ပဲခူးမြို့က ကွာရန်တင်းစင်တာတွေမှာ အခမဲ့ကျွေးမွေးနေမှု ရပ်ဆိုင်းမယ်

ပဲခူးမြို့က ကွာရန်တင်းစင်တာတွေမှာ အခမဲ့ကျွေးမွေးနေမှု ရပ်ဆိုင်းမယ်

အောက်တိုဘာ ၂၂-၂၀၂၀
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်အတွင်းရှိ ကွာရန်တင်းစင်တာတွေမှာ အသွားအလာကန့်သတ်‌ စောင့်ကြည့်ခံ‌ထားရသူတွေကို COVID-19 ကာကွယ်ထိမ်းချုပ်ရေးအထောက်အကူပြုအဖွဲ့မှ အစား‌သောက်အခမဲ့ကျွေး‌မွေးခြင်းကို အခုလ ၂၅ ရက်နေ့က စတင်ပြီး ရပ်ဆိုင်းသွားမယ်လို့ အဖွဲ့ခေါင်းဆောင် ဦးကိုကိုနိုင်ကပြောပြပါတယ်။

” ကျွန်တော်တို့ မြို့မိမြို့ဖ‌တွေအားနဲ့ ‌ကျွေးနေရတာကြာပြီ။ အစိုးရကလည်း မထောက်ပံ့တာ ၅ လကျော်ရှိပြီ။ အခုအလှူရှင်တွေကလည်း လက်ပမ်းကျလာသလို ဘယ်အတိုင်းတာထိကြာမှာမသေချာတော့လို့ ရပ်ဖို့ဆုံးဖြတ်လိုက်ရတာပါ”လို့ ဦးကိုကိုနိုင်ကပြောပြပါတယ်။

ပဲခူးမြို့နယ်ရှိ ကွာရန်တင်းစင်တာတွေမှာ အသွားအလာ ကန့်သတ်ခံထားရသူတွေကို အရင်က ပဲခူးတိုင်း‌အစိုးရအဖွဲ့ ရံပုံ‌ငွေနဲ့ မတ်လ၂၅ ရက်နေ့က စတင်ကာ တစ်နေ့ကို ၃ ကြိမ် အခမဲ့ကျွေး‌မွေးခဲ့ပေမယ့်လည်း ဇွန်လနောက်ပိုင်းမှာ ရံပုံငွေအခက်အခဲကြောင့် ရပ်နားလိုက်ရတာဖြစ်တယ်လို့ Anti Covid-19 Bago အဖွဲ့မှ ဦးကျော်မျိုးဦးက ရှင်းပြပါတယ်။

” အဲ့ဒီအချိန်ကတည်းက မြို့မိမြို့ဖ‌တွေအလှူရှင်တွေ ရုန်းကန်လာတာပါ။ အခုက ဘယ်လိုမှ မတတ်နိုင်တော့လို့ပါ။ ကမ့်ပ် ၃ ခုမှာ လူ ၃၀၀ကျော်ဆိုတော့ တစ်ရက် ကျပ်သိန်း ဆယ်ဂဏန်းနားကပ်သွားတယ်။ ရေသန့်ဖိုးတင် တစ်ရက်သုံးသိန်းနီးပါး ကုန်ကျစားရိတ်ရှိတယ်”လို့ ဦးကျော်မျိုးဦးက ရှင်းပြပါတယ်။

လက်ရှိမှာ ပဲခူးမြို့နယ် Covid-19 ပိုးတွေ့လူနာ အရေအတွက် မြင့်တက်‌နေဆဲဖြစ်ပြီး အကြောင်းအမျိုးမျိုးနဲ့ ကွာရန်တင်းဝင်‌ရောက်‌ရသူတွေကို လက်ရှိမှာ အသောကဘုန်းတော်ကြီးကျောင်း ၊ ပဲခူးတက္ကသိုလ် ၊ ပဲခူး အ.ထ.က-၇ နဲ့ အ.ထ.က-၅ ကွာရန်တင်းစင်တာတွေမှာ ထားရှိနေရတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ပြောပြချက်အရ သိရပါတယ်။

အခုလို ကွာရန်တင်းစင်တာတွေက စောင့်ကြည့်ခံနေရသူတွေကို ရံပုံငွေအခက်အခဲတွေကြောင့် အခမဲ့ကျွေးမွေးခြင်းလုပ်ငန်းတွေ ရပ်ဆိုင်းရမှာဖြစ်ပေမယ့် အထောက်ကူပြုကော်မတီရဲ့စီစဉ်မှုနဲ့ တန်ဖိုးနည်း အစားအသောက်တွေကို တစ်နပ်စာ ကျပ်တစ်ထောင်ထက်နည်းတဲ့‌ဈေးနဲ့ ရောင်းချပေးဖို့ ပြင်ဆင်နေတယ်လို့ ပဲခူးမြို့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအထောက်ကူပြုအဖွဲ့ကနေ သိရပါတယ်။

ပဲခူးတိုင်းမှာ မြို့နယ်အလိုက် ကိုဗစ် ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီတွေကို တိုင်းအစိုးရအဖွဲ့က ငွေကြေးထောက်ပံ့မှုတွေ ရပ်နားထားတယ်လို့သိရပေမယ့် အခက်အခဲဖြစ်တဲ့ မြို့နယ်တွေကို ပြန်လည်တင်ပြခိုင်းထားပြီး နောက်ပိုင်းမှာ ပြန်လည်ထောက်ပံ့ဖို့ အစီစဉ်ရှိတယ်လို့ ပဲခူးတိုင်းအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနဲ့လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဦးထွန်းထွန်းဦးရဲ့ပြောပြချက်အရ သိရပါတယ်။

Photo – ပဲခူးသတင်းစဉ်
#voiceofmyanmar #VOM #ပဲခူး #ကွာရန်တင်းစင်တာ #အခမဲ့ကျွေးမွေးမှု #ရပ်ဆိုင်းမယ်

Zawgyi

ပဲခူးၿမိဳ႔က ကြာရန္တင္းစင္တာေတြမွာ အခမဲ့ေကြၽးေမြးေနမႈ ရပ္ဆိုင္းမယ္

ေအာက္တိုဘာ ၂၂-၂၀၂၀
ေကာင္းလက္်ာ(VOM)

ပဲခူးတိုင္း၊ ပဲခူးၿမိဳ႕နယ္အတြင္းရွိ ကြာရန္တင္းစင္တာေတြမွာ အသြားအလာကန႔္သတ္‌ ေစာင့္ၾကည့္ခံ‌ထားရသူေတြကို COVID-19 ကာကြယ္ထိမ္းခ်ဳပ္ေရးအေထာက္အကူျပဳအဖြဲ႕မွ အစား‌ေသာက္အခမဲ့ေကြၽး‌ေမြးျခင္းကို အခုလ ၂၅ ရက္ေန႔က စတင္ၿပီး ရပ္ဆိုင္းသြားမယ္လို႔ အဖြဲ႕ေခါင္းေဆာင္ ဦးကိုကိုႏိုင္ကေျပာျပပါတယ္။

” ကြၽန္ေတာ္တို႔ ၿမိဳ႕မိၿမိဳ႕ဖ‌ေတြအားနဲ႔ ‌ေကြၽးေနရတာၾကာၿပီ။ အစိုးရကလည္း မေထာက္ပံ့တာ ၅ လေက်ာ္ရွိၿပီ။ အခုအလႉရွင္ေတြကလည္း လက္ပမ္းက်လာသလို ဘယ္အတိုင္းတာထိၾကာမွာမေသခ်ာေတာ့လို႔ ရပ္ဖို႔ဆုံးျဖတ္လိုက္ရတာပါ”လို႔ ဦးကိုကိုႏိုင္ကေျပာျပပါတယ္။

ပဲခူးၿမိဳ႕နယ္ရွိ ကြာရန္တင္းစင္တာေတြမွာ အသြားအလာ ကန႔္သတ္ခံထားရသူေတြကို အရင္က ပဲခူးတိုင္း‌အစိုးရအဖြဲ႕ ရံပုံ‌ေငြနဲ႔ မတ္လ၂၅ ရက္ေန႔က စတင္ကာ တစ္ေန႔ကို ၃ ႀကိမ္ အခမဲ့ေကြၽး‌ေမြးခဲ့ေပမယ့္လည္း ဇြန္လေနာက္ပိုင္းမွာ ရံပုံေငြအခက္အခဲေၾကာင့္ ရပ္နားလိုက္ရတာျဖစ္တယ္လို႔ Anti Covid-19 Bago အဖြဲ႕မွ ဦးေက်ာ္မ်ိဳးဦးက ရွင္းျပပါတယ္။

” အဲ့ဒီအခ်ိန္ကတည္းက ၿမိဳ႕မိၿမိဳ႕ဖ‌ေတြအလႉရွင္ေတြ ႐ုန္းကန္လာတာပါ။ အခုက ဘယ္လိုမွ မတတ္ႏိုင္ေတာ့လို႔ပါ။ ကမ့္ပ္ ၃ ခုမွာ လူ ၃၀၀ေက်ာ္ဆိုေတာ့ တစ္ရက္ က်ပ္သိန္း ဆယ္ဂဏန္းနားကပ္သြားတယ္။ ေရသန႔္ဖိုးတင္ တစ္ရက္သုံးသိန္းနီးပါး ကုန္က်စားရိတ္ရွိတယ္”လို႔ ဦးေက်ာ္မ်ိဳးဦးက ရွင္းျပပါတယ္။

လက္ရွိမွာ ပဲခူးၿမိဳ႕နယ္ Covid-19 ပိုးေတြ႕လူနာ အေရအတြက္ ျမင့္တက္‌ေနဆဲျဖစ္ၿပီး အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ကြာရန္တင္းဝင္‌ေရာက္‌ရသူေတြကို လက္ရွိမွာ အေသာကဘုန္းေတာ္ႀကီးေက်ာင္း ၊ ပဲခူးတကၠသိုလ္ ၊ ပဲခူး အ.ထ.က-၇ နဲ႔ အ.ထ.က-၅ ကြာရန္တင္းစင္တာေတြမွာ ထားရွိေနရတယ္လို႔ အရပ္ဖက္အဖြဲ႕အစည္းေတြရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

အခုလို ကြာရန္တင္းစင္တာေတြက ေစာင့္ၾကည့္ခံေနရသူေတြကို ရံပုံေငြအခက္အခဲေတြေၾကာင့္ အခမဲ့ေကြၽးေမြးျခင္းလုပ္ငန္းေတြ ရပ္ဆိုင္းရမွာျဖစ္ေပမယ့္ အေထာက္ကူျပဳေကာ္မတီရဲ႕စီစဥ္မႈနဲ႔ တန္ဖိုးနည္း အစားအေသာက္ေတြကို တစ္နပ္စာ က်ပ္တစ္ေထာင္ထက္နည္းတဲ့‌ေဈးနဲ႔ ေရာင္းခ်ေပးဖို႔ ျပင္ဆင္ေနတယ္လို႔ ပဲခူးၿမိဳ႕ ကိုဗစ္ကာကြယ္ထိန္းခ်ဳပ္ေရးအေထာက္ကူျပဳအဖြဲ႕ကေန သိရပါတယ္။

ပဲခူးတိုင္းမွာ ၿမိဳ႕နယ္အလိုက္ ကိုဗစ္ ကာကြယ္ထိန္းခ်ဳပ္ကုသေရးေကာ္မတီေတြကို တိုင္းအစိုးရအဖြဲ႕က ေငြေၾကးေထာက္ပံ့မႈေတြ ရပ္နားထားတယ္လို႔သိရေပမယ့္ အခက္အခဲျဖစ္တဲ့ ၿမိဳ႕နယ္ေတြကို ျပန္လည္တင္ျပခိုင္းထားၿပီး ေနာက္ပိုင္းမွာ ျပန္လည္ေထာက္ပံ့ဖို႔ အစီစဥ္ရွိတယ္လို႔ ပဲခူးတိုင္းအစိုးရအဖြဲ႕ဝင္ လူဝင္မႈႀကီးၾကပ္ေရးနဲ႔လူ႔စြမ္းအားအရင္းအျမစ္ ဖြံ႕ၿဖိဳးတိုးတက္ေရးဝန္ႀကီး ဦးထြန္းထြန္းဦးရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

Photo – ပဲခူးသတင္းစဥ္
#voiceofmyanmar #VOM #ပဲခူး #ကြာရန္တင္းစင္တာ #အခမဲ႔ေကၽြးေမြးမႈ #ရပ္ဆိုင္းမယ္

Related posts

Leave a Comment

VOM News

FREE
VIEW