Project K အဖွဲ့ ကိစ္စ ဒေါ်အောင်ဆန်းစုကြည်ပြောတယ်ဆိုတဲ့ သတင်းမှားပျံ့နေ

Project K အဖွဲ့ ကိစ္စ ဒေါ်အောင်ဆန်းစုကြည်ပြောတယ်ဆိုတဲ့ သတင်းမှားပျံ့နေ

အောက်တိုဘာ ၁၃-၂၀၂၀
ဆွေလင်းထွန်း(VOM)

မြန်မာနိုင်ငံက လူငယ်အဆိုတော်အဖွဲ့တဖွဲ့ဖြစ်တဲ့ Project K အဖွဲ့က ဘုရားပုံ ပန်းချီကားလို ပုံဖော်ထားတာကို နင်းပြီး က တာဟာ တကယ့်ဘုရားကိုနင်းတာမဟုတ်တဲ့အတွက် အပြစ်မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ပြောတယ်ဆိုတဲ့ သတင်းမှားတခုကို VOM က စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

အဲဒီ သတင်းမှားကို LinLin Aung ဆိုတဲ့ အကောင့်က လူမှုကွန်ယက် Facebook ပေါ်မှာ ပထမဆုံး တင်ခဲ့တာဖြစ်ပြီး VOM က သတိထားမိတဲ့အချိန်မှာ react ပြုလုပ်သူ ၃၆၉ ဦးနဲ့ မျှဝေသူ ၇၈၁ ဦးရှိနေပြီ ဖြစ်ပါတယ်။

အဲဒီ သတင်းအမှားဟာ Project K အဖွဲ့က ယခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့က သူတို့ရဲ့ Page မှာ တင်ထားတဲ့ ရွှေတိဂုံဘုရား ပုံရိပ်ကို နင်းပြီး ဖျော်ဖြေတင်ဆက်ခဲ့တဲ့ ဗီဒီယိုဖိုင်အပေါ်မှာ အခြေခံပြီး ရေးသားထားတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုခဲ့တဲ့စကားနဲ့ပတ်သက်လို့ တရားဝင် သတင်းဌာနများက ရေးသားဖော်ပြထားခြင်း မတွေ့ရှိရပါ။ LinLin Aung အကောင့်ကို ဝင်ရောက်လေ့လာတဲ့ အခါမှာလည်း NLD ပါတီနဲ့ အစိုးရအပေါ်မှာ သတင်းအမှားတွေနဲ့ ကြိမ်ဖန်များစွာ တိုက်ခိုက်ရေးသားထားတာတွေကို တွေ့ရှိရပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပမယ့် “Asia Song Festival 2020” ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်မယ့် အဆိုပါ အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၈ ဒီဇင်ဘာ ၁၄ ရက် နေပြည်တော်မှာ ပြုလုပ်တဲ့ သုံးကြိမ်မြောက် မြန်မာ့စွန့်ဦးတီ ထွင်လုပ်ငန်းရှင်များ ထိပ်သီးညီလာခံ ၂၀၁၈ မှာ အသိအမှတ်ပြု ချီးကျူးစကားဆိုခဲ့ဖူးတာကတော့ သတင်းအမှန်ရှိခဲ့ဘူးပါတယ်။ အဆိုပါ ချီးကျူးဂုဏ်ပြုတဲ့ ကိစ္စနဲ့ ယခု ဖြစ်ပွားတဲ့ ကိစ္စရပ်တို့ကို ပေါင်းစပ်ရေးသားထားပြီး အများပြည်သူ ထင်ယောင်ထင်မှားဖြစ်စေဖို့ ပြုလုပ်ခြင်း ဖြစ်တယ်လို့ ယူဆရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး သတင်းအမှား ဖြန့်ဝေသူတွေကို အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့လမ်းညွှန်ချက်အရ အရေးယူတော့မှာမဟုတ်ဘူးလို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားအပြီး နှစ်ရက်အကြာမှာ ခုသတင်းမှား ထွက်ပေါ်လာြခင်း ဖြစ်ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ နီးကပ်လာတာနဲ့အမျှ နိုင်ငံရေးပါတီတွေအပေါ် သတင်းတု၊ သတင်းမှားတွေနဲ့ တိုက်ခိုက်လာတာဟာ အရင်ကထက် ပိုမိုများပြားလာတာပဲ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #သတင်းတုသတင်းမှားဖေါ်ထုတ်ခြင်း

Zawgyi

Project K အဖြဲ႕ ကိစၥ ေဒၚေအာင္ဆန္းစုၾကည္ေျပာတယ္ဆိုတဲ့ သတင္းမွားပ်ံ႕ေန

ေအာက္တိုဘာ ၁၃-၂၀၂၀
ေဆြလင္းထြန္း(VOM)

ျမန္မာႏိုင္ငံက လူငယ္အဆိုေတာ္အဖြဲ႕တဖြဲ႕ျဖစ္တဲ့ Project K အဖြဲ႕က ဘုရားပုံ ပန္းခ်ီကားလို ပုံေဖာ္ထားတာကို နင္းၿပီး က တာဟာ တကယ့္ဘုရားကိုနင္းတာမဟုတ္တဲ့အတြက္ အျပစ္မရွိဘူးလို႔ ေဒၚေအာင္ဆန္းစုၾကည္ေျပာတယ္ဆိုတဲ့ သတင္းမွားတခုကို VOM က စစ္ေဆးေတြ႕ရွိခဲ့ပါတယ္။

အဲဒီ သတင္းမွားကို LinLin Aung ဆိုတဲ့ အေကာင့္က လူမႈကြန္ယက္ Facebook ေပၚမွာ ပထမဆုံး တင္ခဲ့တာျဖစ္ၿပီး VOM က သတိထားမိတဲ့အခ်ိန္မွာ react ျပဳလုပ္သူ ၃၆၉ ဦးနဲ႔ မွ်ေဝသူ ၇၈၁ ဦးရွိေနၿပီ ျဖစ္ပါတယ္။

အဲဒီ သတင္းအမွားဟာ Project K အဖြဲ႕က ယခုႏွစ္ ေအာက္တိုဘာ ၁၀ ရက္ေန႔က သူတို႔ရဲ႕ Page မွာ တင္ထားတဲ့ ေ႐ႊတိဂုံဘုရား ပုံရိပ္ကို နင္းၿပီး ေဖ်ာ္ေျဖတင္ဆက္ခဲ့တဲ့ ဗီဒီယိုဖိုင္အေပၚမွာ အေျခခံၿပီး ေရးသားထားတာ ျဖစ္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္က အထက္ပါအတိုင္း ေျပာဆိုခဲ့တဲ့စကားနဲ႔ပတ္သက္လို႔ တရားဝင္ သတင္းဌာနမ်ားက ေရးသားေဖာ္ျပထားျခင္း မေတြ႕ရွိရပါ။ LinLin Aung အေကာင့္ကို ဝင္ေရာက္ေလ့လာတဲ့ အခါမွာလည္း NLD ပါတီနဲ႔ အစိုးရအေပၚမွာ သတင္းအမွားေတြနဲ႔ ႀကိမ္ဖန္မ်ားစြာ တိုက္ခိုက္ေရးသားထားတာေတြကို ေတြ႕ရွိရပါတယ္။

ေတာင္ကိုရီးယားႏိုင္ငံမွာ က်င္းပမယ့္ “Asia Song Festival 2020” ပြဲကို ျမန္မာႏိုင္ငံ ကိုယ္စားျပဳအေနနဲ႔ သြားေရာက္ယွဥ္ၿပိဳင္မယ့္ အဆိုပါ အဖြဲ႕ကို ေဒၚေအာင္ဆန္းစုၾကည္က ၂၀၁၈ ဒီဇင္ဘာ ၁၄ ရက္ ေနျပည္ေတာ္မွာ ျပဳလုပ္တဲ့ သုံးႀကိမ္ေျမာက္ ျမန္မာ့စြန႔္ဦးတီ ထြင္လုပ္ငန္းရွင္မ်ား ထိပ္သီးညီလာခံ ၂၀၁၈ မွာ အသိအမွတ္ျပဳ ခ်ီးက်ဴးစကားဆိုခဲ့ဖူးတာကေတာ့ သတင္းအမွန္ရွိခဲ့ဘူးပါတယ္။ အဆိုပါ ခ်ီးက်ဴးဂုဏ္ျပဳတဲ့ ကိစၥနဲ႔ ယခု ျဖစ္ပြားတဲ့ ကိစၥရပ္တို႔ကို ေပါင္းစပ္ေရးသားထားၿပီး အမ်ားျပည္သူ ထင္ေယာင္ထင္မွားျဖစ္ေစဖို႔ ျပဳလုပ္ျခင္း ျဖစ္တယ္လို႔ ယူဆရပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ပတ္သက္ၿပီး သတင္းအမွား ျဖန႔္ေဝသူေတြကို အတိုင္ပင္ခံပုဂၢိဳလ္ရဲ႕လမ္းၫႊန္ခ်က္အရ အေရးယူေတာ့မွာမဟုတ္ဘူးလို႔ ႏိုင္ငံေတာ္သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ေျပာၾကားအၿပီး ႏွစ္ရက္အၾကာမွာ ခုသတင္းမွား ထြက္ေပၚလာျခင္း ျဖစ္ပါတယ္။

၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲ က်င္းပဖို႔ နီးကပ္လာတာနဲ႔အမွ် ႏိုင္ငံေရးပါတီေတြအေပၚ သတင္းတု၊ သတင္းမွားေတြနဲ႔ တိုက္ခိုက္လာတာဟာ အရင္ကထက္ ပိုမိုမ်ားျပားလာတာပဲ ျဖစ္ပါတယ္။

#voiceofmyanmar #VOM #သတင္းတုသတင္းမွားေဖၚထုတ္ျခင္း

 

Related posts

Leave a Comment

VOM News

FREE
VIEW