တိုက်ချင်းပစ်ဒုံးပျံ ကာကွယ်ရေးနည်းပညာ အမေရိကန်စမ်းသပ်အောင်မြင်

ဝါရှင်တန်၊ နိုဝင်ဘာ-၁၈-၂၀၂၀
မျိုးဆက် (VOM)

အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ ကြားဖြတ်ဒုံးပျံအမျိုးအစားသစ်ဟာ တိုက်ချင်းပစ် ဒုံးပျံတစ်စင်းကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တယ်လိုရ အမေရိကန်စစ်ဘက် ထုတ်ပြန်လိုက်ပါတ်။

SM-3 Block IIA ကြားဖြတ်ဒုံးပျံဟာ ဟာဝိုင်ယီကျွန်းမှာ ပစ်မှတ်ကို နိုဝင်ဘာ ၁၆ ရက်က အောင်မြင်စွာကြားဖြတ်ပစ်ခတ် နိုင်ခဲ့တယ်လို့ အမေရိကန်ဒုံးပျံကာကွယ်ရေး အေဂျင်စီက နိုဝင်ဘာ ၁၇ ရက်မှာ ပြောပါတယ်။

ပစ်မှတ်ဖြစ်တဲ့ တိုက်ချင်းပစ်ဒုံးပျံကို ဟာဝိုင်ယီမှ ကီလိုမီတာ ၄၀၀၀ ကျော်ကွာဝေးတဲ့ မာရှယ်ကျွန်းစုကနေ ပစ်လွှတ်ခဲ့ပြီး အဆင့်မြင့်ရေဒါစနစ်က အဲဒီပစ်မှတ်ကိုခြေရာခံနိုင်ခဲ့ကာ ကြားဖြတ်ဒုံးပျံစနစ်တပ်ဆင်ထားတဲ့ ဖျက်သင်္ဘောပေါ်မှ အောင်မြင်စွာ ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့တယ်လို့ အမေရိကန်စစ်ဘက် ဆိုပါတယ်။

အမေရိကန်ဟာ တာလတ်ပစ်ပဲ့ထိန်းဒုံးပျံတွေကို ကြားဖြတ်ဖျက်ဆီးတဲ့နည်းပညာကို ယခင်ကတည်းကစမ်းသပ်အောင်မြင်ခဲ့ပေမယ့် တာဝေးပစ်တိုက်ချင်းပစ်ဒုံးပျံကို ကြားဖြတ်ပစ်ခတ်စမ်းသပ်မှုကတော့ ဒါပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ဒီလိုစမ်းသတ်ပစ်ခတ်မှုဟာ မြောက်ကိုရီးယားရဲ့ ဒုံးပျံအစီအစဉ်နဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်နေတဲ့ အမေရိကန်အနေနဲ့ တိုးတက်လာတဲ့ သူ့ရဲ့ ဒုံးပျံကာကွယ်ရေးစွမ်းရည်ကို ပြသခဲ့တာဖြစ်ပါတယ်။

Ref : NHK
Photo: US Navy
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW