သမီးဖြစ်သူကို ပျားတုပ်မှာစိုးလို့ ပျားကိုရိုက်ထုတ်ခဲ့တဲ့ မိခင်ဖြစ်သူ ပျားတုပ်ခံရပြီးသေဆုံး

နိုဝင်ဘာ ၁၅-၂၀၂၀
အေးချမ်းသူ(VOM)

တာချီလိတ်မြို့နယ်၊ ပါဆတ်ရပ်ကွက်၊ ပါဆတ်ဘုန်းကြီးကျောင်းအနီးမှာ အသားလုံးရောင်းနေသူ အမျိုးသမီးဟာ သူရဲ့ သမီးဖြစ်သူနှစ်ဦး ပျားတုပ်ခံရမှာစိုးတဲ့အတွက် ယပ်တောင်နဲ့ရိုက်ထုတ်ပေးရာ ပျားတုပ်ခံရပြီး ဆေးရုံကိုပို့ဆောင်နေချိန် လမ်းခုလတ်မှာသေဆုံးခဲ့တယ်လို့ တာချီလိတ်မြို့နယ် နာရေးကူညီမှုအသင်း ပြန်ကြားရေးတာဝန်ခံက VOMကိုပြောပါတယ်။

“ဘယ်ကလာတဲ့ ပျားတွေမှန်းမသိဘူး၊ သူက သမီးတွေကို အတုပ်ခံရမှာစိုးလို့
လိုက်မောင်းတာ ပျားတုပ်ခံရပြီး ဆေးရုံကိုပို့တဲ့အချိန်မှာပဲ လမ်းခုလတ်မှာ ဆုံးတာပါ”လို့ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

ပျားတုပ်ခံရလို့ သေဆုံးသွားတဲ့ မိခင်ဖြစ်သူအပြင် ပျားတုပ်ခံရတဲ့ဒဏ်ရာနဲ့ ဆေးရုံတက်နေရသူတွေလည်း ရှိနေပြီး ဆေးရုံမတက်သူ ၄၊ ၅ဦးလည်းရှိတယ်လို့ ပြောပါတယ်။

ပျားတုပ်ခံရပြီး သေဆုံးခဲ့သူ ဒေါ်နန်းဟိန်းနဲ့ သမီးနှစ်ဦးဟာ ပါဆတ်ဘုန်းကြီးကျောင်းရှေ့မှာ အသားလုံးရောင်းပြီး အသက်ဝမ်းကျောင်းပြုတဲ့ မိသားစုလည်းဖြစ်တယ်လို့ သိရပါတယ်။

Photo – Hla Moe

#voiceofmyanmar #VOM #တာချီလိတ် #ပျားတုပ်ခံရပြီးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW