တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဘရာဇီးမှာ အသုံးပြုတော့မယ်

တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဘရာဇီးမှာ အသုံးပြုတော့မယ်

ဘရာဆီးလီးယား၊ အောက်တိုဘာ-၂၁-၂၀၂၀
မျိုးဆက် (VOM)

ဘရာဇီးနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးတစ်မျိုးကို အသုံးပြုဖို့စီစဉ်နေတယ်လို့ ဘရာဇီးတာဝန်ရှိသူတွေက ကြေညာပါတယ်။

တရုတ်နိုင်ငံထုတ် CoronaVac လို့အမည်ရတဲ့ ကာကွယ်ဆေး ၄၆ သန်းကိုဝယ်ယူဖို့ ဘရာဇီးအစိုးရနဲ့ သဘောတူညီပြီးဖြစ်တယ်လို့ ဆော်ပေါ်လိုအုပ်ချုပ်ရေးမှူး João Doria ကပြောပါတယ်။

ကပ်ရောဂါတိုက်ဖျက်ရေးအစီအစဉ်အရ ကာကွယ်ဆေးထိုးနံှတာတွေကို ၂၀၂၁ ခုနှစ် ဇန်နဝါရီအစောပိုင်းမှာ စတင်မှာဖြစ်ပြီး ဒါဟာ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ကမ္ဘာပေါ်မှာပထမဆုံးအားထုတ်လုပ်ဆောင်မှုထဲက တစ်ခုဖြစ်တယ်လို့ သူကဆိုပါတယ်။

ဘရာဇီးနိုင်ငံဟာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအများဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပြီး လက်ရှိအချိန်ထိကူးစက်မှု ၅ ဒသမ ၃ သန်းနီးပါးရှိနေကာ အမေရိကန်နဲ့ အိန္ဒိယနိုင်ငံပြီးရင် တတိယနေရာမှာ ရပ်တည်နေပါတယ်။

တရုတ်ကုမ္ပဏီ Sinovac Biotech ကထုတ်လုပ်တဲ့ CoronaVac ကာကွယ်ဆေးကို ဘရာဇီးနိုင်ငံရဲ့ ကပ်ရောဂါတိုက်ဖျက်ရေးအစီအစဉ်မှာပါဝင်လာမယ့် ဒုတိယမြောက် ကာကွယ်ဆေးဖြစ်လာမှာဖြစ်ပြီး ဗြိတိန်နိုင်ငံ အောက်စဖို့တက္ကသိုလ်နဲ့ AstraZeneca ဆေးကုမ္ပဏီတို့က ထုတ်လုပ်တဲ့ ကာကွယ်ဆေးတစ်မျိုးကိုလည်း အသုံးပြုသွားဖို့ ဘရာဇီးအစိုးရက စီစဉ်နေပါတယ်။

Ref : BBC
Photo: Reuters
#voiceofmyanmar #VOM #ဘရားဆီးလီးယား

Zawgyi

တရုတ္နုိင္ငံထုတ္ ကိုဗစ္-၁၉ ကာကြယ္ေဆး ဘရာဇီးမွာ အသံုးျပဳေတာ႔မယ္

ဘရာဆီးလီးယား၊ ေအာက္တိုဘာ-၂၁-၂၀၂၀
မ်ိဳးဆက္ (VOM)

ဘရာဇီးနုိင္ငံမွာ ကိုဗစ္-၁၉ ေရာဂါတိုက္ဖ်က္ေရးအစီအစဥ္ရဲ႕ တစ္စိတ္တစ္ပိုင္းအျဖစ္ တရုတ္နုိင္ငံထုတ္ ကာကြယ္ေဆးတစ္မ်ိဳးကို အသံုးျပဳဖို႔စီစဥ္ေနတယ္လို႔ ဘရာဇီးတာ၀န္ရိွသူေတြက ေၾကညာပါတယ္။

တရုတ္နိုင္ငံထုတ္ CoronaVac လို႔အမည္ရတဲ႔ ကာကြယ္ေဆး ၄၆ သန္းကို၀ယ္ယူဖို႔ ဘရာဇီးအစိုးရနဲ႔ သေဘာတူညီျပီးျဖစ္တယ္လို႔ ေဆာ္ေပၚလိုအုပ္ခ်ဳပ္ေရးမွဴး João Doria ကေျပာပါတယ္။

ကပ္ေရာဂါတိုက္ဖ်က္ေရးအစီအစဥ္အရ ကာကြယ္ေဆးထိုးနံွတာေတြကို ၂၀၂၁ ခုနွစ္ ဇန္န၀ါရီအေစာပိုင္းမွာ စတင္မွာျဖစ္ျပီး ဒါဟာ ကပ္ေရာဂါတိုက္ဖ်က္ေရးအတြက္ ကမၻာေပၚမွာပထမဆံုးအားထုတ္လုပ္ေဆာင္မႈထဲက တစ္ခုျဖစ္တယ္လို႔ သူကဆိုပါတယ္။

ဘရာဇီးနိုင္ငံဟာ ကိုဗစ္-၁၉ ေရာဂါကူးစက္မႈအမ်ားဆံုးနုိင္ငံေတြထဲက တစ္နိုင္ငံျဖစ္ျပီး လက္ရိွအခ်ိန္ထိကူးစက္မႈ ၅ ဒသမ ၃ သန္းနီးပါးရိွေနကာ အေမရိကန္နဲ႔ အိႏိၵယနုိင္ငံျပီးရင္ တတိယေနရာမွာ ရပ္တည္ေနပါတယ္။

တရုတ္ကုမၸဏီ Sinovac Biotech ကထုတ္လုပ္တဲ႔ CoronaVac ကာကြယ္ေဆးကို ဘရာဇီးနိုင္ငံရဲ႕ ကပ္ေရာဂါတိုက္ဖ်က္ေရးအစီအစဥ္မွာပါ၀င္လာမယ္႔ ဒုတိယေျမာက္ ကာကြယ္ေဆးျဖစ္လာမွာျဖစ္ျပီး ျဗိတိန္နို္င္ငံ ေအာက္စဖို႔တကၠသိုလ္နဲ႔ AstraZeneca ေဆးကုမၸဏီတို႔က ထုတ္လုပ္တဲ႔ ကာကြယ္ေဆးတစ္မ်ိဳးကိုလည္း အသံုးျပဳသြားဖို႔ ဘရာဇီးအစိုးရက စီစဥ္ေနပါတယ္။

Ref : BBC
Photo: Reuters
#voiceofmyanmar #VOM #ဘရားဆီးလီးယား

Related posts

Leave a Comment

VOM News

FREE
VIEW