ကျောက််မဲရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအိမ် လက်နက်ငယ်နဲ့ပစ်ခံရ
နိုဝင်ဘာ ၁၅-၂၀၂၀
ကောင်းလက်ျာ(VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက််မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးထွန်းရဲ့ နေအိမ်ကို နိုဝင်ဘာ၁၄ရက်မ နေ့ည ၁၂ နာရီခွဲခန့်က လက်နက်ငယ် နဲ့ ဝင်ရောက် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ် လို့ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ရုံးနဲ့‌ ဒေသခံတွေဆီကသိရပါတယ်။
ကျောက််မဲမြို့နယ် အ မှတ် ၈ ရပ်ကွက်၊ နယ်မြေ ၁၀အပိုင်းနေ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌဦးစိုးထွန်းရဲ့ နေအိမ်ကို လက်နတ်ငယ်နဲ့နှစ်ချက် ပစ်ခတ်ခံခဲ့ရပြီး ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးရာမှာ နေအိမ်ရှေ့မှန်တံခါး ကွဲအက် ပျက်ဆီးခဲ့ပြီး လက်
နက်ငယ်ကျည်ခွံတစ်ခုတွေ့ရှိခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ရဲ့ ကနဦးသတင်းပေးပို့ချက်တွေအရ သိရပါတယ်။
” အမှုတော့ လာဖွင့်ထားလို့ ကျောက်မဲမြို့မရဲစခန်းမှာ ဖွင့်ပေးထားတယ်။ ပနံပါတ်ပုဒ်မတော့ မသိရသေးဘူး ” လို့ ကျောက်မဲခရိုင်ရဲတပ်ဖွဲ့ရုံးရဲ့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။
ကျောက်မဲခရိုင်ရွေးကောက်ပွဲကော်မရှင်ခွဲကိုမေးကြည့်တော့
“အသေးစိတ် အချက်လက်ကိုတော့ ရုံးကိုသာမေးလိုက်ပါ။ကျွန်တော် ခရီးသွား နေလို့ပါ” လို့ ကျောက််မဲခရိုင်ကော်မရှင်အတွင်းရေးမှူးဦးကျော်ကျော်ကပြောပါတယ် ။
အဲဒီ ပစ်ခတ်မှုကို ဘယ်အဖွဲ့က ကျုးလွန်ခဲ့တယ်ဆိုတာ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ခုချိန်ထိ တရားခံ ဖမ်းမိခြင်းမရှိသေးပါဘူး။
#voiceofmyanmar #VOM #ကျောက်မဲ #ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္
zawgyi
ကျောက်မဲရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအိမ် လက်နက်ငယ်နဲ့ပစ်ခံရ
နိုဝင်ဘာ ၁၅-၂၀၂၀
ကောင်းလက်ျာ(VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးထွန်းရဲ့ နေအိမ်ကို နိုဝင်ဘာ၁၄ရက်မ နေ့ည ၁၂ နာရီခွဲခန့်က လက်နက်ငယ် နဲ့ ဝင်ရောက် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ် လို့ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ရုံးနဲ့‌ ဒေသခံတွေဆီကသိရပါတယ်။
ကျောက်မဲမြို့နယ် အ မှတ် ၈ ရပ်ကွက်၊ နယ်မြေ ၁၀အပိုင်းနေ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌဦးစိုးထွန်းရဲ့ နေအိမ်ကို လက်နတ်ငယ်နဲ့နှစ်ချက် ပစ်ခတ်ခံခဲ့ရပြီး ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးရာမှာ နေအိမ်ရှေ့မှန်တံခါး ကွဲအက် ပျက်ဆီးခဲ့ပြီး လက်
နကျယ်ကျည်ခွံတစ်ခုတွေ့ရှိခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ရဲ့ ကနဦးသတင်းပေးပို့ချက်တွေအရ သိရပါတယ်။
တစ်ဦးက ပြောပါတယ်။
#voiceofmyanmar #VOM #ကျောက်မဲ #ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ
Related posts
Leave a Comment
VOM News
FREE
VIEW