ဘဏ်မှာ သေနတ်ပြပြီး ငွေကျပ် သိန်း ၂၀၀ယူသွားသူကို လုယက်မှုနဲ့ အမှုဖွင့်ထား

ဘဏ်မှာ သေနတ်ပြပြီး ငွေကျပ် သိန်း ၂၀၀ယူသွားသူကို လုယက်မှုနဲ့ အမှုဖွင့်ထား

အောက်တိုဘာ ၁၆-၂၀၂၀
ဖြူဖြူ(VOM)

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုန် ၁၊ (ဆ)ရက်ကွက် ၆၂ လမ်းနဲ့ ရတနာလမ်းထောင့်ရှိ United Amera Bank မှာ သေနတ်ပြခြိမ်းခြောက်ငွေလု ထွက်ပြေးသွားသူကို စုံစမ်းနေပြီး လုယက်မှုနဲ့အမှုဖွင့်ထားတယ်လို့ ပြည်ကြီးတံခွန်မြို့မရဲစခန်းကပြောပါတယ်။

ဒါ့အပြင် အခင်းဖြစ်တဲ့အချိန်က အသုံးပြုသွားတဲ့ သေနတ်ဟာ အတုဖြစ်နိုင်တယ်လို့ ပြည်ကြီးတံခွန်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောပါတယ်။

“စတီးလ်ဘောစေ့တွေ တွေ့ထားတော့ သေနတ်အစစ်တော့ မဟုတ်နိုင်ဘူးဗျ။ ကလေးတွေသုံးတဲ့ တရုတ်ကလာတဲ့ သေနတ်တွေလိုပေါ့၊ စတီးလ်ဘောစေ့တွေနဲ့ပေါ့။ ကျနော်ပြောသလို ခုန ကားပေါ်မှာ ကျန်ခဲ့တယ်။ အဲ့ဒါကလည်း ဒဏ်ရာအနာတရရနိုင်တဲ့ ၁၉(စ)လုံးနဲ့ သိမ်းဆည်းရမိရင် အမှုဖွင့်လို့ ရပါတယ်ဗျ”လို့ အဲ့ဒီရဲအရာရှိက ပြောပါတယ်။

ကျူးလွန်သူဟာ ဆိုင်ကယ်ဦးထုပ်ဆောင်းပြီး သေနတ်နဲ့ လက်ထိပ်လို့ယူဆရတဲ့ အရာတစ်ခုကို ကိုင်ဆောင်ကာ အောက်တိုဘာ ၁၅ ရက် ညနေ ၄ နာရီဝန်းကျင်က ဘဏ်ထဲကို တစ်ယောက်တည်း ဝင်လာတာလို့ CCTV မှတ်တမ်းအရ သိရပါတယ်။

အဲ့ဒီနောက် ငွေကျပ်သိန်းနှစ်ရာယူကာ Mark II ကားအဖြူရောင်နဲ့ ရတနာလမ်းကနေ အနောက်ကိုထွက်ပြေးသွားတယ်လို့ (ဆ)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်ဟန်က ပြောပါတယ်။

ဘဏ်ကနေထွက်ပြေးပြီးနောက်ပိုင်း ညနေ ၅ နာရီကျော်မှာ ပြည်ကြီးတံခွန်မြို့နယ် (က)ရပ်ကွက် ၆၉- ၇၀ လမ်းကြား ၁၁၃- ၁၁၄ လမ်းကြားမှာ ကျူးလွန်သူဟာ သူစီးလာတဲ့ကားနဲ့ သက်သေခံပစ္စည်းအချို့ကို မီးရှို့ဖျက်ဆီးပြီး ထွက်ပြေးသွားတယ်လို့ ရဲအရာရှိက ပြောပါတယ်။

မူလက ကားနံပါတ် 4D/5422 ဖြစ်ပေမယ့် ကားနံပါတ်တွေလဲလှယ်ထားတာတွေ့ရသလို သက်သေခံပစ္စည်းတွေအဖြစ် နက်ပြာရောင် စတိုလ်ပင်တစ်ထည်၊ နက်ပြာရောင် အင်္ကျီတစ်ထည် ၊ ကော်ဖီရောင် ပြောက်ကြား ဦးထုပ်တစ်လုံး၊ ကြယ်နီတံဆိပ်ပါ ခဲညိုရောင် ပြောက်ကြား ဦးထုပ်တစ်လုံး ၊ အဖြူရောင်အကွက် ရှပ်အကျီတစ်ထည်၊ ဖြူပြာရောင် ခြေနင်းဖိနပ်တစ်ရံ၊ အနက်ရောင်မှန်ကာဗာ ဆိုင်ကယ်ဦးထုပ်တစ်လုံး၊ Mask အနီတစ်ခု၊ ထီးတစ်ချောင်း၊ ဓါတ်ဆီနံ့ထွက်နေတဲ့ ရေသန့်ဗူးတစ်ဗူးနဲ့ မီးလောင်ကျွမ်းလက်စ ပလပ်စတစ်ခြင်းတစ်လုံး၊ ဂွ၊ ကျောက်လှည့်၊ ဘောစေ့အလုံး ၅ရာတို့ သိမ်းဆည်းရမိထားတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ကနဦးအနေနဲ့ လုယက်မှုအဖြစ် ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၉၂ နဲ့ ပြည်ကကီးတံခွန်မြို့နယ်၊ စက်မှုနယ်မြေရဲစခန်းမှာ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #မန္တလေး #ဘဏ်လုယက်မှု

Zawgyi

ဘဏ္မွာ ေသနတ္ျပၿပီး ေငြက်ပ္ သိန္း ၂၀၀ယူသြားသူကို လုယက္မႈနဲ႔ အမႈဖြင့္ထား

ေအာက္တိုဘာ ၁၆-၂၀၂၀
ျဖဴျဖဴ(VOM)

မႏၲေလးၿမိဳ႕ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ စက္မႈဇုန္ ၁၊ (ဆ)ရက္ကြက္ ၆၂ လမ္းနဲ႔ ရတနာလမ္းေထာင့္ရွိ United Amera Bank မွာ ေသနတ္ျပၿခိမ္းေျခာက္ေငြလု ထြက္ေျပးသြားသူကို စုံစမ္းေနၿပီး လုယက္မႈနဲ႔အမႈဖြင့္ထားတယ္လို႔ ျပည္ႀကီးတံခြန္ၿမိဳ႕မရဲစခန္းကေျပာပါတယ္။

ဒါ့အျပင္ အခင္းျဖစ္တဲ့အခ်ိန္က အသုံးျပဳသြားတဲ့ ေသနတ္ဟာ အတုျဖစ္ႏိုင္တယ္လို႔ ျပည္ႀကီးတံခြန္ၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦးကေျပာပါတယ္။

“စတီးလ္ေဘာေစ့ေတြ ေတြ႕ထားေတာ့ ေသနတ္အစစ္ေတာ့ မဟုတ္ႏိုင္ဘူးဗ်။ ကေလးေတြသုံးတဲ့ တ႐ုတ္ကလာတဲ့ ေသနတ္ေတြလိုေပါ့၊ စတီးလ္ေဘာေစ့ေတြနဲ႔ေပါ့။ က်ေနာ္ေျပာသလို ခုန ကားေပၚမွာ က်န္ခဲ့တယ္။ အဲ့ဒါကလည္း ဒဏ္ရာအနာတရရႏိုင္တဲ့ ၁၉(စ)လုံးနဲ႔ သိမ္းဆည္းရမိရင္ အမႈဖြင့္လို႔ ရပါတယ္ဗ်”လို႔ အဲ့ဒီရဲအရာရွိက ေျပာပါတယ္။

က်ဴးလြန္သူဟာ ဆိုင္ကယ္ဦးထုပ္ေဆာင္းၿပီး ေသနတ္နဲ႔ လက္ထိပ္လို႔ယူဆရတဲ့ အရာတစ္ခုကို ကိုင္ေဆာင္ကာ ေအာက္တိုဘာ ၁၅ ရက္ ညေန ၄ နာရီဝန္းက်င္က ဘဏ္ထဲကို တစ္ေယာက္တည္း ဝင္လာတာလို႔ CCTV မွတ္တမ္းအရ သိရပါတယ္။

အဲ့ဒီေနာက္ ေငြက်ပ္သိန္းႏွစ္ရာယူကာ Mark II ကားအျဖဴေရာင္နဲ႔ ရတနာလမ္းကေန အေနာက္ကိုထြက္ေျပးသြားတယ္လို႔ (ဆ)ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးစိုးျမင့္ဟန္က ေျပာပါတယ္။

ဘဏ္ကေနထြက္ေျပးၿပီးေနာက္ပိုင္း ညေန ၅ နာရီေက်ာ္မွာ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ (က)ရပ္ကြက္ ၆၉- ၇၀ လမ္းၾကား ၁၁၃- ၁၁၄ လမ္းၾကားမွာ က်ဴးလြန္သူဟာ သူစီးလာတဲ့ကားနဲ႔ သက္ေသခံပစၥည္းအခ်ိဳ႕ကို မီးရႈိ႕ဖ်က္ဆီးၿပီး ထြက္ေျပးသြားတယ္လို႔ ရဲအရာရွိက ေျပာပါတယ္။

မူလက ကားနံပါတ္ 4D/5422 ျဖစ္ေပမယ့္ ကားနံပါတ္ေတြလဲလွယ္ထားတာေတြ႕ရသလို သက္ေသခံပစၥည္းေတြအျဖစ္ နက္ျပာေရာင္ စတိုလ္ပင္တစ္ထည္၊ နက္ျပာေရာင္ အက်ႌတစ္ထည္ ၊ ေကာ္ဖီေရာင္ ​ေျပာက္ၾကား ဦးထုပ္တစ္လုံး၊ ၾကယ္နီတံဆိပ္ပါ ခဲညိဳေရာင္ ေျပာက္ၾကား ဦးထုပ္တစ္လုံး ၊ အျဖဴေရာင္အကြက္ ရွပ္အက်ီတစ္ထည္၊ ျဖဴျပာေရာင္ ေျခနင္းဖိနပ္တစ္ရံ၊ အနက္ေရာင္မွန္ကာဗာ ဆိုင္ကယ္ဦးထုပ္တစ္လုံး၊ Mask အနီတစ္ခု၊ ထီးတစ္ေခ်ာင္း၊ ဓါတ္ဆီနံ႔ထြက္ေနတဲ့ ေရသန႔္ဗူးတစ္ဗူးနဲ႔ မီးေလာင္ကြၽမ္းလက္စ ပလပ္စတစ္ျခင္းတစ္လုံး၊ ဂြ၊ ေက်ာက္လွည့္၊ ေဘာေစ့အလုံး ၅ရာတို႔ သိမ္းဆည္းရမိထားတယ္လို႔ သ္ိရပါတယ္။

လက္ရွိမွာေတာ့ ကနဦးအေနနဲ႔ လုယက္မႈအျဖစ္ ရာဇသတ္ႀကီးဥပေဒပုဒ္မ-၃၉၂ နဲ႔ ျပည္ကကီးတံခြန္ၿမိဳ႕နယ္၊ စက္မႈနယ္ေျမရဲစခန္းမွာ အမႈဖြင့္ထားတာ ျဖစ္ပါတယ္။

#voiceofmyanmar #VOM #မႏၲေလး #ဘဏ္လုယက္မႈ

Related posts

Leave a Comment

VOM News

FREE
VIEW