အောင်သာစည်ရွာအနီး တပ်နဲ့ အေအေတိုက်ပွဲပြင်းထန်၊ လေကြောင်းတိုက်ခိုက်မှုရှိပြီး နေအိမ်တစ်ချို့ မီးလောင်

အောင်သာစည်ရွာအနီး တပ်နဲ့ အေအေတိုက်ပွဲပြင်းထန်၊ လေကြောင်းတိုက်ခိုက်မှုရှိပြီး နေအိမ်တစ်ချို့ မီးလောင် အောက်တိုဘာ ၁၃- ၂၀၂၀ ထက်အောင်စိုင်း(VOM) ရသေ့တောင်မြို့နယ်၊ အောင်သာစည်ရွာအနီးမှာ ဒီကနေ့ မနက်ပိုင်းက တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး ညနေပိုင်းအချိန်ထိ ပစ်ခတ်သံတွေကြားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီကနေ့ အောက်တိုဘာ ၁၃ရက်နေ့ မနက် ၉ နာရီလောက်မှာ ပစ်ခတ်သံတွေပိုပြင်းလာပြီးနောက် ဂျက်တိုက်လေယာဉ်(၂) စီးနဲ့ အောင်သာစည်ကျေးရွာအနီးတစ်ဝိုက်ကို မိနစ် (၃၀) ကြာပစ်ခတ်တာတွေရှိတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။ ရသေ့တောင်မြို့နယ်က ဒေသခံတစ်ဦးပြောတာက” မနက်ကတည်းက ပစ်သံတွေကြားနေရတာပါ။ အခုလည်း လက်နက်ကြီး ပစ်သံတွေ အများကြီး ကြားရပါတယ်။ ဂျက်တိုက်လေယာဉ်တွေနဲ့လည်း လာပစ်တာရှိပါတယ်။ ပထမဆုံးအကြိမ်လာပစ်တုန်းက (၂) စီး၊ မကြာသေးမီက (၄) စီးနဲ့ လာပစ်သွားပါတယ်”လို့ ပြောပါတယ်။ ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကို ဆက်သွယ်မေးမြန်းရာမှာတော့ မနက်…

Read More

ကွာရန်တင်းစင်တာအပြင်ဘက်ထွက်ပြီး ရည်းစားဖြစ်သူနဲ့ချိန်းတွေ့တဲ့အမျိုးသားကို ဘေးစီမံအက်နဲ့ အမှုဖွင့်ထား

ကွာရန်တင်းစင်တာအပြင်ဘက်ထွက်ပြီး ရည်းစားဖြစ်သူနဲ့ချိန်းတွေ့တဲ့အမျိုးသားကို ဘေးစီမံအက်နဲ့ အမှုဖွင့်ထား အောက်တိုဘာ ၁၃-၂၀၂၀ ကောင်းလက်ျာ(VOM) မကွေးတိုင်း‌၊ ချောက်မြို့နယ်၊ အေးစေတီရပ်ကွက်၊ မဟာသာစည်သာသနာ့ရိပ်သာ ကွာရန်တင်းစင်တာမှာ အသွားအလာစောင့်ကြည့်ခံနေရတဲ့ အမျိုးသားတစ်ဦးဟာ ကွာရန်တင်းစင်တာအပြင်ဘက်ထွက်ပြီး ရည်စားဖြစ်သူနဲ့သွားရောက်တွေ့ဆုံခဲ့တာကြောင့် သဘာဝဘေးအန္တရာယ်စီမံခန့် ခွဲမှုအက်ဥပဒေနဲ့ အမှုဖွင့်ခံလိုက်ရတယ်လို့ ချောက်မြို့နယ်အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ သိရပါတယ်။ ” အမှုက ဖွင့်ထားပြီးပါပြီ။ တရားစွဲဆိုမှုကိစ္စကတော့ ခရိုင်နဲ့တိုင်းအဆင့်ဆင့်ကို ဆက်လက်တင်ပြထားရလို့ ရုံးတင်လို့မရသေးပါဘူး”လို့ ချောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ အောက်တိုဘာလ ၁၁ ရက်နေ့မနက်ပိုင်းမှာ မဟာစည်သာသနာ့ရိပ်သာ Quarnatineကို ရန်ကုန်ကနေပြန်လာ‌တာကြောင့် စောင့်ကြည့်ခံနေရတဲ့ အသက် ၃၆ နှစ်အရွယ် ကုန်တင်ယာဉ်မောင်းအမျိုးသားဟာ အဲ့ဒီနေ့ ည ၉ နာရီခွဲလောက်မှာ စခန်းပြင်ပထွက်လာတာကို လုံခြုံ ရေးအဖွဲ့က တွေ့ရှိမေးမြန်းရာ ရည်းစားနဲ့တွေ့ဖို့ ထွက်လာတာကို သိရှိခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအမျိုးသားကို အောက်တိုဘာ ၁၂ ရက်နေ့မှာ Task Kit…

Read More

ကျန်းမာရေးဝန်ကြီးဌာနရဲ့ခွင့်ပြုချက်မရှိဘဲ စက်ရုံဝန်ထမ်းအချင်းချင်း Test Kitနဲ့ ကိုဗစ်ပိုးစစ်ဆေးတာကို သက်ဆိုင်ရာက အရေးယူမှုမရှိသေး

ကျန်းမာရေးဝန်ကြီးဌာနရဲ့ခွင့်ပြုချက်မရှိဘဲ စက်ရုံဝန်ထမ်းအချင်းချင်း Test Kitနဲ့ ကိုဗစ်ပိုးစစ်ဆေးတာကို သက်ဆိုင်ရာက အရေးယူမှုမရှိသေး အောက်တိုဘာ ၁၃-၂၀၂၀ သ်င်္ဂီ(VOM) ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန်က CMP လက်ခစားစနစ် စက်ရုံတစ်ခုဖြစ်တဲ့ စိုက်ဖုံအင်တာနေရှင်နယ်လ်ပါးမန့်အထည်ချုပ်စက်ရုံဟာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်မရှိဘဲ စက်ရုံကအလုပ်သမားတွေကို Test Kit အသုံးပြုပြီး ကိုဗစ်ပိုးရှိမရှိ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီစက်ရုံဟာ ဒီကနေ့ အောက်တိုဘာလ ၁၃ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်တာဖြစ်ပြီး ဒီကနေ့မနက်မှာပဲ Test Kit စစ်ဆေးမှုကိုပြုလုပ်ခဲ့တာဖြစ်တယ်လို့ စက်ရုံအခြေစိုက်တဲ့ အပြင်ပဒံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကပြောပါတယ်။ “လတ်တလော test kitကို ကျန်းမာရေးဌာနနဲ့ ချိတ်ဆက်လုပ်ဖို့ပြောပြီးပြီ၊ test kit စစ်ဆေးမှုကို ကိုယ့်ဘာသာဆက်မလုပ်ဖို့တားပြီးပြီ။ အလုပ်ကိုလည်း Aအဆင့်ရမှ ဖွင့်ဖို့ ပြောထားပါတယ်။ လောလောဆယ် အရေးယူမှုတော့မရှိသေးပါဘူး”လို့ အပြင်ပဒံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစန်းလင်းကပြောပါတယ်။ Test Kit နဲ့စစ်ဆေးမှုပြုလုပ်ရာကနေ မျဉ်း…

Read More

မုဒိမ်းမှုကျူးလွန်သူတွေကို သေဒဏ်ပေးမယ့် ဥပဒေတစ်ရပ် ဘင်္ဂလားဒေ့ရှ်မှာ ပြဋ္ဌာန်း

မုဒိမ်းမှုကျူးလွန်သူတွေကို သေဒဏ်ပေးမယ့် ဥပဒေတစ်ရပ် ဘင်္ဂလားဒေ့ရှ်မှာ ပြဋ္ဌာန်း ဒါကာ၊ အောက်တိုဘာ-၁၃-၂၀၂၀ မျိုးဆက် (VOM) ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ မြင့်တက်နေတဲ့အပေါ် ဆန္ဒပြပွဲတွေ ရက်အတန်ကြာဖြစ်ပွားပြီးနောက် မုဒိမ်းမှုကျူးလွန်သူတွေကို သေဒဏ်ပေမယ့် ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းလိုက်ပါတယ်။ အဲဒီဥပဒေကို ဒီကနေ့ အောက်တိုဘာ ၁၃ ရက်မှာပဲ သမ္မတက လက်မှတ်ရေးထိုးပြီး တရားဝင်ပြဋ္ဌာန်းမယ်လို့ ဘင်္ဂလားဒေ့ရှ် ဥပဒေရေးရာဝန်ကြီး Anisul Haq ကပြောပါတယ်။ အသက် ၃၇ နှစ်အရွယ်အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့မုဒိမ်းမှုကျူးလွန်တာကို ရိုက်ကူးထားတဲ့ကိစ္စနဲ့ ပတ်သက်တာတွေ ဆိုရှယ်မီဒီယာပေါ်မှာ ပြန့်နှံ့သွားပြီးနောက် လွန်ခဲ့တဲ့သီတင်းပတ်ကစပြီး နိုင်ငံအတွင်းမှာ မကျေမနပ်မှုတွေ အကြီးအကျယ်ဖြစ်ပွားခဲ့ပါတယ်။ အခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာ မုဒိမ်းမှု ၁၀၀၀ ထက်မနည်းဖြစ်ပွားခဲ့တယ်လို့ တက်ကြွလှုပ်ရှားသူတွေကပြောပါတယ်။ ဒါပေမယ့် မုဒိမ်းမှုဖြစ်စဉ်အများစုမှာ အမျိုးသမီးတွေဟာ အရှက်ကွဲမှာကြောက်တာကြောင့် တိုင်ကြားမှုမပြုတာတွေ အများကြီးရှိနေတယ်လို့ လူ့အခွင့်အရေး ကာကွယ်သူတွေက ပြောဆိုထားပြီး အပြစ်ပေးအရေးယူနိုင်တာကလည်း…

Read More

Project K အဖွဲ့ ကိစ္စ ဒေါ်အောင်ဆန်းစုကြည်ပြောတယ်ဆိုတဲ့ သတင်းမှားပျံ့နေ

Project K အဖွဲ့ ကိစ္စ ဒေါ်အောင်ဆန်းစုကြည်ပြောတယ်ဆိုတဲ့ သတင်းမှားပျံ့နေ အောက်တိုဘာ ၁၃-၂၀၂၀ ဆွေလင်းထွန်း(VOM) မြန်မာနိုင်ငံက လူငယ်အဆိုတော်အဖွဲ့တဖွဲ့ဖြစ်တဲ့ Project K အဖွဲ့က ဘုရားပုံ ပန်းချီကားလို ပုံဖော်ထားတာကို နင်းပြီး က တာဟာ တကယ့်ဘုရားကိုနင်းတာမဟုတ်တဲ့အတွက် အပြစ်မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ပြောတယ်ဆိုတဲ့ သတင်းမှားတခုကို VOM က စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ အဲဒီ သတင်းမှားကို LinLin Aung ဆိုတဲ့ အကောင့်က လူမှုကွန်ယက် Facebook ပေါ်မှာ ပထမဆုံး တင်ခဲ့တာဖြစ်ပြီး VOM က သတိထားမိတဲ့အချိန်မှာ react ပြုလုပ်သူ ၃၆၉ ဦးနဲ့ မျှဝေသူ ၇၈၁ ဦးရှိနေပြီ ဖြစ်ပါတယ်။ အဲဒီ သတင်းအမှားဟာ Project K အဖွဲ့က ယခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့က သူတို့ရဲ့ Page…

Read More

ရန်ကုန်ကနေ အခကြေးငွေယူပြီး လူတွေပို့ပေးတဲ့ ယာဉ်မောင်း ၇ ယောက်ကို အရေးယူမယ်

ရန်ကုန်ကနေ အခကြေးငွေယူပြီး လူတွေပို့ပေးတဲ့ ယာဉ်မောင်း ၇ ယောက်ကို အရေးယူမယ် အောက်တိုဘာ ၁၃-၂၀၂၀ ဖြူဖြူ(VOM) အခကြေးငွေယူပြီး ရန်ကုန်တိုင်းကနေ မန္တလေးတိုင်းကို လူတွေပို့ဆောင်ပေးနေတဲ့ ယာဉ်မောင်း ၇ ယောက်ကို အရေးယူသွားမယ်လို့ မန္တလေးတိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောပါတယ်။ “သူတို့က ဘယ်လိုလုပ်လဲဆိုတော့ မောင်းတဲ့သူက PPE ဝတ်စုံနဲ့။ လူနာတင်တဲ့ပုံစံနဲ့ အဲဒီလို ဥသြစွဲပြီးမှ လာတယ်။ ဒါကျနည်းနည်းဆိုးရွားတယ်လေ” လို့ ဦးစိုင်းပန်းဆိုင်ကပြောပါတယ်။ ကိုဗစ် ၁၉ ရောဂါကူးစက်ဖြစ်ပွားမှုတွေကြောင့် မန္တလေးတိုင်းကနေ အခြားတိုင်းနဲ့ ပြည်နယ်တွေကို ပြေးဆွဲနေတဲ့ ခရီးသည်ယာဉ်တွေကို ရပ်နားထားသလို အိမ်စီးကားတွေအနေနဲ့ကလည်း ယာဉ်မောင်းအပါအဝင် လူလေးယောက်ထက်မပိုဘဲ သွားလာဖို့ ညွှန်ကြားထားတာဖြစ်ပါတယ်။ ဒီလိုသွားလာရာမှာလည်း သက်ဆိုင်ရာအဖွဲ့အစည်းရဲ့ စစ်ဆေးမှုတွေကို ခံယူရမှာဖြစ်ပြီး လိုအပ်ရင် Quarantine ဝင်ရမှာ ဖြစ်ပါတယ်။ အခုလိုညွန်ကြားချက်တွေ ထုတ်ပြန်ထားပေမယ့် အခကြေးငွေယူပြီး…

Read More

ဝှေခါကျေးရွာမှာ တန်နဲ့ချီတဲ့ ကျောက်စိမ်းတုံးတွေ့ရှိ

ဝှေခါကျေးရွာမှာ တန်နဲ့ချီတဲ့ ကျောက်စိမ်းတုံးတွေ့ရှိ  အောက်တိုဘာ-၁၃-၂၀၂၀ ဇော်မိုးထက်(VOM ) ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူအုပ်စု၊ ဝှေခါကျေးရွာအနီးက ကျောက်စိမ်းလုပ်ကွက်ဟောင်းအတွင်းမှာ အလေးချိန်တစ်တန်ကျော်ရှိတဲ့ ကျောက်စိမ်းတုံး တစ်တုံးကို မနေ့ အောက်တိုဘာ ၁၂ရက်နေ့ ညနေပိုင်းက တွေ့ရှိခဲ့တယ်လို့ ဝှေခါကျေးရွာ ဒေသခံတွေဆီကနေ သိရပါတယ် ။ အဲ့ဒီကျောက်စိမ်းတုံးကို တပိုင်တနိုင်ကျောက်စိမ်းတူးဖော်နေတဲ့ ရေမဆေးသမားတွေက တွေ့ရှိခဲ့တာလို့ သိရပြီး စတင်တွေ့ရှိတဲ့ ရေမဆေးသမားတွေဟာ ကျောက်စိမ်းမျိုးနွယ် မဟုတ်ဘဲ သာမန်ကျောက်တုံးဖြစ်နေတာကြောင့် မယူပဲထားခဲ့တယ်လို့ ရေမဆေးသမားတွေက ပြောပါတယ်။ ဝှေခါကျေးရွာတာဝန်ခံ ဦးကျော်မင်းကတော့ ” ကျောက်စိမ်းမဟုတ်ဘူးဗျ ။ အလေးချိန်ကတော့ ပိဿာချိန် ရှစ်ရာလောက်တော့ရှိမယ် ။ တပ်နဲ့ ရဲကတော့ လုံခြုံရေးယူထားတယ် “လို့ပြောပါတယ်။ ကျောက်စိမ်းတုံးကြီးတွေ့ရှိခဲ့တဲ့နေရာဟာ ဇူလိုင်လ ၂ရက် နေ့မနက်ပိုင်းက လုပ်ကွက် ကမ်းပါးပြိုကျမှုကြောင့် တပိုင်တနိုင်ကျောက်တူးသူ ရေမဆေးလုပ်သားပေါင်း နှစ်ရာနီးပါး…

Read More
VOM News

FREE
VIEW