ရခိုင်ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ အခက်အခဲနဲ့ အားနည်းချက်တွေရှိနေ

နိုဝင်ဘာ ၅-၂၀၂၀
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်အတွင်း လက်ရှိကြုံတွေ့နေရတဲ့ စစ်ရေးပဋိပက္ခတွေနဲ့ ကိုဗစ်ကပ်ရောဂါအကန့်အသက်တွေကြောင့် ရခိုင်ပြည်ရွေးကောက်ပွဲဆိုင်ရာ လေ့လာစောင့်ကြည့်ရေးအဖွဲ့အနေနဲ့ လမ်းခရီးအခက်အခဲတွေအပြင် အခြားစောင့်ကြည့်ရေးအဖွဲ့ဆိုင်ရာ အားနည်းချက်တွေကြောင့် အခက်အခဲတွေနဲ့ ကြုံတွေ့နေရပြီး ရွေးကောက်ပွဲကာလမှာလည်း အနှောင့်အယှက်အခက်အခဲတွေ ကြုံတွေ့လာရမှာကို စိုးရိမ်နေတယ်လို့ ပြောပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့မှာ ကျရောက်မယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သုတေသနအစီရင်ခံစာမိတ်ဆက်နဲ့ တွေ့ရှိချက်တွေနဲ့ပတ်သက်ပြီး ရခိုင်ပြည်ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့က သတင်းစာရှင်းလင်းပွဲတစ်ခုကို မနေ့ နိုဝင်ဘာ ၄ရက်နေ့က စစ်တွေမြို့မှာပြုလုပ်ချိန် အခုလို ပြောခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်ရွေးကောက်ပွဲဆိုင်ရာစောင့်ကြည့်လေ့လာရေးအဖွဲ့အနေနဲ့ မူလက မဲရုံပေါင်း (၅၀၀) လောက်အတွက် စောင့်ကြည့်ရေးအဖွဲ့ဝင် (၅၀၀) လောက်ကို သင်တန်းပေးဖို့ပြင်ဆင်ထားပေမယ့် အခုအခါ အဖွဲ့ဝင်(၂၀၀)ကိုသာ အခက်အခဲအကန့်အသတ်ကြားက သင်တန်းပေးနေရတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #စစ်တွေ

Related posts

Leave a Comment

VOM News

FREE
VIEW