ကျန်းမာရေးဝန်ကြီးဌာနရဲ့ခွင့်ပြုချက်မရှိဘဲ စက်ရုံဝန်ထမ်းအချင်းချင်း Test Kitနဲ့ ကိုဗစ်ပိုးစစ်ဆေးတာကို သက်ဆိုင်ရာက အရေးယူမှုမရှိသေး

ကျန်းမာရေးဝန်ကြီးဌာနရဲ့ခွင့်ပြုချက်မရှိဘဲ စက်ရုံဝန်ထမ်းအချင်းချင်း Test Kitနဲ့ ကိုဗစ်ပိုးစစ်ဆေးတာကို သက်ဆိုင်ရာက အရေးယူမှုမရှိသေး

အောက်တိုဘာ ၁၃-၂၀၂၀
သ်င်္ဂီ(VOM)

ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန်က CMP လက်ခစားစနစ် စက်ရုံတစ်ခုဖြစ်တဲ့ စိုက်ဖုံအင်တာနေရှင်နယ်လ်ပါးမန့်အထည်ချုပ်စက်ရုံဟာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်မရှိဘဲ စက်ရုံကအလုပ်သမားတွေကို Test Kit အသုံးပြုပြီး ကိုဗစ်ပိုးရှိမရှိ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီစက်ရုံဟာ ဒီကနေ့ အောက်တိုဘာလ ၁၃ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်တာဖြစ်ပြီး ဒီကနေ့မနက်မှာပဲ Test Kit စစ်ဆေးမှုကိုပြုလုပ်ခဲ့တာဖြစ်တယ်လို့ စက်ရုံအခြေစိုက်တဲ့ အပြင်ပဒံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကပြောပါတယ်။

“လတ်တလော test kitကို ကျန်းမာရေးဌာနနဲ့ ချိတ်ဆက်လုပ်ဖို့ပြောပြီးပြီ၊ test kit စစ်ဆေးမှုကို ကိုယ့်ဘာသာဆက်မလုပ်ဖို့တားပြီးပြီ။ အလုပ်ကိုလည်း Aအဆင့်ရမှ ဖွင့်ဖို့ ပြောထားပါတယ်။ လောလောဆယ် အရေးယူမှုတော့မရှိသေးပါဘူး”လို့ အပြင်ပဒံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစန်းလင်းကပြောပါတယ်။

Test Kit နဲ့စစ်ဆေးမှုပြုလုပ်ရာကနေ မျဉ်း ၂ကြောင်းပေါ်ခဲ့တဲ့ အလုပ်သမား ၄၀ ကျော်လောက်ကို စက်ရုံကနေ ပြန်လွှတ်ခဲ့တာလည်းရှိကြောင်း၊ မျဉ်းတစ်ကြောင်းပေါ်သူတွေကိုတော့ စက်ရုံအတွင်းကို ထည့်ထားတယ်လို့ စက်ရုံအလုပ်သမားတစ်ဦးကပြောပါတယ်။

“လက်ကိုအပ်နဲ့ဖောက်တယ် သွေးကို ခွက်လေးထဲထည့် သွေးစစ်တယ်။ တစ်ကြောင်းပေါ်ရင် စက်ရုံထဲထည့်တယ်၊ ၂ ကြောင်းပေါ်တဲ့သူကို ကိုယ့်အစီအစဉ်နဲ့ကိုယ်ပြန်လွှတ်တယ်။ သူတို့စစ်တဲ့ပုံစံက တစေ်ကြာင်းပေါ်ရင် ကျန်းမာရေးကောင်းတယ်၊နှစ်ကြောင်းပေါ်ရင် သံသယရှိတယ်ဆိုပြီး ပြန်လွှတ်တဲ့ပုံပါ။ ပိုးတွေ့လို့ ပြန်တော့မပြောဘူး။ ခုလည်း အလုမလုပ်ရသေးဘူး အစည်းအဝေးလုပ်တုန်းပဲ”လို့ အဲ့ဒီစက်ရုံမှ အလုပ်သမားတစ်ဦးကပြောပါတယ်။

စိုက်ဖုံအင်တာနေရှင်နယ်လ်ပါးမန့်အထည်ချုပ်စက်ရုံဟာ တရုတ်နိုင်ငံသားပိုင် လုပ်ငန်းဖြစ်ပြီး အလုပ်သမားဦးရေဟာ ၁၅၀၀ အထက်မှာရှိတယ်လို့ သိရပါတယ်။

Test Kit ပစ္စည်းတွေကို အစိုးရဆေးရုံတွေမှအပ အွန်လိုင်းဈေးကွက်မှာဖြစ်စေ၊ ပြင်ပ ပုဂ္ဂလိကဆေးရုံ နဲ့ ဆေးခန်းတွေမှာဖြစ်စေ တခြား ဘယ်နေရာမှာမှ ရောင်းဝယ်ဖောက်ကားခြင်း၊ အသုံးပြုခြင်းပြုလုပ်ခွင့်မရှိကြောင်းနဲ့ ပြုလုပ်ခဲ့ရင်လည်း ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကပြောဆိုထားတာရှိပါတယ်။

#voiceomyanmar #VOM #ရန်ကုန် #စက်ရုံ #ကိုဗစ် #TestKit

Zawgyi

က်န္းမာေရးဝန္ႀကီးဌာနရဲ႔ခြင့္ျပဳခ်က္မရွိဘဲ စက္ရံုဝန္ထမ္းအခ်င္းခ်င္း Test Kitနဲ႔ ကိုဗစ္ပိုးစစ္ေဆးတာကို သက္ဆိုင္ရာက အေရးယူမႈမရွိေသး

ေအာက္တိုဘာ ၁၃-၂၀၂၀
သ္ဂႌ(VOM)

ရန္ကုန္ၿမိဳ႔၊ လိႈင္သာယာစက္မႈဇုန္က CMP လက္ခစားစနစ္ စက္႐ုံတစ္ခုျဖစ္တဲ့ စိုက္ဖုံအင္တာေန႐ွင္နယ္လ္ပါးမန္႔အထည္ခ်ဳပ္စက္႐ုံဟာ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ခြင့္ျပဳခ်က္မ႐ွိဘဲ စက္႐ုံကအလုပ္သမားေတြကို Test Kit အသုံးျပဳၿပီး ကိုဗစ္ပိုး႐ွိမ႐ွိ စစ္ေဆးခဲ့တယ္လို႔ သိရပါတယ္။

အဲ့ဒီစက္႐ုံဟာ ဒီကေန႔ ေအာက္တိုဘာလ ၁၃ ရက္ေန့မွာ ျပန္လည္ဖြင့္လွစ္တာျဖစ္ၿပီး ဒီကေန႔မနက္မွာပဲ Test Kit စစ္ေဆးမႈကိုျပဳလုပ္ခဲ့တာျဖစ္တယ္လို႔ စက္ရုံအေျခစိုက္တဲ့ အျပင္ပဒံေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴးကေျပာပါတယ္။

“လတ္တေလာ test kitကို က်န္းမာေရးဌာနနဲ႔ ခ်ိတ္ဆက္လုပ္ဖို႔ေျပာၿပီးၿပီ၊ test kit စစ္ေဆးမႈကို ကိုယ့္ဘာသာဆက္မလုပ္ဖို႔တားၿပီးၿပီ။ အလုပ္ကိုလည္း Aအဆင္႔ရမွ ဖြင့္ဖို႔ ေျပာထားပါတယ္။ ေလာေလာဆယ္ အေရးယူမႈေတာ့မ႐ွိေသးပါဘူး”လို့ အျပင္ပဒံေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴး ဦးစန္းလင္းက​ေျပာပါတယ္။

Test Kit နဲ႔စစ္ေဆးမႈျပဳလုပ္ရာကေန မ်ဥ္း ၂ေၾကာင္းေပၚခဲ့တဲ့ အလုပ္သမား ၄၀ ေက်ာ္ေလာက္ကို စက္႐ုံကေန ျပန္လႊတ္ခဲ့တာလည္း႐ွိေၾကာင္း၊ မ်ဥ္းတစ္ေၾကာင္းေပၚသူေတြကိုေတာ့ စက္႐ုံအတြင္းကို ထည့္ထားတယ္လို႔ စက္႐ုံအလုပ္သမားတစ္ဦးကေျပာပါတယ္။

“လက္ကိုအပ္နဲ႔ေဖာက္တယ္ ေသြးကို ခြက္ေလးထဲထည့္ ေသြးစစ္တယ္။ တစ္ေၾကာင္းေပၚရင္ စက္႐ုံထဲထည့္တယ္၊ ၂ ေၾကာင္းေပၚတဲ့သူကို ကိုယ့္အစီအစဥ္နဲ႔ကိုယ္ျပန္လႊတ္တယ္။ သူတို႔စစ္တဲ့ပုံစံက တစေ္ၾကာင္းေပၚရင္ က်န္းမာေရးေကာင္းတယ္၊ႏွစ္ေၾကာင္းေပၚရင္ သံသယ႐ွိတယ္ဆိုၿပီး ျပန္လႊတ္တဲ့ပုံပါ။ ပိုးေတြ႔လို႔ ျပန္ေတာ့မေျပာဘူး။ ခုလည္း အလုမလုပ္ရေသးဘူး အစည္းအေဝးလုပ္တုန္းပဲ”လို႔ အဲ့ဒီစက္႐ုံမွ အလုပ္သမားတစ္ဦးက​ေျပာပါတယ္။

စိုက္ဖုံအင္တာေန႐ွင္နယ္လ္ပါးမန္႔အထည္ခ်ဳပ္စက္႐ုံဟာ တ႐ုတ္ႏိုင္ငံသားပိုင္ လုပ္ငန္းျဖစ္ၿပီး အလုပ္သမားဦးေရဟာ ၁၅၀၀ အထက္မွာ႐ွိတယ္လို႔ သိရပါတယ္။

Test Kit ပစၥည္းေတြကို အစိုးရေဆး႐ုံေတြမွအပ အြန္လိုင္းေစ်းကြက္မွာျဖစ္ေစ၊ ျပင္ပ ပုဂၢလိကေဆး႐ုံ နဲ႔ ​ေဆးခန္း​ေတြမွာျဖစ္​ေစ တျခား ဘယ္ေနရာမွာမွ ေရာင္းဝယ္ေဖာက္ကားျခင္း၊ အသုံးျပဳျခင္းျပဳလုပ္ခြင့္မ႐ွိေၾကာင္းနဲ႔ ျပဳလုပ္ခဲ့ရင္လည္း ဥပေဒအရ အေရးယူေဆာင္ရြက္သြားမွာျဖစ္တယ္လို႔ ဗဟိုကူးစက္ေရာဂါတိုက္ဖ်က္ေရးဌာနမွၫႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးကေျပာဆိုထားတာ႐ွိပါတယ္။

#voiceomyanmar #VOM #ရန္ကုန္ #စက္ရံု #ကိုဗစ္ #TestKit

Related posts

Leave a Comment

VOM News

FREE
VIEW