ရခိုင်မှာ မဲဆန္ဒနယ်အများစု ANP အနိုင်ရ

နိုဝင်ဘာ ၉-၂၀၂၀
ထက်အောင်စိုင်း+တာတီး(VOM)

ရခိုင်ပြည်နယ်က ရွေးကောက်ပွဲကျင်းပနိုင်တဲ့ (၈) မြို့နယ်ရှိပြီး လွှတ်တော် ၃ရပ်ပေါင်းမဲဆန္ဒနယ် ၂၈ ခုရှိပါတယ်။ အဲဒီထဲက မြို့နယ် (၄) ခုမှာ ရခိုင်အမျိုးသားပါတီ (ANP) က မဲဆန္ဒနယ်အများစုမှာ အနိုင်ရထားကြောင်းသိရပါတယ်။

ANP ပါတီဗဟိုကော်မတီဝင် ဦးဘရှိန်ပြောက သူရတဲ့အချက်အလက်ကို ခုလိုပြောပြပါတယ်။
“ရခိုင်ပြည်နယ်မှာ nld ပါတီက သံတွဲနဲ့ ဂွမှာ ၄နေရာနဲ့ တိုင်းရင်းသားဝန်ကြီးနေရာ၊ ANP က ၇ နေရာနဲ့၊ AFP ၂ နေရာ၊ USDP ၁ နေရာ နိုင်တာတော့ သိထားတယ်” လို့ ပြောပါတယ်။

ရခိုင်အမျိုးသားပါတီ ( ANP) က လက်ရှိအနိုင်ရထားတဲ့ မြို့နယ်တွေကတော့ ပြည်နယ်တောင်ပိုင်းက တောင်ကုတ်မြို့နယ်၊ အလယ်ပိုင်းက မာန်အောင်၊ ရမ်းဗြဲမြို့နယ်တွေနဲ့ စစ်တွေမြို့နယ်တို့မှာ အနိုင်ရထားကြောင်းသိရပါတယ်။

ရခိုင်ပြည်နယ်တောင်ပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမာခံနယ်မြေဖြစ်တဲ့ တောင်ကုတ်မှာ ရခိုင်အမျိုးသားပါတီက လွှတ်တော် သုံးရပ်လုံးအနိုင်ရရှိတယ်လို့သိရပါတယ်။
လက်ရှိရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ဂွမဲဆန္ဒနယ်မြေ ၂ ကနေ ပြည်နယ်လွှတ်တော်မှာ အနိုင်ရခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးအဖွဲ့မှူးလုပ်ခဲ့တဲ့ ဒေါက်တာတင်မောင်အောင်ကတော့ တောင်ကုတ်မှာ အနိုင်မရခဲ့ပါဘူး။

ပြည်နယ်အလယ်ပိုင်းက ရမ်းဗြဲမြို့နယ်မှာ ရခိုင်အမျိုးသားပါတီက အမျိုးသားလွှတ်တော်နေရာနဲ့၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (၁)နဲ့ (၂) မှာ အနိုင်ရရှိပြီး ကျန်တဲ့ ပြည်သူ့လွှတ်တော်တစ်နေရာကိုတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) က အနိုင်ရရှိသွားပြီး NLD ကအနိုင်မရရှိခဲ့ကြောင်း ရမ်းဗြဲမြို့နယ် NLD အတွင်းရေးမှူး ဦးခင်ရီဆီကနေ သိရပါတယ်။

မာန်အောင်မြို့နယ်နဲ့ စစ်တွေမြို့နယ်တို့မှာ ရခိုင်အမျိုးသားပါတီက လွှတ်တော်သုံးရပ်စလုံးမှာ အနိုင်ရရှိကြောင်းနဲ့ ကျောက်ဖြူမြို့နယ်မှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်နေရာအနိုင်ရရှိထားကြောင်း သိရပါတယ်။

ရခိုင်အမျိုးသားပါတီ၊ စစ်တွေမြို့နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မြေမှာ အနိုင်ရရှိထားတဲ့ ဦးထွန်းအောင်ကျော် ပြောတာက
” ပါတီမှာက လူငယ်ပါတီဝင်တွေ မနေ့က မဲရလဒ်တွေကို မှတ်တမ်းတင်တာတွေ၊ စာရင်းဇယားပြုတာတွေ ညည့် (၂) နာရီအထိ လုပ်ကြတာရှိပါတယ်။ ဒီနေ့မနက်မှာတော့ ကျနော်နိုင်တယ်၊ မဲ (၅၀၀၀) ထောင်လောက် အသာနဲ့နိုင်တယ်ဆိုတာကို မနက်မိုးလင်းမှပဲ ကျနော်တို့သိရပါတယ်။ တစ်ဖက် ပြိုင်ဖက်အနေနဲ့လည်း မဲအရေအတွက် အရေးနိမ့်တယ်ဆိုတာကို ကြေညာတယ်လို့ သိရတယ်။ ကျောက်ဖြူမှာကတော့ ကျနော်တို့ အားနည်းတယ်လို့သိရတယ်။ မာန်အောင်နဲ့ တောင်ကုတ်မှာတော့ နိုင်တယ်လို့ ကျနော်တို့ သိရပါတယ်။” လို့ ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)က သံတွဲနဲ့ ဂွမြို့နယ်အတွင်း လွှတ်တော်သုံးရပ်လုံးမှာ အနိုင်အရှိကြောင်းနဲ့ ကျန်တဲ့ မြို့နယ်တွေမှာတော့ အနိုင်ရရှိတာမရှိဘူးလို့ ရမ်းဗြဲမြို့နယ်၊ NLD အတွင်းရေးမှူးဦးခင်ရီကပြောပါတယ်။

သူပြောတာက “ ကျနော်တို့ NLD ကတော့ သံတွဲနဲ့ ဂွမှာ အားလုံးနိုင်ပါတယ်။ NLD ကတခြားမနိုင်ဘူး။ ရမ်းဗြဲမှာကတော့ ANP က အမျိုးသားလွှတ်တော် တစ်နေရာနဲ့ ပြည်နယ်လွှတ်တော် (၂) နေရာလုံးနိုင်တယ်။ ပြည်သူ့လွှတ်တော်ကတော့ USDP က နိုင်သွားတယ်။” လို့ ပြောပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ရမ်းဗြဲမြို့နယ်မှာ ပြည်သူ့လွှတ်တော်တစ်နေရာ အနိုင်ရထားကြောင်းသိရှိရပြီး အမ်းမြို့နယ်မှာလည်း ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် အမှတ်(၁) မှာ အနိုင်ရထားကာ အမျိုးသားလွှတ်တော်ကတော့မသိရှိသေးကြောင်းနဲ့ ပြည်နယ်မဲဆန္ဒနယ် (၂) ကတော့ ပယ်ဖျက်ခံထားရပါတယ်။

ရခိုင်ပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဌ ဒေါက်တာစန်းရွေက” အမ်းမှာကတော့ ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် အမှတ်(၁) နိုင်တယ်လို့သိရတယ်။ ပြည်နယ်လွှတ်တော်က တစ်နေရာတည်းပဲ ပြိုင်ခွင့်ရတာလေ။ အမှတ် (၂)က ပြိုင်လို့ မရတဲ့နေရာမှာ ပါသွားလို့လေ။ အမျိုးသားလွှတ်တော်ကတော့ အမ်းမှာနိုင်နေပြီ။ ရမ်းဗြဲကမဲနဲ့ ပေါင်းရအုံးမယ်။ အနိုင်အရှုံးအတိအကျမသိရသေးဘူး။ ရမ်းဗြဲမှာကတော့ ပြည်သူ့လွှတ်တော်မှာ နိုင်ထားတယ်။ ကျန်တဲ့တဲ့ နေရာတွေမှာ နိုင်တာမရှိပါဘူး။” လို့ ပြောပါတယ်။

ရခိုင့်ဦးဆောင်ပါတီ (AFP) ကတော့ ကျောက်ဖြူမြို့နယ်က လွှတ်တော်(၂) ရပ်မှာ အနိုင်ရထားကြောင်းနဲ့ ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော် အမှတ် (၁)နဲ့ (၂) မှာ အနိုင်ရရှိထားပြီး အမျိုးသားလွှတ်တော်မှာ အနိုင်ရထားပေမယ့် မာန်အောင်ကမဲနဲ့ ပေါင်းရမှာဖြစ်တဲ့အတွက် အဖြေအတိအကျမသိရသေးကြောင်း AFP ပါတီရုံးကို သွားရောက်မေးမြန်းခဲ့ ပါတီဖက်က အလွှတ်သဘောပြောလိုက်တာဖြစ်ပါတယ်။

လက်ရှိအခြေအနေအရ ပြည်နယ်လွှတ်တော်မှာ ရခိုင်အမျိုးသားပါတီက (၇) နေရာ ရထားပြီး ၊ NLD က (၄)နေရာ၊ ရခိုင့်ဦးဆောင်ပါတီက (၂) နေရာ၊ USDP က (၁) နေရာနဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၅) ယောက်ရှိမှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ရခိုင့်ဦးဆောင်ပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ မြိုအမျိုးသားဒီမိုကရေစီပါတီ၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အရှိုချင်းအမျိုးသားပါတီ၊ ချင်းတိုင်းရင်းသားများပါတီ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်ပေါင်း ၃၂၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်း မဲဆန္ဒနယ် ၆၄ နေရာအနက် NLD ပါတီက ၁၄ နေရာနိုင်ပြီး ရခိုင်အမျိုးသားပါတီက ၄၄ နေရာ အနိုင်ရခဲ့ပါတယ်။

#voicofmyanmar #vom #ရခိုင်မဲရလာဒ် #ရွေးကောက်ပွဲ

zawgy

ရခိုင္မွာ မဲဆႏၵနယ္အမ်ားစု ANP အႏိုင္ရ

ႏိုဝင္ဘာ ၉-၂၀၂၀
ထက္ေအာင္စိုင္း+တာတီး(VOM)

ရခိုင္ျပည္နယ္က ေ႐ြးေကာက္ပြဲက်င္းပႏိုင္တဲ့ (၈) ၿမိဳ႕နယ္ရွိၿပီး လႊတ္ေတာ္ ၃ရပ္ေပါင္းမဲဆႏၵနယ္ ၂၈ ခုရွိပါတယ္။ အဲဒီထဲက ၿမိဳ႕နယ္ (၄) ခုမွာ ရခိုင္အမ်ိဳးသားပါတီ (ANP) က မဲဆႏၵနယ္အမ်ားစုမွာ အႏိုင္ရထားေၾကာင္းသိရပါတယ္။

ANP ပါတီဗဟိုေကာ္မတီဝင္ ဦးဘရွိန္ေျပာက သူရတဲ့အခ်က္အလက္ကို ခုလိုေျပာျပပါတယ္။
“ရခိုင္ျပည္နယ္မွာ nld ပါတီက သံတြဲနဲ႔ ဂြမွာ ၄ေနရာနဲ႔ ဗမာတိုင္းရင္းသားဝန္ႀကီးေနရာ၊ ANP က ၇ ေနရာနဲ႔၊ AFP ၂ ေနရာ၊ USDP ၁ ေနရာ ႏိုင္တာေတာ့ သိထားတယ္” လို႔ ေျပာပါတယ္။

ရခိုင္အမ်ိဳးသားပါတီ ( ANP) က လက္ရွိအႏိုင္ရထားတဲ့ ၿမိဳ႕နယ္ေတြကေတာ့ ျပည္နယ္ေတာင္ပိုင္းက ေတာင္ကုတ္ၿမိဳ႕နယ္၊ အလယ္ပိုင္းက မာန္ေအာင္၊ ရမ္းၿဗဲၿမိဳ႕နယ္ေတြနဲ႔ စစ္ေတြၿမိဳ႕နယ္တို႔မွာ အႏိုင္ရထားေၾကာင္းသိရပါတယ္။

ရခိုင္ျပည္နယ္ေတာင္ပိုင္းက အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရဲ႕ အမာခံနယ္ေျမျဖစ္တဲ့ ေတာင္ကုတ္မွာ ရခိုင္အမ်ိဳးသားပါတီက လႊတ္ေတာ္ သုံးရပ္လုံးအႏိုင္ရရွိတယ္လို႔သိရပါတယ္။
လက္ရွိရခိုင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဦးညီပုက ဂြမဲဆႏၵနယ္ေျမ ၂ ကေန ျပည္နယ္လႊတ္ေတာ္မွာ အႏိုင္ရခဲ့ၿပီး ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ႐ုံးအဖြဲ႕မႉးလုပ္ခဲ့တဲ့ ေဒါက္တာတင္ေမာင္ေအာင္ကေတာ့ ေတာင္ကုတ္မွာ အႏိုင္မရခဲ့ပါဘူး။

ျပည္နယ္အလယ္ပိုင္းက ရမ္းၿဗဲၿမိဳ႕နယ္မွာ ရခိုင္အမ်ိဳးသားပါတီက အမ်ိဳးသားလႊတ္ေတာ္ေနရာနဲ႔၊ ျပည္နယ္လႊတ္ေတာ္မဲဆႏၵနယ္ (၁)နဲ႔ (၂) မွာ အႏိုင္ရရွိၿပီး က်န္တဲ့ ျပည္သူ႔လႊတ္ေတာ္တစ္ေနရာကိုေတာ့ ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီ (USDP) က အႏိုင္ရရွိသြားၿပီး NLD ကအႏိုင္မရရွိခဲ့ေၾကာင္း ရမ္းၿဗဲၿမိဳ႕နယ္ NLD အတြင္းေရးမႉး ဦးခင္ရီဆီကေန သိရပါတယ္။

မာန္ေအာင္ၿမိဳ႕နယ္နဲ႔ စစ္ေတြၿမိဳ႕နယ္တို႔မွာ ရခိုင္အမ်ိဳးသားပါတီက လႊတ္ေတာ္သုံးရပ္စလုံးမွာ အႏိုင္ရရွိေၾကာင္းနဲ႔ ေက်ာက္ျဖဴၿမိဳ႕နယ္မွာ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ တစ္ေနရာအႏိုင္ရရွိထားေၾကာင္း သိရပါတယ္။

ရခိုင္အမ်ိဳးသားပါတီ၊ စစ္ေတြၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္မဲဆႏၵနယ္ေျမမွာ အႏိုင္ရရွိထားတဲ့ ဦးထြန္းေအာင္ေက်ာ္ ေျပာတာက
” ပါတီမွာက လူငယ္ပါတီဝင္ေတြ မေန႔က မဲရလဒ္ေတြကို မွတ္တမ္းတင္တာေတြ၊ စာရင္းဇယားျပဳတာေတြ ညည့္ (၂) နာရီအထိ လုပ္ၾကတာရွိပါတယ္။ ဒီေန႔မနက္မွာေတာ့ က်ေနာ္ႏိုင္တယ္၊ မဲ (၅၀၀၀) ေထာင္ေလာက္ အသာနဲ႔ႏိုင္တယ္ဆိုတာကို မနက္မိုးလင္းမွပဲ က်ေနာ္တို႔သိရပါတယ္။ တစ္ဖက္ ၿပိဳင္ဖက္အေနနဲ႔လည္း မဲအေရအတြက္ အေရးနိမ့္တယ္ဆိုတာကို ေၾကညာတယ္လို႔ သိရတယ္။ ေက်ာက္ျဖဴမွာကေတာ့ က်ေနာ္တို႔ အားနည္းတယ္လို႔သိရတယ္။ မာန္ေအာင္နဲ႔ ေတာင္ကုတ္မွာေတာ့ ႏိုင္တယ္လို႔ က်ေနာ္တို႔ သိရပါတယ္။” လို႔ ေျပာပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ (NLD)က သံတြဲနဲ႔ ဂြၿမိဳ႕နယ္အတြင္း လႊတ္ေတာ္သုံးရပ္လုံးမွာ အႏိုင္အရွိေၾကာင္းနဲ႔ က်န္တဲ့ ၿမိဳ႕နယ္ေတြမွာေတာ့ အႏိုင္ရရွိတာမရွိဘူးလို႔ ရမ္းၿဗဲၿမိဳ႕နယ္၊ NLD အတြင္းေရးမႉးဦးခင္ရီကေျပာပါတယ္။

သူေျပာတာက “ က်ေနာ္တို႔ NLD ကေတာ့ သံတြဲနဲ႔ ဂြမွာ အားလုံးႏိုင္ပါတယ္။ NLD ကတျခားမႏိုင္ဘူး။ ရမ္းၿဗဲမွာကေတာ့ ANP က အမ်ိဳးသားလႊတ္ေတာ္ တစ္ေနရာနဲ႔ ျပည္နယ္လႊတ္ေတာ္ (၂) ေနရာလုံးႏိုင္တယ္။ ျပည္သူ႔လႊတ္ေတာ္ကေတာ့ USDP က ႏိုင္သြားတယ္။” လို႔ ေျပာပါတယ္။

ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီက ရမ္းၿဗဲၿမိဳ႕နယ္မွာ ျပည္သူ႔လႊတ္ေတာ္တစ္ေနရာ အႏိုင္ရထားေၾကာင္းသိရွိရၿပီး အမ္းၿမိဳ႕နယ္မွာလည္း ျပည္သူ႔လႊတ္ေတာ္နဲ႔ ျပည္နယ္လႊတ္ေတာ္ အမွတ္(၁) မွာ အႏိုင္ရထားကာ အမ်ိဳးသားလႊတ္ေတာ္ကေတာ့မသိရွိေသးေၾကာင္းနဲ႔ ျပည္နယ္မဲဆႏၵနယ္ (၂) ကေတာ့ ပယ္ဖ်က္ခံထားရပါတယ္။

ရခိုင္ျပည္နယ္၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီ (USDP) ဥကၠဌ ေဒါက္တာစန္းေ႐ြက” အမ္းမွာကေတာ့ ျပည္သူ႔လႊတ္ေတာ္နဲ႔ ျပည္နယ္လႊတ္ေတာ္ အမွတ္(၁) ႏိုင္တယ္လို႔သိရတယ္။ ျပည္နယ္လႊတ္ေတာ္က တစ္ေနရာတည္းပဲ ၿပိဳင္ခြင့္ရတာေလ။ အမွတ္ (၂)က ၿပိဳင္လို႔ မရတဲ့ေနရာမွာ ပါသြားလို႔ေလ။ အမ်ိဳးသားလႊတ္ေတာ္ကေတာ့ အမ္းမွာႏိုင္ေနၿပီ။ ရမ္းၿဗဲကမဲနဲ႔ ေပါင္းရအုံးမယ္။ အႏိုင္အရႈံးအတိအက်မသိရေသးဘူး။ ရမ္းၿဗဲမွာကေတာ့ ျပည္သူ႔လႊတ္ေတာ္မွာ ႏိုင္ထားတယ္။ က်န္တဲ့တဲ့ ေနရာေတြမွာ ႏိုင္တာမရွိပါဘူး။” လို႔ ေျပာပါတယ္။

ရခိုင့္ဦးေဆာင္ပါတီ (AFP) ကေတာ့ ေက်ာက္ျဖဴၿမိဳ႕နယ္က လႊတ္ေတာ္(၂) ရပ္မွာ အႏိုင္ရထားေၾကာင္းနဲ႔ ျပည္သူ႔လႊတ္ေတာ္၊ ျပည္နယ္လႊတ္ေတာ္ အမွတ္ (၁)နဲ႔ (၂) မွာ အႏိုင္ရရွိထားၿပီး အမ်ိဳးသားလႊတ္ေတာ္မွာ အႏိုင္ရထားေပမယ့္ မာန္ေအာင္ကမဲနဲ႔ ေပါင္းရမွာျဖစ္တဲ့အတြက္ အေျဖအတိအက်မသိရေသးေၾကာင္း AFP ပါတီ႐ုံးကို သြားေရာက္ေမးျမန္းခဲ့ ပါတီဖက္က အလႊတ္သေဘာေျပာလိုက္တာျဖစ္ပါတယ္။

လက္ရွိအေျခအေနအရ ျပည္နယ္လႊတ္ေတာ္မွာ ရခိုင္အမ်ိဳးသားပါတီက (၇) ေနရာ ရထားၿပီး ၊ NLD က (၄)ေနရာ၊ ရခိုင့္ဦးေဆာင္ပါတီက (၂) ေနရာ၊ USDP က (၁) ေနရာနဲ႔ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ (၅) ေယာက္ရွိမွာျဖစ္ပါတယ္။

ရခိုင္ျပည္နယ္မွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ၊ ရခိုင္အမ်ိဳးသားပါတီ၊ ရခိုင့္ဦးေဆာင္ပါတီ၊ ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ရခိုင္ျပည္နယ္အမ်ိဳးသားအင္အားစုပါတီ၊ ၿမိဳတိုင္းရင္းသားပါတီ၊ ဒိုင္းနက္လူမ်ိဳးမ်ားတိုးတက္ေရးပါတီ၊ ၿမိဳတိုင္းရင္းသားဖြံ႕ၿဖိဳးေရးပါတီ၊ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ၊ ၿမိဳအမ်ိဳးသားဒီမိုကေရစီပါတီ၊ ခမီအမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ၊ ကမန္အမ်ိဳးသားတိုးတက္ေရးပါတီ၊ ဒီမိုကေရစီႏွင့္လူ႔အခြင့္အေရးပါတီ၊ ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္၊ အရႈိခ်င္းအမ်ိဳးသားပါတီ၊ ခ်င္းတိုင္းရင္းသားမ်ားပါတီ၊ တသီးပုဂၢလ ကိုယ္စားလွယ္ေပါင္း ၃၂၀ ေက်ာ္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကပါတယ္။

၂၀၁၅ ေ႐ြးေကာက္ပြဲမွာ ရခိုင္ျပည္နယ္အတြင္း မဲဆႏၵနယ္ ၆၄ ေနရာအနက္ NLD ပါတီက ၁၄ ေနရာႏိုင္ၿပီး ရခိုင္အမ်ိဳးသားပါတီက ၄၄ ေနရာ အႏိုင္ရခဲ့ပါတယ္။

#voicofmyanmar #vom #ရခိုင္မဲရလာဒ္ #ေ႐ြးေကာက္ပြဲ

Related posts

Leave a Comment

VOM News

FREE
VIEW