စစ်ကိုင်းတိုင်းမှာ အသက် ၆၀ နှစ်နဲ့အထက် ကြိုတင်မဲပေးခွင့်ရှိသူ ၅သိန်း ၉သောင်း ကျော်ရှိ

စစ်ကိုင်းတိုင်းမှာ အသက် ၆၀ နှစ်နဲ့အထက် ကြိုတင်မဲပေးခွင့်ရှိသူ ၅သိန်း ၉သောင်း ကျော်ရှိ

အောက်တိုဘာ ၁၆-၂၀၂၀
မောင်တာရာ(VOM)

စစ်ကိုင်းတိုင်းမှာ အသက် ၆၀ နှစ် နဲ့ အထက် ကြိုတင်ဆန္ဒမဲ ပေးခွင့်ရှိတဲ့ ဦးရေဟာ ၅၉၇၅၀၀ ဦးရှိတယ်လို့ စစ်ကိုင်းတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။

COVID -19 ရောဂါကူးစက်ဖြစ်ပွားနေမှု အခြေအေနေတွေအရ လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာကျင်းပမယ့် ၂၀၂၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်းအတွင်း အသက် ၆၀ နှစ်နဲ့အထက် သက်ကြီးရွယ်အိုတွေ မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် ကြိုတင်ဆန္ဒမဲတွေကို အောက်တိုဘာလ၂၉ ရက်နေ့ကနေ နိုဝင်ဘာလ ၅ ရက်နေ့အထိ ကောက်ခံသွားမှာဖြစ်ပါတယ်။

”အသက် ၆၀ နှစ် နဲ့ အထက်ရှိသူတွေ ကြိုတင်မဲပေးဖို့ ရပ်၊ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေက ကြော်ငြာမှာပါ။ကြိုတင်မဲပေးဖို့ နှစ်ပိုင်းရှိမှာပေါ့၊ တစ်ပိုင်းက ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေမှာ လာပေးဖို့ရယ်၊ သက်ကြီးရွယ်အို နာမကျန်းဖြစ်နေလို့ မလာနိုင်တဲ့သူတွေ မဲပေးချင်တယ်ဆိုရင် သွားယူပေးရမှာပေါ့”လို့ စစ်ကိုင်းတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။

ဒါ့အပြင် အသက် ၆၀ နှစ်နဲ့အထက်ရှိသူတွေအနေနဲ့ ကျန်းမာရေးအခြေအနေအရ ကိုယ်တိုင်သွားရောက်ဖို့ အခက်အခဲရှိပါက သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေဆီကို သတင်းပို့ပြီး နေအိမ်မှာ ကြိုတင်မဲပေးနိုင်ရေးကိုလည်း သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက စီစဉ်ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းမှာ ၂၀၂၀ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်မြေ (၁၂၃)ခုနဲ့ တိုင်းရင်းသားကိုယ်စားလှယ်မဲဆန္ဒနယ်မြေ (၂)ခု စုစုပေါင်း မဲဆန္ဒနယ်မြေ (၁၂၅)ခုမှာ ပါတီပေါင်း (၁၇)ခုက လွှတ်တော်ကိုယ်စားလှယ်လောင်း (၆၅၂)ဦး၊ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း (၃၃)ဦး စုစုပေါင်း(၆၈၅)ဦး ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း မြို့နယ်ပေါင်း ၃၇ မြို့နယ်မှာ ဆန္ဒမဲ ပေးခွင့်ဦးရေ (၄၂)သိန်းကျော် ရှိပြီး ရွေးကောက်ပွဲမှာ မဲရုံအရေအတွက် (၄၀၀၀)ကျော် ထားရှိသွားမှာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကနေ သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း #ရွေးကောက်ပွဲ #ကြိုတင်မဲ

Zawgyi

စစ္ကုိင္းတုိင္းမွာ အသက္ ၆၀ ႏွစ္နဲ႕အထက္ ႀကိဳတင္မဲေပးခြင့္ရွိသူ ၅သိန္း ၉ေသာင္း ေက်ာ္ရွိ

ေအာက္တိုဘာ ၁၆-၂၀၂၀
ေမာင္တာရာ(VOM)

စစ္ကုိင္းတုိင္းမွာ အသက္ ၆၀ ႏွစ္ နဲ့ အထက္ ႀကိဳတင္ဆႏၵမဲ ေပးခြင့္ရွိတဲ့ ဦးေရဟာ ၅၉၇၅၀၀ ဦးရွိတယ္လုိ့ စစ္ကုိင္းတုိင္း ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲဥကၠ႒ ဦးတင္ဦးက ေျပာပါတယ္။

COVID -19 ေရာဂါကူးစက္ၿဖစ္ပြားေနမႈ အေၿခေအေနေတြအရ လာမယ့္ ႏုိဝင္ဘာ ၈ ရက္ေန့မွာက်င္းပမယ့္ ၂၀၂၀ ပါတီစုံဒီမုိကေရစီအေထြေထြေရြးေကာက္ပြဲမွာ စစ္ကုိင္းတုိင္းအတြင္း အသက္ ၆၀ ႏွစ္နဲ့အထက္ သက္ႀကီးရြယ္အုိေတြ မဲေပးခြင့္ မဆုံးရႈံးေစေရးအတြက္ ႀကိဳတင္ဆႏၵမဲေတြကို ေအာက္တိုဘာလ၂၉ ရက္ေန႕ကေန နို၀င္ဘာလ ၅ ရက္ေန႔အထိ ေကာက္ခံသြားမွာၿဖစ္ပါတယ္။

”အသက္ ၆၀ ႏွစ္ နဲ့ အထက္ရွိသူေတြ ႀကဳိတင္မဲေပးဖုိ့ ရပ္၊ေက်း ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲေတြက ေျကာ္ျငာမွာပါ။ႀကဳိတင္မဲေပးဖုိ့ ႏွစ္ပုိင္းရွိမွာေပါ့၊ တစ္ပုိင္းက ရပ္ကြက္/ေက်းရြာ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲေတြမွာ လာေပးဖုိ့ရယ္၊ သက္ႀကီးရြယ္အုိ နာမက်န္းၿဖစ္ေနလုိ့ မလာႏုိင္တဲ့သူေတြ မဲေပးခ်င္တယ္ဆိုရင္ သြားယူေပးရမွာေပါ့”လုိ့ စစ္ကုိင္းတုိင္း ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲဥကၠ႒ ဦးတင္ဦးက ေျပာပါတယ္။

ဒါ့အျပင္ အသက္ ၆၀ ႏွစ္နဲ႕အထက္ရွိသူေတြအေနနဲ႕ က်န္းမာေရးအေျခအေနအရ ကိုယ္တိုင္သြားေရာက္ဖို႔ အခက္အခဲရွိပါက သက္ဆိုင္ရာ ရပ္ကြက္၊ေက်းရြာအုပ္စု ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲေတြဆီကို သတင္းပို႔ၿပီး ေနအိမ္မွာ ႀကိဳတင္မဲေပးႏိုင္ေရးကိုလည္း သက္ဆိုင္ရာ ရပ္ကြက္၊ ေက်းရြာအုပ္စု ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲက စီစဥ္ေဆာင္ရြက္ေပးမွာၿဖစ္တယ္လုိ့ သိရပါတယ္။

စစ္ကိုင္းတိုင္းမွာ ၂၀၂၀ ပါတီစုံ ဒီမုိကေရစီအေထြေထြေရြးေကာက္ပြဲအတြက္ မဲဆႏၵနယ္ေျမ (၁၂၃)ခုနဲ့ တုိင္းရင္းသားကိုယ္စားလွယ္မဲဆႏၵနယ္ေျမ (၂)ခု စုစုေပါင္း မဲဆႏၵနယ္ေျမ (၁၂၅)ခုမွာ ပါတီေပါင္း (၁၇)ခုက လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း (၆၅၂)ဦး၊ တသီးပုဂၢလကိုယ္စားလွယ္ေလာင္း (၃၃)ဦး စုစုေပါင္း(၆၈၅)ဦး ပါ၀င္ယွဥ္ၿပိဳင္သြားမွာၿဖစ္ပါတယ္။

စစ္ကုိင္းတုိင္းအတြင္း ၿမဳိ႕နယ္ေပါင္း ၃၇ ၿမဳိ႕နယ္မွာ ဆႏၵမဲ ေပးခြင့္ဦးေရ (၄၂)သိန္းေက်ာ္ ရွိၿပီး ေရြးေကာက္ပြဲမွာ မဲရုံအေရအတြက္ (၄၀၀၀)ေက်ာ္ ထားရွိသြားမွာၿဖစ္တယ္လုိ့ စစ္ကုိင္းတုိင္းေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲကေန သိရပါတယ္။

#voiceofmyanmar #VOM #စစ္ကိုင္း #ေရြးေကာက္ပြဲ #ႀကိဳတင္မဲ

Related posts

Leave a Comment

VOM News

FREE
VIEW