ရန်ကုန်ကနေ အခကြေးငွေယူပြီး လူတွေပို့ပေးတဲ့ ယာဉ်မောင်း ၇ ယောက်ကို အရေးယူမယ်

ရန်ကုန်ကနေ အခကြေးငွေယူပြီး လူတွေပို့ပေးတဲ့ ယာဉ်မောင်း ၇ ယောက်ကို အရေးယူမယ်

အောက်တိုဘာ ၁၃-၂၀၂၀
ဖြူဖြူ(VOM)

အခကြေးငွေယူပြီး ရန်ကုန်တိုင်းကနေ မန္တလေးတိုင်းကို လူတွေပို့ဆောင်ပေးနေတဲ့ ယာဉ်မောင်း ၇ ယောက်ကို အရေးယူသွားမယ်လို့ မန္တလေးတိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောပါတယ်။

“သူတို့က ဘယ်လိုလုပ်လဲဆိုတော့ မောင်းတဲ့သူက PPE ဝတ်စုံနဲ့။ လူနာတင်တဲ့ပုံစံနဲ့ အဲဒီလို ဥသြစွဲပြီးမှ လာတယ်။ ဒါကျနည်းနည်းဆိုးရွားတယ်လေ” လို့ ဦးစိုင်းပန်းဆိုင်ကပြောပါတယ်။

ကိုဗစ် ၁၉ ရောဂါကူးစက်ဖြစ်ပွားမှုတွေကြောင့် မန္တလေးတိုင်းကနေ အခြားတိုင်းနဲ့ ပြည်နယ်တွေကို ပြေးဆွဲနေတဲ့ ခရီးသည်ယာဉ်တွေကို ရပ်နားထားသလို အိမ်စီးကားတွေအနေနဲ့ကလည်း ယာဉ်မောင်းအပါအဝင် လူလေးယောက်ထက်မပိုဘဲ သွားလာဖို့ ညွှန်ကြားထားတာဖြစ်ပါတယ်။

ဒီလိုသွားလာရာမှာလည်း သက်ဆိုင်ရာအဖွဲ့အစည်းရဲ့ စစ်ဆေးမှုတွေကို ခံယူရမှာဖြစ်ပြီး လိုအပ်ရင် Quarantine ဝင်ရမှာ ဖြစ်ပါတယ်။

အခုလိုညွန်ကြားချက်တွေ ထုတ်ပြန်ထားပေမယ့် အခကြေးငွေယူပြီး နည်းအမျိုးမျိုးနဲ့ ခြောက်ယောက်၊ခုနစ်ယောက်၊ရှစ်ယောက်တင်ဆောင်ကာ အိမ်အရောက် ပို့ဆောင်ပေးနေတာတွေရှိနေတာ ဖြစ်ပါတယ်။

အောက်တိုဘာ ၇ ရက်နေ့ကစပြီး စုံစမ်းထောက်လှမ်းမှုတွေ လုပ်ဆောင်ခဲ့ရာမှာ အောက်တိုဘာ ၁၂ ရက်အထိ ယာဉ် ၇ စီးနဲ့ လိုက်ပါလာသူ ၃၉ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဝန်ကြီး ဦးစိုင်းပန်းဆိုင်ကပြောပါတယ်။

လိုက်ပါလာသူတွေကိုတော့ သက်ဆိုင်ရာမြို့နယ်တွေမှာ Quarantine ဝင်စေပြီး အရေးယူမှာမဟုတ်ဘူးလို့ သိရပါတယ်။

ယာဉ်မောင်း ၇ ယောက်ကိုတော့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေတွေနဲ့ အရေးယူသွားမှာဖြစ်ပြီး လက်ရှိမှာ သူတို့ကို Quarantine ထားထားတယ်လို့ ဝန်ကြီး ဦးစိုင်းပန်းဆိုင်ကပြောပါတယ်။

မန္တလေးတိုင်းအတွင်း ဝင်ရောက်မှုတွေအတွက် စစ်ဆေးနိုင်ဖို့ ဂိတ် ၁၂ ဂိတ်ရှိပြီး လက်ရှိမှာ အဲ့ဒီဂိတ်တွေကို ၂၄ နာရီလုံး စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး

Zawgyi

ရန္ကုန္ကေန အခေၾကးေငြယူၿပီး လူေတြပို႔ေပးတဲ့ ယာဥ္ေမာင္း ၇ ေယာက္ကို အေရးယူမယ္

ေအာက္တိုဘာ ၁၃-၂၀၂၀
ျဖဴျဖဴ(VOM)

အခေၾကးေငြယူၿပီး ရန္ကုန္တိုင္းကေန မႏၲေလးတိုင္းကို လူေတြပို႔ေဆာင္ေပးေနတဲ့ ယာဥ္ေမာင္း ၇ ေယာက္ကို အေရးယူသြားမယ္လို႔ မႏၲေလးတိုင္းအစိုးရအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ရွမ္းတိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ဦးစိုင္းပန္းဆိုင္က ေျပာပါတယ္။

“သူတို႔က ဘယ္လိုလုပ္လဲဆိုေတာ့ ေမာင္းတဲ့သူက PPE ဝတ္စုံနဲ႔။ လူနာတင္တဲ့ပုံစံနဲ႔ အဲဒီလို ဥၾသစြဲၿပီးမွ လာတယ္။ ဒါက်နည္းနည္းဆိုး႐ြားတယ္ေလ” လို႔ ဦးစိုင္းပန္းဆိုင္ကေျပာပါတယ္။

ကိုဗစ္ ၁၉ ေရာဂါကူးစက္ျဖစ္ပြားမႈေတြေၾကာင့္ မႏၲေလးတိုင္းကေန အျခားတိုင္းနဲ႔ ျပည္နယ္ေတြကို ေျပးဆြဲေနတဲ့ ခရီးသည္ယာဥ္ေတြကို ရပ္နားထားသလို အိမ္စီးကားေတြအေနနဲ႔ကလည္း ယာဥ္ေမာင္းအပါအဝင္ လူေလးေယာက္ထက္မပိုဘဲ သြားလာဖို႔ ၫႊန္ၾကားထားတာျဖစ္ပါတယ္။

ဒီလိုသြားလာရာမွာလည္း သက္ဆိုင္ရာအဖြဲ႕အစည္းရဲ႕ စစ္ေဆးမႈေတြကို ခံယူရမွာျဖစ္ၿပီး လိုအပ္ရင္ Quarantine ဝင္ရမွာ ျဖစ္ပါတယ္။

အခုလိုၫြန္ၾကားခ်က္ေတြ ထုတ္ျပန္ထားေပမယ့္ အခေၾကးေငြယူၿပီး နည္းအမ်ိဳးမ်ိဳးနဲ႔ ေျခာက္ေယာက္၊ခုနစ္ေယာက္၊ရွစ္ေယာက္တင္ေဆာင္ကာ အိမ္အေရာက္ ပို႔ေဆာင္ေပးေနတာေတြရွိေနတာ ျဖစ္ပါတယ္။

ေအာက္တိုဘာ ၇ ရက္ေန႔ကစၿပီး စုံစမ္းေထာက္လွမ္းမႈေတြ လုပ္ေဆာင္ခဲ့ရာမွာ ေအာက္တိုဘာ ၁၂ ရက္အထိ ယာဥ္ ၇ စီးနဲ႔ လိုက္ပါလာသူ ၃၉ ေယာက္ကို ဖမ္းဆီးရမိခဲ့တယ္လို႔ ဝန္ႀကီး ဦးစိုင္းပန္းဆိုင္ကေျပာပါတယ္။

လိုက္ပါလာသူေတြကိုေတာ့ သက္ဆိုင္ရာၿမိဳ႕နယ္ေတြမွာ Quarantine ဝင္ေစၿပီး အေရးယူမွာမဟုတ္ဘူးလို႔ သိရပါတယ္။

ယာဥ္ေမာင္း ၇ ေယာက္ကိုေတာ့ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြြဲမႈဥပေဒေတြနဲ႔ အေရးယူသြားမွာျဖစ္ၿပီး လက္ရွိမွာ သူတို႔ကို Quarantine ထားထားတယ္လို႔ ဝန္ႀကီး ဦးစိုင္းပန္းဆိုင္ကေျပာပါတယ္။

မႏၲေလးတိုင္းအတြင္း ဝင္ေရာက္မႈေတြအတြက္ စစ္ေဆးႏိုင္ဖို႔ ဂိတ္ ၁၂ ဂိတ္ရွိၿပီး လက္ရွိမွာ အဲ့ဒီဂိတ္ေတြကို ၂၄ နာရီလုံး စစ္ေဆးေနတယ္လို႔လည္း သိရပါတယ္။

#voiceofmyanmar #VOM #မႏၲေလး

Related posts

Leave a Comment

VOM News

FREE
VIEW