီယာေတြကို ေၿပာပါတယ္။
 ” ဒီကိစၥေတြကို နုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္အပါအ၀င္ နုိင္ငံေတာ္အၾကီးအကဲေတြကို အသိေပးၿပီး လမ္းညႊန္ခ်က္ယူတဲ့အခါမွာ နုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္က လမ္းညႊန္ခ်က္ ၃ ခ်က္ေပးတယ္ နံပတ္(၁)ကေတာ့ သတင္းအမွားေတြ လုပ္ၾကံသတင္းေတြတင္တဲ့ လူေတြနဲ႔ပတ္သက္ၿပီး အေရးမယူဖုိ႔၊ နံပတ္(၂)က သတင္းအမွားေတြ တမင္သက္သက္ ရည္ရြယ္ခ်က္ရွိရွိတင္ၿပတဲ့လူေတြ အဖြဲ႔အစည္းေတြရဲ့ အမည္ေတြကုိ အမ်ားသိေအာင္ေဆာင္ရြက္ေပးဖုိ႔၊ နံပတ္ (၃) ကေတာ့ ဒီ လုပ္ေဆာင္ခ်က္ ၂ ခုဆုိရင္ေတာ့ လံုေလာက္ပါတယ္လို႔ လမ္းညႊန္ပါတယ္။ ဒါေၾကာင့္ ဒီပုဂၢိဳလ္ေတြကို နုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ရဲ့ လမ္းညႊန္ ခ်က္အရ စိစစ္ေဖာ္ထုတ္ရရွိေသာ္လည္း အေရးယူမွာမဟုတ္ပါဘူး”လို႔ ဦးေဇာ္ေဌးကေျပာပါတယ္။
စိစစ္ေဖာ္ထုတ္ခ်က္ေတြအရ ဆုိရွယ္မီဒီယာေတြမွာ နုိင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ ပက္သက္ၿပီ သတင္းမွားေတြ၊ ႏိုင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ ကုိဗစ္နုိင္တင္းၿဖစ္ပြားေနတယ္ဆုိတဲ့ကိစၥေတြနဲ႔ လူစားထိုးထားတယ္ဆုိတဲ့ က်န္းမာေရးအရ မွားယြင္းတဲ့ေဝဖန္မႈေတြပါဝင္ေနတာျဖစ္ပါတယ္။
ဒီကိစၥေတြဟာ ေရြးေကာက္ပြဲနီးလာေတာ့ ပုိၿပီးေတာ့ ၿမင့္မားမ်ားၿပားလာတာေတြ႔ရလုိ႔ စိစစ္ေဖာ္ထုတ္ ခဲ့ၾကတာျဖစ္ၿပီး သတင္းအမွားေတြကုိ ေရးသားတင္ျပတဲ့ အေကာင့္ေတြထဲမွာ အၿငိမ္းစားဗုိလ္မွဴးၾကီး၊ ၿပည္ေထာင္စုၾကံ့ခိုင္ေရးႏွင့္ ဖြံ႔ၿဖိဳးေရးပါတီအလံ ပရုိဖိုင္မ်ားပါဝင္တဲ့အျပင္ ေဖ့စ္ဘုတ္ေပ့ခ်္ေတြလည္းပါဝင္ေနတယ္လို႔ ဦးေဇာ္ေဌးက ေၿပာပါတယ္။
“ဒီအေကာင့္ေတြကုိ ၾကည့္လုိက္ရင္ သူတို႔ရဲ့ နုိင္ငံေရးေထာက္ခံမႈေပါ့။ နုိင္ငံေရးေထာက္ခံမႈအရ ဘယ္လို၊ ဘယ္လိုရွိတယ္ဆိုတာကုိ က်ေနာ္တို႔ ေတြ႔နုိင္တယ္။ ဒီ အုပ္စုကေတာ့ ၂ စုေပါ့ေနာ္။ ဒီဟာေတြနဲ႔ပတ္သက္ၿပီး စိစစ္ေဖာ္ထုတ္ရာမွာ ဥပေဒေၾကာင္းအရ ၿငိစြန္းပါတယ္။ အေရးယူလို႔ရပါတယ္။ မႏၱေလးက ေနာက္တစ္ေယာက္ကေတာ့ သခင္ဘေဇာ္ေပါ့။ သူ႔ရဲ့ ပရုိဖိုင္ကလည္း ၿမင္ရတဲ့အတုိင္းပဲ၊ ဒီ (ၿပည္ခုိင္ၿဖိဳးပါတီ) တံဆိပ္ေတြေပါ့။ သူ႔ ေဖ့စ္ဘုတ္ကုိ လုိက္ၾကည့္ေတာ့ ကာယကံရွင္ရဲ့ လုပ္ေဆာင္ခ်က္ေတြေတြ႔ပါတယ္။ နုိ္င္ငံေတာ္အၾကီးအကဲေတြနဲ႔ပတ္သက္ၿပီး သတင္းေဖာ္ၿပမႈ မွားယြင္းတဲ့အၿပင္ တမင္သက္သက္ေတြ ေဖာ္ၿပထားတာလည္းေတြ႔ပါတယ္”လုိ႔ ဦးေဇာ္ေဌးကေျပာပါတယ္။
သတင္းအမွားၿဖန္႔ခ်ီတဲ့ ေဖ့စ္ဘုတ္အေကာင့္၊ ေပ့ခ်္ေတြနဲ႔ပတ္သက္ၿပီး ေနာက္ေၾကာင္းေတြကို လုိက္လံစိစစ္ထားတဲ့အျပင္ ဖုန္းနံပတ္မ်ား၊ ေနရပ္လိပ္စာမ်ား၊ ဂ်ီေမးလ္အေကာင့္မ်ား၊ ဓါတ္ပံုအမွန္ေတြကုိပါ ေဖာ္ထုတ္ရရွိထားတယ္လို႔ေျပာပါတယ္။
အခုကာလမွာ သတင္းမွာေတြ ၿဖန္႔ေနတဲ့ နုိင္ငံေရးပါတီအခ်ိဳ႕က ေခါင္းေဆာင္ေတြ၊ ကုိဗစ္ နဲ႔ ပတ္သက္လုိ႔ သတင္းမွားေတြၿဖန္႔တာေတြကို ေတြ႔ရၿပီး ကိုဗစ္ကာလကို ရင္ဆုိင္ေနတဲ့အခ်ိန္မွာ အမ်ားၿပည္သူအၾကား ထိတ္လန္႔တၾကား၊ ထင္ေယာင္ထင္မွားၿဖစ္ေအာင္နဲ႔  လက္ရွိေဆာင္ရြက္ေနတဲ့ က်န္းမာေရးဝန္ထမ္းေတြရဲ႔ ၾကိဳးပမ္းေဆာင္ရြက္ခ်က္ေတြအေပၚမွာ ဆိုးက်ိဳးသက္ေရာက္မႈေတြ ၿဖစ္သြားေစႏိုင္တဲ့အတြက္ ထပ္မံမလုပ္ဖုိ႔အတြက္ ဦးေဇာ္ေဌးက ေၿပာပါတယ္။
“ေဘးထုိင္တယ္။ ဘုေၿပာတယ္။ မဟုတ္မွန္တဲ့ သတင္းေတြနဲ႔ လုပ္ၾကံၿပီး ေၿပာၾကားတယ္။ ဒီဟာေတြက တစ္နုိင္ငံလံုးနဲ႔ ယွဥ္ရင္ေပါ့။ မလုပ္သင့္တဲ့ကိစၥလုိ႔ ၿမင္ပါတယ္။ စိစစ္တဲ့အခါမွာ အေကာင့္ကိုၿဖဳတ္ပစ္တာေတြရွိတယ္။ က်ေနာ္တို႔ဆီမွာ ခုိင္မာတဲ့အေထာက္အထားေတြရွိပါတယ္။ ဒါေတြနဲ႔ပတ္သက္လို႔ လက္ရွိအခ်ိန္မွာ ဥပေဒအရအေရးယူလုိ႔ ရနုိင္တဲ့အေနအထားေတြၿဖစ္ပါတယ္”လုိ႔ ဦးေဇာ္ေဌးက သတိေပးေၿပာၾကားခဲ့ပါတယ္။
သတင္းမွားေတြကုိ တင္တဲ့ေနရာမွာ နုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ရဲ႔ ကုိယ္ေရးကုိယ္ တာ သတင္းမွားေတြအတြက္ကိုသာ အေရးမယူဘဲထားရွိမွာၿဖစ္ေပမယ့္ ကိုဗစ္နုိင္တင္းနဲ႔ ပက္သက္တဲ့ သတင္းမွားေတြၿဖန္႔ေဝတာကုိေတာ့ အေရးယူမွာၿဖစ္တယ္လို႔ ေျပာပါတယ္။
ကုိဗစ္ႏုိင္တင္းနဲ႔ပတ္သက္ၿပီး သတင္းမွားေတြေရးတဲ့အထဲမွာ နုိင္ငံေရးပါတီေခါင္းေဆာင္အခ်ိဳ႕လည္းပါဝင္ေနတာနဲ႔ပတ္သက္ၿပီး “က်ေနာ္တို႔ ေၿပာခ်င္တာက မွတ္တမ္းေတြရွိတယ္။ ပါတီေခါင္းေဆာင္ေတြလုပ္ၿပီး ဒီလိုလုပ္ရပ္ေတြေတာ့ မလုပ္နဲ႔ေပါ့။ သတင္းမွားေတြ တင္တယ္။ ဝုိင္းေၿပာေတာ့ အေကာင့္ငုပ္သြားတယ္။ ဒါေတြက ေၿပာရရင္ ရွက္စရာေကာင္းတယ္။ က်ေနာ္တုိ႔ စိစစ္ေနတုန္းမွာ အေကာင့္ၿဖဳတ္ၿပီး ထြက္ေၿပးသြားတယ္။ ေဖ့စ္ဘုတ္ေပၚက ထြက္ေၿပးတာေပါ့။ ၿပင္ပမွာဆိုရင္ေတာ့ တိမ္းေရွာင္တာေပါ့”လို႔ နုိင္ငံေတာ္သမၼတရံုး ေၿပာေရးဆုိခြင့္ရွိသူ ဦးေဇာ္ေဌးက သတင္းမီဒီယာေတြကို ရွင္းၿပခဲ့တာျဖစ္ပါတယ္။
#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW