ဆီဆိုင်မြို့နယ်မှာ PNOပါတီ မဲဆွယ်စည်းရုံးရေးယာဉ်တိမ်းမှောက် လူ ၃ ဦး သေဆုံး

ဆီဆိုင်မြို့နယ်မှာ PNOပါတီ မဲဆွယ်စည်းရုံးရေးယာဉ်တိမ်းမှောက် လူ ၃ ဦး သေဆုံး

အောက်တိုဘာ ၂၃-၂၀၂၀
အေးချမ်းသူ(VOM)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်ကျေးရွာ တိုက်နယ်ဆေးရုံရှေ့မှာ မနေ့အောက်တိုဘာလ ၂၂ ရက်၊ ညနေ ၆ နာရီခွဲခန့်က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ မဲဆွယ်စည်ရုံးရေးအင်အားပြယာဉ်တစ်စီး ရှေ့ဘီးပေါက်ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသမီး ၃ ဦး ပွဲချင်းပြီးသေဆုံးကာ၊ ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ PNOပါတီမှ ဗဟိုအလုပ်အမှုဆောင်စောခွန်ကျော်ဝင်းက VOMကိုပြောပါတယ်။

“ပါတီစည်းရုံးရေးဆင်းပြီးအပြန် မိုးကလည်းရွာနေတော့ ကားအရှေ့ဘီးကျွတ်ထွက်ပြီး အရှိန်မထိန်းနိူင်ဘဲ ကားပေါ်ကပါလာတဲ့သူတွေ လွှင့်ထွက်ပြီး ဦးခေါင်းဒဏ်ရာနဲ့ သုံးဦး
ပွဲချင်းပြီးသေတယ်။ တစ်ယောက်က စိုးရိမ်ရလို့ တောင်ကြီးဆေးရုံမှာ တင်ထားတယ်။ယာဉ်မောင်းနဲ့နောက်နှစ်ဦးကတော့ တိုက်နယ်ဆေးရုံမှာပါ”လို့ စောခွန်ကျော်ဝင်းကVOMကိုရှင်းပြပါတယ်။

သေဆုံးသူတွေဟာ ဟိုပုံးမြို့နယ်၊နမ့်ခုတ်စံကျေးရွာတွင်နေထိုင်တဲ့ အသက်(၅၃)နှစ်အရွယ် အမျိုးသမီးတစ်ဦး ၊ အသက်(၄၆) နှစ်အရွယ် အမျိုးသမီးတစ်ဦး ၊ အသက် (၃၆) နှစ်အရွယ်အမျိုးသမီးတစ်ဦးတို့ဖြစ်တယ်လို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီဗဟိုဌာနချုပ်ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

အခုလို ပါတီအင်အားပြမဲဆွယ်ခရီးစဉ်မှာ ယာဉ်မတော်တဆကြောင့် အမျိုးသမီးသုံးဦးသေဆုံးခဲ့ရတာနဲ့ပတ်သက်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ(PNO)ဗဟိုဌာချုပ်မှ ဝမ်းနည်ကြောင်းသဝဏ်လွှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာ၁၈ရက်နေ့ကလည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ရဲ့ မူဆယ်စည်းရုံးရေး ကားတစ်စီး ရွှေလီမြစ်ထဲ ပြုတ်ကျကာ အမျိုးသမီး (၃)ဦး သေဆုံးပြီး ကလေးငယ်တစ်ဦးမှာ ရှာဖွေတွေ့ရှိခြင်းမရှိတဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ်။

Photo – ဘန်းယဉ် ကြက်ခြေနီ
#voiceofmyanmar #VOM #ဆီဆိုင်မြို့ #PNOပါတီယာဉ်တိမ်းမှောက် #လူ၃ဦးသေဆုံး

Zawgyi

ဆီဆိုင္ျမိဳ႕နယ္မွာ PNOပါတီ မဲဆြယ္စည္း႐ုံး​ေရးယာဥ္တိမ္း​ေမွာက္ လူ ၃ ဦး​ ေသဆုံး

ေအာက္တိုဘာ ၂၃-၂၀၂၀
ေအးခ်မ္းသူ(VOM)

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ဆီဆိုင္ၿမိဳ့နယ္၊ ဘန္းယဥ္​ေက်းရြာ တိုက္နယ္ေဆး႐ုံေရွ႕မွာ မေန႔​ေအာက္တိုဘာလ ၂၂ ရက္၊ ည​ေန ၆ နာရီခြဲခန္႔က ပအုိဝ္းအမ်ိဳးသားအဖြဲ႔ခ်ဳပ္(PNO)ပါတီ မဲဆြယ္စည္႐ုံးေရးအင္အားျပယာဥ္တစ္စီး ေရွ႕ဘီးေပါက္ၿပီး ယာဥ္တိမ္းေမွာက္မွု​ေၾကာင့္ အမ်ိဳးသမီး ၃ ဦး ပြဲခ်င္းၿပီးေသဆုံးကာ၊ ၄ ဦး ဒဏ္ရာရရွိခဲ့​တယ္လို႔ PNOပါတီမွ ဗဟုိအလုပ္အမႈေဆာင္ေစာခြန္ေက်ာ္ဝင္းက VOMကုိေျပာပါတယ္။

“ပါတီစည္း႐ုံးေရးဆင္းၿပီးအျပန္ မုိးကလည္းရြာေနေတာ့ ကားအေ႐ွ႔ဘီးကြၽတ္ထြက္ၿပီး အ႐ွိန္မထိန္းႏူိင္ဘဲ ကားေပၚကပါလာတဲ့သူေတြ လႊင့္ထြက္ၿပီး ဦးေခါင္းဒဏ္ရာနဲ႔ သုံးဦး
ပြဲခ်င္းၿပီးေသတယ္။ တစ္ေယာက္က စုိးရိမ္ရလုိ႔ ေတာင္ႀကီးေဆး႐ုံမွာ တင္ထားတယ္။ယာဥ္ေမာင္းနဲ႔ေနာက္ႏွစ္ဦးကေတာ့ တိုက္နယ္ေဆး႐ုံမွာပါ”လို႔ ေစာခြန္ေက်ာ္ဝင္းကVOMကိုရွင္းျပပါတယ္။

ေသဆုံးသူေတြဟာ ဟုိပုံးၿမိဳ႕နယ္၊နမ့္ခုတ္စံေက်းရြာတြင္ေနထုိင္တဲ့ အသက္(၅၃)ႏွစ္အရြယ္ အမ်ိဳးသမီးတစ္ဦး ၊ အသက္(၄၆) ႏွစ္အရြယ္ အမ်ိဳးသမီးတစ္ဦး ၊ အသက္ (၃၆) ႏွစ္အရြယ္အမ်ိဳးသမီးတစ္ဦးတို ႔ျဖစ္တယ္လို႔ ပအိုဝ္းအမ်ိဳးသားအဖြဲ႔ခ်ဳပ္ပါတီဗဟုိဌာနခ်ဳပ္ရဲ႕ ထုတ္ျပန္ခ်က္အရသိရပါတယ္။

အခုလို ပါတီအင္အားျပမဲဆြယ္ခရီးစဥ္မွာ ယာဥ္မေတာ္တဆေၾကာင့္ အမ်ိဳးသမီးသုံးဦးေသဆုံးခဲ့ရတာနဲ႔ပတ္သက္ၿပီး ပအုိဝ္းအမ်ိဳးသားအဖြဲ႔ခ်ဳပ္ပါတီ(PNO)ဗဟုိဌာခ်ဳပ္မွ ဝမ္းနည္ေၾကာင္းသဝဏ္လႊာ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

ၿပီးခဲ့တဲ့ေအာက္တိုဘာ၁၈ရက္ေန႔ကလည္း ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္(SNLD)ရဲ႔ မူဆယ္စည္း႐ုံးေရး ကားတစ္စီး ေရႊလီျမစ္ထဲ ျပဳတ္က်ကာ အမ်ိဳးသမီး (၃)ဦး ေသဆုံးၿပီး ကေလးငယ္တစ္ဦးမွာ ႐ွာေဖြေတြ႔႐ွိျခင္းမ႐ွိတဲ့ျဖစ္စဥ္လည္း ျဖစ္ပြားခဲ့ပါတယ္။

Photo – ဘန္းယဥ္ ၾကက္ေျခနီ
#voiceofmyanmar #VOM #ဆီဆိုင္ၿမိဳ႔ #PNOပါတီယာဥ္တိမ္းေမွာက္ #လူ၃ဦးေသဆံုး

Related posts

Leave a Comment

VOM News

FREE
VIEW