မုဒိမ်းမှုကျူးလွန်သူတွေကို သေဒဏ်ပေးမယ့် ဥပဒေတစ်ရပ် ဘင်္ဂလားဒေ့ရှ်မှာ ပြဋ္ဌာန်း

မုဒိမ်းမှုကျူးလွန်သူတွေကို သေဒဏ်ပေးမယ့် ဥပဒေတစ်ရပ် ဘင်္ဂလားဒေ့ရှ်မှာ ပြဋ္ဌာန်း

ဒါကာ၊ အောက်တိုဘာ-၁၃-၂၀၂၀
မျိုးဆက် (VOM)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ မြင့်တက်နေတဲ့အပေါ် ဆန္ဒပြပွဲတွေ ရက်အတန်ကြာဖြစ်ပွားပြီးနောက် မုဒိမ်းမှုကျူးလွန်သူတွေကို သေဒဏ်ပေမယ့် ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းလိုက်ပါတယ်။

အဲဒီဥပဒေကို ဒီကနေ့ အောက်တိုဘာ ၁၃ ရက်မှာပဲ သမ္မတက လက်မှတ်ရေးထိုးပြီး တရားဝင်ပြဋ္ဌာန်းမယ်လို့ ဘင်္ဂလားဒေ့ရှ် ဥပဒေရေးရာဝန်ကြီး Anisul Haq ကပြောပါတယ်။

အသက် ၃၇ နှစ်အရွယ်အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့မုဒိမ်းမှုကျူးလွန်တာကို ရိုက်ကူးထားတဲ့ကိစ္စနဲ့ ပတ်သက်တာတွေ ဆိုရှယ်မီဒီယာပေါ်မှာ ပြန့်နှံ့သွားပြီးနောက် လွန်ခဲ့တဲ့သီတင်းပတ်ကစပြီး နိုင်ငံအတွင်းမှာ မကျေမနပ်မှုတွေ အကြီးအကျယ်ဖြစ်ပွားခဲ့ပါတယ်။

အခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာ မုဒိမ်းမှု ၁၀၀၀ ထက်မနည်းဖြစ်ပွားခဲ့တယ်လို့ တက်ကြွလှုပ်ရှားသူတွေကပြောပါတယ်။

ဒါပေမယ့် မုဒိမ်းမှုဖြစ်စဉ်အများစုမှာ အမျိုးသမီးတွေဟာ အရှက်ကွဲမှာကြောက်တာကြောင့် တိုင်ကြားမှုမပြုတာတွေ အများကြီးရှိနေတယ်လို့ လူ့အခွင့်အရေး ကာကွယ်သူတွေက ပြောဆိုထားပြီး အပြစ်ပေးအရေးယူနိုင်တာကလည်း အလွန်နည်းပါတယ်လို့ ပြောပါတယ်။

Ref : BBC
Photo: Reuters
#voiceofmyanmar #VOM #ဒါကာ

Zawgyi

မုဒိမ္းမႈက်ဴးလြန္သူေတြကို ေသဒဏ္ေပးမယ္႔ ဥပေဒတစ္ရပ္ ဘဂၤလားေဒ႔ရွ္မွာ ျပ႒ာန္း

ဒါကာ၊ ေအာက္တိုဘာ-၁၃-၂၀၂၀
မ်ိဳးဆက္ (VOM)

ဘဂၤလားေဒ႔ရွ္နိုင္ငံမွာ အမ်ိဳးသမီးေတြအေပၚ လိင္ပိုင္းဆိုင္ရာအၾကမ္းဖက္မႈေတြ ျမင္႔တက္ေနတဲ႔အေပၚ ဆႏၵျပပြဲေတြ ရက္အတန္ၾကာျဖစ္ပြားျပီးေနာက္ မုဒိမ္းမႈက်ဴးလြန္သူေတြကို ေသဒဏ္ေပမယ္႔ ဥပေဒတစ္ရပ္ကို ျပ႒ာန္းလိုက္ပါတယ္။

အဲဒီဥပေဒကို ဒီကေန႔ ေအာက္တိုဘာ ၁၃ ရက္မွာပဲ သမၼတက လက္မွတ္ေရးထိုးျပီး တရား၀င္ျပ႒ာန္းမယ္လို႔ ဘဂၤလားေဒ႔ရွ္ ဥပေဒေရးရာ၀န္ၾကီး Anisul Haq ကေျပာပါတယ္။

အသက္ ၃၇ နွစ္အရြယ္အမ်ိဳးသမီးတစ္ဦးကို အုပ္စုဖြဲ႔မုဒိမ္းမႈက်ဴးလြန္တာကို ရိုက္ကူးထားတဲ႔ကိစၥနဲ႔ ပတ္သက္တာေတြ ဆိုရွယ္မီဒီယာေပၚမွာ ျပန္႔နွံ႔သြားျပီးေနာက္ လြန္ခဲ႔တဲ႔သီတင္းပတ္ကစျပီး နိုင္ငံအတြင္းမွာ မေက်မနပ္မႈေတြ အၾကီးအက်ယ္ျဖစ္ပြားခဲ႔ပါတယ္။

အခုနွစ္အတြင္း ဘဂၤလားေဒ႔ရွ္နိုင္ငံအတြင္းမွာ မုဒိမ္းမႈ ၁၀၀၀ ထက္မနည္းျဖစ္ပြားခဲ႔တယ္လို႔ တက္ၾကြလႈပ္ရွားသူေတြကေျပာပါတယ္။

ဒါေပမယ္႔ မုဒိမ္းမႈျဖစ္စဥ္အမ်ားစုမွာ အမ်ိဳးသမီးေတြဟာ အရွက္ကြဲမွာေၾကာက္တာေၾကာင္႔ တိုင္ၾကားမႈမျပဳတာေတြ အမ်ားၾကီးရိွေနတယ္လို႔ လူ႔အခြင္႔အေရး ကာကြယ္သူေတြက ေျပာဆိုထားျပီး အျပစ္ေပးအေရးယူနိုင္တာကလည္း အလြန္နည္းပါတယ္လို႔ ေျပာပါတယ္။

Ref : BBC
Photo: Reuters
#voiceofmyanmar #VOM #ဒါကာ

Related posts

Leave a Comment

VOM News

FREE
VIEW