အရေးပေါ်အမိန့် ချိုးဖောက်ရင်အရေးယူမယ်၊ ရာထူးကလည်း ဆင်းမပေးဘူးလို့ ထိုင်းဝန်ကြီးချုပ်ပြော

အရေးပေါ်အမိန့် ချိုးဖောက်ရင်အရေးယူမယ်၊ ရာထူးကလည်း ဆင်းမပေးဘူးလို့ ထိုင်းဝန်ကြီးချုပ်ပြော

ဘန်ကောက်၊ အောက်တိုဘာ-၁၆-၂၀၂၀
မျိုးဆက်(VOM)

ထိုင်းနိုင်ငံမှာ ဆန္ဒပြမှုတွေနဲ့ပတ်သက်ပြီး အစိုးရက အရေးပေါ်အမိန့်တစ်ရပ်ထုတ်ပြန်ထားတာကို ဆန့်ကျင်ပြီး လူသောင်းနဲ့ချီပြီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေဖြစ်ပွားနေပေမယ့် ရာထူးကနေနှုတ်ထွက်မှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက အောက်တိုဘာ ၁၆ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ထိုင်းဝန်ကြီးချုပ် ချန်အိုချာရာထူးကနေ နှုတ်ထွက်ခြင်းအပါအဝင် ထိုင်းဘုရင်စနစ်ပြုပြင်ပြောင်းလဲရေးအတွက် တိုက်တွန်းတောင်းဆိုနေတဲ့ ဆန္ဒပြပွဲတွေ သုံးလနီးပါးကြာဖြစ်ပွားပြီးနောက် အောက်တိုဘာ ၁၅ ရက်ကစပြီး လူငါးဦးထက်ပိုမိုစုဝေးတာမျိုးတွေကို တားမြစ်ပိတ်ပင်တဲ့ အမိန့်တစ်ရပ်ကို ထိုင်းအစိုးရက ချမှတ်ခဲ့ပါတယ်။

ဒါပေမယ့် ဆန္ဒပြသူတွေဟာ ဒီအမိန့်ကို ဖီဆန်ပြီး အောက်တိုဘာ ၁၅ ရက်ညပိုင်းအထိ ဆန္ဒပြမှုတွေ အကြီးအကျယ်ပြုလုပ်ခဲ့ပါတယ်။

ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကတော့ မိမိအနေနဲ့ ရာထူးကနေနှုတ်ထွက်မှာမဟုတ်ဘူးလို့ အစိုးရအဖွဲ့အရေးပေါ် အစည်းအဝေးတစ်ရပ်ကျင်းပပြီးနောက် သတင်းထောက်တွေကို ပြောပါတယ်။

အခြေအနေတွေက အကြမ်းဖက်မှုပုံစံဖြစ်နေတာကြောင့် အစိုးရအနေနဲ့ အရေးပေါ်အမိန့်ကို ထုတ်ပြန်ကျင့်သုံးရတာဖြစ်ပြီး ဒီအမိန့်ကို ရက် ၃၀ အသုံးပြုမှာဖြစ်ပါတယ်။ ဒါမှမဟုတ် အခြေအနေတည်ငြိမ်သွားရင်တော့ ဒီထက်စောပြီး ရုပ်သိမ်းမယ်လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။

အရေးပေါ်အမိန့်ထုတ်ပြန်ပြီး ကျင့်သုံးမယ့်အစီအမံတွေကို ချိုးဖောက်ခြင်းမပြုဖို့ ဝန်ကြီးချုပ်က လူထုကို သတိပေးထားပြီး ချိုးဖောက်တာနဲ့ ဒီအမိန့်ကို အသုံးပြုပြီး အရေးယူမယ်လို့ ဆိုပါတယ်။

ဆန္ဒပြသူတွေဟာ ၂၀၁၄ ခုနှစ်အာဏာသိမ်းမှုမှာ ပထမဆုံးအာဏာရယူခဲ့တဲ့ ပရာယွတ်ကို ဖယ်ရှားရေးလုပ်ဆောင်နေကြပြီး ယမန်နှစ်ကပြုလုပ်တဲ့ရွေးကောက်ပွဲဟာ သူပြန်လည်အာဏာရရှိရေး စီမံထားတယ်လို့ စွပ်စွဲထားပြီး ဝန်ကြီးချုပ်ကတော့ ရွေးကောက်ပွဲဟာ တရားမျှတတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဆန္ဒပြသူတွေဟာ စစ်အုပ်ချုပ်ရေးအောက်မှာ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း အသစ်ပြန်လည်ရေးဆွဲဖို့ ဆန္ဒရှိနေကြပါတယ်။

Ref : Reuters
Photo: Reuters
#voiceofmyanmar #VOM #ဘန်ကောက်

Zawgyi

အေရးေပၚအမိန္႔ ခ်ိဳးေဖာက္ရင္အေရးယူမယ္၊ ရာထူးကလည္း ဆင္းမေပးဘူးလို႔ ထိုင္း၀န္ၾကီးခ်ဳပ္ေျပာ

ဘန္ေကာက္၊ ေအာက္တိုဘာ-၁၆-၂၀၂၀
မ်ိဳးဆက္(VOM)

ထိုင္းနိုင္ငံမွာ ဆႏၵျပမႈေတြနဲ႔ပတ္သက္ျပီး အစိုးရက အေရးေပၚအမိန္႔တစ္ရပ္ထုတ္ျပန္ထားတာကို ဆန္႔က်င္ျပီး လူေသာင္းနဲ႔ခ်ီျပီး အစိုးရဆန္႔က်င္ေရး ဆႏၵျပမႈေတြျဖစ္ပြားေနေပမယ္႔ ရာထူးကေနနႈတ္ထြက္မွာ မဟုတ္ဘူးလို႔ ၀န္ၾကီးခ်ဳပ္ ပရာယြတ္ခ်န္အိုခ်ာက ေအာက္တိုဘာ ၁၆ ရက္မွာ ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ထိုင္း၀န္ၾကီးခ်ဳပ္ ခ်န္အိုခ်ာရာထူးကေန နႈတ္ထြက္ျခင္းအပါအ၀င္ ထိုင္းဘုရင္စနစ္ျပဳျပင္ေျပာင္းလဲေရးအတြက္ တိုက္တြန္းေတာင္းဆိုေနတဲ႔ ဆႏၵျပပြဲေတြ သံုးလနီးပါးၾကာျဖစ္ပြားျပီးေနာက္ ေအာက္တိုဘာ ၁၅ ရက္ကစျပီး လူငါးဦးထက္ပိုမိုစုေ၀းတာမ်ိဳးေတြကို တားျမစ္ပိတ္ပင္တဲ႔ အမိန္႔တစ္ရပ္ကို ထိုင္းအစိုးရက ခ်မွတ္ခဲ႔ပါတယ္။

ဒါေပမယ္႔ ဆႏၵျပသူေတြဟာ ဒီအမိန္႔ကို ဖီဆန္ျပီး ေအာက္တိုဘာ ၁၅ ရက္ညပိုင္းအထိ ဆႏၵျပမႈေတြ အၾကီးအက်ယ္ျပဳလုပ္ခဲ႔ပါတယ္။

၀န္ၾကီးခ်ဳပ္ ပရာယြတ္ခ်န္အိုခ်ာကေတာ႔ မိမိအေနနဲ႔ ရာထူးကေနနႈတ္ထြက္မွာမဟုတ္ဘူးလို႔ အစိုးရအဖြဲ႔အေရးေပၚ အစည္းအေ၀းတစ္ရပ္က်င္းပျပီးေနာက္ သတင္းေထာက္ေတြကို ေျပာပါတယ္။

အေျခအေနေတြက အၾကမ္းဖက္မႈပံုစံျဖစ္ေနတာေၾကာင္႔ အစိုးရအေနနဲ႔ အေရးေပၚအမိန္႔ကို ထုတ္ျပန္က်င္႔သံုးရတာျဖစ္ျပီး ဒီအမိန္႔ကို ရက္ ၃၀ အသံုးျပဳမွာျဖစ္ပါတယ္။ ဒါမွမဟုတ္ အေျခအေနတည္ျငိမ္သြားရင္ေတာ႔ ဒီထက္ေစာျပီး ရုပ္သိမ္းမယ္လို႔ ၀န္ၾကီးခ်ဳပ္ကဆိုပါတယ္။

အေရးေပၚအမိန္႔ထုတ္ျပန္ျပီး က်င္႔သံုးမယ္႔အစီအမံေတြကို ခ်ိဳးေဖာက္ျခင္းမျပဳဖို႔ ၀န္ၾကီးခ်ဳပ္က လူထုကို သတိေပးထားျပီး ခ်ိဳးေဖာက္တာန႔ဲ ဒီအမိန္႔ကို အသံုးျပဳျပီး အေရးယူမယ္လို႔ ဆိုပါတယ္။

ဆႏၵျပသူေတြဟာ ၂၀၁၄ ခုနွစ္အာဏာသိမ္းမႈမွာ ပထမဆံုးအာဏာရယူခဲ႔တဲ႔ ပရာယြတ္ကို ဖယ္ရွားေရးလုပ္ေဆာင္ေနၾကျပီး ယမန္နွစ္ကျပဳလုပ္တဲ႔ေရြးေကာက္ပြဲဟာ သူျပန္လည္အာဏာရရိွေရး စီမံထားတယ္လို႔ စြပ္စြဲထားျပီး ၀န္ၾကီးခ်ဳပ္ကေတာ႔ ေရြးေကာက္ပြဲဟာ တရားမွ်တတယ္လို႔ ဆိုပါတယ္။

ဒါ႔အျပင္ ဆႏၵျပသူေတြဟာ စစ္အုပ္ခ်ဳပ္ေရးေအာက္မွာ ေရးဆြဲထားတဲ႔ ဖြဲ႔စည္းပံုအေျခခံဥပေဒကိုလည္း အသစ္ျပန္လည္ေရးဆြဲဖို႔ ဆႏၵရိွေနၾကပါတယ္။

Ref : Reuters
Photo: Reuters
#voiceofmyanmar #VOM #ဘန္ေကာက္

Related posts

Leave a Comment

VOM News

FREE
VIEW