ဘီလာရုစ်သမ္မတ ရာထူးကဆင်းမပေးလို့ တစ်နိုင်ငံလုံးသပိတ်မှောက်ဖို့ ပြင်ဆင်နေ

မင့်စ်၊ အောက်တိုဘာ-၂၆-၂၀၂၀
မျိုးဆက် (VOM)

ဘီလာရုစ်သမ္မတ အလက်ဇန်းဒါးလူကာရှင်ကိုဟာ အောက်တိုဘာ ၂၅ ရက်ညပိုင်း နောက်ဆုံးထားပြီး ရာထူးကနေဆင်းပေးဖို့ အတိုက်အခံတို့ရဲ့ ရာဇသံကို ငြင်းပယ်ခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သပိတ်မှောက်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုကို စိန်ခေါ်လိုက်ပါတယ်။

အငြင်းပွားဖွယ်သမ္မတရွေးကောက်ပွဲအပြီး ၁၁ ပတ်အကြာမှာ အတိုက်အခံကိုယ်စားလှယ်လောင်း ဆီဗီယာတာနာ တီခါနိုစခါရာရဲ့ ပြည်သူ့ရာဇသံ သတ်မှတ်ချိန်ကုန်ဆုံးပြီးနောက် ဘီလာရုစ်နိုင်ငံဟာ နိုင်ငံရေးအကြပ်အတည်း အခြေအနေသစ်သို့ ရောက်ရှိနေပါတယ်။

၂၆ နှစ်ကြာအာဏာရယူထားပြီးနောက် နှုတ်ထွက်ဖို့ငြင်းဆိုထားတဲ့ သမ္မတလူကာရှင်ကိုအနေနဲ့ လူဦးရေ ၉ ဒသမ ၅ သန်းရှိသောနိုင်ငံတစ်ဝန်းရှိ လုပ်ငန်းတွေရပ်ဆိုင်းသွားတဲ့အထိ အတိုက်အခံတို့ကို လူထုကအကြီးအကျယ် ထောက်ခံခြင်းရှိမရှိ စမ်းသပ်လိုပုံရပါတယ်။

သြဂုတ် ၉ ရက်ရွေးကောက်ပွဲပြီးနောက် မိသားစုလုံခြုံရေးအတွက် လစ်သူယေးနီးယားနိုင်ငံသို့ ထွက်ပြေးသွားတဲ့ အတိုက်အခံခေါင်းဆောင် တီခါနိုစခါရာက အောက်တိုဘာ ၂၆ ရက်နေ့မှစပြီး လမ်းတွကို ပိတ်ဆို့ရန်၊ လုပ်ငန်းများပိတ်သိမ်းရန်၊ အစိုးရဈေးဆိုင်တွေ၊ ဝန်ဆောင်မှုတွေကို အသုံးပြုခြင်းအား ရပ်တန့်ဖို့နဲ့ ဘဏ်အကောင့်တွေမှ ငွေအားလုံးကို ထုတ်ယူကြဖို့ ဘီလာရုစ်ပြည်သူတွေကို တိုက်တွန်းထားပါတယ်။

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေက အလုပ်သမားများသပိတ်မှောက်ခဲ့ရင် ကလေးများကို ဘယ်သူကျွေးမလဲဆိုပြီး သမ္မတ လူကာရှင်ကိုက လှောင်ပြောင်ပြောဆိုခဲ့ပါတယ်။ ဘီလာရုစ်နိုင်ငံရဲ့ အကြပ်အတည်းနဲ့ပတ်သက်ပြီး အိမ်နီးချင်း ရုရှားနိုင်ငံနဲ့ အနောက်အုပ်စုအစိုးရတွေက အနီးကပ်စောင့်ကြည့်နေကြပါတယ်။

Ref : Reuters
Photo: Reuters
#voiceofmyanmar #VOM #မင့်စ်

Related posts

Leave a Comment

VOM News

FREE
VIEW