ပဲခူးတိုင်းမှာ ကုန်တင်ကားသမား ၅၀၀၀ကျော်ကို Test kit နဲ့ ကိုဗစ်ရောဂါစစ်ဆေးခဲ့ရာ (၇၁)ဦးမှာပိုးတွေ့

ပဲခူးတိုင်းမှာ ကုန်တင်ကားသမား ၅၀၀၀ကျော်ကို Test kit နဲ့ ကိုဗစ်ရောဂါစစ်ဆေးခဲ့ရာ (၇၁)ဦးမှာပိုးတွေ့

အောက်တိုဘာ ၁၀
သိင်္ဂီ(VOM)

ပဲခူးတိုင်းကို ဖြတ်သန်းသွားလာမယ့် ကုန်တင်ကားသမားတွေကို ကိုဗစ်ရောဂါပိုး ရှိ၊မရှိ Test Kit နဲ့ စစ်ဆေးနေတဲ့ (၈)ရက်အတွင်း ရောဂါပိုးတွေ့သူ (၇၁)ဦးထိ ရှိထားတယ်လို့ ပဲခူးတိုင်းအစိုးရအဖွဲ့ကနေ သိရပါတယ်။

ကုန်တင်ကားမောင်းသူနဲ့ ယာဉ်နောက်လိုက်တွေကို ကိုဗစ်ရောဂါပိုး ရှိ၊မရှိ Test Kit နဲ့ စစ်ဆေးတာကို အောက်တိုဘာ ၂ ရက်နေ့ကတည်းက စတင်စစ်ဆေးနေတာဖြစ်ပြီး အောက်တိုဘာလ ၉ ရက်နေ့အထိ စစ်ဆေးခဲ့တဲ့ ၈ ရက်အတွင်းမှာ ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက် (၅၂၂၇)ဦးကို စစ်ဆေးနိုင်ခဲ့တဲ့အထဲက (၇၁)ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

“Test kit နဲ့ စစ်ဆေးတဲ့အထဲမှာ ကုန်ကားသမားတွေဆီက ပိုးတွေ့တာရှိတယ်။ စစ်ဆေးတဲ့နေရာတွေမှာ ကားတွေပိတ်တာတော့ရှိပါတယ်၊ ကားပိတ်တာကို အုပ်ချုပ်ရေးပိုင်းကလည်း ပြေလည်အောင်လုပ်ပေးနေတယ်။ ရန်ကုန်တိုင်းဘက်ကနေဝင်လာပြီး တခြားတိုင်းကိုသွားမယ့်ကားက ပဲခူးမှာ လာပိတ်နေတာတွေရှိတယ်။ စစ်ဆေးတာတွေတော့ တောက်လျှောက်စစ်နေတယ်”လို့ ပဲခူးတိုင်းကျန်းမာရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာရန်နိုင်မောင်ကပြောပါတယ်။

ကိုဗစ် ပိုးတွေ့လူနာ ၇၁ ဦးထဲမှာ ပဲခူးတိုင်းဒေသခံ ၁၀ဦးကျော်သာပါရှိပြီး ကျန်တဲ့ပိုးတွေ့လူနာအများစုဟာ အခြားတိုင်းနဲ့ ပြည်နယ်တွေက ယာဉ်မောင်း နဲ့ ယာဉ်နောက်လိုက်တွေဖြစ်တယ်လို့ သိရပါတယ်။

ပဲခူးပြင်ပက ပိုးတွေ့လူနာတွေကို သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းဒေသကြီးဆီကို ပြန်လည်လွှဲပြောင်းဖို့ အခက်အခဲရှိတာကြောင့် ပဲခူးတိုင်းအတွင်းက ဆေးရုံတွေမှာပဲ ထားရှိကုသပေးနေပြီး Negativeထွက်သူကိုတော့ ဆက်လက်ထွက်ခွာခွင့်ပြုပေးနေတာဖြစ်ပါတယ်။

ပဲခူးတိုင်းဟာ နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ် စတဲ့ တိုင်းဒေသကြီးပြည်နယ်တွေနဲ့ နယ်နိမိတ်ခြင်း ထိစပ်နေတဲ့အပြင် ကုန်စည်ပို့ဆောင်ရေး အဓိက လမ်းကြောင်းပေါ်မှာ ရှိနေတာကြောင့် Test Kit နဲ့ စစ်ဆေးခြင်းကို လုပ်ဆောင်နေရတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ပဲခူးတိုင်းအတွင်း ကုန်တင်ယာဉ်တွေကလွဲပြီး ခရီးသည်တင်ကား၊ အိမ်စီးကား၊ လူစီးအငှားယာဉ်တွေကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားတာဖြစ်ပါတယ်။

Photo – မြတ်သူ
#voiceofmyanmar #VOM #ပဲခူး #ကိုဗစ် #ကုန်တင်ယာဉ်မောင်း

Zawgyi

ပဲခူးတိုင္းမွာ ကုန္တင္ကားသမား ၅၀၀၀ေက်ာ္ကို Test kit နဲ႔ ကိုဗစ္ေရာဂါစစ္ေဆးခဲ့ရာ (၇၁)ဦးမွာပိုးေတြ႔

ေအာက္တိုဘာ ၁၀
သိဂႌ(VOM)

ပဲခူးတိုင္းကို ျဖတ္သန္းသြားလာမယ့္ ကုန္တင္ကားသမား​ေတြကို ကိုဗစ္ေရာဂါပိုး ႐ွိ၊မ႐ွိ Test Kit နဲ႔ စစ္ေဆးေနတဲ့ (၈)ရက္အတြင္း ေရာဂါပိုးေတြ႔သူ (၇၁)ဦးထိ ႐ွိထားတယ္လို႔ ပဲခူးတိုင္းအစိုးရအဖြဲ႔ကေန သိရပါတယ္။

ကုန္တင္ကားေမာင္းသူနဲ႔ ယာဥ္​ေနာက္လိုက္​ေတြကို ကိုဗစ္ေရာဂါပိုး ႐ွိ၊မ႐ွိ Test Kit နဲ႔ စစ္ေဆးတာကို ေအာက္တိုဘာ ၂ ရက္ေန႔ကတည္းက စတင္စစ္ေဆးေနတာျဖစ္ျပီး ေအာက္တိုဘာလ ၉ ရက္ေန႔အထိ စစ္ေဆးခဲ့တဲ့ ၈ ရက္အတြင္းမွာ ကုန္တင္ယာဥ္ေမာင္း၊ ယာဥ္ေနာက္လိုက္ (၅၂၂၇)ဦးကို စစ္ေဆးႏိုင္ခဲ့တဲ့အထဲက (၇၁)ဦးမွာ ေရာဂါပိုးေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

“Test kit နဲ႔ စစ္ေဆးတဲ့အထဲမွာ ကုန္ကားသမားေတြဆီက ပိုးေတြ႔တာ႐ွိတယ္။ စစ္ေဆးတဲ့ေနရာေတြမွာ ကားေတြပိတ္တာေတာ့႐ွိပါတယ္၊ ကားပိတ္တာကို အုပ္ခ်ဳပ္ေရးပိုင္းကလည္း ေျပလည္ေအာင္လုပ္ေပးေနတယ္။ ရန္ကုန္တိုင္းဘက္က​ေနဝင္လာၿပီး တျခားတိုင္းကိုသြားမယ့္ကားက ပဲခူးမွာ လာပိတ္ေနတာေတြ႐ွိတယ္။ စစ္​ေဆးတာေတြေတာ့ ေတာက္ေလွ်ာက္စစ္ေနတယ္”လို႔ ပဲခူးတိုင္းက်န္းမာေရးဦးစီးဌာန တိုင္းဦးစီးမွဴး ေဒါက္တာရန္ႏိုင္ေမာင္ကေျပာပါတယ္။

ကိုဗစ္ ပိုးေတြ႔လူနာ ၇၁ ဦးထဲမွာ ပဲခူးတိုင္းေဒသခံ ၁၀ဦးေက်ာ္သာပါရွိၿပီး က်န္တဲ႔ပိုးေတြ႔လူနာအမ်ားစုဟာ အျခားတိုင္းနဲ႔ ျပည္နယ္ေတြက ယာဥ္ေမာင္း နဲ့ ယာဥ္ေနာက္လိုက္ေတြျဖစ္တယ္လို႔ သိရပါတယ္။

ပဲခူးျပင္ပက ပိုးေတြ႔လူနာေတြကို သက္ဆိုင္ရာ ျပည္နယ္နဲ႔တိုင္းေဒသႀကီးဆီကို ျပန္လည္လႊဲေျပာင္းဖို႔ အခက္အခဲရွိတာေျကာင့္ ပဲခူးတိုင္းအတြင္းက ေဆး႐ုံေတြမွာပဲ ထားရွိကုသေပးေနျပီး Negativeထြက္သူကိုေတာ့ ဆက္လက္ထြက္ခြာခြင့္ျပဳေပးေနတာျဖစ္ပါတယ္။

ပဲခူးတိုင္းဟာ ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ရန္ကုန္တိုင္း၊ မြန္ျပည္နယ္ စတဲ့ တိုင္းေဒသႀကီးျပည္နယ္ေတြနဲ႔ နယ္နိမိတ္ျခင္း ထိစပ္ေနတဲ့အျပင္ ကုန္စည္ပို့ေဆာင္ေရး အဓိက လမ္းေၾကာင္းေပၚမွာ ရွိေနတာေျကာင့္ Test Kit နဲ႕ စစ္ေဆးျခင္းကို လုပ္​ေဆာင္ေနရတာျဖစ္တယ္လို႔ သိရပါတယ္။

လက္႐ွိမွာေတာ့ ပဲခူးတိုင္းအတြင္း ကုန္တင္ယာဥ္ေတြကလြဲၿပီး ခရီးသည္တင္ကား၊ အိမ္စီးကား၊ လူစီးအငွားယာဥ္ေတြကို ျဖတ္သန္းသြားလာခြင့္ ပိတ္ထားတာျဖစ္ပါတယ္။

Photo – ျမတ္သူ
#voiceofmyanmar #VOM #ပဲခူး #ကိုဗစ္ #ကုန္တင္ယာဥ္ေမာင္း

Related posts

Leave a Comment

VOM News

FREE
VIEW