ပြည်သူ့လွှတ်တော်မဲစာအုပ်နဲ့ ပြည်နယ်လွှတ်တော်မဲစာအုပ်မှားယွင်းမှုကြောင့် မဲဆန္ဒရှင် ၂၅ ဦး မဲပြန်ထည့်ရ

နိုဝင်ဘာ ၈-၂၀၂၀
ခွန်ခမ့်သူ(VOM)

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် ၄ ရပ်ကွက်၊ အမှတ်-၂ အခြေခံပညာအထက်တန်းကျောင်းမှာ ဖွင့်ထားတဲ့ မဲရုံအမှတ်-၄ မှာ ပြည်သူ့လွှတ်တော်မဲလက်မှတ်စာအုပ် နဲ့ ပြည်နယ်လွှတ်တော် မဲလက်မှတ်စာအုပ်နှစ်အုပ် မှားယွင်းပြီး မဲဆန္ဒရှင်ပြည်သူ ၂၅ ဦးကို မဲလက်မှတ်ထုတ်ပေးခဲ့တာကြောင့် ပြည်သူ့လွတ်တော်မဲပုံးထဲကို မဲဆန္ဒရှင်တွေက မဲထည့်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

အခုလို မှားယွင်းထည့်ခဲ့တဲ့ မဲလက်မှတ် ၂၅ စောင်ကို မဲပုံးဖွင့်ဖောက်စစ်ဆေးတဲ့အခါ ပယ်မဲအဖြစ် သတ်မှတ်သွားမှာဖြစ်ပြီး ကော်မရှင်အဆင့်ဆင့်ကို တင်ပြခဲ့တဲ့အတွက် မဲဆန္ဒရှင် ၂၅ ဦး ပြန်လည်မဲထည့်ခွင့်ပြုသွားဖို့ ဆောင်ရွက်နေတယ်လို့ ရပ်ကျေးကော်မရှင်ဥက္ကဋ္ဌ ဦးတင်အောင်က ပြောပါတယ်။

ကရင်ပြည်နယ်မှာ လူဦးရေ ၁၅ သိန်းကျော်ရှိပြီး မဲပေးပိုင်ခွင့်ရှိသူ ၁၂ သိန်းကျော်၊ ဘားအံမြို့နယ်မှာ မဲပေးပိုင်ခွင့်ရှိသူ ၃ သိန်း ၂ သောင်းကျော်၊ မဲရုံပေါင်း ၂၃၀ ၊တပ်မဲရုံ ၇ ရုံ၊ ပူးတွဲမဲရုံ ၁၀ ရုံရှိတယ်လို့ သိရပါတယ်။

#voiceomyanmar #VOM #ဘားအံ #မဲလက်မှတ်မှားယွင်းမှု

Related posts

Leave a Comment

VOM News

FREE
VIEW