ကချင်ပြည်နယ် လီဆူတိုင်းရင်းသားမဲဆန္ဒနယ်မှာ NLDပါတီအနိုင်မရ

နိုဝင်ဘာ ၁၀-၂၀၂၀
ရန်အောင်ထွန်း(VOM)

ကချင်ပြည်နယ်အတွက် လီဆူတိုင်းရင်းသားမဲဆန္ဒနယ်မှာ ၂၀၁၅က အနိုင်ရရှိခဲ့တဲ့ NLD ပါတီဟာ အခု ၂၀၂၀ရွေးကောက်ပွဲမှာတော့ အနိုင်မရခဲ့ဘူးလို့ သိရပါတယ်။

လီဆူတိုင်းရင်းသားမဲဆန္ဒနယ်မှာ လက်ရှိလီဆူဝန်ကြီး NLDပါတီ ကိုယ်စားလှယ် ဦးအာတီယောဟန်နဲ့ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးရွှေမင်းတို့ ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။

အခုလက်ရှိ အနိုင်ရထားတဲ့ ဒူးလေးပါတီဥက္ကဋ္ဌ ဦးရွှေမင်းကတော့ ” နောက်ထပ် လက်ကျန် မဲဆန္ဒနယ်တွေက မဲဆန္ဒရှင် အရေအတွက်ထက် လက်ရှိ အသာစီးရထားတဲ့ အရေအတွက်ကပိုများနေလို့ အနိုင်သေချာသွားပြီ”လို့ ပြောပါတယ်။

လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးရွှေမင်းဟာ ကချင်ပြည်နယ် တစ်ခုလုံးမှာပြိုင်ထားတဲ့ မဲဆန္ဒအရေအတွက် ၂၀၀၀၀ ကျော်ရရှိထားတာဖြစ်ပါတယ်။

ဒုတိယလိုက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)ကိုယ်စားလှယ်လောင်း ဦးအားတီယောဟန်ကတော့ ပူတာအို မဲဆန္ဒအရေအတွက် ၁၈၀၀ ကျော် ရရှိထားတာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကချင် #လီဆူတိုင်းရင်းသားမဲဆန္ဒနယ် #NLDအနိုင်မရ

Related posts

Leave a Comment

VOM News

FREE
VIEW