ကိုဗစ်အတည်ပြုလူနာ ရဲတပ်ဖွဲ့ဝင် ၂ ဦး ဆေးရုံကနေ အပြင်ထွက်ခဲ့တဲ့အတွက် အရေးယူဆောင်ရွက်သွားမယ်

ကိုဗစ်အတည်ပြုလူနာ ရဲတပ်ဖွဲ့ဝင် ၂ ဦး ဆေးရုံကနေ အပြင်ထွက်ခဲ့တဲ့အတွက် အရေးယူဆောင်ရွက်သွားမယ်

အောက်တိုဘာ ၁၄ -၂၀၂၀
မောင်တာရာ+ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ COVID -19အတည်ပြုလူနာ ရဲတပ်သားနှစ်ဦးဟာ ကန့်သတ်ထားတဲ့ (Isolated Ward)နယ်မြေအတွင်းကနေ ပြင်ပကိုထွက်ပြီး စားသောက်စရာတွေဝယ်ယူခဲ့တဲ့အတွက် သူ့တို့နှစ်ဦးကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ယင်းမာပင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းအောင်က ပြောပါတယ်။

COVID -19 လူနာ ရဲတပ်သားနှစ်ဦးဟာ မနေ့ အောက်တိုဘာလ (၁၃)ရက်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်မှာ ကန့်သတ်ထားတဲ့ (Isolated Ward)နယ်မြေအတွင်းကနေ မြို့နယ်ပြည်သူ့ဆေးရုံအနီး မုံရွာ-ပုလဲ-ဂန့်ဂေါလမ်းအရှေ့ဘက် (ခ)ရပ်ကွက်ရှိ ရတနာအောင် စားသောက်ဆိုင်ကို စား‌သောက်စရာတွေ သွားရောက်ဝယ်ယူခဲ့တာဖြစ်ပါတယ်။

” လူနှစ်ယောက်က ဆေးရုံအုတ်တံတိုင်းကျော်တက်နေတာကို ထွေအုပ် ဝန်ထမ်းအိမ်ယာဘက်က လူတစ်ယောက်က မြင်လိုက်တယ်၊ ပြင်ပလူနာ နှစ်ထပ်ကုသဆောင်က Isolated Ward အဆောင်ဖြစ်လို့ အသွားအလာ ကန့်သတ်ထားတယ်၊ အဲ့ဒီအဆောင်ဘက်ကို ကျော်တက်ဝင်နေတာကြောင့် မြင်တဲ့သူက လူကြီးတွေဆီကို ချက်ချင်းဖုန်းဆက်အကြောင်းတယ် ” လို့ ယင်းမာပင် မြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်စိုးက ပြောပါတယ်။

အဲ့ဒီလို သတင်းပေးပို့တဲ့အတွက် ယင်းမာပင်မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ဆရာဝန်ကြီး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌတို့က ရတနာအောင် စားသောက်ဆိုင်မှာ တပ်ဆင်ထားတဲ့ CCTVကို သွားရောက်စစ်ဆေးခဲ့ပြီး ရဲတပ်သား ၂ ဦးကို မေးမြန်းခဲ့ရာမှာတော့ သွားရောက်ဝယ်ယူခဲ့ကြောင်း ဝန်ခံခဲ့တယ်လို့ ယင်းမာပင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းအောင်က ပြောပါတယ်။

”သူတို့က ကန့်သတ်ထားတဲ့ နယ်မြေအတွင်းကနေ အပြင်ထွက်ပြီး စားသောက်စရာတွေဝယ်တယ်၊ ဒါကြောင့် သူတို့နှစ်ဦးကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်။ ဘယ်လိုအရေးယူဆောင်ရွက်သွားမလဲ ဆိုတာတော့ တိတိကျကျပြောလို့မရသေးပါဘူး”လို့ ဦးရဲလင်းအောင်ကပြောပါတယ်။

ရဲတပ်ဖွဲ့ဝင် ၂ဦး စားသောက်စရာ သွားရောက်ဝယ်ယူခဲ့တဲ့ ရတနာအောင် စားသောက်ဆိုင်ကိုလည်း ပိတ်သိမ်းဆောင်ရွက်ထားရှိပြီး ဆိုင်ပိုင်ရှင်၊ အလုပ်သမားတွေ နဲ့ ဆိုင်ကို ပါဆယ်လာရောက်ဈေးဝယ်လာသူတွေကိုလည်း Stay at home နေထိုင်စေကာ အောက်တိုဘာလ ၁၆ ရက်နေ့မှာ swab နမူနာ ရယူသွားမယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်မှာ COVID -19 လူနာ ၂၀ ဦးထိရှိပြီး အဲ (၂၀)ဦးအနက် နှစ်ဦးမှာ ရောဂါသက်သာပျောက်ကင်းလို့ ဆေးရုံကနေ ဆင်းသွားပြီဖြစ်တယ်လို့ သိရပါတယ်။

Photo – ယင်းမာပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
#voiceofmyanmar #VOM #ယင်းမာပင် #ကိုဗစ်လူနာရဲဝန်ထမ်း #အရေးယူမယ်

Zawgyi

ကိုဗစ္အတည္ျပဳလူနာ ရဲတပ္ဖြဲ႕ဝင္ ၂ ဦး ေဆး႐ုံကေန အျပင္ထြက္ခဲ့တဲ့အတြက္ အေရးယူေဆာင္႐ြက္သြားမယ္

ေအာက္တိုဘာ ၁၄ -၂၀၂၀
ေမာင္တာရာ+ကိုတိုးႀကီး (VOM)

စစ္ကိုင္းတိုင္း၊ ယင္းမာပင္ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံမွာ ေဆးကုသမႈခံယူေနတဲ့ COVID -19အတည္ျပဳလူနာ ရဲတပ္သားႏွစ္ဦးဟာ ကန႔္သတ္ထားတဲ့ (Isolated Ward)နယ္ေျမအတြင္းကေန ျပင္ပကိုထြက္ၿပီး စားေသာက္စရာေတြဝယ္ယူခဲ့တဲ့အတြက္ သူ႔တို႔ႏွစ္ဦးကို ဥပေဒအရ အေရးယူေဆာင္႐ြက္သြားမယ္လို႔ ယင္းမာပင္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးရဲလင္းေအာင္က ေျပာပါတယ္။

COVID -19 လူနာ ရဲတပ္သားႏွစ္ဦးဟာ မေန႔ ေအာက္တိုဘာလ (၁၃)ရက္ေန႔ ညေန ၆ နာရီခြဲအခ်ိန္ခန႔္မွာ ကန႔္သတ္ထားတဲ့ (Isolated Ward)နယ္ေျမအတြင္းကေန ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံအနီး မုံ႐ြာ-ပုလဲ-ဂန႔္ေဂါလမ္းအေရွ႕ဘက္ (ခ)ရပ္ကြက္ရွိ ရတနာေအာင္ စားေသာက္ဆိုင္ကို စား‌ေသာက္စရာေတြ သြားေရာက္ဝယ္ယူခဲ့တာျဖစ္ပါတယ္။

” လူႏွစ္ေယာက္က ေဆး႐ုံအုတ္တံတိုင္းေက်ာ္တက္ေနတာကို ေထြအုပ္ ဝန္ထမ္းအိမ္ယာဘက္က လူတစ္ေယာက္က ျမင္လိုက္တယ္၊ ျပင္ပလူနာ ႏွစ္ထပ္ကုသေဆာင္က Isolated Ward အေဆာင္ျဖစ္လို႔ အသြားအလာ ကန႔္သတ္ထားတယ္၊ အဲ့ဒီအေဆာင္ဘက္ကို ေက်ာ္တက္ဝင္ေနတာေၾကာင့္ ျမင္တဲ့သူက လူႀကီးေတြဆီကို ခ်က္ခ်င္းဖုန္းဆက္အေၾကာင္းတယ္ ” လို႔ ယင္းမာပင္ ၿမိဳ႕မရဲစခန္းမႉး ဒုရဲမႉး ျမင့္စိုးက ေျပာပါတယ္။

အဲ့ဒီလို သတင္းေပးပို႔တဲ့အတြက္ ယင္းမာပင္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး၊ ၿမိဳ႕နယ္ဆရာဝန္ႀကီး၊ ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီဥကၠ႒တို႔က ရတနာေအာင္ စားေသာက္ဆိုင္မွာ တပ္ဆင္ထားတဲ့ CCTVကို သြားေရာက္စစ္ေဆးခဲ့ၿပီး ရဲတပ္သား ၂ ဦးကို ေမးျမန္းခဲ့ရာမွာေတာ့ သြားေရာက္ဝယ္ယူခဲ့ေၾကာင္း ဝန္ခံခဲ့တယ္လို႔ ယင္းမာပင္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးရဲလင္းေအာင္က ေျပာပါတယ္။

”သူတို႔က ကန႔္သတ္ထားတဲ့ နယ္ေျမအတြင္းကေန အျပင္ထြက္ၿပီး စားေသာက္စရာေတြဝယ္တယ္၊ ဒါေၾကာင့္ သူတို႔ႏွစ္ဦးကို ဥပေဒအရ အေရးယူေဆာင္႐ြက္သြားမယ္။ ဘယ္လိုအေရးယူေဆာင္႐ြက္သြားမလဲ ဆိုတာေတာ့ တိတိက်က်ေျပာလို႔မရေသးပါဘူး”လို႔ ဦးရဲလင္းေအာင္ကေျပာပါတယ္။

ရဲတပ္ဖြဲ႕ဝင္ ၂ဦး စားေသာက္စရာ သြားေရာက္ဝယ္ယူခဲ့တဲ့ ရတနာေအာင္ စားေသာက္ဆိုင္ကိုလည္း ပိတ္သိမ္းေဆာင္႐ြက္ထားရွိၿပီး ဆိုင္ပိုင္ရွင္၊ အလုပ္သမားေတြ နဲ႔ ဆိုင္ကို ပါဆယ္လာေရာက္ေဈးဝယ္လာသူေတြကိုလည္း Stay at home ေနထိုင္ေစကာ ေအာက္တိုဘာလ ၁၆ ရက္ေန႔မွာ swab နမူနာ ရယူသြားမယ္လို႔ သိရပါတယ္။

စစ္ကိုင္းတိုင္း၊ယင္းမာပင္ၿမိဳ႕နယ္မွာ COVID -19 လူနာ ၂၀ ဦးထိရွိၿပီး အဲ (၂၀)ဦးအနက္ ႏွစ္ဦးမွာ ေရာဂါသက္သာေပ်ာက္ကင္းလို႔ ေဆး႐ုံကေန ဆင္းသြားၿပီျဖစ္တယ္လို႔ သိရပါတယ္။

Photo – ယင္းမာပင္ၿမိဳ႔နယ္ အေထြေထြအုပ္ခ်ုပ္ေရးဦးစီးဌာန
#voiceofmyanmar #VOM #ယင္းမာပင္ #ကိုဗစ္လူနာရဲဝန္ထမ္း #အေရးယူမယ္

Related posts

Leave a Comment

VOM News

FREE
VIEW